Thursday, October 8, 2015

ကျနော်ဖက်ဖြစ်ခဲ့တဲ့ ဦးပိန်တံတား သမိုင်းကြောင်းတွေထဲကမှ ဆောင်းပါး(၄)ပုဒ်

ကျနော်ဖက်ဖြစ်ခဲ့တဲ့ ဦးပိန်တံတား သမိုင်းကြောင်းတွေထဲကမှ ဆောင်းပါး(၄)ပုဒ်ကို ဗဟုသုတ အနေနဲ့ အများဖက်လို့ရအောင် တင်ပေးလိုက်ပါတယ်

ဦးပိန်တံတား သမိုင်း - ၁

အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး ကျွန်းသားတံတားဖြစ်သည်။ တံတားဆောက်လုပ်သောနှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ (၁၂၁၁)ဟု၎င်း၊ ပြီးစီးသည့်နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး (၁၂၁၃)ဟုလည်း မှတ်သားထားကြသည်။ တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(န၀ အဋ္ဌဇယမောင်ပိန်) အခန်းပေါင်း ၄၈၂-ခန်းရှိခဲ့သည်။ တံတားအရှည်မှာ (၃၉၇၆)ပေ ရှည်၏။ နားနေဇရပ် လေးဆောင်ရှိပြီး ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် ဖောင်ကြောင်း ကိုးခုကိုလည်း စီစဉ်ထားရှိလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတားရေမြှုပ်ကာ အခန်းအချို့ ပျက်စီးသွားခဲ့ရာ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြင်ဆင်ခဲ့သည်။ ၁၉၇၃-ခုနှစ်ကလည်း အခန်းရှစ်ဆယ်ကျော် ရေမျောသွားခဲ့သည်။ ထိုစဉ်က မဟာဂန္ဒရုံဆရာတော် အရှင် ဇနကာဘိဝံသ ဦးဆောင်၍ အမရပူရမြို့နယ် ပြည်သူလူထုနှင့် ပြုပြင်ခဲ့သည်။

ဦးပိန်တံတားသမိုင်း

ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။
မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာဝင် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတား ဟုသာ အမည်တွင်သည်။ မည်သို့ဆိုစေကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရ ပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။

ဦးပိန်တံတား၏ သက်တမ်းမှာ နှစ်ပေါင်း ၁၆၀ကျော်ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာများနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။
ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။
တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။
ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၈၄တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။
ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရည်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားများသာမက နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှု၍ စည်ကားလှသဖြင့် အမရပူရ တောင်သမန်အင်းစောင်း၌ သပ်ရပ်သော စားသောက်ဆိုင် စသော ဈေးဆိုင်ခန်းတန်းများ အတည်တကျ တည်ဆောက်ကာ စီးပွားဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရလေသည်။

မြန်မာနိုင်ငံမှဘုရားများ သမိုင်း မှ ကူးယူမျှဝေပါသည်။

**********************************************************************************************************************************************************************

