Monday, May 4, 2015

ချင်းပြည်ကအပင်များ. နံသာနီပင်နဲ့ ရွေးကြီးပင်

ချင်းပြည်ကအပင်များ.
နံသာနီပင်နဲ့ ရွေးကြီးပင်
တနေ့က ဌာနက ဆရာလေး ဦးဗန်ဗျတ်လွယ်က နံ့သာနီပင် အပင်ပေါက်လေးတွေရနိုင်တယ် ဆရာ ရွာမှာ အပင်ပေါက်တပင် ၁၀၀၀ ကျပ်ဆိုပြီး ဖုံးဆက်လာပါတယ်။ နံ့သာနီပင်ဆိုတာ အလွန်ရှားလှတာမို့ ၃ ပင်ဝယ်ခဲ့လို့ ခိုင်းလိုက်မိတယ်။ ဌာနမှာစိုက်ရအောင်လို့လေ၊ နောက်ရက် အပင်ပေါက်လေးတွေရောက်လာတော့ နံ့သာနီပင်မဟုတ်ဘဲ ရွေးကြီးအပင်ပေါက်လေးတွေဖြစ်နေတာကို တွေ့ရတယ်။ ဒီဖက်အရပ်က ရွေးကြီးနဲ့နံ့သာနီကို ရောထွေးနေတာတွေ့ရပါတယ်။ ရွေးကြီးပင်ရဲ့ သိပ္ပံအမည်က Adenanthera pavonina L., Sp.Pl.384.1753. ဖြစ်ပြီး မျိုးရင်းက ကုက္ကိုမျိုးရင်း Mimosaceae ထဲကပါ၊ မြန်မာလို ရွေးကြီး ခေါ် ရွေးနီလို့ခေါ်ပြီး English name အားဖြင့် Coral wood bead tree ခေါ်ကြပါတယ် ပန်းပွင့်ချိန်က August. ကနေ December လအထိပါ၊ အပင်ကြီးမျိုးဖြစ်ပြီး အကိုင်းအခက်တွေက ရင့်မာလာရင် ၀ါညိုရောင်သန်းလာပါတယ်၊ အရွက်က ၂ ဆင့်ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၄ ခုကနေ ၁၁ ခုအထိပါတတ်ပါတယ် ထူး ခြားချက်ကိုပြော ရင်ရ ရွက်မွှာအရင်းလေးတွေက မညီကြပါဘူး။ ပန်းခိုင် ကြားထွက် ထိပ်ထွက် spiciform raceme ပုံစံပါ ၊ ရင့်မာခြင်းကိုလိုက်ပြီး အ၀ါရောင်ကနေ အဖြူရောင်ပြောင်းတတ်ပါတယ်၊ ပန်းပွင့်လေးတွေကတော့ အရမ်းသေးငယ်လှပြီး ပန်းခိုင်တခုမှာ ရေတွက်မရလောက်အောင် များစွာပါပါတယ်။ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါပေမဲ့ ၀တ်ဆံဖို ၁၀ ခုထဲပါတာကလည်းထူးခြားလှတယ်၊ အသီးကတော့ပုံမှာပြထားတဲ့အတိုင်း linear-falcate ပုံစံပါ။ ရင့်မဲ့ရင် တွန့်လိမ်ပြီး အက်ကွဲပါတယ်။ အစေ့က အသီးတောင့် တခုမှာ ၈ စေ့ကနေ ၁၀ စေ့အထိပါပါတယ် ။ အသီးအညှာကထင်ရှားလှတယ်၊ အစေ့အရောင်ကတော့ စွဲမက်ဖွယ် scarlet -red colour ပါ။ ရွေးကြီးပင်ဟာ Myanmar, India, Thiland, Malaysia, China, Ceylon , Tropical Asia မှာမှာ ပေါက်တယ်လို့ Dassanayake 1980 ရဲ့ Flora of Ceylon. ထဲမှာဖော်ပြထားပါတယ်၊ အသုံးပြုပုံအနေနဲ့တော့ အနီရောင်ဆိုးဆေးကို သစ်သားမှထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။ လူတိုင်းသိတဲ့အချက်တခုကတော့ရွေးကြီးစေ့ကို ရွှေချိန်တဲ့နေရာမှာသုံးတာပါဘဲ။ မလေးမှာတော့ ဒီအပင်ကို saga လို့ခေါ်ဝေါ်ကြပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းတွင်မူ အစေ့မှုန့်ကိုလိမ်းသော် အနာအဖုများအမြန်မှည့်၏ အရွက်ပြုတ်ရည်သည် အဆစ်အဆက်တို့၌ဖြစ်သော လေ ၀ါတရက်နာ ခါး၌ဖြစ်သော လေတို့ကိုပျောက်စေ၏ ပြုတ်ရည်ကို ကြာရှည်စွာသောက်ခဲ့သော် ကာမအားကိုတိုးစေ၏ ထို့ပြင်အူတွင်ဖြစ်တတ်သော သွေးယုစီးခြင်း ဆီးနဲရော သွေးပါခြင်းတို့ပျောက်ကင်းစေ၏ လို့ရေးသားထားတာမှတ်သားရပါသည်၊
