Thursday, January 1, 2015

မြန်မာသက္ကရာဇ်အကြောင်း တစေ့တစောင်း

မြန်မာသက္ကရာဇ်အကြောင်း
တစေ့တစောင်း
--------------------------
မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ကောဇာသက္ကရာဇ်ပြက္ခဒိန်သည် မြတ်စွာဘုရားရှင်
ပရိနိဗ္ဗာန် စံပြီးသည်မှစ၍ အရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ စတင်ရေတွက်ခဲ့သော
သာသနာနှစ်ကို အခြေခံ၍သတ်မှတ်ခဲ့သောမြန်မာသက္ကရာဇ်
ပြက္ခဒိန်ဖြစ်ပါသည်။
၎င်းသာသနာနှစ် ၆၂၄-ခုသို့ရောက်ရှိသောအခါ သရေခေတ္တရာပြည် သုမုန္ဒြိမင်းသည် "ေ
ဒါ
ဒေါ ရ သ " ကိန်းကြုံ၍ဟုအကြောင်းပြကာ သာသနာနှစ်၆၂၄-ခု ထဲမှ ၆၂၂-ခုကို ဖြိုခွင်း၍
သက္ကရာဇ် ၂-ခု အကြွင်းထားကာ ပြန်လည်ရေ
တွက်ခဲ့ပါသည်။
တစ်ဖန် သာသနာနှစ် ၁၁၈၄ -ခုနှစ် မြန်မာသက္ကရာဇ် ၅၆၂ - ခုနှစ်သို့
ရောက်ရှိပြန်သောအခါ ပုဂံပြည်တွင် ပုပ္ပါးစော ရဟန်းမင်းနန်းစံချိန်၌ ``ခဆပဉ္စာ´´ ကိန်ြး
ကုံ၍
သက္ကရာဇ် ၅၆၂ -ခုနှစ်ထဲမှ ၅၆၀နှစ်ကို ဖြိုခွင်း၍ သက္ကရာဇ် ၂-ခု အကြွင်းထားကာ ပြန်လ
ည်ရေ
တွက်ခဲ့ပါသည်။
ပုဂံပြည် ပုပ္ပါးစောရဟန်းမင်းသက္ကရာဇ် ၂-ခု အကြွင်းထားသည်မှ ဆက်လက်ရေတွက်ခဲ့ရာ
ယခုအခါ မြန်မာသက္ကရာဇ် ၁၃၇၆-ခုနှစ်သို့ ရောက်လျက်ရှိပါသည်။
၎င်း ၁၃၇၆ -ခုနှစ်တွင် သုမုန္ဒြိမင်းဖြိုခွင်းခဲ့သော ၆၂၂-ခုနှစ်နှင့် ပုဂံပြည် ပုပ္ပါးစောရဟန်းမ
င်း ဖြိုခွင်းခဲ့သော ၅၆၀-နှစ် နှစ်ရပ်ပေါင်း ၁၁၈၂-
ခုနှစ်ကို ပြန်ပေါင်းထည့်သော် ယခုရောက်ဆဲ သာသနာနှစ် ၂၅၅၈-ခုနှစ်ကို ရရှိပါသည်။
ထေရဝါဒနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်
သာသနာနှစ်အတိုင်း ဖြိုခွင်းခြင်းမပြုပဲ ထိုင်းပြက္ခဒိန်နှစ်ကို ၂၅၅၈-နှစ်ဟု အသုံးပြု
လျက် ရှိပါသည်။
အခြားထေရဝါဒနိုင်ငံများ၌ကားအသေအချာမသိရပါ။မြန်မာပြည်တွင် သာသနာနှစ်ကို အ
ခြေခံ၍မြန်မာသက္ကရာဇ်ကိုရေတွက်အသုံးပြုခဲ့သော်လည်း ဖော်ပြပါမင်း(၂)ပါးတို့ ၁၁၈၂-
ခုနှစ်ကို ဖြိုခွင်းခဲ့သောကြောင့် မြန်မာ
သက္ကရာဇ်ပြက္ခဒိန်မှာ ၁၃၇၆-ဟု ဖြစ်နေရခြင်း ဖြစ်ပါသည်။
မြန်မာသက္ကရာဇ်မှာ နှစ်ဆန်း(၁)
ရက်နေ့တွင် ပြောင်းလဲသော်
လည်း သာသနာနှစ်မှာ ကဆုန်
လပြည့်နေ့တွင် ပြောင်းလဲပါသည်။
သက္ကရာဇ်ရှင်းလင်းချက်
--------------
မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက
ဘိုးတော်အဉ္ဇနမင်း တည်ထားသော သက္ကရာဇ်
ကို ခေါ်သည်။
သာသနာသက္ကရာဇ်ဆိုသည်မှာ ဘုရားနိဗ္ဗာန်ပြု
ပြီး၍ ပထမသံဂါယနာတင်သည့်နှစ်မှစ၍ ရေတွကါသောနှစ်ဖြစ်သည်။
မြန်မာသက္ကရာဇ်ဆိုသည်မှာ ပုပ္ပါးစောရဟန်း
မင်းလက်ထက် တည်ထားသော သက္ကရာဇ်ဖြစ်
သည်။
ခရစ်နှစ်(ဘီ/စီ)ဆိုသည်မှာ ခရစ်တော်မပေါ်မီ
နှစ်ကို ခေါ်၏။
ခရစ်နှစ်(အေ/ဒီ)ဆိုသည်မှာ ခရစ်တော်ပေါ်ပြီး
နှစ်မှစ၍ ရေတွက်သည်။
သာသနာသက္ကရာဇ်သည် မြန်မာသက္ကရာဇ်
ထက် ၁၁၈၂ - ကြီးသည်။ခရစ်သက္ကရာဇ်
ထက် ၅၄၄ - နှစ် ကြီးသည်။ခရစ်သက္ကရာဇ်
(အေဒီ)သည် မြန်မာသက္ကရာဇ်ထက် ၆၃၈ -
နှစ် ကြီးသည်။
------------------------
Credit to >> မြတ်မင်္ဂလာစာစောင်နှင့် ထေရဝါဒ ဗုဒ္ဓဘာသာစာအုပ်
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ — 

No comments:

Post a Comment