Wednesday, December 31, 2014

သင်္ဂါယနာတင်ခြင်းများ

သင်္ဂါယနာတင်ခြင်းများ
ပထမသင်္ဂါယနာတင်ခြင်း
သာသနာနှစ် ၃လနဲ့ ၄ရက်မှာ ရာဇဂြိုလ်ပြည်၊
ဝေဘာရတောင်၊သတ္တပဏ္ဏိ လိုဏ်ဂူတွင်
အရှင်မဟာကဿပ ဦးဆောင်သော ရဟန္တာ
၅၀၀ (ရှင်ဥပါလိ၊ရှင်အာနန္ဒာတို့ ပါဝင်)တို့က
သင်္ဂါယနာ တင်တော်မူခဲ့ပါတယ်။ပစ္စယနုဂ္ဂဟမင်းက
အဇာတသတ်မင်းဖြစ်ပါတယ်။ရဟန်းအတု
သုဘဒ္ဒက သာသနာကို ပုတ်ခတ်လို့ ဖြစ်ပါတယ်။ကြာမြင့်ချိန် ၇ လဖြစ်ပီး နှုတ်နဲ့ပဲ
သင်္ဂါယနာတင်တာပါ။မေးသမျှကို အရှင်အာနန္ဒာက
ဖြေတော်မူပါတယ်။
ဒုတိယသင်္ဂါယနာတင်ခြင်း
သာသနာနှစ် ၁၀၀မှာ ဝေသာလီပြည်၊
ဝါဠုကာရာမကျောင်းတွင် အရှင်ယသ ဦးစီးသော
ရဟန္တာ ၇၀၀(အရှင်သဗ္ဗကာမိ ၊ အရှင်ရေဝတ
တို့ပါဝင်)တို့က သင်္ဂါယနာ တင်တော်မူခဲ့တာပါ။
မင်းက ကာလာသောကမင်း ဖြစ်ပါတယ်။သင်္ဂါယနာ
တင်ရခြင်း အကြောင်းရင်းက အဓမ္မ
ဝတ္ထု ၁၀ပါး ကြောင့်ဖြစ်ပါတယ်။ရဟန်းတု
၁သောင်းကျော်ကို ဖယ်ရှားနိုင်ခဲ့ပါတယ်။
နှုတ်နဲ့ပဲ သင်္ဂါယနာတင်တာပါ။ကြာမြင့်ချိန်‌
၈ လ ဖြစ်ပါတယ်။
တတိယသင်္ဂါယနာတင်ခြင်း
သာသနာနှစ် ၂၃၅မှာ ပါဋလိပုတ်ပြည်၊အသောကာရုံ
ကျောင်းတွင် အရှင်တိဿ ဦးစီးသော ရဟန္တာ ၁၀၀၀
(ရှင်မဇ္ဈန္တိက၊ရှင်မဟာဝေဒ ပါဝင်)တို့က
သင်္ဂါယနာ တင်တော်မူခဲ့တာပါ။မင်းက
သီရိဓမ္မာသောကမင်း ဖြစ်ပါတယ်။မိစ္ဆာဒိဠိ အယူရှိတဲ့
ရဟန်းတုတွေကြောင့် သင်္ဂါယနာတင်ရတာပါ။
ရဟန်းတု ၆သောင်းကို ရှင်းလင်းနိုင်ခဲ့ပါတယ်။
နှုတ်နဲ့ပဲ သင်္ဂါယနာတင်တာ ဖြစ်ပါတယ်။
၉လ ကြာမြင့်ချိန်ဖြစ်ပါတယ်။
စတုတ္ထသင်္ဂါယနာတင်ခြင်း
သာသနာနှစ် ၄၅၀မှာ သီဟိုဠ်နိုင်ငံ၊မလယ ဇနပုဒ်တွင် အရှင်မဟာဓမ္မရက္ခိတ ဦးစီးသော
ရဟန္တာ ၅၀၀ တို့က သင်္ဂါယနာတင်တော်မူတာပါ။
မင်းက ဝဋ္ဋဂါမဏိမင်း ဖြစ်ပါတယ်။၁၂နှစ်ကြာ
သူပုန်ဘေး၊ငတ်မွတ်ခေါင်းပါးမှု ဘေးတွေ ကြုံရလို့
သင်္ဂါယနာ တင်တော်မူတာပါ။ပေထပ် အက္ခရာ
တင်တော်မူတာပါ။ကြာမြင့်ချိန်‌ ၁နှစ်ဖြစ်ပါတယ်။
ပဉ္စမသင်္ဂါယနာတင်ခြင်း
သာသနာနှစ် ၂၄၁၅ ခုနှစ်မှာ မြန်မာနိုင်ငံ၊
မန္တလေးမြို့၊ရတနာပုံ နေပြည်တော်တွင်
အရှင်ဇာဂရ နှင့် ရဟန်း ၂၄၀၀ တို့က
သင်္ဂါယနာ တင်တော်မူတာပါ။မင်းက မင်းတုန်းမင်း
ဖြစ်ပါတယ်။ပေထပ် အက္ခရာတင်ထားသော
ပေရွက်များဟာ နှစ်ကာလကြာလာတော့
ပျက်စီးပီး မူကွဲတွေ ရှိလာလို့ တင်တော်မူရတာပါ။
စကျင်ကျောက်ပြား ၇၂၉ ချပ်ပေါ်မှာ
ကျောက်ထပ် အက္ခရာတင်တာပါ။ကြာမြင့်ချိန်
၇ နှစ်၊၆ လ၊၁၄ ရက် ဖြစ်ပါတယ်။
ဆဌမသင်္ဂါယနာတင်ခြင်း
သာသနာနှစ် ၂၄၉၈ ခုနှစ်မှာ မြန်မာနိုင်ငံ၊
ရန်ကုန်မြို့၊ကမ္ဘာအေးကုန်းမြင့်၊မဟာပါသာဏ
လိုဏ်ဂူတွင် ညောင်ရမ်းဆရာတော် ဦးရေဝတ၊
မဟာစည်ဆရာတော်‌ ဦးသောဘဏ၊
မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
နဲ့ ထေရဝါဒ ၅နိုင်ငံဖြစ်သော မြန်မာ၊လာအို၊
ထိုင်း၊ကမ္ဘောဒီးယား၊သီရိလင်္ကာနိုင်ငံတို့မှ
ရဟန်း ၂၅၀၀တို့က သင်္ဂါယနာ တင်တော်မူခဲ့တာပါ။
ဖဆပလ ဦးနု အစိုးရ လက်ထက်က ဖြစ်ပါတယ်။
သူ့ကျွန်ဘဝမှာ အနှစ်၁၀၀ကျော်လောက်
အတွင်း သာသနာတော်ကြီး ညှိုးနွမ်းခဲ့လို့တင်တော်မူ
တာပါ။စာရွက်ပေါ် သင်္ဂါယနာတင်ခြင်း ဖြစ်ပါတယ်။
ပဉ္စမနဲ့ ဆဌမသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာ
တင်တော်မူကြသော ရဟန်းတော်များကို
ရဟန္တာဘယ်နှစ်ပါးက တင်တော်မူတယ်လို့
ဖော်ပြမထားလို့ ရဟန္တာမရှိဘူး၊မပါဘူးလို့
မထင်စေချင်ပါ။ရဟန္တာများ ပါဝင်မှာပါ။မသိကြရလို့ပါ။
အခုအချိန်ထိလည်း ရဟန္တာတွေရှိနေပါသေးတယ်။
ခေတ်အဆက်ဆက်က ဘုရားဟောတရား
တော်တွေကို မပြုပြင်၊မဖြည့်စွက်၊မဖယ်ရှားဘဲ
ဘုရားဟောအတိုင်းပဲ ထားပီး ထိန်းသိမ်း
စောင့်ရှောက်လာတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
တခြား ဗုဒ္ဓဘာသာတွေက ဘုရားဟောတွေကို
လိုသလို ပြုပြင်၊ဖြည့်စွက်တတ်ပါတယ်။
ဘာမှ မပြုပြင်တော့ ဘုရားဟော တရားတော်
အစစ်တွေကို လေ့လာ၊မှတ်သား နာယူခွင့် ရကြတာပါ။