တကယ်တော့ ရွေးနီပင်နဲ့ နံ့သာနီပင် ကို လွဲမှားနေခြင်းက အဆန်းတော့မဟုတ်လှပါ ဆရာတော်၏ ကျမ်းထဲမှာပင် ထို ၂ ပင်ကို လွဲမှားခဲ့ဖူးကြောင်း ရေးသားဖော်ပြ ထားပါတယ်။ နံ့သာနီပင်အမှတ်နဲ့ဝယ်လာတဲ့ အပင်ဟာ တကယ်တန်းကြတော့ ရွေးပင်ဖြစ်နေတာကိုလည်း ဆရာတော်ကရှင်းပြထားပါတယ်။ ရွေးနီကို သက္ကတ ဘာသာစကားဖြင့်ရက္ကသာရ ခေါ် အနှစ်အနီပင် ရတ္တဗီဇ ခေါ် အစေ့နီပင် ဖော်ပြထားပါတယ်။ ထို့အတူ နံ့သာနီပင်ကိုလည်းရက္ကသာရ ၊ ရတ္တဗီဇ လို့ သ္ကတ ဘာသာစကားဖြင့်ဖော်ပြထားရာ ဤ ၂ ပင်သည် အတူတူပင်လို့ ရောထွေးနိုင်ပြန်ပါတယ်။်
တကယ်တော့ နံ့သာနီပင်သည် ပိတောက် မျိုးနွယ်Family Fabaceae သာဖြစ်ပြီး သိပ္ပံအမည်မှာ
ေPterocarpus santalinus L., ဖြစ်ခါ Red sandalwood. လို့ သိကြပါတယ်၊ အများအားဖြင့် India မှာဘဲရှိတတ်ပြီးစံနစ်တကျထိမ်းသိမ်းထားခံထားရတဲ့အပင်ပါ။ အခြားနိုငိငံတွေကိုအသယ်မခံပါဘူး။ အပွင်ပုံစံက တကယ့်
ွ့ပိတောက်ပန်းနဲ့တူနေပါတယ်၊မသိရင် ပိတောက်ပင်ပါဘဲ။ အရာအားလုံး အတော်များများ တူနေသော်လည်း ရွက်မွှာအရေအတွက် ကွဲပြားပါသည် ပုံမှာကြည့်ပါ နံ့သာနီမှာ ရွက်မွှာ ၃ ခုသာပါသည်ကိုမြင်နိုင်မှာပါ။ ပုံကို Fame ကထုတ်တဲ့ medicinal plants စာအုပ်ထဲက ယူထားပါတယ်။ ဒီအပင်ရဲ့ native ကတာ့ India နိုင်ငံကပါ။ နီပေါနိုင်ငံမှာတော့ sandlewood ဟာ အကျိုးအမြတ်များစေသော မှောင်ခိုကုန်စည်တမျိုးလည်းဖြစ်နေပါတယ်။ နှစ်စဉ် တရုပ်ဖက်ကို မှောင်ခိုတင်သွင်းနေတာလည်း ဖြစ်ပါတယ်၊ သမိုင်းကြောင်းမှာတော့ တရုပ်ပြည် ming နှင့် Qing မင်းဆက်ကတည်းက အသုံးပြုခဲ့တယ်လို့သိရပါတယ်။ ဟိန္ဒူဘာသာဝင်များကတော့ ဒီအသားဟာ ရိုးရာအရ အလေးအမြတ်ထားရသော သစ်သားလို့ ဆိုနိုင်ပါတယ်။ ဘုန်းကြီးများနှင့် ဇတ်မြင့် ဟိန္ဒူလူမျိုးများသာ အသုံးပြုကြပြီး ဘာသာရေးဆိုင်ရာ ပွဲတွေမှာ အထူးအလေးထားအသုံးပြုကြတာပါ။ India ဖက်ကလာတဲ့ နံ့သာနီ အသားတွေထဲမှာ တခါတလေ ရွေးကြီး ပင်ရဲ့အသားများရောထွေးပါလာတတ်တယ်လို့ မိတ်ဆွေတဦးကပြောပြပါတယ်။ သစ်သားကို ၀ါဂွမ်းစနဲ့ပွတ်ဆွဲကြည့်ရင် အနီရောင်သန်းနေတတ်ပြီး စူးရှရနံ့ပြင်းတယ်ဆိုပါတယ်၊ ရွေးကြီးသားမှာ အဲဒီသတ္တိ မရှိပါဘူး။ ဒီအသားကိုရေစိမ်ရင်လည်း အနီရောင် အရည်များထွက်ပါတယ်။ တန်ဖိုးကြီးလွန်းလှတဲ့ ဒီသစ်သားကြောင့် ဒီအပင်ဟာ ခုတ်ယူသတ်ြုဖတ်ခြင်းခံနေရပြီး Endangered species အဖြစ်သတ်မှတ်ခြင်းခံထားပါတယ်။ ဒါ့ပြင် ဈေးအလွန်တန်ပါတယ် တိုင်းရင်းဆေးဖေါ်စပ်ရာမှာ အရေးပါသော ဆေးဝင်ပစည်း တခုပါဘဲ။ ကလေးတက္ကသိုလ် ရောက်စက မိတ်ဆွေတွေအမှာဆုံးပစ္စည်းတခုကတော့ နံ့သာဖြူ ယပ်တောင်ဖြစ်ပြီး တခြောင်းကို အနဲဆုံး ၂၀၀၀၀ ကနေ ၃၀၀၀၀ လောက်တန်တာမို့ ခတ်မဆိပ်နေရပါတယ်။ လစာနဲ့မလောက်တော့ ဈေးမေးပြီး အခြားဟာလေးတွေပေးရတာပေါ့။ နံ့သာနီ နဲ့ နံ့သာဖြူက အပင် မတူပါဘူး။ နံ့သာယပ်တောင် မောင့်လက်ဆောင်တော့ ပေးခြင်ပါတယ်ကွယ်