ဦးပိန်တံတား သမိုင်း - ၂

မင်းအလိုလိုက် မင်းကြိုက်ဆောင် ခရိုနီ ငပိန်
-----------------------------------------------
ဒီ အကြောင်းကိုရေးမယ်ရေးမယ်နဲ့ခုမှ
ပဲရေးဖြစ်တော့တယ်။
ကြာရင်လူငယ်တွေမသိတော့ဘဲ ဖြစ်ကုန်မှာ—-။ဘာအကြောင်းအရာနေနေ သမိုင်း
ကြောင်းကနောက်ဆက်တွဲရှိပြီးသား။သမိုင်းနဲ့ ကင်းလို့ကိုမရဘူး။တို့လူငယ်တွေ သမိုင်းကြောင်းမသိဘဲ အ တီး အ တ ဖြစ်နေရင် တလွဲကျေးဇူးတင်နေတတ်ပါတယ်။
သာယာဝတီမင်းနတ်ရွာစံလို့ ပုဂံမင်းနန်းတက်လာတယ်။သာမန် အဖေသေလို့ သားမင်းဖြစ်တာ။လုပ်ရိုးလုပ်စဉ်အတိုင်းပဲ။မင်းပြောင်းမင်းလွဲတွေမှာ က နဂိုရှိရင်းရာထူးကနေပြုတ်တာရှိသလို ထပ်မြင့်သွားတာလည်းရှိတယ်။
ဘယ်လိုပဲနေနေ နေရာရလာတာက တက်လာတဲ့ဘုရင်မင်း မင်းသားဘဝက အမှုထမ်း
ခဲ့တဲ့ အိမ်တော်ပါ ငယ်ကျွန်တွေပဲ။
အဲဒီအထဲမှာ အိမ်တော်ပါအမှုထမ်း ဘိုင်ဆပ်လည်း ပါတယ်ဗျ။ဘိုင်ဆပ်ကို ချီးမြင့်တာ
လွန်ကဲပြီး မြို့ဝန်ရာထူးပါပေးလိုက်တော့ ဇာတ်လမ်းကစတော့တာပဲ။ပုဂံမင်းလက်ထက်
မှာ မြို့ဝန်နှစ်ယောက်ရှိပြီး အဲဒီအပေါ်မှာ ဘိုင်ဆပ်ကို မြို့ဝန်ထပ်ခန့်ခဲ့တယ်။
မြို့ဝန်ရာထူးဆိုတော့ အာဏာလည်းကျယ်ပြန့်လာတယ်။မြို့ဝန်ဆိုတာရှိမှတော့ မြို့စာရေးတွေလည်းပါလာတာပေါ့။ဘိုင်ဆပ် လက်သပ်မွေးလိုက်တာက တပည့်ကျော် ငပိန်။အရင်ကတော့ ငမျောက်ငခြောက်။ခန့်ပြီးနှစ်အနည်းငယ်အတွင်းမှာ သဌေးကြီး
ဦးပိန်၊မြို့စာရေးကြီး ဦးပိန်ဖြစ်လာတော့တာပေါ့။
ပုဂံမင်းမှာက မင်းသားဘဝထဲက ခါတွေချိုးတွေအကောင်ပလောင်တွေမွေးတဲ့ ဝါသနာ
ကရှိတော့ ဘိုင်ဆပ်ကလည်း အဲဒီအလုပ်မှာကျွမ်းကျင်သူ။ဒါနဲ့ပဲမြို့ဝန်ရာထူးရလာတာ။
ဘုရင်ကို ဒီငှက်ကလေးတွေက မြေခွေးပုရစ်လေးတွေကျွေးရင် အသက်တစ်နှစ်ပိုရှည်
ပါတယ်လို့ ပေါက်တတ်ကရလျောက်လည်းဘုရင်ကလက်ခံပြီး မြေခွေးပုရစ်တွေ မြို့အနှံ
မှာရှာစေတယ်။
ဘိုင်ဆပ်နဲ့မောင်ပိန်ရဲ့အကြိုက်ပေါ့။ကလိန်ကကျစ်ဥာဏ်တွေနဲ့ တစ်ခုလုပ်ရင် အလုပ်ငါးခု
လောက်ပြီးမယ်ဆိုတဲ့ ဥာဏ်တွေပါထွက်လာတယ်။
မြန်မာတွေမှာက ရှေးခေတ်က ဘဏ်တွေမရှိသေးတော့ အိမ်အောက်တွေမှာပဲ အိုးနဲ့ ရွှေတို
ရွှေစ တန်ဖိုးရှိတာတွေ မြုပ်ကြတာကိုး။ဒီအချက်ကို ဘိုင်ဆပ်တို့ကလည်းသိတယ်။မောင်ပိန်
ကလည်း နောက်ကနေ အကြံတွေပေး။
မြေခွေးပုရစ်ဆိုတာ တွင်းအောင်းသတ္တဝါကိုး။ဘုရင်အမိန့်နဲ့မြေခွေးပုရစ်ရှာမယ်ဆိုပြီး မြို့တော်
က အိမ်တွေမှာရှာတယ်။ဘုရင့်အမိန့်ဆိုတော့ ဘယ်ပြောရဲမှာတုန်း။မြေလှန်ရှာမှတော့
မြုပ်ထားတဲ့ရွှေအိုးတွေထွက်လာ ဘိုင်ဆပ်တို့ ဆရာတပည့်တွေကသိမ်းပိုက်။မြို့တော်ကြီးမှာ ပွဲတော်ကြီးကိုဖြစ်လို့။
မတည့်တဲ့အိမ်ဆို အရင်ရှာ။နောက်ပိုင်းမှာ ချမ်းသာတဲ့လူတွေက ကိုယ့်အိမ်ကိုမရှာအောင်
လဘ်ထိုး။ရလိုက်တဲ့ပိုက်ဆံ။ဒီလူတွေမှ မချမ်းသာရင်ဘယ်သူချမ်းသာမှာတုန်းဗျ။
အိမ်တွေကိုရှာရင်းနဲ့ သမီးပျိုရှိတဲ့အိမ်တွေမှတ်။နောက်နေ့မှာငွေလမ်းခင်းပြီးအတင်းဖျက်စီး။
အတင်းသိမ်းပိုက်။ဒီနှစ်ယောက်လုပ်လို့ မြန်မာအမျိုးကောင်းသမီးတွေပျက်စီးခဲ့ရတယ်ဗျ။
တိုင်းသူပြည်သားတွေက ဒီနှစ်ယောက်လုပ်လို့ ပူဆွေးရ၊ငိုကြွေးကြနဲ့ ဖြစ်နေပါတယ်။မှူးမတ်
တွေကသိပေမယ့်လည်း ဘုရင် ဒေါသထွက်မှာစိုးလို့ မလျောက်ရဲကြဘူး။
အိမ်တော်ပါငယ်ကျွန်ကြီးကိုး။
နောက်ပိုင်းမှာဘယ်လောက်တောင်ဖြစ်လာလည်းဆိုတော့နန်းတော်တွင်းမှာပါ ဝင်ရောက်