Sunday, December 14, 2014

made in myanmr

မနေ့က မြန်မာပြည်ကိုယ်တိုင်လုပ်ခဲ့တာကို တရုတ်ပစ္စည်းလို့ပြောခံရတာ အနာဆုံးဘဲဗျာ ။
ကိုယ့်လူမျိုးကို ကိုယ်တယ်အထင်‌သေးသကိုး။ ၁၉၉၉စက်တင်ဘာလကတည်းက ပခုက္ကူ အေ
ရှ့တိုက်ကျောင်းမှာတပ်ခဲ့တဲ့ made in myanmr စစ်စစ် ဒီနေ့ထက်ထိ ဘက်ထရီ၂ခါဘဲ
လဲရ‌သေးပြီး အချိန်ရော အသံရော မှန်နေတဲ့နာရီ သွားကြည့်လိုက်‌ဦး ။
နာရီလည်ဖို့အပိုင်းက gear ‌တွေနဲ့ gear assembly ကို အဲ့ဒီအချိန်ထဲက မန်းလေးစ
က်မှုက ပညာရှင်တွေ တီထွင်ဒီဇိုင်းလုပ်ပေးခဲ့ပြီး Circuit ‌တွေက အဲ့ဒီခေတ်က ခုလို
Programming ICတွေမရှိသေးလို့ CMOS GATE IC ‌တွေအများကြီးနဲ့ ကိုယ်တိုင်
တီထွင်တည်ဆောက်ခဲ့တယ်။ ခုလို ‌ခေါင်းလောင်းထိုးသံရချင်လို့ CASIO Sound-
bank Keyboard တစ်လုံးဖျက်ပြီး အသံထုတ်ခဲ့တယ်။ အဲ့ဒီပုံစံအတိုင်းဘဲ ‌နောက်ကျနေ
ာ်တို့ လုပ်ခဲ့တဲ့ နာရီစဉ်ကြီးတိုင်းမှာ တပ်ဆင်ခဲ့တယ်။ တစက္ကန့် Clock pulse တိကျချင်လို့
Citizen နာရီက Crystal ဖြုတ်ထည့်လိုက်တယ်။
ခု မန္တလေးနာရီစဉ်ကြီးလုပ်ရမှာဆိုတော့ ကျနော်တို့လဲပို တာဝန်ကြီးတာကြောင့် လည်ပတ်
ဖို့အစိတ်အပိုင်းတွေမှာ ပိုကောင်းတဲ့သတ္တု မျိုးတွေနဲ့ မနည်းကြီး တွင်ခုံထိုးခဲ့ရတယ် ။ စက်ဒီ
ဇိုင်းကို ပြင်ဦးလွင် CNC Research centre က ဆရာတွေနဲ့ ညှိနှိုင်းထုတ်လုပ်ခဲ့တယ်
။ မူလက ရှိနှင့်ပြိးသား အဆောက်အဦးတစ်‌ခုမှာ ‌နောက်ထပ်စက်ပစ္စည်းအသစ်တစ်‌လုံး
Fitting ဖြစ်အောင်တပ်‌ဖို့ ခက်တယ်ဆိုတာ အလုပ်လုပ်ဖူးတဲ့လူတိုင်းသိပါတယ်။ နဂိုရ်မူလ
က SEIKOစက်တွေဆိုတာ ဟိုးအရင် England madeကိုဖြုတ်ချပြီး ၁၉၈၅လောက်က
တပ်ထားတာ ။ ဒိုင်ခွက်ဘောင်နဲ့ နာရီစဉ်က အဝိုင်းပေါက်ကြားမှာ အတွင်းနဲ့အပြင်‌ ခိုထ
က်ကြီးတဲ့ငှက်တွေတောင် လွတ်လွတ်လပ်လပ် ၀င်နိုင်လောက်အောင် ဟ ‌နေတယ် ။ မိုးလုံ
နိုင်မလား မစဉ်းစားနဲ့တော့ ။ ဒါတွေကို Fitting ကျအောင် ၊ ‌နောင်အရှည် တည်အောင်
Stainless steel ‌ဘောင်ခွေပြီး မနည်း တပ်ခဲ့ရတယ် ။ နိုင်ငံခြားက မှာရင် ( ခင်ဗျားတို
့ပြောသလို တရုတ်ပြည်ကဘဲသွင်းပါဦး ) ၃ပေ၀ိုင်းဆို ၃ပေ၀ိုင်းဘဲရမယ် ။ ခုကျနော်တို့တပ်
ထားတာ အပြင် Steel ၀ိုင်းက ၄၁လက္မခန့် နဲ့ အတွင်းဒိုင်ခွက်ဝိုင်းက ၃၈လက္မခန့်ရှိတယ
် ။( နားလည်လွယ်အောင် လက္မနဲ့ရေးလိုက်‌တယ် ။ ကျနော်တို့ Millimeter နဲ့ တိတိကျကျ
လုပ်ခဲ့တယ်)
Circuit ‌တွေအပိုင်းကတော့ ခုခေတ်မှာ Programming ‌တွေနဲ့ အများကြီးလွယ်သွာ
းပြီလို့ ဆိုနိုင်ပါတယ် ။ ကျုပ်တို့လုပ်‌ထားတဲ့ ထိုးမောင်းသံက လုံးဝ မူပိုင်စစ်စစ်‌ ။ ဘယ်တရု
တ် ဘယ်ဂျပန် ဘယ်အနောက်နိုင်ငံမှ ဒီဈေးလောက်နဲ့ ဒီအသံကို မှာယူတင်သွင်းလို့မရဘူး ။
နာရီစဉ်ကြီးလုပ်မလို့ စ ကာစကကျနော်စဉ်းစားသေးတယ် ။ London က Big bing န
ာရီသံထည့်လိုက်ရမလားလို့ ။ Internetမှာရနိုင်တယ်နော် ။ အသံပိုကြည်အောင်
Computer Sound edit လုပ်လိုက်ရင်ရတယ် ။နောက်ဆုံး မြန်မာဆန်ဆန်‌ခေါင်းလေ
ာင်းထိုးသံ ကိုဘဲရွေးလိုက်‌တာ။ ခုတော့Keyboard ဖျက်စရာမလိုတော့ပါဘူး ။
ဒါပေမဲ့ မန္တလေးမြို့လည်‌‌ကောင်လို ‌ရေဒီယိုလိုင်း‌ပေါင်းစုံ ( ဖုန်းလိုင်းမျိုးစုံ ၊ wifi ‌တွေ
Broadband wifiတွေမျိုးစုံ ၊ တခြား ဆက်သွယ်ရေးစက်မျိုးစုံ ရဲ့ Radio
interference) ရှိနေတဲ့ ရှုပ်ရှက်ခတ်နေတဲ့နေရာကြီးမှာ အချိန်ပြည့် တည်တည်ငြိမ်ငြိမ်နဲ့
မှန်နေဖို့ လွယ်မယ်ထင်ရင် မှားလိမ့်မယ်။ မြန်မာပြည်မှာ Link တပ်ဆင်တဲ့ ဘယ်အဖွဲ့မ
ဆို ကိုယ့်လိုင်းအလုပ်လုပ်သလား ‌ကောင်းသလားဘဲစစ်တာ ၊သူများလိုင်း ဘယ်လိုအနှောင်
့အယှက်ဖြစ်သလဲစမ်းတဲ့အဖွဲ့မရှိဘူး ။ ဒါကြောင့်လဲ စက်ဆရာတွေ ဟိုပွဲထိုးရမလိုလို ဟိုန
တ်ပင့်ရမလိုလိုတွေဖြစ်တတ်သဗျ ။ ကျနော်တို့ကတော့ လက်တွေ့ကျကျ Noise ‌တွေရှင်းနို
င်‌ခဲ့ပါတယ် ။
နာရီစဉ်အဆောက်‌အဦးက ယိုယွင်းပျက်စီးနေတဲ့အပိုင်းတွေပြင်တာ ၊ ခြင်လုံဇကာတွေတပ်
တာ ကို မန်းစည်ပင်ကတာဝန်ယူခဲ့ပါတယ်‌ ။ ‌ရေရှည်အတွက်ပေါ့ဗျာ ။
ဒီလောက်ဆိုရင်‌‌တော့ အတော်ပြည့်စုံပြီထင်ပါတယ်။ ကျနော်ဖြစ်ချင်တာကို မဖြစ်မနေမငြီး
မညူ လိုက်ပါဆောင်ရွက်ခဲ့သည့် KoNandaaung, Myo Gyi နှင့်အဖွဲ့ ၊ ‌ငွေရေးကြေ
းရေးအားကိုးရသူ သူငယ်ချင်းAEဦးအုန်းကျော် ၊ စိတ်အား ကိုယ်အား နှုတ်အားဖြင့် အားေ
ပးကြသူ မိတ်ဆွေအပေါင်း ၊ ညပိုင်းအချိန်‌တွေမှာ ကိုယ်တိုင်လာရောက် ကြည့်ရှုအားပေးခဲ့
သူ ဌာနမှုး ဆရာဦးတင့်လွင်‌၊ စက်ပစ္စည်းငှား‌ပေးသောEPC ၊ ပညာဖလှယ်ရင်း ကိုယ်တိုင်
တွေ့ဆုံအားပေးစကားပြောကြားခဲ့သူ မန္တလေးမြို့မှ နာရီပညာရှင် ဆရာဦးဆန်းဦး နှင့် အြ
ခားခြားသော ‌ဝေဖန် အကြံပြု ၀င်ရောက်ဆဲဆို အပြစ်ပြောသူ များအားလုံး အထူးကျေးဇူး
တင်‌ရှိပါကြောင်း။

