Thursday, January 1, 2015

ကွမ်းယာ၏ ဆိုးကျိုး

17.12.2014 နေ့မှာ 39နှစ်အရွယ် ဘုန်းကြီးတစ်ပါး ပါးစောင်က ပေါက်ထွက်နေတဲ့
အနာ ကျနော့်ကိုလာပြတယ်၊ မန်းရည်ရယ် သွားရည်ရယ် သွေးရယ် ပြည်ပုပ်တွေရယ် စီး
ကျလို့ နံဟောင်နေတယ်၊ သေချာကြည့်လိုက်တော့ အဆင့်လွန်နေပြီဖြစ်တဲ့ ပါးစောင်ကင်
ဆာ၊ ပေါက်ထွက်နေတာက တစ်နှစ်ကျော်ကြာပြီ၊ အောက်မေးရိုးက ကင်ဆာဆဲလ်တွေပြန
့်ပြီးဆွေးလို့ ကျိုးနေပြီ၊ လည်ပင်းမှာလည်း အကျိတ်တွေကခဲလို့၊ ညာဘက်ခြမ်းကိုပါ ပျံ့စပြုေ
နပြီ၊ ၂၆နှစ်အရွယ်မှာမှကွမ်းစ စားတတ်ခဲ့တာတဲ့။ ဆေးရုံချက်ချင်းတင်၊ ခံတွင်းသန့်စင်အေ
ာင် နှာခေါင်းပိုက်ထည့်၊ အနာကိုနေ့စဉ် သန့်ရှင်းရေးလုပ်၊ ပိုးသတ်ဆေးတွေပေးနဲ့ အနံ့အ
သက်နံဟောင်နေတာတွေ နှစ်ရက်အတွင်း သိသိသာသာ လျော့လာပါတယ်။ တကယ်တေ
ာ့ ဒီအခြေအနေဟာ နောက်ဆုံးအဆင့်ပါ၊ သေမိန့်စောင့်နေရုံပါပဲ။ အနာဆေးထည့်တိုင်း
လည်း သွေးတွေက စီးကျနဲ့ လူနာမပြောနဲ့ ဆေးထည့်ပေးရတဲ့ ဆရာဝန်ကိုယ်တိုင် စိတ်ပျ
က်အားလျော့လာမိတယ်။ ကျနော်တော်တော်စိတ်ညစ်သွားပါတယ်၊ လွန်ခဲ့တဲ့အပါတ်ကပဲ
ကွမ်းစားလို့ဖြစ်တဲ့လျှာကင်ဆာနဲ့ အသက်၂၈နှစ်အရွယ် လူနာတစ်ဦးကို ENT
surgeon နဲ့အတူ လည်ပင်းကအကျိတ်တွေထုတ် လျှာတစ်ခြမ်းဖြတ်ထုတ်တဲ့ ခွဲစိတ်မှုကို
လုပ်ပေးခဲ့ရပါတယ်၊ ကွမ်းကြောင့်ဖြစ်လိုက်ကြတဲ့ ပါးစောင်ကင်ဆာ လျှာကင်ဆာ သွားဖုံး
ကင်ဆာ လူနာတွေမနည်းမနောပါ၊ ကွမ်းက ကျနော်တို့ထင်ထားတာထက် အများကြီးဒုက
္ခပေးနေပါပြီ၊ ကျနော်တို့ဆေးရုံကို ကွမ်း ဆေးလိပ်တို့ကြောင့်ဖြစ်တဲ့ ကင်ဆာတွေဖြစ်လို့ လ
ာပြကြတဲ့လူနာတွေ မနည်းမနောပါ၊ အများစုမှာ အဆင့်လွန်ကင်ဆာတွေဖြစ်ပြီး ကျနော်
တို့ မကယ်တင်နိုင်ခဲ့ပါဘူး။ အရင်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်မှာဖြစ်တာ သိပ်မရှိပါဘူး၊
ခုတော့ ကွမ်းပြဿနာက ထင်ထားတာထက်ပိုဆိုးနေပါပြီ၊ ကျနော်လည်း ကွမ်းစားခဲ့ဖူးသလိုြ
ကိုက်လည်းကြိုက်ပါတယ်၊ ကျနော့်မှာ မကျေနပ်ချက်တွေများလာရင် အံကြိတ်ပြီး ကွမ်းဝါးရ
င်းကနေ ကြိုက်သွားမိတာ၊ နောက်တော့ ငယ်ငယ်ရွယ်ရွယ် ကင်ဆာဖြစ်တာတွေ တွေ့ရ
လွန်းလို့ မစားရဲတော့ဘူး။ ကျနော့်ရဲ့လုပ်ဖော်ကိုင်ဘက် နောင်တော် မေ့ဆေးဆရာဝန်ကြီး