ချယ်လှယ်လာပါတယ်။ဘုရင်မျက်နှာသစ်တော်ရေ ကျတာနဲ့ အရင်တွေ့ခွင့်ရှိတာ ဘိုင်ဆပ်ပဲ
ဖြစ်နေတာကိုး။အဲဒီအချိန်မှာ ဘိုင်ဆပ်က သူနဲ့မတည့်တဲ့သူတွေ ဂုန်းချော၊တိုင်းပြည်ကိစ္စတွေ
ပြော အဲလောက်ထိကို ဘုရင် ကယုံခဲ့တာ။
မင်းသားကြီးတွေမှူးမတ်တွေမှာ ဘုရင်နဲ့တွေ့ဖို့ ဘိုင်ဆပ်ဆီ သတင်းအရင်မေးရလောက်အောင် တန်ခိုးထက်လာပါတယ်။
ဘိုင်ဆပ်ဆီကနေ အမှုအခင်းဖြစ်တဲ့လူတွေကလာဘ်ထိုး။ဘိုင်ဆပ်က ဘုရင်ကိုလျောက်ပေးနဲ့
အာဏာကလည်း ကျယ်ပြန့်လာပါတယ်။အမှုဖြစ်ရင် ဘိုင်ဆပ်ဆီ အရင်ပြေးကြတော့တာပဲ။
တစ်နေ့ရောက်တော့ ငပိန်က အင်းဝမြို့ဟောင်းကြီးကိုသွားပြီး မြို့ဟောင်းကြီးကနေ သူတို့အတွက် ဘာရနိုင်လဲပေါ့။
အင်းဝမြို့ဟောင်းကြီးကဘကြီးတော်နန်းစံစဉ်ဆောက်လုပ်ခဲ့တာပါ။တော်တော်လေးကြီးကျယ်
ခမ်းနားခဲ့တော့ ဖန်နန်းရှင်ဘွဲ့ကိုတောင်ရခဲ့တာပါ။ခုကျွန်တော်တို့နိုင်ငံမှာပြစရာနန်းတော်
ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်းဝနန်းတော်ကြီးက ဘိုင်ဆပ်နဲ့မောင်ပိန် လက်ချက်ကြောင့် နန်းဆောင်တွေပျောက်ခဲ့ရတာ။မန္တလေးနန်းတော်ကြီးက မဟာမိတ်တပ်
တွေလက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရတာ။
အင်းဝနန်းတော်ကြီးမှာက ကျွန်းတိုင်ပေါင်း ထောင်ကျော်တယ်။ကျွန်းသားပျဉ်ခင်းတွေ
က ထုလေးလက်မရှိတယ်။ဒီဟာတွေကို မောင်ပိန်က မျက်စိကျပြီး သူ့ဆရာဘိုင်ဆပ်ကို ဘုရင်ဆီ လျောက်ခိုင်း။ဘယ်လိုလျောက်ခိုင်းလဲဆိုတော့——
“တစ်ဘက်ကမ်းက ဘိုးတော်ဘုရားကောင်းမှုကျောက်တော်ကြီးဘုရားနဲ့ တစ်ဖက်ကမ်း
က ဘကြီးတော်ကောင်းမှု ပုထိုးတော်ကြီးဘုရားကို တိုင်းသူပြည်သားလွယ်လွယ်ကူကူ
ဖူးရအောင် အင်းဝမြို့ဟောင်းကြီးကတိုင်တွေနဲ့ တံတားဆောက်ချင်ပါတယ်”တဲ့။
ဘုရင်ကလည်း(အမျှော်မမြင် မရှိတဲ့သူ) ဆိုတော့ ဘိုင်ဆပ်တို့ မောင်ပိန်တို့ တပည့်တွေနဲ့ပျော်ပျော်ကြီး လှော်ကြတော့..ဖျက်စေပေါ့။ဘကြီးတော်ရဲ့ အင်းဝနန်းတော်ကြီးလည်း ခနနဲ့ စုတေပြီး ဘဝပျက်တော့တာပဲ။
အဲဒီထဲကမှ တိုင်ကြီးတိုင်ကောင်းတွေပျဉ်ကောင်းတွေတခြားထွက်လာတဲ့အရာတွေကို ဘိုင်ဆပ်နဲ့မောင်ပိန်ကဘုံးပါတယ်။လက်ရှိ တောင်သမန်တံတားနေရာရောက်လာတဲ့ တိုင်တွေကတော့ တိုင်ပိန်တိုင်ညောင် ပျဉ်ပိန်ပျဉ်ညောင်တွေပဲဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘာကတောင် သိတဲ့တံတားကြီးဟာတကယ်တော့ ဘကြီးတော်နဲ့
ပုဂံမင်းရဲ့ကောင်းမှုပါ။
တံတားကြီးထဲမှာဘိုင်ဆပ်နဲ့မောင်ပိန်တို့ နှစ်ယောက်လုပ်လို့ ကျခဲ့တဲ့ ပြည်သူတွေရဲ့
မျက်ရည်တွေပါနေမှာပါ။
တံတားကိုရောက်တိုင်းသမိုင်းကိုပြန်သတိရပြီး တောက်ခေါက်မိပါတယ်။
မင်းအလိုလိုက် မင်းကြိုက်ဆောင် ခရိုနီ ဘိုင်ဆပ်နဲ့ငပိန်တို့ စိတ်ယုတ်မာနဲ့
ဆောက်ခဲ့တဲ့တံတားဖြစ်နေလို့ လျောက်ချင်စိတ်တောင်မရှိပါဘူး။
ဒါကြောင့်လူငယ်တွေ တံတားကိုရောက်ရင် ဓာတ်ပုံရိုက်၊လမ်းလျောက်၊ဂုဏ်ယူတာက
ယူပါ။သမိုင်းကိုတော့မမေ့ကြပါနဲ့ ဗျာ။
သမိုင်းကိုတန်ဖိုးထားချစ်မြတ်နိုးသူများဖြစ်ကြပါစေ။
မှတ်ချက်။ ။ ဦးပိန်တံတားလို့ အမည် မခေါ်တွင်သင့်ပါ
www.searchmyanmar.com
Posted by သုခ
အကိုးအကား (ဒဂုန်ခင်ခင်လေး-ရတနာပုံ၏နိဒါန်းနှင့်နိဂုံး)
**********************************************************************************************************************************************************************