ရန်ကုန်သမိုင်း

လွင်သန္တာစိုး
_____________
ရန်ကုန်သမိုင်း
______________
ရန်ကုန်မြို့တော်၏သမိုင်းသည် ရှေးနှစ်ပေါင်း ၂၅၀၀ကျော်ကအစပြုခဲ့သည်။ ဗုဒ္ဓမပွင့်မီ အ
ချိန်ကစ၍ အိန္ဒိယပြည်တောင်ပိုင်း ကလိင်္ဂတိုင်း၊ သြရိဿ နယ်မှ လူများ ကုန်ကူးယင်း ရောက်
ရှိခဲ့ကြသည်။ မြတ်စွာဘုရားပွင့်တော်မူပြီး ချိန်တွင် တိဖုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်
တို့ သည် လှည်း ၅၀၀-ဖြင့် ဘုရားပွင့်တော်မူရာ မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ် ပြုယင်
းရောက်ရှိခဲ့ကြသည်။ ဘုရားသခင်က ပေးသနားလိုက်သည့် ဆံတော်ရှစ်ဆူကို ကုန်သည်ညီ
နောင်တို့ ပင့်ဆောင်လာကာ ဥက္ကလာပမင်းကြီးနှင့် ညှိနှိုင်း၍ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊
တပေါင်းလပြည့်နေ့ တွင် သိင်္ဂုတ္တရ ကုန်းတော်ပေါ်၌ ရွှေတိဂုံစေတီတော်ကို တည်ထားကိုး
ကွယ်တော်မူခဲ့သည်။
ရွှေတိဂုံစေတီတော်သည် တည်စက ဥာဏ်တော်အမြင့်မှာ ၆၆-ပေသာ ရှိသည်။ နောက်ပိုင်
းတွင် မြန်မာမင်းများ၊ မွန်မင်းများ အဆက်ဆက်တို့ ပြုပြင်မွမ်းမံခဲ့သဖြင့် ယနေ့ ဥာဏ်တေ
ာ် အမြင့်ဖြစ်သည့် ၃၂၆-ပေအထိ ရှိခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့ ဟောင်း( ယနေ့ ရန်ကုန် ) မှ သာသနာရေးဆိုင်ရာ အဆောက်အအုံ အကြွင်းအကျန်
များကို ယခုအခါတွင် မူလပုံစံအတိုင်း မတွေ့ ရတော့ပေ။ ရှေးဟောင်းတူးဖော်မှုများကို ဒု
တိယကမ္ဘာစစ်မတိုင်မီက တံတားကလေး၌ ပြုလုပ်ခဲ့ရာ ပါဠိဘာသာဖြင့် ရေးထိုးထားသော
အုတ်ခွက်များကို တွေ့ ရှိရပေသည်။ ထိုအုတ်ခွက်တို့ သည် ၁၂-ရာစုနှင့် ၁၃-ရာစုအတွင်း
က ဖြစ်ကြောင်း ခန့် မှန်းကြ၏။ ထို့ ပြင် ၁၁-ရာစုအတွင်းကဟု ခန့် မှန်းရသော ကြေးဆင်း
တုငယ်ကိုလည်း တွေ့ ရ၏။ ဤတူးဖော်မှုပြုသောနေရာသည် ယခုအခါတွင် နာဂလိုဏ်ဂူအ
ဖြစ် ခေတ်မီပုံစံအဆောက်အအုံဖြစ်နေလေပြီ။
ဥက္ကလာပမြို့ သည် ဥက္ကလာပမင်းကြီးတည်ထောင်၍ ဥက္ကလာပမင်းဆက် အုပ်ချုပ်ခဲ့သောေ
ရှးဟောင်းမြို့ တော်ဖြစ်လေသည်။ ထိုမြို့ မှာ ရွှေတိဂုံစေတီ တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်
၏ မြောက်ဘက်တွင် တည်ရှိသည်ဟု သိရ၏။ ပုဂံခေတ်ထိုးကျောက်စာတို့ တွင် 'ဒဂုံ'ဟူုေ
သာ အမည်ကို တွေ့ လာခဲ့ရ၏။ ထိုအချိန်က ဘုရားဖူးခရီးသည်တို့ ၏ ကွန်းထောက်စခန်းမျှ
လောက်သာ ထင်ရှားခဲ့လေသည်။ ၁၇၅၅-ခုနှစ်၊ မေလ ၂-ရက်နေ့ တွင် အလောင်းဘုရား
သည် ဗညားဒလရန်ကို နှိမ်နင်းရန် ဒဂုံသို့ စုန်ဆင်းလာသည်။ ထိုအခါ အလောင်းဘုရာုးက
"ရန်တကာတို့ ကို ကုန်စင်အောင် တိုက်မည်"ဟု အဓိဌာန်ပြုကာ အောင်မြင်ခဲ့သဖြင့် 'ရန်
ကုန်'ဟူသော အမည်ပေး၍ မြို့ ရိုးများ တည်ဆောက်ကာ မြို့ သစ်တည်ခဲ့သည်။ ဤမြို့ သစ်
မှာ ဆူးလေဘုရား၏ အရှေ့ တောင်ဘက်ခြမ်းတွင် တည်ရှိပေသည်။ ထို့ နောက် ၁၈၄၁-ခုနှ
စ်ခန့် တွင် သာယာဝတီမင်းသည် ရွှေတိဂုံဘုရားတောင်ဘက် မလှမ်းမကမ်း၌ မြို့ တော်ကို '
အောင်မြေရန်နှင်'၊ နန်းတော်ကို 'မြတ်နန်းအောင်ချာ' ဟူ၍ အမည်အသီးသီးပေးကာ မြို
့သစ်တည်ပြီး ၃-လကျော်ခန့် နေထိုင်ခဲ့သည်။ ဤမြို့ သစ်သည် အင်္ဂလိပ်မြန်မာ စစ်ပွဲ နှစ်ြ
ကိမ်ဖြစ်မှုကြောင့် ပျက်စီးခဲ့ရသည်။