လည်း ကျနော်တို့နဲ့အတူ တွေ့ရများလွန်းတဲ့ ဒီလိုကင်ဆာလူနာတွေကြောင့် ကွမ်းပြတ်သွ
ားပါပြီ။ လမ်းဘေးကွမ်းယာဆိုင်တွေ များလာတဲ့နည်းတူ ခံတွင်းကင်ဆာဖြစ်နှုန်းဟာ ကြေ
ာက်ခမန်းလိလိ တက်လာပါတယ်။ လွယ်လွယ်ရ လွယ်လွယ်ဝါးကြပေမယ့် တကယ် ကင်ဆ
ာရောဂါဖြစ်လာတော့ ဆေးကုသစရိတ် မတတ်နိုင်ကြသလို၊ ဆေးကုသစရိတ်တတ်နိုင်ပေမ
ယ့် အဆင့်လွန်ကင်ဆာတွေကို ကုသပေးဖို့ ကျနော်တို့နိုင်ငံအနေနဲ့ ကန့်သတ်ချက်တွေရှိနေ
သေးတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။ တကယ်ရောဂါကျွမ်းလာတော့ လူနာတွေ အ
သက်ဆုံးရှုံးရတယ်၊ မိသားစုဝင်တွေ ဆရာဝန်တွေ သူနာပြုတွေ နာကျင်ကြေကွဲရတယ်။
အဲဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကွမ်းစားသူတွေရှိရင် စေတနာနဲ့ သတိပေးတားမြစ်ပေြး
ကပါ၊ မနေနိုင်လို့စားတဲ့သူတွေကိုလည်း လျှော့စားဖို့ ငုံပြီးမထားဖို့ ပြောပေးကြပါ။
အခုလူနာဘုန်းကြီးက တပ်ကုန်းနယ်သား၊ လွိုင်ကော်ဘက်က ဘုန်းကြီးကျောင်းမှာသီတင်း
သုံးပါတယ်။ ပါးစောင်ကအကျိတ် ပေါက်ထွက်တာတစ်နှစ်ကျော်ပြီ၊ အောက်မေးရိုးလည်းကျို
းနေပြီး အောက်သွားတချို့လည်း ကျွတ်ထွက်နေပါပြီ။ သူ့ရဲ့ကင်ဆာရောဂါရဲ့ ပျံ့နှံ့မှုကို သိ
ချင်လို့ CT Scan ရိုက်ချင်ပေမယ့် CT စက်က ပျက်နေလို့ MRI ပဲ ရိုက်လိုက်ပါတယ်၊ ထ
င်ထားသလိုပဲ အခြေအနေက မကောင်း! ဒီတိုင်းထားလိုက်ရင်လည်း လပိုင်းခံဖို့တောင်မေ
သချာ၊ ဗြဟ္မာ့ခေါင်းရွက်ထားရသလို ဖြစ်နေမိတယ်။
ဘုန်းကြီးဆိုတော့ ငွေရေးကြေးရေးအခက်အခဲကလည်းရှိ၊ ဆေးဖိုးတောင်အနိုင်နိုင်ဆိုတေ
ာ့ တကယ့်ကိုဘေးကြပ်နံကြပ်ကြုံရတယ်။
ဒါပေမယ့် ကျနော့်မှာ မျှော်လင့်ချက်ရေးရေးတော့ရှိတယ်။ အဲဒါက ကင်ဆာအကျိတ်တွေကို
ဖယ်ရှားပစ်ဖို့နဲ့ ဟာသွားတဲ့နေရာကို အခြားသောခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုခုနဲ့ အစား
ထိုးပြုပြင်ခွဲစိတ်ကုသဖို့ပါပဲ။ ဒါပေမယ့် ဒီအခြေအနေမျိုးမှာ အောင်မြင်ဖို့ရာခိုင်နှူံးနည်းပြီး
ကုန်ကျစရိတ်ကလည်း များလွန်းတာကြောင့် ချီတုံချတုံ ဖြစ်နေမိတယ်။ နောက်ဆုံးတော့ "
ဘုရင့်နောင် ဖောင်ဖျက်"ဆိုသလို အရဲစွန့်ခွဲစိတ်ဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။
ပထမအဆင့်ခွဲစိတ်ကုသမှုကို နား၊နှာခေါင်း၊လည်ချောင်းအထူးကု ဒေါက်တာကျော်မင်းဦး၊