ဦးပိန်တံတား သမိုင်း - ၃

ကုလားငပိန် (ဦးပိန်) ဆိုသော ကုလား
တည်ဆောက်ခဲ့သော
ဦးပိန်မည်သော တံတား သမိုင်း

ကုန်းဘောင်ခေတ်မင်းဆက် ကိုး
ဆက်မြောက် "" ပုဂံမင်း "" ဟာ သာယာ
ဝတီမင်းခေါ် ရွှေဘိုမင်းရဲ့ သားတော်တ
ပါးဖြစ်ပါတယ် ။
၁၂၀၈ ခုနှစ်မှာ နန်းတက်ခဲ့ပြီး ၁၂၁
၎ မှာ နတ်ရွာစံသွားခဲ့ရသော ၆ နှစ်သာ
စိုးစံခဲ့ရတဲ့မင်းတစ်ပါးပါပဲ ။ ပုဂံမင်းဟာ
တိုင်းရေးပြည်ရေးကို စိတ်ဝင်စားမှုမရှိဘဲ
အပျော်အပါးကိုသာ လိုက်စားမက်မော
သူဖြစ်ပါတယ် ။ ကြက်တိုက် ငှက်တိုက်စ
တဲ့ ကိစ္စတွေမှာသာပျော်ပိုက်ပြီး သေအ
ရက်ကိုလည်း အလွန်အကြူးသောက်သုံ
းလေတော့တယ် ။
ဘယ်လောက်ထိ အပျော်အပါးကြီး
သလဲဆိုရင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့မဟာ
သင်္ကြန်ပွဲတော်ကို ၃ရက်သာ ကျင်းပခဲ့
သော်လည်း ပုဂံမင်းလက်ထက်မှာတော့
၄၀ - ၄၅ ရက်အထိ ကျင်းပခိုင်းတယ်လို့
ဖတ်ရှု့ရပါတယ် ။ နံနက်မျက်နှာသစ်ပြီး
တာနဲ့ "" ဒီနေ့ ဘယ်တိရိစ္ဆာန်နဲ့များတိုက်
ပွဲလုပ်ဖို့ စီစဉ်ထားသလဲ "" ဆိုတာကို အ
ရင်ဆုံး မေးတော်မူတာပါဘဲ ။
အမရပူရနေပြည်တော်အနီးမှာ
" ဗုန်းအိုး " ဆိုတဲ့ ရွာတစ်ရွာရှိပါတယ် ။
ကုန်းဘောင်ခေတ်ဦးက ကုလားသုံ့ပန်း
များနေထိုင်ရန်အတွက် ရွာတည်ပေးခဲ့
တာဖြစ်ပါတယ် ။ ထိုရွာက သုံ့ပန်းကုလာ
းတွေဟာ ကြက် ငှက် ချို ခါ ရေဘဲစတဲ့
တောတိရိစ္ဆာန်တွေကို ဖမ်းဆီးရောင်းချ
စားသောက် အသက်မွေးကြပါတယ် ။
ပုဂံမင်း မင်းသားဘဝကတည်းက
အပျော်အပါးကြိုက်တတ်မှန်းသိလေတေ
ာ့ " ဘိုင်ဆပ် " လို့ခေါ်တဲ့ ကုလားတစ်
ယောက်က မင်းသားစိတ်တိုင်းကျကစား
လို့ရအောင် တိရိစ္ဆာန်မျိုးစုံကို တိုက်ပွဲအ
ဖြစ် ဖန်တီးပေးပါတယ် ။ ပုဂံမင်းသားက
လည်း ဘိုင်ဆပ်ကို သိပ်သဘောကျသွား
တာပေါ့ ။ မင်းသားလည်း ဘုရင်ဖြစ်လာ
ရော ကုလားဘိုင်ဆပ်ကလည်း ဘုရင့်
စိတ်တိုင်းကျ ကြက်တိုက် ငှက်တိုက်ရုံ
တင်မက ထန်းရည် ခေါင်ရည် အရက်စ
တာတွေကိုပါ စီမံပေးတော့ ကုလားဘိုင်
ဆပ်ကို လက်ရုံးအဖြစ်အနားမှာထားပြီး
မြို့ဝန်မင်းရာထူးကိုပါ ခန့်အပ်လိုက်ပါ
တော့တယ် ။
တိုင်းပြည်အကျိုးစီးပွါး ဘာသာ
သာသနာရေး အမျိုးသားရေးတို့ကိုစိတ်မ
ဝင်စားတော့ဘဲ သာမန်အရပ်သားတစ်
ယောက်လို ပြုကျင့်နေပါတော့တယ် ။
ဘုရင်ရဲ့လုပ်ရပ်တွေကို နန်းတွင်းပုဂ္ဂိုလ်
များမကြိုက်ကြတော့ပေမယ့် ကြောက်
လန့်နေကြတော့ ဘယ်သူကမှမပြောရဲ
ကြတော့ဘူး ။ ကုလားမုဆိုး ဘိုင်ဆပ်က
မြို့ဝန်မင်းဖြစ်လာလေတော့ အမရပူရမြို့
တော်မှာ သြဇာအရှိန်အဝါ လွှမ်းမိုးလာ
တင်မက လောင်းကစားနဲ့သေရည်ကြို
က်တဲ့ ဘုရင်အပေါ်မှာပါ သူ့အလိုလိုက်
သူ့အကြိုက်ကြောင့် ဘုရင်ကလည်းဘိုင်
ဆပ်လုပ်သမျှ ဘာမှပြန်မပြောတော့ဘဲ
သြဇာရှိလာတယ် ။ ဘုရင်ကကြက်တိုက်
နေစဉ် မြို့ဝန်ဘိုင်ဆပ်က သူလုပ်ချင်ရာ