ရှင်မဖြူ ကျွန်းအရေးနှင့်စပ်လျဉ်းပြီး ၁၈၄၂-ခုနှစ်တွင် အင်္ဂလိပ်မြန်မာပထမစစ်ပွဲ ဖြစ်ပွားခဲ့
သည်။ အင်္ဂလိပ်တို့ သည် ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် ရောက်ရှိလာပြီး မြို့ စောင့်
တပ်ကို တိုက်ခိုက်သိမ်းပိုက်သည်။ ( အပေါ်ပုံ ) ထိုအခါ မဟာဗန္ဓုလဦးစီးသော မြန်မာတပ်
မကြီးချီတက်လာကာ ရွှေတိဂုံ ခံတပ်နှင့် ကြည့်မြင်တိုင်ခံတပ်တို့ ကို အပြင်းအထန်တိုက်ခို
က်သည်။ သို့ သော်လက်နက်ချင်းမမျှသဖြင့် ဆုတ်ခွာပေးရာ မဟာဗန္ဓုလသည် ဓနုဖြူတွင်ကျ
ဆုံးခဲ့ရသည်။ အင်္ဂလိပ်တို့ က မြေထဲမြို့ အထိ ရေကြောင်းချီတက်လာရာ ၁၈၂၆-ခုနှစ်တွင်
ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့သည်။ ဤစစ်ပွဲတွင် မြန်မာတို့ က ရခိုင်နှင့် တနင်္သာရီကို ပေ
းလိုက်ရသည်။
အင်္ဂလိပ်ကုန်သင်္ဘောများမှကက်ပတိန်များ၏အမှုကို ရန်ကုန်မြို့ တော်ဝန်က စစ်ဆေးအပြစ်
ပေးသည်ကို မကျေနပ်သဖြင့် ၁၈၅၂-ခုနှစ်တွင် အင်္ဂလိပ်တို့ က ဒုတိယအကြိမ် ကျူးကျော်တို
က်ခိုက်လာပြန်သည်။ ရန်ကုန်စစ်မျက်နှာတွင် မြန်မာတို့ ကသိမ်ဖြူ ခံတပ်နှင့် ရွှေတိဂုံခံတပ်
တို့ မှ အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။ သို့ သော် ထိုစစ်ပွဲတွင်လည်း မြန်မာတို့ အရေ
းနိမ့်ခဲ့ကြရပြန်သည်။ အင်္ဂလိပ်တို့ က ပဲခူးနယ်ကို သိမ်းပိုက်လိုက်သည်။
မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ နှင့် စစ်သုံးကြိမ်တိုင်ဖြစ်ပွားပြီးနော်က ၁၈၈၅-ခုနှစ်တွင် ဗြိ
တိသျှကိုလိုနီလက်အောက်သို့ ရောက်ရှိခဲ့ရလေသည်။ ပြည်ထောင်စုတိုင်းရင်းသားတို့ သည်
စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ တို့ ၏ဖိနှိပ်မှုများကို နည်းအမျိုးမျိုးဖြင့် တွန်းလှန်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ် အစပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်နှင့် ဂျပ
န်တို့ က မြန်မာနိုင်ငံကို အင်္ဂလိပ်လက်မှ ပြန်လည်သိမ်းပိုက်ခဲ့သည်။ ဖက်ဆစ်တို့ အုပ်ချုပ်စ
ဉ်အတွင်း နှိပ်စက်ညှင်းပန်းမှုများပြုလာသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဗမာ့တပ်မေ
တ်ာနှင့် တိုင်းရင်းသာတို့ သည် ဖက်ဆစ်ကို တော်လှန်ရန် စည်းရုံးခဲ့ကြသည်။
၁၉၄၅-ခုနှစ် မတ်လ ၁၇-ရက်နေ့ တွင် ရွှေတိဂုံဘုရား အနောက်မြောက်ဘက်ရှိ စစ်ရေးပြ
ကွင်း ( ယခုတော်လှန်ရေး ပန်းခြံ ) ၌ စစ်ထွက်အခမ်းအနား ကျင်းပခဲ့သည်။ ဤအခမ်းနာ
းတွင် ဗိုလ်ချုပ်အောင်ဆန်းက "ဗမာပီပီ ဗမာ့သွေးပြပြီး ဒီအောင်ပွဲကို ရအောင်ကြိုးစားကြ
ပါ"ဟူ၍ မိန့် ခွန်းပြောကြားခဲ့သည်။ မတ်လ ၂၇-ရက်နေ့ တွင် ဖက်ဆစ်တို့ ကို တော်လှန်ခြဲ့
ကရာ မေလဆန်းတွင် ရန်ကုန်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အင်္ဂလိပ်တို့ က ယာယီပြ
န်လည်အုပ်ချုပ်ခဲ့သည်။ ထို့ နောက် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြု၍ တမျိုးသားလုံး၏ ဝိုင်းဝန်
းကြိုးပမ်းမှုကြောင့် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ ၄-ရက်နေ့ တွင် မြန်မာနိုင်ငံသည် အချုပ်အခြ
ာအာဏာပိုင်လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။
စာပေဗဟုသုတ တိုးပွားကြပါစေ။ ။ ။