ချောင်းဆိုးသွေးပါ တီဘီအဆုတ်နာ

ချောင်းဆိုးသွေးပါ တီဘီအဆုတ်နာ
===================
===================
(တီဘီရောဂါလက္ခဏာ)
ချောင်းဆိုးနေ့စဉ်
ဖျားဝင်နေ့တိုင်း
ခေါင်းပိုင်းချွေးထွက်
ကြောတက်ရင်နာ
သွေးပါလာလျှင်
ဤခြောက်အင်
ဖြစ်စဉ်အဆုတ်နာ။
ဘာဖြစ်လို့ တီဘီရောဂါဖြစ်တာလဲ ဆိုရင်---
အဆုတ်ရောဂါ ဝေဒနာရှင်က တီဘီရောဂါပိုး ကူးစက်တတ်ပါတယ်။ မသန့်တဲ့ အစားအစာတွေ စားတာရယ်၊ ဆေးလိပ်သောက်သူ၊ မူးယစ်ဆေးစွဲနေသူတွေနဲ့ ဖုန်မှုန့်တွေနဲ့ အလုပ်လုပ်နေရသူတွေ တီဘီရောဂါ အဖြစ်များပါတယ်။ ပြီးတော့ အပူအစပ်တွေ အစားများတဲ့သူ၊ ဆီနဲ့ကြော်လှော်ထားတဲ့ အစားအစာတွေ ပူပူနွေးနွေး စားတဲ့သူတွေ ဖြစ်တတ်ပါတယ်။
(နှစ်ခါ သုံးခါပြန် ကြော်ထားတဲ့ ညှော်ဆီတွေကို စားမိတဲ့လူဟာ အအေးပတ်ဖွဲ့တဲ့ လရာသီမှာ စားမိရင် ချက်ချင်း လည်ချောင်းအတွင်းပိုင်းမှာ အဖုအပိမ့်တွေ ထလာပါတယ်။ အာသီး ရောင်လာပါတယ်။
နုနယ်တဲ့ ကလေးတွေကို ကျွေးမိရင် ဂဲဂဲ-ဂဲဂဲ နဲ့ ချောင်းဆိုးတော့တာပါပဲ။ အဲဒီဆီတွေဟာ ပြင်းထန်တဲ့အပူ ခံထားရတော့ အစာအိမ်ထဲ အခိုးထပါတယ်။ ချောင်းဆိုးပြီး ဖျားတော့တာပါပဲ။ အသက်အရွယ်ကလေး ရလာရင် နှစ်ခါကြော် သုံးခါကြော် ဆီတွေ မစားမိဖို့ အလွန်အရေးကြီးပါတယ်။)
ဘယ်သူတွေမှာ အဖြစ်များတုံး ဆိုရင်---
မီးယပ်သွေးဆုံးတဲ့ အမျိုးသမီးတွေ သတိပြုစရာ တခုပါပဲ။ သူတို့ ပျိုရွယ်စဉ်က သားအိမ်မှာ သွေးတွေနဲ့ စိုနေပြီး မီးယပ်သွေးမှန်မှန် လာနေတော့ ဘာမှမဖြစ်ဘူးပေါ့။ အဲ-မီးယပ်သွေးလည်း ဆုံးရော သားအိမ်မှာ မီးယပ်သွေး မရှိတော့တဲ့အခါ သားအိမ်မှာ အခိုးတွေထပူလာပါတယ်။ အဲဒီ အပူငွေ့ဟာ အစာအိမ်ကို ပင့်ရင် လေပူထ ပါတယ်။ ဦးခေါင်းပိုင်းထိ တက်လာရင် ဇက်ကြောတက်၊ နောက်ကြောတက်လာပါတယ်။ နှလုံးကို
လေပူပင့်တဲ့အခါမှာ မောလာတာပေါ့။ အိပ်လို့လည်း မပျော်ဘူး၊ တောင်တောင်ဤဤနဲ့ နှလုံးရောဂါလိုပေါ့။
မူလအရင်းအမြစ်က သားအိမ်မှာသွေးမရှိလို့ သားအိမ်ကပူပြီး အခိုးထတာပါ။ မြန်မာလို မီးယပ်သွေးဆုံး ကိုင်တာပါ။ လေပူဟာ ရင်ခေါင်းတက်ပြီး လာတဲ့အခါ ချောင်းဆိုးလာတော့တာပါ။
ချောင်းဆိုးတာကို ဖိဖိစီးစီး မကုရင် အဆုတ်မှာ အနာဖြစ်ပြီး တီဘီရောဂါ ဖြစ်မှာပါ။
ချောင်းဆိုးသွေးပါ အဆုတ်နာ တီဘီရောဂါကို ဘယ်လိုနည်းနဲ့ကုသရင် ကောင်းမလဲ---
ဆေးရုံကြီးတွေမှာ တီဘီရောဂါကုဌာနဆိုတာ ရှိပါတယ်။ ခေတ်သစ် ဆေးသိပ္ပံ တီဘီရောဂါပျောက် ဆေးစွမ်းကောင်းတွေ ကုသနည်းသစ် ပေါ်နေပြီ။ တီဘီရောဂါပိုး ရှိ-မရှိ သေချာစစ်ဆေးပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကုသမှုခံယူမယ်ဆိုရင် ပျောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်လောက်က တီဘီဖြစ်ရင် သေတာပဲ၊ ခုခေတ်မှာတော့ တီဘီရောဂါ ပျောက်ဆေးတွေက
ကောင်းနေပါပြီ။
တိုင်းရင်းဆေးအနေနဲ့ကတော့---
မုရားကြီးရွက် ပြုတ်ရည်ကို ဆားကလေး အနည်းငယ်ခတ်ပြီး နံနက် အကြမ်းပန်းကန် တဝက်၊ ညနေ အကြမ်းပန်းကန် တဝက် မှန်မှန် တိုက်ကျွေးရင် ပျောက်ပါတယ်။
မကွေး ဝင်းမြင့်
============
မင်္ဂလာသတင်းစဉ်

အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?

အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?
ခြေဖနောင့်ကွဲခြင်း အတွက်ထိရောက်တဲ့ အိမ်တွင်းသဘာဝ ကုထုံးလေးတွေရှိပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ ခြေထောက်ကြမ်း သူများလဲဥတုမ ရွေးလုပ်ဆောင်နိုင်ပါသည်။
၁။ သံလွင်ဆီ သို့ မဟုတ်အုန်း ဆီ ကို ညမအိပ်မှီ ခြေဖနောင့်ကိုလိမ်းပေးပါ။ မလိမ်းမှီ ခြေထောက်ကို သန့် စင်အောင်ဆေးဖို့ လိုပါတယ်။ ထို့ နောက် ချည်သားခြေအိတ်စွပ်၍ အိပ်လိုက်ပါ။
၂။ ငှက်ပျောသီး အမှည့် တစ်လုံးကို ခြေလိုက်ပါ။ ပြီးလျှင် စိမ့်ဝင်အောင် ပွတ်လူးပါ။ ၁၀ - ၁၅ မိနစ် ခန့် ထား ၍ ရေနွေးနွေးနှင့် ဆေးလိုက်ပါ။ ထို့ နောက်ရေအေးနှင့် ခနစိမ်လိုက်ပါ။ နေ့ စဉ်လုပ်ပေးနိုင်ပါသည်။ နူးညံ့အိစက်သော ခြေဖဝါး လေးဖြစ်လာပါလိမ့်မည်။
၃။ ပျားရည် တစ်ခွက်ကိုရေ တစ်ပုံးနှင့်ရော ပါ။ ခြေထောက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စိမ်၍ တိုက်ချွတ်ပေးပါ။ တစ်ပတ် တစ်ခါ လုပ်နိုင်ပါသည်။
အထက်ပါနည်း ၃ မျိုးထဲမှမိမိနှင့် အဆင်ပြေသည့်နည်းကိုရွေးချယ်လုပ်ဆောင်နိုင်ပါသည်။
Dr.Marie
အမျိုးသမီးနှင့်ကျန်းမာရေး

“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး”

“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့်
ညောင်ရေသွန်း ပူဇော်ရကျိုး”
••••••••••••••••••••••••••••••••••••••••••••••••••••
“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း”
••••••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပ
ပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည်
●ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
●ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
●ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
●ထို့ပြင် မြတ်ဗုဒ္ဓသည်
မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို
သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌
ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း
ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ
ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်
နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၎ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော
မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌
စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို
ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း
မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို
အမှတ်ရစေလိုရေးပင် ဖြစ်သည်။
ဤကဲ့သို့ ဗောဓိညောင်ပင်များကို
ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”
ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ
ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။
ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏
အခြေခံအကြောင်းပင်ဖြစ်သည်။
“ညောင်ရေသွန်း ပူဇော်ရကျိုး”
•••••••••••••••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင်
“ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌
ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ
ကိုယ်တိုင် မိမိတို့၏ ဘ၀ဖြစ်စဉ်များကို ပြန်လည်
ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။
“ဂန္ဓောဒကိယ ရဟန္တာမထရ်”
••••••••••••••••••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍
သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ
“ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို
ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊
မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။
ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော
ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ
“ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း
ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။
နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း
နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်
ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော
“သံဝသိတ” မည်သော “စကြ၀တေးမင်း” ဖြစ်ခဲ့ရလေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ
“ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။
“ဗောဓိသိဉ္စက ရဟန္တာမထေရ်”
••••••••••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က
ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ
“ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ
ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ
ငြိမ်းအေးနိုင်ပါစေသတည်း”
ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော
ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။
ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ
လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြ၀တေးမင်း”
စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ
“ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။
“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
●ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော
“အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော
●“ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊
အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။
ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ
ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ
သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည်
ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်
ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက်
အာရုံယူကာ
“သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊
ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ
သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း
ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【အရှင်နာဂ၀ံသ - မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
Posted by►