ထင်ရာစိုင်းတော့တာဘဲ ။
တဖြေးဖြေးနဲ့တစ်ဆင့်တက်လာပြီး
ဘိုင်ဆပ်က သူ့တပည့်ကုလားတွေကို
နန်းတွင်းသွင်းပြီး ရာထူးနေရာတွေပေး
လာတော့တယ် ။ ငပိန်ဆိုတဲ့ကုလားကို
မြို့စားရာထူး / ရွှေဘော်ဆိုတဲ့ကုလား
ကိုတော့ တံခါးမှူးအဖြစ်ထားပြီး ငမှုံဆို
တဲ့ကုလားကို ဈေးခေါင်းရာထူး ငရှင်လေ
းဆိုတဲ့ကုလားကိုတော့ ထန်းခေါင်းတာ
ဝန်တွေပေးလိုက်တော့တယ် ။
ရှင်ဘုရင်ကိုယ်တိုင်က ဘာသာရေး
အသိမရှိလေတော့ ဘာသာခြားတွေဝင်
ရောက်နေရာယူကြရောပေါ့ ။ ကုလားဘို
င်ဆပ်နဲ့အဖွဲ့ဟာ အာဏာရလာတာနဲ့မြန်
မာအမျိုးသမီးတွေကို စော်ကားမှုပြုလာ
တော့တယ် ။ တစ်ချို့အမျိုးသမီးတွေဆို
ရင် ဘိုင်ဆပ်ရန်ကလွတ်အောင် မြို့တေ
ာ်ကနေ ထွက်ပြေးတိမ်းရှောင်ကြရတယ်။
အမရပူရနေပြည်တော်မှာ ဘိုင်ဆပ်အုပ်
စုကိုကြောက်လို့ ဘယ်သူမှမပြောရဲသော်
လည်း စာချိုးစာပစ်လေးတွေကတော့
တစတစရှိလာခဲ့တယ် ။
မျိုးနွယ်မတူ ၊ ဘယ်ကလူ
ပြည်ဆူပွက်အောင် ၊ ထားပါလိမ့် ။
ချိုးကြက်တည်ရာ တွေ့ခဲ့ပါ
ပြည်တော်ဘယ်မှာ သာပါလိမ့် ။
ဘိုင်ဆပ်နည်းတူ သူ့တပည့်ကလည်
းခေသူမဟုတ် ။ နန်းတွင်းနေရာရလာပြ
န်တော့ ထင်ရာစိုင်းလာပြန်တယ် ။ နန်း
တွင်းအနောက်ဆောင်ခေါ်မိဖုရားအဆေ
ာင်ကို ဘုရင်မှအပ ဘယ်ယောင်္ကျားမှဝင်
ခွင့်မရှိသော်လည်း ဘိုင်ဆပ်နဲ့သူ့တပည့်
တွေကတော့ ဝင်ခွင့်ရအောင်ဘုရင်အ
ပေါ်သိမ်းသွင်းလိုက်ကြတာပါဘဲ ။
အမရပူရ ပြည်ဋ္ဌာန
သည်အလှခက်တယ် ။
ကုလားက အားရမှ လွှတ်တော်မူတယ်
မလွတ်သူ ရှေးကံအကြောင်း လို့တောင်
စပ်ဆိုလိုက်ကြပါသေးတယ် ။
ဖြစ်စဉ်ကတော့ ကုလားဘိုင်ဆပ်
ရဲ့လက်ထောက် မြို့စာရေးဝန် ကုလား
ငပိန်က တောင်သမန်အင်းကိုဖြတ်ပြီး
တံတားထိုးရန် စီမံလိုက်ပါတော့တယ် ။
ပုဂံမင်းကလည်း ဆောက်လုပ်ခွင့်ပေး
လေတော့ ငပိန်ဆိုသူက သူ့စိတ်တိုင်းကျ
တောင်သမန်အင်းတံတားစီမံကိန်း စပါ
တော့သည် ။ အလွန်ခံ့ညားပြီး ကျက်သ
ရေရှိလှတဲ့တံတားပေါ့ ။ ခုဆိုနှစ်ပေါင်းရာ
ကျော်သွားပါပြီ ။ ဦးပိန်ဆိုတဲ့ကုလားက
ဆောက်လုပ်တဲ့တံတားဖြစ်တာကြောင့်
"" ဦးပိန်တံတား "" လို့ ခေါ်ခဲ့ကြတာပါ ။
ရှေးဟောင်းတံတားကြီးဖြစ်သလို
အဖိုးတန်ကျွန်းသစ်တွေနဲ့ တည်ဆောက်
နိုင်ခဲ့တဲ့အတွက်လည်း သမိုင်းတွင်နေခဲ့
ကြတာပေါ့ ။ ဒါကတော့ သမိုင်းအမှန်ကို
မသိတဲ့အခါပေါ့လေ ။ အမှန်တစ်ကယ်
မှာတော့ တောင်သမန်အင်းကိုဖြတ်ကူး
ဆောက်လုပ်မယ့် သစ်သားတံတားကြီး
ကို တည်ဆောက်ခဲ့တာဟာ တကယ့်
စိတ်ရင်းစေတနာအမှန်နဲ့တော့မဟုတ်ခဲ့
ဘူး ။ အမှန်ကတော့ အကွက်စေ့စေ့ချ
လိုက်တာပါဘဲ ။ တောင်သမန်အင်းရဲ့
တစ်ဘက်ကမ်းမှာ ကုလားအများအပြား
တို့ရှိနေကြပါတယ် ။ ဘိုင်ဆပ်တို့အဖွဲ့က
အမရပူရနန်းတော်ကိုတက်ပြီး အာဏာ
သိမ်းပိုက်တဲ့အခါမှာ တစ်ဖက်ကမ်းကကု
လားများ အလွယ်တကူကူးလာပြီးတော့