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်
လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းေ
ကာင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။
ဆေးနည်း-
(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်
ယူပါ။
(၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။
(၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေေ
အးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။
ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုေ
ကာင်းပါသည်။
၎င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အ
ညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။
လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
Credit :နေဆိုင် (ပူတာအို) မြန်မာ့ရိုးရာဆေးကျမ်းများ

Saturday, December 13, 2014

မြွေဆိပ်ဖြေဆေးပင်

မြွေဆိပ်ဖြေဆေးပင်
-------------------
(သုံးကြိမ်မြောက် ဇီဝိတဒါန အဖြစ်မျှဝေပါသည်)
သုတေသနပြုနိုင်ပါလျှင် အကျိုးကျေးဇူးများနိုင်ပါသည်။
မသိသူကျော်သွားသိသူဖော်စား
ဤဆေးပင်သည်မြန်မာနိုင်ငံ
အနှံ့အပြားတွင်ပေါက်ရောက်ပြီး
ဒန္တသုခ&တောဓားပြဆေးပင်ဟုခေါ်သည်။
ဤဆေးပင်သည်မြွေပွေးမြွေဟောက်စသော
အဆိပ်ရှိသတ္တဝါများ၏အဆိပ်နှင့်
အညှော်ဝင်အညှော်မိ၍ကိုက်ခဲရောင်ရမ်းမှုမှန်သမျှကို
(၅)မိနစ်အတွင်းအလျင်အမြန်ပျောက်ကင်းစေပါသည်။
လက်တွေ့စမ်းသပ်ထားပြီးဖြစ်သဖြင့်
ယုံကြည်စွာသုံးစွဲနိုင်ပါသည်။
အသက်ရှိသေးလျင်လုံလောက်ပါသည်။
ပဉ္စငါးပါးတခုခုကိုဝါး၍အရည်ဖြင့်အနာဝကိုသုတ်လိမ်းပေးပြီး
အဖတ်ကိုမျိုချလိုက်ပါ။

မြွေဆိပ်ဖြေဆေးပင်

မြွေဆိပ်ဖြေဆေးပင်
-------------------
(သုံးကြိမ်မြောက် ဇီဝိတဒါန အဖြစ်မျှဝေပါသည်)
သုတေသနပြုနိုင်ပါလျှင် အကျိုးကျေးဇူးများနိုင်ပါသည်။
မသိသူကျော်သွားသိသူဖော်စား
ဤဆေးပင်သည်မြန်မာနိုင်ငံ
အနှံ့အပြားတွင်ပေါက်ရောက်ပြီး
ဒန္တသုခ&တောဓားပြဆေးပင်ဟုခေါ်သည်။
ဤဆေးပင်သည်မြွေပွေးမြွေဟောက်စသော
အဆိပ်ရှိသတ္တဝါများ၏အဆိပ်နှင့်
အညှော်ဝင်အညှော်မိ၍ကိုက်ခဲရောင်ရမ်းမှုမှန်သမျှကို
(၅)မိနစ်အတွင်းအလျင်အမြန်ပျောက်ကင်းစေပါသည်။
လက်တွေ့စမ်းသပ်ထားပြီးဖြစ်သဖြင့်
ယုံကြည်စွာသုံးစွဲနိုင်ပါသည်။
အသက်ရှိသေးလျင်လုံလောက်ပါသည်။
ပဉ္စငါးပါးတခုခုကိုဝါး၍အရည်ဖြင့်အနာဝကိုသုတ်လိမ်းပေးပြီး
အဖတ်ကိုမျိုချလိုက်ပါ။