နေ့နံအလိုက် နာမည်မှည့်ခြင်း

နေ့နံအလိုက် နာမည်မှည့်ခြင်း
=====================
မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်
ဗုဒ္ဓဘာသာနှင့် မပတ်သတ်သော အလေ့အထတစ်ခုကို
အစဉ်အလာပမာ လက်ခံနေကြပါသည်။
ယင်းမှာ "နေ့သင့်နံသင့် နာမည်မှည့်ခြင်း" ပင်ဖြစ်ပါ၏။
ဤအယူအဆမှာ မြတ်စွာဘုရားရှင်က မဂ်ဖိုလ်မှ ဖီလာဖြစ်သော တိရိစ္ဆာန်အတတ်ဟုဆန့်ကျင်ရှုတ်ချတော်မူခဲ့သော "ဗေဒင်" မှ မွေးဖွားလာခြင်းဖြစ်ပါသည်။
ဗေဒင်ပညာ၏ အခြေခံယုံကြည်ချက်မှာ ကိတ်ဂြိုဟ်မှအပ ကျန်ဂြိုဟ်ကြီး ရှစ်လုံးတို့က
လူ၏ ကံကြမ္မာကို ဖန်တီးကြကုန်သည် ဟုယူဆထားခြင်းဖြစ်ပါ၏။
(ဤယုံကြည်ချက်ပင်လျှင် ဗုဒ္ဓဓမ္မမှ ဆန့်ကျင် ဝေးကွာသွားခြင်း ဖြစ်ပါ၏။
မြတ်ဗုဒ္ဓက လူသည် မိမ်ဘ၀ကို မိမိဖာသာ ဖန်တီးသည်ဟု ဟောတော်မူခဲ့ပါ၏။)
ဤဂြိုဟ်ကြီးရှစ်လုံးတို့အကြား၌ မြန်မာအက္ခရာများကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။ ဗြဟ္မဏပုဏ္ဏားတို့၏ မှိုင်းမိခြင်းခံရသော ပုဂ္ဂိုလ်တို့၏ လက်ချက်ဖြစ်ဟန်တူပါသည်။
က၊ ခ၊ ဂ၊ ဃ၊ င ... တနင်္လာ
စ၊ ဆ၊ ဇ၊ စ်၊ ည ... အဂၤ ါ
ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ ဓ၊ န ... စေန
ပ၊ ဖ၊ ဗ၊ ဘ၊ မ ... ၾကာသပေတး
ယ၊ ရ ... ရာဟု
လ၊ ၀ ... ဗုဒၶဟူး
သ၊ ဟ ...ေသာၾကာ
အ ..... တနင်္ဂနွေ
အထက်ပါအတိုင်း ခွဲခြားထားသည့် နေ့အလိုက်နာမည်များကို မှည့်ခြင်းသည်
အစဉ်အလာအမာ ဖြစ်ခဲ့ပါသည်။ လူဝတ်ကြောင် များသာမဟုတ်၊
ရဟန်းသာမဏေနှင့် သီလရှင်များတွင်လည်း ဤ အလေ့အထရှင်သန်နေဆဲပင် ဖြစ်ပါသည်။
ထို့အပြင် အချို့က သိမ်သမုတ်ရာ၌ နိမိတ်ဖြေကြားရန်အတွက်
အရပ်ရှစ်မျက်နှာတို့၌ နေ့သင့်နံသင့် ပုဂ္ဂိုလ်တို့ကို နေရာချထားတတ်ကြ၏။
(ဘုရားရှင် ရွှေလက်ထက်တော်အခါက ဤသို့ ပြုမူခဲ့ခြင်းမရှိပါ)
ဗြဟ္မဏပုဏ္ဏားတို့၏ "နေ့သင့်နံကို နာမည်မှည့်ခြင်း" အလေ့အထကို
မြန်မာဗုဒ္ဓဘာသာဝင်များအကြား ထာဝစဉ် ရှင်သန်နေအောင် ရေလောင်းနေသူများရှိပါ၏။
၉၅-ခုနှစ်၊ မေလထုတ် မဂ္ဂဇင်းကြီးတစ်စောင်တွင်
"နေ့သင့်နံကိုက်မှည့်ထိုက်သလော" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြထားရာ၊
ယင်းဆောင်းပါးတွင် ဖော်ပြထားသည်များမှ အချက်အချို့မှာ ဤသို့ပါ။
"နာမည်မှည့်ခြင်းအမျိုးမျိုးရှိရာ မဟာဘုတ်တိုင်အထက်ဂြိုဟ်
အင်္ဂ၀ိဇ္ဇာတိုင် အထက်ဂြိုဟ်ဖြင့် မှည့်ခြင်း၊ ယက္ခတိုင်အောက်မှ အထက်သို့တက်၍မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို ဆပွတ်အုပ်၍မှည့်ခြင်း... စသည်တို့ဖြစ်သည်။"
မွေးနံကိုက်မှည့်ခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများမှာ-
(၁) တနင်္ဂနွေသားကို တနင်္ဂနွေနံဖြင့် မှည့်လျှင် ချမ်းသာကြီးအံ့။
(၂) တနင်္လာသားကို တနင်္လာနံဖြင့် မှည့်လျှင် ခွန်အားစွမ်းပကား ကြီးမားအံ့။
(၃) အင်္ဂါသားကို အင်္ဂါနံဖြင့် မှည့်လျှင် ဥစ္စာရအံ့။
(၄) ဗုဒ္ဓဟူးသားကို ဗုဒ္ဓဟူးနံဖြင့် မှည့်လျှင် ကျေးကျွန်၊ ကျွဲနွားများ အံ့။
(၅) ကြာသပတေးသားကို ကြာသပတေးနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
(၆) သောကြာသားကို သောကြာနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
(၇) စနေသားကို စနေနံဖြင့် မှည့်လျှင် ငယ်စဉ်က အလှူပေးရအံ့။ - ဟူ၍
"အကောင်းဟောချည်း" ကိုသာတွေ့ရလေသည်။
မည်သည့်နေ့သားမဆို မွေးနံအလိုက် နေ့နံကိုက် မှည့်ခြင်းဖြင့် အဆိုးမပါ။ အကောင်းသာဖြစ်ခြင်း၊
မွေးနံကို သိရှိမှတ်သားဖို့လည်း လွယ်ကူခြင်းတို့ကြောင့် နေ့နံအလိုက် မှည့်ခြင်းသည်
အသုံးပြုသင့်သော နည်းစနစ်တစ်ခုဖြစ်ပါသည်။
"အစမွေးနံ၊ အရင်းခံ၊ ဘုန်းကံတိုးတက်လှ" ဟူသော
ဆိုရိုးစကားနှင့်လည်း ကိုက်ညီမည် ဖြစ်ပါသတည်း။
ရှေးအခါက လူတစ်ရာလျှင် ကိုးဆယ်နီးပါးခန့်