နန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ဆောက်
လုပ်ထားခဲ့ခြင်းပေတည်း ။ ကုလားဆိုတဲ့
ဘာသာခြားတို့ရဲ့ အရိပ်နေနေ အခက်
ချိုးလိုက်တဲ့ အကြံပက်စက်ခြင်းပါဘဲ ။
တံတားကြီးကိုကြည့်ပြီး ကြည်နူး
နိုင်ကြတာဟာ ဒီအဖြစ်မှန်ကို မသိခဲ့ကြ
လို့ပါ ။ ဒါ့ထက်ပိုဆိုးတာက အဲဒီငပိန်ဆို
တဲ့သူ ( ဘိုင်ဆပ်တပည့်ကျော် ငပိန် )က
တံတားကိုဆောက်တဲ့အခါမှာ အမရပူရ
နေပြည်တော်အဝှမ်းရှိ စစ်ကိုင်းနဲ့အင်းဝ
အရပ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း
ဟောင်းတွေ / သာသနိကအဆောက်အ
ဦး ဓမ္မာရုံတွေ ဇရပ်ကြီးတွေ ဘုရားတန်
ဆောင်တွေကိုဖြိုဖျက်ပြီး အဲဒီသစ်လုံးမျာ
းကိုယူငင်ကာ အမရပူရပြည်သူအင်အား
နဲ့ တည်ဆောက်ခြင်းပဲဖြစ်ပါတယ် ။
ကုလားငပိန်ဖျက်လိုက်တဲ့ သစ်တွေ
ထဲက အကောင်းစားကျွန်းသစ်လုံးတွေ
ကို အခြားတိုင်းတစ်ပါးအထိရောင်းစား
လိုက်ပါသေးတယ် ။ ယနေ့တွေ့မြင်နေ
ကြတဲ့ ဦးပိန်တံတားရဲ့အကောင်းစား
သစ်တွေဟာ ငပိန်မကြိုက် တိုင်းတစ်ပါး
က အဝယ်မလိုက်လို့ ကျန်နေခဲ့တဲ့သစ်
တွေနဲ့ ကျွန်းသစ်အချို့ကို ပြုလုပ်ထား
ခြင်းပါ ။ တိုင်းပြည်ကိုအာဏာသိမ်းဖို့အ
တွက် တံတားထိုးဆောက်လုပ်ထားတဲ့
ဘာသာခြားတွေရဲ့စီမံကိန်းဟာ ဘယ်
လောက်ထိရင်နာစရာကောင်းလိုက်သ
လဲ ။ နေရာမပေးသင့် မပေးထိုက်တဲ့ လူ
မျိုးခြား ဘာသာခြားကို အာဏာပေးမိ
လိုက်တော့ အမျိုးဘာသာ သာသနာအ
တွက်ပါ နစ်နာဆုံးရှုံးရပါတော့တယ် ။
ကုလားဘိုင်ဆပ်နဲ့အဖွဲ့ဟာ မြန်
မာအမျိုးသမီးလေးတွေကို ဖျက်ဆီးရုံတ
င်မကဘူး အဓမ္မသိမ်းပိုက်ပေါင်းသင်းနေ
တဲ့ မယားပေါင်း ( ၄၀ ) ကျော်တောင်ရှိ
တယ်လို့ဆိုပါတယ် ။ မြို့သူမြို့သားတွေ
အပေါ်မှာလည်း ရတဲ့နည်းနဲ့ငွေတောင်းခံ
တယ် ။ အလွယ်တကူမရခဲ့ရင် အကွက်
ဆင်ပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြန်တ
ယ် ။ ဘိုင်ဆပ်မြို့ဝန်သက်တမ်း ၅ နှစ်အ
တွင်းမှာ မြန်မာလူမျိုးပေါင်း ( ၂၀၀၀ )ခန့်
ညှဉ်းပမ်းနှိပ်စက် အသေသတ်ခဲ့တယ်လို့
မြန်မာ့သမိုင်းတွေမှာ ဖေါ်ပြထားပါတယ်။
နောက်ဆုံးတော့ ကုလားဘိုင်ဆပ်
ဆိုးသွမ်းရိုင်းစိုင်းလာမှုကို ဘုရင်ကိုယ်
တိုင်က နားလည်သိရှိ သဘောပေါက်
လာကာ ၁၂၁၃ ခုနှစ်မှာ ကုလားဘိုင်ဆပ်ကို ရာထူးချ
ဖမ်းဆီးပြီး အမရပူရမြို့လယ်မှာ ကားစင်
တင် တံကျင်ထိုးပြီး မသေမချင်းကွပ်မျ
က်လိုက်ရလေတော့သည် ။ ဒါက ကုန်း
ဘောင်ခေတ်က ပုဂံမင်းအမျိုးဘာသာ
သာသနာတော်ကို ကြည်ညိုရကောင်းမှ
န်းမသိ မစောင့်စည်းခဲ့လို့ ဖြစ်ပျက်ခဲ့ရ
တဲ့ ဖြစ်ရပ်မှန်ရာဇဝင်သာဓကယူစရာ
သင်္ခန်းစာတစ်ပုဒ်ပါဘဲ ။ ဒါကြောင့်မို့
သမိုင်းကပေးတဲ့ ဥပမာကို သာဓကယူ
ကာ အခုခေတ်မှာ "" အမျိုးဘာသာ သာ
သနာအပေါ် သစ္စာရှိကြပါစေ "" လို့
တိုက်တွန်းနှိုးဆော်လိုက်ရပေသည် ။