Friday, December 12, 2014

ခိုးခြင်း ၂၅ ပါး

မေး။ ခိုးမှုဟူသည် အဘယ်နည်း။
ဖြေ။ ။ “ကာယဝါစာဟိ အဒိန္နဿ အာဒါနံ အဒိန္နာဒါနံ”
ကာယဝါစာဟိ= ကိုယ်ဖြင့်၊ နှုတ်ဖြင့် “ကိုယ်နှုတ် ၂-ပါးစုံဖြင့်”၊
အဒိန္နဿ= မပေးသော ပစ္စည်းကို၊
အာဒါနံ= ခိုးယူခြင်းသည်၊
အဒိန္နာဒါနံ= ခိုးမှုမည်၏။
ဟူသော ဝိဘာဝနီဋီကာ။
“ကာယဝါစာဟေဝ ဒါနံနာမ ဟောတိ န မနသာတိ
အာဟ ကာယဝါစာဟီဟိ။”
ဟူသော မဏိမဉ္ဇူ တို့နှင့်အညီ ပိုင်ရှင်၏ “စိတ်”က
မည်သို့ပင် ပေးချင်စေကာ ကိုယ်ထိလက်ရောက်
မပေးသောပစ္စည်း၊ နှုတ်ဖြင့် မပေးသောပစ္စည်းကို
“ခိုးယူခြင်း ခိုးမှု” ဟု မှတ်ရမည်။
မေး။ ထိုခိုးပုံသည် ဘယ်နှစ်မျိုးရှိပါသနည်း။
ဖြေ။ ။ “သောစ ထေယျာဝဟာရော၊ ပသယှာဝဟာရော၊
ပဋိစ္ဆန္နာဝ ဟာရော၊ ပရိကပ္ပါ ဝဟာရော၊
ကုသာဝဟာရောတိ ဣမေသံ အဝဟာရာနံ ဝသေန ပဝတ္တော။”
သောစ= ထိုခိုးပုံသည်ကား၊
ထေယျာဝဟာရော= ချိန်လိမ် ၊တင်းလိမ် ၊အသပြာလိမ်ဖြင့် ခိုးခြင်း၊
ပသယှာဝဟာရော= နိုင်ထက်စီးနင်း အတင်းဗလက္ကာရ ခိုးခြင်း၊
ပဋိစ္ဆန္နာဝဟာရရော= ဖုံးဝှက်ပြီးမှ ခိုးခြင်း၊
ပရိကပ္ပါဝဟာရော= ဥစ္စာနေရာကို ကြံစည်၍ ခိုးခြင်း၊
ကုသာဝဟာရော= စာ၊ စာရင်းကို လိမ်၍ ခိုးခြင်း၊
ဣတိ ဣမေသံ အဝဟာရာနံ= ဤ “ခိုးပုံ ၅-မျိုး”တို့၏၊
ဝသေန= အစွမ်းအားဖြင့်၊
ပဝတ္တော= ဖြစ်၏။
ဟူသော သုမင်္ဂလဝိလာသိနီ စသည်တို့နှင့်အညီ
ခိုးပုံ ၅-မျိုးရှိပါသည်။
မေး။ ထို ၅-မျိုးကို ဘယ်သို့ ခွဲခြားပါသနည်း။
ဖြေ။ ။ “သန္ဓိစ္ဆေဒါဒီနိ ကတွာ အဒိဿမာနေနဝါ
ကူဋမာနကူဋ ကဟာပဏာဒီဟိ ဝဉ္စနေနဝါ
အဝဟရဏံ ထေယျာဝဟာရော။”
သာဓုဝိလာသိနီဋီကာနှင့်အညီ.....
နံရံကို ဖေါက်ဖျက်ပုံးကွယ်လျက် ခိုးခြင်း၊
ချိန်လိမ် ၊တင်းလိမ် ၊အသပြာလိမ်တို့ခြင်း
လှည့်ပတ်ခိုးယူခြင်း၊ မျိုးကို “ေထယ်ဝဟာရ” ခိုးပံု။
“ပသယွဗလသာ အဘိဘုယ်သႏၲ ဇ္ဇေတွာ ဘယံ
ဒေဿတွာ ဝါ အဝဟရဏံ ပသယှာဝဟာရော။”
၎င်း ဋီကာနှင့်အညီ တပါးသူတို့ ခေတ္တချထားသော
ပစ္စည်းဥစ္စာကို မြေ မျက် သစ်ရွက် စသည်တို့ဖြင့်
ဖုံးဖိထားပြီးမှ ခိုးယူခြင်းမျိုးကို “ပဋိစ္ဆန္နာဝဟာရ” ခိုးပုံ။
“ဘဏ္ဍေကာသပရိကပ္ပဝသေန ပရိကပ္ပေတွာ
အဝဟရဏံ ပရိကပ္ပါဝဟာရော။”
၎င်း ဋီကာနှင့်အညီ ဥစ္စာထည့်သော သေတ္တာစသည်ကို
ဖွင့်လျက် ရွှေ ငွေ ဖြစ်လျှင်ယူမည် အဝတ်အထည်တွေ့လျှင်
မယူဟု ဥစ္စာကို ကြံ၍ခိုခြင်း၊
ဤကျောင်း ဤအိမ်အတွင်း၌ ဥစ္စာရှင်မြင်လျှင်
ကြည့်ချင်ယောင်ဆောင်မည် မမြင်လျှင်ယူမည်ဟု
နေရာကိုကြံ၍ ခိုးခြင်းမျိုးကို “ပရိကပ္ပါဝဟာရ” ခိုးပုံ။
“ကုသံ သင်္ကာမေတွာ အဝဟရဏံ ကုသာဝဟာရော။”
၎င်း ဋီကာနှင့်အညီ မဲပြောင်း၍ စာရင်းပြောင်း၍ ခိုးခြင်းမျိုးကို
“ကုသာဝဟာရ” ခိုးပုံဟု မှတ်ရမည်။
မေး။ ချိန်စဉ်းလဲ ဘယ်နှစ်မျိုးရှိပါသနည်း။
ဖြေ။ ။ “တုလာကူဋံနာမ ရူပကူဋအင်္ဂကူဋဂဟဏကူဋ
ပဋိစ္ဆန္န ကူဋန္တိ စတုဗ္ဗိဓံ ဟောတိ။”
ဟူသော သုမင်္ဂလဝိသာသိနီ ပပဉ္စသူဒနီတို့နှင့်အညီ.....
ချိန်တုလုပ် စဉ်းလဲခြင်း၊
ချိန်၏ အင်္ဂါဖြင့်စဉ်းလဲခြင်း၊
ချိန်ကိုင်ပုံ စဉ်းလဲခြင်း၊
လျှို့ဝှက်၍ စဉ်းလဲခြင်း
ဟု ၄-မျိုးရှိပါသည်။
မေး။ ချိန်စဉ်းလဲ ၄-မျိုးကို ဘယ်သို့ ခွဲခြားပါသနည်း။
ဖြေ။ ။ “တတ္ထ ရူပကူဋံနာမ ဒွေတုလာ သမရူပါ ကတွာ
ဂဏှန္တော မဟတိယာ ဂဏှတိ၊ ဒဒန္တော ခုဒ္ဒိကာယ ဒေတိ။”
၎င်း အဋ္ဌကထာ တို့နှင့်အညီ ချိန်တု ၂-ခုထားလျက်
ယူသော် ချိန်ကြီး၊ ပေးသော် ချိန်ငယ်ဖြင့်
ပေးခြင်းကို “ရူပကူဋ” စဉ်းလဲခြင်း။
“အင်္ဂကူဋံနာမ ဂဏှန္တော ပစ္ဆာ ဘာဂေ ဟတ္ထေန
တုလံ အက္ကမတိ၊ ဒဒန္တော ဗုဗ္ဗဘာဂေ။”
၎င်း အဋ္ဌကထာ တို့နှင့်အညီ ယူသော် နောက်ပိုင်း၌
လက်ဖြင့် ချိန်ကိုနှိပ်၍၊ ပေးသော် ရှေးပိုင်း၌ နှိပ်၍ပေးခြင်းကို
ချိန်၏ အင်္ဂါဖြင့်စဉ်းလဲ “အင်္ဂကူဋ” စဉ်းလဲခြင်း။
“ဂဟဏကူဋံနာမ ဂဏှန္တော မူလေ ရဇ္ဇုံ ဂဏှာတိ၊ ဒဒန္တော အဂ္ဂေ။”
၎င်း အဋ္ဌကထာတို့နှင့်အညီ ယူသော် ချိန်ရင်း၌ ကြိုးကိုကိုင်၍၊
ပေးသော် အဖျားက ကိုင်လျက် ပေးခြင်းကို ချိန်ကိုင်ပုံ
စဉ်းလဲသော “ဂဟဏကူဋ” စဉ်းလဲခြင်း။
“ပဋိစ္ဆန္နကူဋံနာမ တုလံ သုသိရံ ကတွာ အန္တော အယစုဏ္ဏံ ပက္ခိပိတွာ။”
စသော ၎င်း အဋ္ဌကထာတို့နှင့်အညီ ချိန်၌ အပေါက်ထွင်းလျက်