နာမည်ကိုမွေးနံဖြစ့် မှည့်ကြသည်ချည်းဖြစ်၏။
တနင်္ဂနွေသားတစ်ရာလျှင် ကိုးဆယ်ခန့် တနင်္ဂနွေနံဖြင့် မှည့်ကြလင့်ကစား၊
ထို ကိုးဆယ်မှာ ဘယ်နှစ်ယောက်ချမ်းသာပါသနည်း။
ချမ်းသာခြင်းဟူသည် "နာမည်" နှင့်မဆိုင်၊
ကံ၊ ဥာဏ်၊ ၀ီရိယ တို့နှင့်သာသက်ဆိုင်၏။
ရှေးခေတ်အခါက ကျေးလက်နေ ပြည်သူအများစုက
နေ့နံသင့် အမည်ပေးခြင်း၌ ပို၍ ယုံကြည်ကြ၏။
တစ်ရွာလုံးတွင် နေ့သင့်နံသင့် နာမည်မမှည့်သူဟူ၍ တစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်၊
နေ့သင့်နံသင့် နာမည်မှည့်သူတွေချည်း ဖြစ်ပါလျက်
တစ်ရွာလုံးတွင် ချမ်းသာသူက လက်ချိုးရေတွက်၍ ရပြီး ဆင်းရဲသူက အများစုဖြစ်ပါ၏။
နေ့သင့်နံသင့် နာမည်မှည့်ပါလျက် ဘာကြောင့် မချမ်းသာပါသနည်း။
"အစမွေးနံအရင်းခံ ဘုန်းကံတိုးတက်လှ" ဟူသည်ကို
ဆိုရိုးစကားဟု (အထက်ပါ ဆောင်းပါးတွင်) ရေးခဲ့၏။
ဆိုရိုးစကားဖြစ်လျှင်လည်း၊ သာသနာပြင်ပ ဗြဟ္မဏ၀ါဒီတို့၏
နောက်လိုက်ငယ်သားများက ပြောသော "ဆိုရိုးစကား" သာဖြစ်မည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဆိုရိုးစကားမဟုတ်ပါ။
ထေရ၀ါဒကမူ ဘုန်းကံဟူသည် ပုဂ္ဂိုလ်၏ ကံ၊ ဥာဏ်၊ ၀ီရိယနှင့် ပြုအပ်သော
ကုသိုလ်မှု၊ အကုသိုလ်မှုတို့ အပေါ်တွင်သာ တည်ပါ၏။ နာမည်နှင့် မဆိုင်ပါချေ။
နေ့နံအလိုက် နာမည်ပေးခြင်းနှင့် စပ်လျဉ်း၍ တည်တော်ဆရာတော်ဘုရားကြီးက
"လောကီအယူအဆအရသာ နေ့နံလိုက်ပြီး နာမည်မှည့်ခေါ်ကြခြင်းဖြစ်ပါသည်။
လောကုတ္တရာလမ်းက ဘုရားအရိယာ သူတော်မြတ်များသည်
နေ့နံအလိုက် နာမပညတ်ကို အဓိကထားပြီး သုံးစွဲတော်မမူကြပါ။
ထို့ကြောင့် ဘုရားရှင်တို့၏ ဘွဲ့တော်များမှာ
နေ့နံအလိုက် မတွေ့ရခြင်း ဖြစ်ပါသည်" ဟူ၍ မိန့်တော်မူခဲ့ပါ၏။
နာမည်မှည့်ခြင်းအပေါ် တည်မှီ၍ ချမ်းသာခြင်းလည်း မဖြစ်နိုင်။ ဆင်းရဲခြင်းလည်း မဖြစ်နိုင်။
နာမည်မှည့်၍ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်ဖြစ်ကြောင်း
နာမည်ကျော် လက္ခဏာဆရာကြီး ဆရာစန္ဒြက
(ဘ၀ခရီးနှင့် အတွေ့အကြုံများ စာအုပ်၊ စာမျက်နှာ ၁၉၂ တွင်) ဤသို့ရေးသားခဲ့ပါ၏။
ယခု အသက်ကြီးလာသောအခါ
ငါးရာငါးဆယ် ဇာတ်တော် ပထမတွဲ၊ စာမျက်နှာ (၄၆၈)တွင်
နာမသိဒ္ဓိဇာတ်ကို မြတ်စွာဘုရားဟောတော်မူသည်။
နာမည်ဆိုသည်မှာ အလကား၊ မောင်သက်ရှည်လို့ မှည့်သော်လည်း အသက်တိုသွားနိုင်သည်။ မောင်ချမ်းသာဟု မှည့်သော်လည်း ဆင်းရဲနိုင်သည်။
မိမိတို့ပြုခဲ့သော အတိတ်ဘ၀ကုသိုလ်များဖြင့်သာ အကျိုးပေးကြကုန်သည်။
ပုဗ္ဗေစကတပုညတာ၊ ရှေးကံက စီမံသည့်အတိုင်း ဖြစ်ရသည်။
မောင်သက်ရှည်ဆိုသူသည် ငယ်ငယ်က သေသွားသည်။
သူဌေးမဆိုသူလည်း ဆင်းရဲနေသည်။
အမည်ဟူသည်ကား ပညတ်များဖြစ်သည်။ အမည်ဖြင့် ပြီးစီးသည်မရှိ။
ကံဖြင့်သာလျှင် လုပ်ကြရသည်။ အလွန်မှန်သည်။
နာမည်မှည့်၍သာ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်။
ဤကဲ့သို့ နားမလည်ဘဲ အလွဲလွဲ အမှားမှားတွေ ဖြစ်နေသည်။
"နေ့နံအလိုက် နာမည်မှည့်ခြင်းသည် ကြီးပွားချမ်းသာစေ၏" ဟူသော အယူမှာ
ကံ-ကံ၏ အကျိုးကို ပစ်ပယ်သောအယူဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော
"ကမ္မဿကတာ သမ္မာဒိဌိဥာဏ်" ကိုတားဆီးပိတ်ဆို့သော အယူဖြစ်ပါ၏။
ဘုရားရှင်လက်ထက်တော်အခါကမူ ဘုရားအပါအ၀င် အရိယာသူတော်စင်များသည်
နေ့နံအလိုက် နာမပသုတ်ကို အဓိကထားပြီးသုံးစွဲတော်မမူပါ။
ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးတို့၏ ဘွဲ့တော်များမှာလည်း နေ့နံအလိုက် မဟုတ်ပါ။
သို့ဖြစ်၍ "နေ့နံအလိုက် နာမည်မှည့်ခြင်း" သည်
ထေရ၀ါဒ ဗုဒ္ဓဘာသာအယူမဟုတ်ဘဲ၊
ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒမှ မြစ်ဖျားခံလာသော
အလေ့အထတစ်ခုဖြစ်ကြောင်း အသိရှင်း၊ အမြင်လင်းစေလိုပါသည်။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Posted by Dr. Ashin Indaka