လက်ထောက်ဆရာဝန် ဒေါက်တာပြည့်ဖြိုးအောင်၊ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်
တာသက်လွင်၊ instrument nurse ဒေါ်လှမြတ်သူတို့နဲ့အတူ 24.12.2014ရက်နေ
့မှာ ၄နာရီကျော်ကြာ ခက်ခက်ခဲခဲ ပြုလုပ်ကုသိုလ်ယူခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှ
စွာနဲ့ပဲ ကျနော့်ရဲ့လက်ထောက်ဆရာဝန်လေး ဒေါက်တာပြည့်ဖြိုးအောင်ဟာ အက်ဆီးဒင့်ဖြ
စ်ပြီး 28.12.2014ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။
အခက်အခဲအမျိုးမျိုးကြားက ဒုတိယအဆင့်ခွဲစိတ်ကုသမှုကို 29.12.2014ရက်နေ့ နံနက်
၉နာရီမှာ စတင်ခဲ့ပါတယ်။ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာသက်လွင်၊ ခွဲစိတ်အဖွဲ့မှာ ကျ
နော်နဲ့အတူ နား၊နှာခေါင်း၊လည်ချောင်းအထူးကု ဒေါက်တာကျော်မင်းဦး၊ လက်ထောက်ဆ
ရာဝန် ဒေါက်တာမေသူခင်၊ Instrument nurseအဖြစ် ဗိုလ်ကြီးအောင်အောင်စံ၊ ဗိုလ်
ကြီးနိုင်မင်းထွန်း၊ Running nurseအဖြစ် ဒေါ်လှမြတ်သူ နဲ့ ဒေါ်နော်ရိုစဲလ်ဒါတို့က ပါ
ဝင်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ ဒုတိယအဆင့်ခွဲစိတ်ကုသမှုမှာ ညာဘက်ပေါင်ကနေ
14×30cm အရွယ် အသားစိုင်နှင့်တကွ သွေးကြောများကိုပါ ထုတ်ယူပြီး ပါးစောင်ဟာ
ကွက်နေရာမှာ အစားပြန်ထိုးဖို့ လည်ပင်းမှာရှိတဲ့ သွေးလွှတ်ကြော သွေးပြန်ကြောများနဲ့
ဆက်ပေးခဲ့ပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးဟာ ကျွမ်းကျင်မှုမရှိသေးတဲ့ ကျနော့်အတွက် အလွန်ခ
က်ခဲပင်ပန်းဆင်းရဲသလို့ ခေတ်မီဆေးပစ္စည်းကိရိယာ လိုအပ်ချက်ရှိနေသေးလို့ ကျနော်တို့
အားလုံးအတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ။ အရင်က အလားတူ လူနာနှစ်ယော
က်ကို ကျနော်တို့ အဖွဲ့ကပဲ ဇမ္ဗူသီရိဆေးရုံကြီးမှာ အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ဖူးပါတ
ယ်။ ဒါပေမယ့် အခုလူနာဘုန်းကြီးမှာတော့ ကင်ဆာအကျိတ်တွေဟာ ဘယ်ဘက်က လည်
ပင်းသွေးပြန်ကြောမကြီး( internal jugular vein)ကို ငုံထားတဲ့အတွက် အဲဒီသွေးပြ
န်ကြောမကြီးကို ပထမအဆင့်ခွဲစိတ်မှုပြုလုပ်စဉ်မှာ ထုတ်ပစ်ခဲ့ရပါတယ်။ ဒုတိယအဆင့်ခွဲစိ
တ်မှုအတွက် သွေးလွှတ်ကြောဆက်ရာမှာ အခက်အခဲ သိပ်မရှိနိုင်ပေမယ့် သွေးပြန်ကြော