ဒေါက်တာ အရှင်သောပါက ၏
အမျိုးဘာသာ သာသနာ သစ္စာရှိပါစေ
ဆောင်းပါးမှ ထုတ်နှုတ်ဖေါ်ပြပါသည် ။
**********************************************************************************************************************************************************************

ဦးပိန်တံတား သမိုင်း - ၎

တောင်သမန် အလွမ်းပြေ

မန်းမြို့က အသရေဆောင်
လွမ်းအောင်ပင် ဖန်ရော့သလား။
လေပြေနုက တိုက်ခတ်
အသရေဖျက်တဲ့ တဖက်ကမ်းက
ထန်းရည်ဆိုင်ကို သတိရနေသလား။
သစ်သားတိုင်ပေါင်း တစ်ထောင်ရှစ်ဆယ့်ခြောက်
မင်း ရေတွက်ဖို့ ကြောက်နေသလား။
သမိုင်းရဲ့ ရာဇဝင် ပုဂံမင်းက အမိန့်တော်ဆင်လို့
တာဝန်ယူရသူက မြို့စာရေးဦးပိန်
ရာဇ၀င်အဆိုး အကောင်းတွေကို
မင်းထိန်ချန်ခဲ့ဖို့ သင့်လေသလား။
လေသွေးရာ ယိမ်းနွဲ့တိမ်း
မြင်ကွင်း အစိမ်းတွေက
ယခုထက်ထိ မကွယ်ပျောက်
တည်ဆောက်ခဲ့တဲ့ အဲဒီတံတားကို
အင်းဝနဲ့ စစ်ကိုင်း ခိုင်းနှိုင်းစရာမရှိ
ပြိုပျက်နေတာ အတိပြီးတဲ့ ကျောင်းအိုနဲ့အိမ်ပျက်
ဘယ်မမက်စရာ သစ်သားတွေနဲ့
တည်ဆောက်လို့ ပြီးခဲ့တာတဲ့နော်။
ဘယ်လိုနဲ့ ဘယ်ပုံ ဘယ်အခြေနဲ့ဘယ်ကာလ
တိမ်ကောသွားကြပေမယ့်
တို့ချစ်တဲ့ တောင်သမန်တံတား
မင်းလွမ်းမော သတိရ နေမိသလား။
မောင်ပညာ (မန်းတက္ကသိုလ်)

စာရေးသူ ၁၉၉၇-ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မှာ ကျောင်းတက်စဉ်ကာလ သူငယ်ချင်းတွေနဲ့အတူ တောင်သမန် ဦးပိန်တံတားကို အလည်ရောက်ခဲ့စဉ် အမှတ်တရ ရိုက်ခဲ့သော ဓာတ်ပုံကို တွေ့မိ၍ ဤကဗျာကို ခံစားရေးဖွဲ့မိပါ၏။