Gmail Password ပျောက်ဆုံးသွားပါက ပြန်ရယူနည်းလေး ပါ..

Gmail Password ပျောက်ဆုံးသွားပါက ပြန်ရယူနည်းလေး ပါ..
2:50 PM ရန်ကုန်သား
ကျွန်တော် Gmail password ပျောက်သွားပါကပြန်ယူနည်းကိုပြောပြချင်ပါတယ်။
ယခု password ပြောင်းပြီးပြန်ဖွင့်မရသော ပြသနာအားဖြေရှင်းနိုင်လိမ့်မည် ထင်ပါသည်။
အရင်ဆုံး Gtalk လေးကိုခေါ်လိုက်ပါ။
username နဲ့ password ဖြည့်တဲ့အကွက်အောက်က Forgot your password ? ကို click လိုက်ပါ။
ထို့နောက် Email ထည့်ခိုင်းပါမည်။ မိမိပျောက်သွားသော mail ကိုထည့်ပါ။
Type the characters in the box ဆိုပြီး အောက်ကစာလုံးများကိုရိုက်ခိုင်းပါမည်။ ထည့်လိုက်ပါ။
ထိုအခါ 1. Email to …….@gmail.com
2. Answer your security question
3. I no longer have access to these ဆိုပြီး ၃ခုထဲမှ ရွေးခိုင်းပါမည်။
နံပါတ် ၁ - မိမိ recovery လုပ်ထားသောမေးလ်ထဲကို reset link ပို့ပေးခြင်းပါ။
နံပါတ် ၂ - မိမိအကောင့်လုပ်စဉ်ကဖြည့်ခဲ့သော security answer ကိုဖြေခြင်းပါ။
အထက်ပါ၂နည်းလုံးတွင် အခက်အခဲရှိသူများအတွက် နံပါတ် ၃နည်းကို တင်ပြပေးပါမည်။
I no longer have access to these ကိုရွေးလိုက်ပါ။ ထိုအခါ page ၁ခု ကိုရောက်သွားပါမည်။
-An email address we can use to contact you ဆိုတဲ့အကွက်တွင် မိမိလက်ရှိအသုံးပြုနေသော
အကောင့် ၁ခုခု ကိုထည့်လိုက်ပါ။
(ထိုမေးလ်ထဲသို့ reset password link ပို့ပေးပါမည်။ မိမိပျောက်ဆုံးသွားသော မေလ်း မ ထည့် ရ ပါ။)
-Reenter email address ဆိုသောနေရာတွင်အပေါ်က ဖြည့်ထားသော မေးလ်ကိုပြန်ထည့်ပါ။
- ထို့နောက် I believe someone has taken overy my account ကိုရွေးပါ။
-Do you use gmail with this acc ဆိုသောနေရာတွင် YES ကိုရွေးပါ။
ထိုအခါ gmail username ကိုဖြည့်ခိုင်းပါမည်။ မိမိပျောက်ဆုံးသွားသော Emailကို ထည့်လိုက်ပါ။
-Email address of up to five frequently emailed contacts ဆိုသော
အကွက် ၅ကွက်တွင် မိမိပျောက်ဆုံးသွားသော အကောင့်ထဲမှာရှိသော gmail အကောင့် ၄ခုထည့်ပါ။
(၃ခုဆိုလည်း ရပါသည်။)
-ထို့နောက်အောက်တွင်ရှိသော မေးခွန်းများကိုကျော်ပြီး အောက်ဆုံးရှိ Account creation date ကိုသွားပါ။
Month, Year ဆိုပြီးရွေးခိုင်းပါမည်။
မိမိအကောင့်စလုပ်ခဲ့သည့် နှစ် နှင့် လ ကို ဖြည့်ရပါမည်။
အကယ်လို့ “လ” ကိုမမှတ်မိပါက ခန့်မှန်းပြီးထည့်လိုက်ပါ။
-Last successful login date ကတော့ သိပ်အရေးမကြီးပါ။
နောက်ဆုံးအကောင့်သုံးခဲ့သည့် ရက်ဆွဲကို ခန့်မှန်းပြီးဖြည့်လိုက်ပါ။
-ကဲ .... နောက်ဆုံးအဆင့်ကိုေ၇ာက်ပါပြီ။
Last password you remember ကတော့ မိမိနောက်ဆုံးသုံးခဲ့သည့် password ကိုထဲ့လိုက်ပါ။
-ပြီးနောက် submit ကိုနှိပိလိုက်ပါ။
ထိုအခါ gmail svr ကိုပို့လိုက်ပြီးဖြစ်ကြောင်းနှင့် ၂၄နာရီအတွင်း စာပြန်မည်ဖြစ်ကြောင်း တွေ့ရပါမည်။
-ပြီးနောက် An email address we can use to contact ဆိုသောနေရာတွင် ဖြည့်ခဲ့သည့် mail ကိုဖွင့် ၍
စောင့်နေလိုက်ပါ။ မိနစ်အနယ်ငယ်အတွင်း gmail မှ သင့်ထံ I can’t access my acc ဆိုသည့်ခေါင်းစဉ်နှင့် စာ
ရောက်လာပါမည်။
ဖွင့်လိုက်ပါ။
Good news -- you’re just steps away from regaining access to your account! To
begin the password reset process for your Google Account, click the link below:
ဆိုသော စာမျိုးရောက်လာပါက အိုကေသွားပါပြီ။
မိမိအကောင့်ကို reset pwd ချခွင့်ပေးလိုက်ပါပြီ။
Good news အောက်တွင်ပါသောလင့်လေးကို ကလစ်ပြီး new pwd and confirm pwd ကိုဖြည့်ပြီး
မိမိအကောင့်ပြန်ယူလို့ရပါပြီ။
အကယ်၍
Hi,
Good news -- you’re just steps away from regaining access to your account! To
reset your password and sign in, follow these steps:
Step 1: Run a virus scan on all computers you use (you should do this on
a regular basis). Do this before changing your password to make sure your
computer doesn’t have any malicious programs trying to steal your password.
To view a list of available anti-virus software, visit
http://www.google.com/support/accounts/bin/answer.py…
Step 2: Reset your password:
1. Visit https://www.google.com/accounts/recovery
2. Enter your Gmail username into the 'Email address' field.
3. Enter the verification word.
4. Select 'Email to ****@***.com', then click 'Continue'.
5. Follow the instructions on the following page to finish resetting your password.
Step 3: Once you’ve changed your password, make sure your password
recovery options are up-to-date by visiting
https://www.google.com/accounts/UpdateAccountRecoveryOptions
Step 4: Secure your Google Account against unauthorized access by
following our step-by-step instructions at
http://mail.google.com/suppo…/bin/static.pypage=checklist.cs&....
In particular, check your Gmail settings (filters, forwarding, POP/IMAP) to
make sure your mail isn’t being forwarded to an account you don’t recognize.
We’re glad to have you back as a Google Accounts user again.
Sincerely,
The Google Account Recovery Team
ထိုကဲ့သို့ စာမျိုးရောက်လာပါက မိမိဖြည့်ထားသည်မှာ မမှန်ကန်ပါ။
ထို့ကြောင့်နောက်၁ခါထပ်ပြီး ပြင်၍ပို့ရပါမည်။
မိမိဖြည့်ခဲ့သည်များကို သေချာပြန်စစ်ပါ။
မိမိဖြည့်ခဲ့သော Account creation date သည်မှာနိုင်ခြေရှိသည်။
‘လ’ ကိုသေချာပြန်စစ်ပါ။ မသေချာပါကနောက်တစ်လပြောင်းပြီးထပ်စမ်းပါ။
Good news ဆိုသည့်စာ မရောက်မချင်းပို့ပါ။
မှတ်ချက်။ ။
တခါပို့လျှင်၁ပြိုင်နက်၂စောင်ထက်ပို၍ မပို့ရပါ။
ပို့ပါက svr က mail အများကြီးပို့ ၍လက်မခံကြောင်း စာရောက်လာပါမည်။
ထို့ကြောင့်မိမိမေလ်းထဲသို့ I can’t access my acc ဆိုသောစာ ရောက်လာမှသာ
နောက်၁ကြိမ် ထပ်မံပို့်သင့်ပါသည်။
အားလုံးအဆင်ပြေကြပါစေ။