သံမှုံ့သွင်းကာ ယူသော် သံမှုံ့ကို နောက်ပိုင်းထား၍ ပေးသော်
ရှေ့ပိုင်းထား၍ ပေးခြင်းဟု လျှို့ဝှက်သော “ပဋိစ္ဆန္နကူဋ”
စဉ်းလဲခြင်းဟု စဉ်းလဲခိုး ၄-မျိုးခြားနားပါသည်။
-【မြဝတီ ဆရာတော်ဘုရားကြီး ၏
{ဓမ္မစကြာ မဟာဋီကာသစ်ကျမ်းကြီး}
၁၃၂၃-ခု တပေါင်းလ၊ ၁၉၆၂-ခု ၅၁-နှစ်ပြည့်
အထိမ်းအမှတ်။ မှ -】
(မူရင်းဓမ္မဒါနအလှူရှင် - မသီသီမော်)
*~~~~~~*~~~~~~*~~~~~~*~~~~~~*
“ခိုးခြင်း ၂၅-ပါး”
•••••••••••••••••••••••
( က ) နာနာဘဏ္ဍပဉ္စက-ခေါ် ပိုင်ရှင်မပေးသော
သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာအမျိုးမျိုးတို့ကို
အောက်ပါနည်းငါးပါးဖြင့်ခိုးယူခြင်းမျိုး။
~~~~~~~~~~~~~~~~~~~~~~~~~
( ၁ ) အာဒိယန-ကျောင်း ၊အိမ်၊ မြေ၊ ခြံ စသည်တို့ကို
လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆို ခိုးယူခြင်းမျိုး။
( ပိုင်ရှင်က စိတ်လျှော့ဝန်ချလိုက်လျှင် ရဟန်းတော်များ ပါရာဇိက )။
( ၂ ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော
သူ့ပစ္စည်းကို ကိုယ့်ဥစ္စာဖြစ်အောင် ပြောဆိုစွပ်စွဲ၍
ထမ်းဆောင်လာသောသူ၏ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူခြင်းမျိုး။
( သူ့ကိုယ်ပေါ်မှ ချလိုက်သည်နှင့် ရဟန်းတော်များ ပါရာဇိက )။
( ၃ ) အ၀ဟရဏ-သူတပါး ခေတ္တအပ်နှံထားသော
သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍၄င်း၊ ငါ့ဥစ္စာဖြစ်သည်
ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟု၎င်း လိမ်ညာပြောဆိုလျက် ခိုးယူခြင်းမျိုး။
( ပိုင်ရှင်စိတ်လျှော့ ၀န်ချသည်နှင့် ရဟန်းတော်များ ပါရာဇိက )။
( ၄ ) ဣရိယာပထ ၀ိကောပန-ထမ်းပိုးဆောင်ရွက်လာသော
သူတပါးဥစ္စာကို ထမ်းဆောင်လာသူနှင့်တကွ ထမ်းလာသည့်
ဥစ္စာကိုပါ ခိုးယူအံ့သောအကြံဖြင့် ပစ္စည်းရော ၊လူပါ ခိုးယူခြင်းမျိုး။
( ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယခြေလှမ်းကြွသည်နှင့်
ရဟန်းတော်များ ပါရာဇိက )။
( ၅ ) ဌာနာစ၀န-သူချထားသော ပစ္စည်းဥစ္စာကို
ခိုးယူလိုစိတ်ဖြင့် မူလနေရာမှရွေ့အောင် ကြွအောင်လုပ်ခြင်းမျိုး။
( ရွေ့သည် ကြွသည်နှင့် ရဟန်းတော်များ ပါရာဇိက ကျတော့၏ )။
( နာနာဘဏ္ဍပဉ္စက ပြီး၏ ) ( ၅-ပါး )
( ခ ) ဧကဘဏ္ဍပဉ္စက-
~~~~~~~~~~~~~~~~~~
ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော
ဘဏ္ဍာကိုသာ ယူရသည်။
ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း
အာဒိယန, ဟရဏ, အ၀ဟရဏ, ဣရိယာပထ ၀ိကောပန,
ဌာနာစ၀န, နည်းတို့ဖြင့် အတူတူပင် မှတ်လေ။
( ဧကဘဏ္ဍပဉ္စက ပြီး၏ ) ( ၅-ပါး )
( ဂ ) သာဟတ္ထိကပဉ္စက-
~~~~~~~~~~~~~~~~~~~
ဤ၌ သက်မဲ့ဖြစ်သော
အ၀ိညာဏက ပစ္စည်းကို ပိုင်ရှင်မပေးဘဲ
အောက်ပါငါးနည်းဖြင့် ခိုးယူခြင်းမျိုး။
( ၁ ) သာဟတ္ထိက-မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက် ခိုးယူခြင်းမျိုး။
( ၂ ) အာဏတ္တိက-သူ၏ဘဏ္ဍာကို သွားခိုးချေဟု စေခိုင်းခြင်းမျိုး။
( ၃ ) နိဿဂ္ဂိယ-ကင်းခွန်း အကောက်တော် စသည်
မပေးရအောင် ဤဘက်နယ်ခြားများ ထိုဘက်မြေသို့ကျအောင်
ပစ္စည်းဥစ္စာကို ပစ်သွင်း၍, သို့မဟုတ် တနည်းနည်းဖြင့်
ကြံဆ၍ ခိုးယူသွားခြင်းမျိုး။
( ၄ ) အတ္ထသာဓက-ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ
စွမ်းနိုင်တဲ့အခါကိုစောင့်ပြီး ခိုးယူလိုက်ရမည်-ဟု
စေခိုင်းထားလျက် ခိုးယူစေခြင်းမျိုး။
( ၅ ) ဓုရနိက္ခေပ-တရား၌စွဲ၍ယူခြင်း၊
လိမ်ညာလှည့်ပတ်၍ ယူခြင်း၌ ဥစ္စာပိုင်ရှင်က
ငါတော့ရှုံးပါပြီ ငါ့ဥစ္စာတော့ မရတော့ပါဘူး-ဟု ၀န်ချလိုက်ခြင်းမျိုး၊။
( သာဟတ္ထိကပဉ္စက ပြီး၏)။ ( ၅-ပါး )
( ဃ ) ပုဗ္ဗပယောဂပဉ္စက-
~~~~~~~~~~~~~~~~~~
အရှင်မပေးသော
ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်း။
( ၁ ) ပုဗ္ဗပယောဂ-၄င်းခိုးနည်းကား အာဏတ္တိကနှင့် သဘောတူဖြစ်၏။
( ၂ ) သဟပယောဂ-လယ်မြေ ခြံမြေ စသည်ကို
နယ်ခြားမှတ်တိုင် ငုတ် စသည်ကို နုတ်၍
ရွှေပြောင်းစိုက်နှက် ခိုးယူခြင်းမျိုး။
( ၃) သံဝိဓာဝဟာရ-အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး။