တောင်သမန်တံတားအကြောင်း ရန်ဝင်း (တောင်တံခါး) ရေးဖွဲ့ထားတဲ့ အကြောင်းအရာလေးကိုလည်း http://www.kaungkin.com/ (နိုင်ငံပြု အနုပညာမဂ္ဂဇင်း)မှ ကူးယူ၍ ထပ်ဆင့် မျှဝေ ခံစားလိုက်ပါ၏။
ရေချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။”
တောင်သမန်၊ နန်းတော်ရှေ့  ဆရာတင် (ကိုယ်တိုင်ဆို)
တောင်သမန်အင်း နဲ့ တောင်သမန်တံတား ရဲ့ အလှဟာ ပထမဦးဆုံးအကြိမ် ရောက်ဖူးသူတွေ ကို နောက်တခါ ပြန်လာချင်အောင် ဆွဲဆောင်သလိုပဲ၊ ရောက်ဖူးသူတွေကိုလည်း အကြိမ်ကြိမ် အခါခါ ပြန်လာနိုင်ဖို့အတွက် တောင့်တစေပါတယ်။
ဦးပိန်တံတား လို့ ဒီနေ့ လူသိများတဲ့ တောင်သမန်တံတား ပေါ် လမ်းလျှောက်နေတုန်းမှာဖြစ်ဖြစ်၊ တခါတလေ ဇရပ်ကလေး တခုခုမှာ အမောပြေ ထိုင်နေတုန်းမှာပဲဖြစ်ဖြစ်၊ အင်းရေပြင်ကို ဖြတ်သန်းလာတဲ့ လေညင်းကလေးက သုတ်ကနဲ ဝင်လာတတ်တယ်။ ပူပြင်းတဲ့ နေ့လည်ချိန်မှာဆိုရင် အဲဒီ လေညင်းကလေးက ရင်ထဲကို အေးကနဲ တိုက်ခတ်သွားပါတယ်။ မယ်ဇယ်ပင်တန်း၊ အင်းရေပြင်နဲ့ တောင်သမန်တံတား ကို အဝေး အနီး ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် အချိန်မရွေး ရာသီမရွေး လှနေတာပါပဲ။
တိုင်ပေါင်း ၁ဝ၈၆ တိုင် နဲ့ ဖြုတ်လို့ တပ်လို့ ရတဲ့ အခန်းအရှင် ၉ ခုအပါအဝင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ ၁.၂ ကီလိုမီတာ ရှည်တဲ့ ကျွန်းသစ်သား တံတား ဆိုပြီး ဒီနေ့ ကမ္ဘာလှည့် ခရီးသည်တွေ အကြားမှာလည်း ကျော်ကြားပါတယ်။
အမရပူရ မြို့နယ် တောင်သမန်အင်း ကို ဖြတ်ပြီးဆောက်ထားလို့ ရှေးတုန်းက တောင်သမန်တံတား လို့ခေါ်ကြတယ်။ ကုန်းဘောင်မင်းဆက် ၉ ဆက်မြောက် ပုဂံမင်း အမိန့်နဲ့ တံတားဆောက်ဖို့ တာဝန်ယူရတဲ့ အမရပူရမြို့ဝန် ဘိုင်ဆပ်ရဲ့ မြို့စာရေး ဦးပိန် ကို အကြောင်းပြုပြီး နောက်တော့ ဦးပိန်တံတား လို့ ခေါ်ကြတယ်။ ဒီနေ့မှာတော့ ဦးပိန်တံတားလို့ ခေါ်တာက များလာတယ်။
စစ်ကိုင်း နဲ့ အင်းဝ မြို့ဟောင်းတွေက အိမ်ဟောင်း ကျောင်းဟောင်းတွေ ဖျက်ယူလာတဲ့ သစ်သား အဟောင်းတွေကိုသုံးပြီး ခရစ်သက္ကရာဇ် ၁၈၅၁ မှာ တောင်သမန်တံတား ကိုဆောက်ပြီးခဲ့တယ်။
တောင်သမန်တံတား ကိုဆောက်ခဲ့တဲ့ မြို့ဝန် ဘိုင်ဆပ် နဲ့ သူ့ စာရေး ဦးပိန် တို့ဟာ သမိုင်း မှာ နာမည် မပြောင်မြောက်ရုံမကဘဲ အင်မတန် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတွေပါပဲ။ အာဏာကို အလွဲသုံးပြီး သာမန် လက်လုပ်လက်စား လူတန်းစားတွေကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသူတွေပါ။ သူတို့ရဲ့ပယောဂကြောင့် အပြစ်မဲ့တဲ့ လူတွေ အများကြီး အသက်ဆုံးပါး ခဲ့ရတယ်။ သားပျို သမီးပျိုတွေ ပျက်စီးခဲ့ကြရတယ်။
အဲဒီအချိန်တွေ အတောအတွင်းမှာလည်း တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေတယ်။ တိုင်းတပါးနယ်ချဲ့ ကျူးကျော်လာတာကို ရင်ဆိုင်ရတဲ့ ပြဿနာတွေအပြင်၊ နယ်စပ်တိုင်းပြည်တွေနဲ့လည်း ပြည်ထဲရေးက မအေးမချမ်းဖြစ်နေတယ်။ ဘုရင်တွေ မင်းနေပြည်ပြောင်းကြ၊ နန်းတွင်းအင်အားပြိုင်ကြရာကစပြီး ရာဇဝတ်သင့် အကွပ်မျက်ခံကြရလို့ နာမည် အဆိုး အကောင်း အမျိုးမျိုးနဲ့ ထင်ပေါ် ကျော်ကြားတဲ့ မင်းမိဖုရား၊ မင်းညီမင်းသား၊ မင်းသမီးတွေ၊ နောက်လိုက်နောက်ပါတွေ အသက်ဆုံးပါးခဲ့ကြရတာကလည်း မနည်းလှပါ။
ဒါကြောင့် တောင်သမန်အင်း နဲ့ တောင်သမန်တံတား တဝိုက်မှာ ပြောပြစရာ ပုံပြင်တွေမနည်းခဲ့ဘူး။ ကြာလာတော့လည်း မယုံရင် ပုံပြင်မှတ်လို့ ဆိုရိုးစကား ရှိပေမယ့် သက်ကြီးစကား သက်ငယ်ကြား ဆိုသလိုပဲ တဆင့်ပြန်ပြောကြရမယ့် တကယ် ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေကတော့ မပျက်ပြယ်နိုင်ဘူးလေ။
တောင်သမန်တံတား က တောင်သမန်အင်း ဟိုဖက်ကမ်း ဒီဖက်ကမ်း၊ ကမ်းနှစ်ခုကို ဆက်သွယ်ထားလေတော့ ဆက်သွယ်ရေးမှာ အရေးပါတယ်။ ဒီတော့ တောင်သမန် ရပ်ကွက် ၁၂ ကွက် မှာ နေကြတဲ့ ဒေသခံတွေရဲ့ နေ့စဉ် တဓူဝ သွားလာရေးအတွက် သုံးရတာကြောင့်ပဲဖြစ်ဖြစ်၊ အဝေးနယ်အရပ်ရပ်က အပန်းဖြေ အပျော် အလည်လာကြတာကြောင့်ပဲဖြစ်ဖြစ် တောင်သမန်တံတား က အမြဲစည်ကားနေပါတယ်။ သမိုင်းကြောင်းကို သိတဲ့သူတွေက သံဝေဂ သင်ခန်းစာ ယူကြရတယ်။ ရော်ရမ်း တမ်းတနေမိတာမျိုးမဟုတ်ပေမယ်လို့ တမျိုးတဖုံတော့ ရှေးခေတ်ဟောင်းကို လွမ်းကြရပေလိမ့်မယ်။ သမိုင်းကြောင်းကို မသိတဲ့သူ၊ မကြားဖူးသူတွေမှာတော့ တောင်သမန်အင်း နဲ့ တောင်သမန်တံတား ရဲ့ အလှအပ တွေကိုသာ ခံစားနိုင်ကြပေမယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အချိန်တွေ ရာသီတွေ ဘယ်လိုပဲ ပြောင်းစေတော့၊ လေညင်း ပြေပြေ အနော့မှာ မယ်ဇယ်ပင်တန်း၊ တောင်သမန်အင်းတို့နဲ့အတူ တောင်သမန်တံတား ကတော့ လှမြဲလှနေပါမယ်။ အသုံးဝင်မြဲ အသုံးဝင်နေပါမယ်။ တံတား ပေါ်မှာ နားနေကြရင်းနဲ့ ဖြတ်သန်းလာတဲ့ ခေတ်အဆက်ဆက်မှာ နောက်ထပ်တိုးလာမယ့် ပုံပြင်သစ်တွေကိုလည်း ဆက်ပြီး ပြောနေကြရပါလိမ့်မယ်။

“တောင်သမန်၊ ကြည် အင်းရေ လှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ၊”
တောင်သမန်၊ မြို့မငြိမ်း

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁) တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့၊ မြသန်းတင့်၊ မတ်လ၊ ၂ဝဝ၆
(၂) တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ၊ ကိုပညာ (အမရပူရ)၊ ဒု-အကြိမ်၊ ဇန္နဝါရီ၊ ၂ဝဝ၎
(၃) ကုန်းဘောင်ကိုဆန်၍၊ ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁
(၄) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄

စုစည်းတင်ပြသူ
Phyo Koko