မောသလား ရဲယိုသီးစား

မောသလား ရဲယိုသီးစား
ရဲယိုသီး အမှည့် (၁၀)လုံးကို ဆန်ခါကုန်းထဲထည့်ပြီး အောက်က လင်ပန်းခံထားကာ အနှစ်ကို တိုက်ယူရပါမယ်။
ပြီးရင် ရဲယိုသီးအနှစ်ကို ဖန်ပုလင်းထဲမှာ ထည့်ပါ။
အဲဒီနောက် ထန်းဖို ထန်းလျက်ခဲက (၁၀)ကျပ်သား ထည့်ပါ။
ပြီးရင် ၄င်းနှစ်မျိုးစလုံး ဖန်ပုလင်း လုံအောင်ပိတ်၍ နေလှန်းရပါမယ်။
၎င်းဆေးကို မှီဝဲပါက သွေးဆုံးကိုင်၊ ဒူလာကိုင်၊ အမောရောဂါ ကင်းစင်ကြောင်း ကိုယ်တွေ့သိရပါသဖြင့်
တင်ပြအပ်ပါသည်။

ထွန်းလှိုင်(မြနန္ဒာ)

အမြဲစိန်းလန်း ကျန်းမာနေအောင် ဘယ်လိုစိုက်မလဲ

ပူပြင်းခြောက်သွေ့ ဒေသတွေမှာ သင်္ဘောပင် စံပယ်ရုံ စတဲ့ အပင်တွေကို ရေနေတိုင်းပေးစရာမလိုဘဲ အမြဲစိန်းလန်း ကျန်းမာနေအောင် ဘယ်လိုစိုက်မလဲ
ဒီတစ်ခါမှာတော့ မန်းလေး မကွေး မြင်းခြံ စတဲ့ မြေအောက်ရေမျက်နှာပြင်နက်ပြီး မိုးကလဲ ရွာတချက် မရွာတချက်နဲ့ တံလျက် ထောင်းထောင်းထ ပူပြင်းတဲ့ ဒေသတွေမှာ စိုက်ပျိုးရေးဝါသနာရှင် ဘော်ဒါတို့ အပျော်စိုက်ထားတဲ့ သင်္ဘော ငရုတ် စံပယ် ရုံပတီ ခရမ်းစတဲ့ အပင်တွေကို ရေနေတိုင်း လောင်းပေးစရာမလိုဘဲ အမြဲ စိန်းလန်း ကျန်းမာနေအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့နည်းလေးကို မျှဝေချင်ပါတယ်။
Peter Taylor ရေးတဲ့ Agricultural Science Teacher’ handbook ဆိုတဲ့ စာအုပ်လေးထဲက Using Clay Pots to Irrigate Plants ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်ခန်းစာလေးကို စာရေးသူရဲ့ အတွေ့ အကြုံလေးနဲ့ ပေါင်းစပ် ဘာသာပြန်ပြီး ဆီလျော်သလို ခေါင်းစဉ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဝါသနာရှင်တို့အိမ်မှာ ၀ါသနာအရရော စီးပွားရေးတွက်ခြေကိုက်အောင်လို့ပါ တစ်ပင်စ နှစ်ပင်စ အပျော်စိုက်ထားတဲ့ ခရမ်းချဉ် ခရမ်း ငရုတ်သီးစိမ်း ဆူးပုတ်ကြီး/သေး စံပယ် ဇွန် မြတ်လေး စတဲ့ ခြုံပင်လေးတွေ ရှိမှာပါ။ နွေရာသီ ပူပြင်းတဲ့အခါ အပေါ်ယံမြေမျက်နှာပြင်မှာ စွတ်စိုမနေတဲ့အပြင် မြေအောက်ရေရဲ့ ရေကြောကပါ နိမ့်ကျသွားတာမို့ အထက်က ပြောခဲ့တဲ့ အပင်တွေရဲ့ ရေသောက်မြစ်ဟာ မြေအောက်ရေကြောထိ မဆင်းနိုင်တဲ့အတွက် ရေမလောင်းပေးရင် ညိုးနေတတ်ပါတယ်။ သတိတရ ရေလောင်းပေးမှသာ အပင်က လန်းပြီး ဆက်မပြတ် သီးပွင့်နေတာပါ။ တခါ ညိုးတာနဲ့ (temporary wilting) ရေလောင်းရင် လန်းလာပေမယ့်လို့လဲ ငရုတ် ခရမ်း စတာတွေမှာ အပွင့်တွေက အသီးဖြစ်ဖို့ ဝေးလို့ မအောင်တော့ပဲ ကြွေသွားတာကို ကြုံဖူးကြပါလိမ့်မယ်။ အသီးသီးစဉ်မှာ ခဏခဏ ညိုးနေပြန်ရင်လဲ အသီးက ကြုံလှီသေးကွေးနေမှာပေါ့။ ဒီတော့ ၀ါသနာရှင်တို့ ဘယ် ပျော်ရပါ့မလဲနော်။ ဒါကြောင့် ပျော်ရအောင်လို့ လွယ်ကူ သက်သာ အကုန်အကျ မရှိတဲ့ နည်းလေးကို ပြောပြချင်တာပါ။ အားလုံးလဲ သိပြီးသားပေမယ့် အမှုမဲ့ အမှတ်မဲ့နဲ့ မလုပ်ဖြစ်တာမျိုးမို့ အခု ဖတ်ပြီးတာနဲ့ ထ ပြီး လုပ်လိုက်စေချင်ပါတယ်။
လုပ်ရမှာကတော့ အလွယ်လေး။ အိမ်မှာ သောက်ပြီးသား သောက်ရေအိုးအဟောင်း (သို့မဟုတ် အသစ်ဆိုလဲ ရပါတယ်) ရှိယုံနဲ့ ပွဲကပြီးပါတယ်။ အပင်တွေကို စိုက်စဉ်တုန်းက တပင်နဲ့ တပင် အကွာအဝေးတခု ခြားပြီး စိုက်ခဲ့တယ်မို့လား အဲ့ဒီအကွာအဝေးတွေရဲ့ ကြားမှာ ဒီ ရေအိုးကို အပင်တွေကြားမှာ မြေထဲမြှုပ်ပြီး ရေအသန့် ရေအကြည်ကို အပြည့်ဖြည့် အဖုံးအုပ်ထားယုံပါပဲ။ ဒီလိုနဲ့ ရေခန်းတိုင်း ရေပြန်ဖြည့်ပေးဖို့တော့ လိုတာပေါ့။ ရေက ကြည်သန့်နေမှ အိုးကနေ စိမ့်သွားမှာမို့ ရေအကြည်ကို ဖြည့်စေချင်ပါတယ်။ ချောင်းရေဆိုရင်လဲ ရေစစ်ကလေး ပုဆိုးစုတ်လေးနဲ့ စစ်ပြီး ဖြည့်ရင် ပိုကောင်းတာပေါ့။
အိုးရဲ့ ပတ်ဝန်းကျင်က မြေဟာ ခြောက်နေမှာ ဖြစ်တဲ့အတွက် အိုးထဲမှာ ရေရှိနေရင် အစိုဓါတ်ကို မရမက ဆွဲယူမှာမို့ ရေ သိပ်မစိမ့်တော့တဲ့ အိုးအဟောင်းတွေကို သုံးရင်ကို အဆင်ပြေပါတယ်။
ဒီနည်းအားဖြင့် အပင်တ၀ိုက်မှာ မြေဆီလွာဟာ လိုအပ်တဲ့ အစိုဓါတ်ကို စဉ်ဆက်မပြတ်ရနေပြီး အပင်ကို တောက်လျှောက်စိမ်းလန်းစေကာ ၀ါသနာရှင်တို့ရဲ့ စံပယ် ငရုတ်စတဲ့ အပင်တွေကို အမြဲ သီးပွင့် ကျန်းမာစေမှာ ဖြစ်ပါတယ်။
ပထမပုံက ခရမ်းချဉ်စိုက်ထားတာပါ။ ဒုတိယပုံက စတော်ဘယ်ရီခင်း နဲ့ တတိယပုံကတော့ မော်ဒယ်ပြထားတာပါ။ အင်တာနက်ကနေ ရယူထားပါတယ်။
ရေလောင်းပျင်တဲ့ သူတွေဖို့ အပူပိုင်းမှာသာမက မိုးနဲပေမယ့် အအေးပိုင်းဆိုလဲ သုံးလို့ရပါတယ်။ အရမ်းလွယ်ပြီး ပျော်စရာကောင်းတဲ့အပြင် အိမ်က ရေအိုးဟောင်းတွေလဲ အလဟသ မဖြစ်တော့တဲ့ အတွက် ညနေကျရင် လုပ်ကြည့်လိုက်ပါဦးနော်။
ခင်မင်တဲ့
ရီဆွေအေး BAg 2008
ကိုးကား