ဆက်ရာမှာ အခက်အခဲအကြီးအကျယ်ရှိနိုင်တယ်ဆိုတာ ပထမအဆင့်ခွဲစိတ်မှုပြုလုပ်နေရင်
း ကျနော်ကြိုတင်တွက်ဆခဲ့မိပါတယ်။ ကံအားလျော်စွာနဲ့ပဲ ပေါင်ကအသားစိုင်ကို သွေြးေ
ကာများနဲ့တကွ အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သလို လည်ပင်းမှာရှိတဲ့သွေးလွှတ်ကြောသွေြး
ပန်ကြောတွေနဲ့လည်း အောင်မြင်စွာဆက်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယအဆင့်ခွဲစိတ်မှုအတွ
က် စုစုပေါင်းခွဲစိတ်ချိန် ၇နာရီခွဲ ကြာမြင့်ခဲ့ပါတယ်၊ ကျနော်တို့ ကြိုတင်ခန့်မှန်းခဲ့တာက ကြာ
ချိန် ၁၄နာရီပါ။ ကံအားလျော်စွာနဲ့ အချိန်အများကြီးစောပြီး အောင်မြင်ပြီးမြောက်ခဲ့ပါတ
ယ်။ ကံမကောင်းရင် သွေးထွက်လွန်ပြီးလူနာသေသွားနိုင်သလို သွေးခဲသွားရင်လည်း အ
စားထိုးထားတဲ့အသားစိုင် ပုပ်သွားမှာဖြစ်ပါတယ်။ အဲလိုပုပ်သွားခဲ့ရင်လည်း လူနာကို မြ
ကာခင်အတွင်း ကျနော်တို့ဆုံးရှူံးရမှာ ဖြစ်ပါတယ်။ မနေ့ကခွဲစိတ်အပြီး အစားထိုးထားတဲ့
အသားစိုင်ရဲ့ သွေးလှည့်ပတ်မှုအခြေအနေကို ဒီနေ့ စက်နဲ့စစ်ဆေးကြည့်ရာမှာ ကောင်းမွ
န်နေတာကို တွေ့ရပါတယ်။ ကျနော်တို့ ရင်တမမနဲ့ ခွဲစိတ်ကုသရင်း ဒီတစ်ကြိမ်လည်း အေ
ာင်မြင်ခဲ့ပြီဖြစ်ပါတယ်။
ဒီအောင်မြင်မှုအတွက် ကျနော်တို့ကို သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ မိဘ၊ ဆရာသမားများ၊ လု
ပ်ဖော်ကိုင်ဖက်များ၊ ခွဲစိတ်ကုသမှုခံယူဖို့ယုံကြည်စွာနဲ့ ခွင့်ပြုပေးခဲ့တဲ့ လူနာများ၊ အဆင့်မြင့်
ခွဲစိတ်ကုသမှုများပြုလုပ်နိုင်ရေး အားပေးခဲ့ကြသော အထက်အကြီးအကဲများ၊ ဝိုင်းဝန်းစော
င့်ရှောက်ပေးခဲ့ကြတဲ့ ဇမ္ဗူသီရိဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ သူနာပြုအကူများ၊ သ
န့်ရှင်းရေးဝန်ထမ်းများ၊ ဓာတ်မှန် ဓာတ်ခွဲမှ ပါရဂူများ ကျွမ်းကျင်ပညာရှင်များ အားလုံကို လ
ှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ဒီလိုခွဲစိတ်မှုမျိုးဟာ ပြည်ပနိင်ငံများမှာ သိန်းထောင်ချီ ကုန်ကျနိုင်ပြီး အခုအခါမှာတော့ နြေ
ပည်တော် ဇမ္ဗူသီရိဆေးရုံကြီးမှာ သိန်း ၅၀ - ၁၀၀ ဝန်းကျင်နဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်
း ....

No comments:

Post a Comment