( တိုင်ပင်စဉ်အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ-မပါပါ ပါရာဇိက )။
( ၄ ) သင်္ကေတကမ္မ-အချိန်ကာလ နာရီ အပိုင်းအခြား
မှတ်သားချိန်းချက်လျက် ဤမည်သောဘဏ္ဍာကို
ခိုးယူတော့ဟု ခိုးခိုင်းခြင်းမျိုး။
( သူပေးသောအချိန်နှင့် ပစ္စည်းအတိုင်း ခိုးယူသော် ပါရာဇိက )။
( ၅ ) နိမိတ္တကမ္မ-မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်း
စသော အမှတ်နိမိတ်သညာ တခုခုထား၍ ခိုးယူခြင်းမျိုး။
( နိမိတ်ပြုလိုက်သည်နှင့်တပြိုင်နက် ခိုးငြားအံ့ နိမိတ်ပြသူ ပါရာဇိက )။
( ပုဗ္ဗပယောဂပဉ္စက ပြီး၏ ) ( ၅-ပါး )
( င ) ထေယျာဝဟာရပဉ္စက-
~~~~~~~~~~~~~~~~~~~~
ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို
အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်းမျိုး။
( ၁ ) ထေယျာဝဟာရ-နံရံစသည် ဖောက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း။
တောင်း တင်း ချိန် အလေး-စသည်တို့ကို
စဉ်းလဲကောက်ကျစ်၍ ခိုးယူခြင်းမျိုး။
( ၂) ပသယှာဝဟာရ-နိုင်ထက်စီးနင်းပြု၍ ယူခြင်း။
ဓားပြတိုက်ယူခြင်း။ ပုန်ကုန်ထကြွ၍ယူခြင်း။
မင်းစိုးရာဇာတို့သည် ရသင့်သောအခွင့်ထက်
အာဏာပြ၍ ပိုမိုကောက်ခံခြင်းမျိုး။
( ၃ ) ပရိကပ္ပါဝဟာရ- ဤ၌ -
၁။ ဘဏ္ဍာပရိကပ္ပ-ခေါ် အထည်အလိပ်ကိုသာ
ယူအံ့ဟုကြံစည်လျက် အခန်းတွင်းသို့ဝင်သွားပြီး
မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက်
ကြည့်သောအခါ အထည်မဟုတ်ဘဲ ချည်ခင်တွေ ဖြစ်နေပါအံ့
ပါရာဇိက မကျ။ အထည်အလိပ်ဖြစ်နေပါက ပါရာဇိက ကျ၏။
၂။ သြကာသပရိကပ္ပ-ခေါ် အရပ်ဖြင့် ပိုင်းခြားကြံစည်၍
ခိုးခြင်းကား ဤခြံဝင်းအတွင်း၌ ငါ့ကို တွေ့မြင်ပါမူ
ဤပစ္စည်းဥစ္စာကို ဤခြံဝင်းအတွင်း၌ လှည့်လည်ရင်း
ကြည့်ရှုရန် ကိုင်လာသယောင်ဆောင်၍ ပြန်ပေးလိုက်အံ့၊
အကယ်၍ တစုံတယောက်နှင့်မှ မတွေ့ရပါမူ
ခိုးယူသွားအံ့ဟူသောအကြံဖြင့် ခိုးယူခြင်းမျိုး။
( အပိုင်းအခြားလွန်သည်နှင့် ပါရာဇိက )။
(၄)။ ပဋိစ္ဆန္နာဝဟာရ-ပန်းခြံ ရေချိုးဆိပ်စသည်တို့၌
သူတပါးချွတ်ချထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့်
နောက်မှယူအံ့ဟုကြံလျက် မြေမှုန့် မြက်မှိုက်
စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး။
(၅)။ ကုသာဝဟာရ-မဲလိပ် စာရေးတံ စသည်တို့ကို
မိမိသို့ အကောင်းရရန် ကြံစည်လျက်
တစုံတခုသောနည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး။
( ထေယျာဝဟာရပဉ္စက ပြီး၏ )။ ( ၅-ပါး )
( ခိုးခြင်းပယောဂ ၆-မျိုး )
•••••••••••••••••••••••••••
၁။ သာဟတ္ထိက-ကိုယ်တိုင် ခိုးခြင်း။
၂။ အာဏတ္တိက-စေခိုင်း၍ ခိုးခြင်း။
၃။ နိဿဂ္ဂိယ-နေရာရွေ့ပြောင်း ပစ်လွင့်၍ ခိုးခြင်း။
၎။ ထာဝရ-တင်းတောင်းလိမ် ချိန်လိမ် စသည်ပြု၍ ခိုးခြင်း။
၅။ ၀ိဇ္ဇာမယ-အမေ့ အဟန့် စသော အတတ်ပညာဖြင့် ခိုးခြင်း။
၆။ ဣဒ္ဓိမယ-တန်ခိုးဖြင့် ခိုးခြင်း။
( အဒိန္နဒါန် ခိုးမှုကံမြောက် အင်္ဂါ ၅-ပါး )
•••••••••••••••••••••••••••••••••••••••••••••
၁။ ပရသန္တက-သူတပါးဥစ္စာဖြစ်ခြင်း။
၂။ တထာသညာ-သူတပါးဥစ္စာဟု မှတ်ထင်ခြင်း။
၃။ ထေယျစိတ္တ-ခိုးလိုသောစိတ် ရှိခြင်း။
၎။ ဥပက္ကမ-ခိုးရန် လုံ့လပြုခြင်း။
၅။ တေနဟာရ-ထိုလုံ့လဖြင့် ခိုးခြင်း။
( အဒိန္နဒါန် ပြစ်မှုကံ ထည့်ပြန် ၁၂-မျိုး )
••••••••••••••••••••••••••••••••••••••••••••
သူ့ဥစ္စာကို ခိုးယူတိုက်ခိုက်သူတို့
ရရှိခံစားမှုအပြစ်မျိုး ၁၂-ပါး။ ( ခုဒ္ဒကပါဌ အဋ္ဌကထာ-မှ )
၁။ မြတ်သောဥစ္စာမျိုး မရရှိခြင်း။
၂။ ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာ ရရှိခြင်း။
၃။ ပစ္စည်းဥစ္စာ နည်းပါးခြင်း။
၎။ အလွန်ဆင်းရဲ မွဲတေခြင်း။
၅။ မရသေးသောဥစ္စာကို မရခြင်း။
၆။ ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း။
၇။ လိုရာဥစ္စာကို မရနိုင်ခြင်း။
၈။ ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း။
၉။ သူတပါးနှင့်ဆက်ဆံသော ဥစ္စာမျိုးကိုသာ ရခြင်း။
၁၀။ မရှိစကားကိုသာ ကြားရခြင်း။
၁၁။ ချမ်းသာစွာ မနေရခြင်း။
၁၂။ လောကုတ္တရာဥစ္စာကို မရနိုင်ခြင်း။
-【မင်္ဂလာသတင်းစဉ်မှ-】