သွားကိုက်ခြင်း အတွက် အလွယ်ကူဆုံး အိမ်တွင်းကုထုံး

သွားကိုက်ခြင်း အတွက် အလွယ်ကူဆုံး အိမ်တွင်းကုထုံး
ညဘက် အချိန်မတော် ဆေးခန်းသွားဖို့ အဆင်မပြရင်ပဲ ဖြစ်ဖြစ် သွားကိုက်ပျောက်ဆေး မရှိလို့ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။တစ်ချို့သိပြီးသား ဖြစ်ပါတယ်။
အသုံးပြုပုံလေး ကတော့

ရေကျက်အေး အနည်းငယ်ထဲကို ဆားထည့်လိုက်ပြီး ပလုပ်ကျင်း ပစ်ပါ။ ဒါမှမဟုတ်လဲ ငုံထားလို့ ရပါတယ်။ ဆားရည်ဟာ ပါးစပ်အတွင်း
မကောင်းတဲ့ အညို အချွဲတွေကို ဖယ်ရှား ပေးနိုင်ပါလိမ့်မယ်။ ဘယ်လို သွားကိုက်မှုမျိုးကို မဆို ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ဆာဖြင့် သွားတိုက်လို့လည်း ရနိုင်ပါတယ်။ ရှေးတုန်းက လူကြီးတွေက ပြာ၊ မီးသွေး၊ ဆား စတာတွေနဲ့ သွားတိုက်ကြတာပါ။
ဆားနဲ့ သွားကိုက်ပျောက်အောင် လုပ်ထားဟာလည်း အရင်ကတည်းက ရှိပြီးသား နည်းလမ်းဖြစ်ပါတယ်။
အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်။
ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်
---------------------------------------------
ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။ မြန်မာ့ဆေးဖက်ဝင်အပင်များစာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။
၁။ အသားအရေလှပခြင်းအတွက်
ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။
၂။ အမျိုးသမီးများအတွက်
ရှားစောင်းလက်ပပ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။
၃။ အနာအမျိုးမျိုးအတွက်
ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။
၎။ နားကိုက်၊ နားနာအတွက်
ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။
၅။ ဆီး၊ ၀မ်းရောဂါများအတွက်
ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့်စိမ်ထားကာ သကြားရည်ထည့်သောက်ပေးပါက ဆီး၊ ၀မ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။
၆။ မျက်စိနာအတွက်
မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။
၇။ အရေပြားရောဂါအမျိုးမျိုးအတွက်
ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။
၈။ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်
ရှားစောင်း၏အရည်ကို ညစ်ယူ၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။
၉။ အရက်နာကျသူများအတွက်
ရှားစောင်းလက်ပပ်ကို အစိမ်းလိုက် ၀ါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေနိုင်ပါသည်။
၁၀။ ဆံပင်အလှအတွက် အသုံးပြုနိုင်
ရှားစောင်း၏ အတွင်းသားဖြင့် ခေါင်းလျှော်ပေးလှင် ဦးရေပြားမှ ဆဲလ်များကို သန်စွမ်းလာပြေီး ပျက်စီးနေတဲ့ ဆံပင်များ ပြန်လည်ကောင်းမွန်လာကာ နူးညံ့ပျော့ပြောင်းသော ဆံပင်အလှကို ပိုင်ဆိုင်စေပါသည်။
၁၁။ ဗိုက်သားအဆီကို လျှော့ချပေးနိုင်
ရှားစောင်းအတွင်းသားဂျယ်လီကို ဇွန်းဖြင့် ခြစ်ယူ၍ ခွက်ထဲထည့်၊ ရေသန့်ထည့်ပြီး ခဏ စိမ်ထားပါ။ အချွဲများ ပျောက်သွားလျှင် ၄င်းဂျယ်လီကို စားပါ။ အစပိုင်းတွင် အ၀င်ဆိုး၍ စားရခက်မည်။ အော့အန်ချင်စိတ်ပေါ်မည်။ ၃ ခေါက်မြောက်တွင် အရသာထူးကို ခံစားစေပြီး တစ်လခန့်ကို တစ်ရက်ခြားစီ စားပေးလျှင် ဗိုက်သားအဆီပိုများကို လျှော့ချပေးမည်။ ဗိုက်ကျသွားမည်။
၁၂။ လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်
ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင်မျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါသည်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Benefits of Aloe Vera
ကျန်းမာရေးသတင်းများ