Tuesday, December 9, 2014

“ တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း - ၃ ”

“ တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း - ၃ ”
{အသံဖိုင်ကိုနာယူပြီး လိုက်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်}
ဒါဖြင့် ကံတရားတွေက ဘယ်နေရာမှာနေတာတုန်း ? ဘယ်လိုလုပ် ပြမလဲ။အဲ့ဒါက မိ
လိန္ဒပဥှာမှာဆွေနွေးထားတာ တစ်ခုရှိတယ်။
ကုဟိံ တာနိ ကမ္မာနိ တိဋ္ဌန္တီ ကံတရားတွေဟာဘယ်မှာ ရှိကြသလဲ။
ဆိုပါဆို့ အတိတ်ဘ၀တုန်းက ကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံဖြစ်စေ လုပ်ခဲ့တယ်။
အဲ့ဒီ လုပ်ခဲ့တဲ့ ကံတရားတွေဘယ်မှာ ရှိခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မိလိန္ဒမင်းကြီးကမေးတ
ယ်။အဲ့ဒီမှာ အရှင်နာဂသိန်ကဖြေတယ်- ကံဆိုတာ စဉ်ဆက်မပြတ်
အရိပ်ပါလာသလို ပါတာ ဘယ်နေရာမှာ ရှိတယ်လို့ပြောလို့မရဘူး။အရိပ်က ဘယ်နားမှာရှိ
လဲပြောလေ။ အရိပ်ဆိုတာ အလင်းရောင်နဲ့တွေ့တဲ့အခါမှာ အရိပ်ဆိုပြီး
ထွက်လာတာ။ဒါပေမယ့် အဲ့ဒီအရိပ် ဘယ်နားနေတာတုန်း စဉ်းစား။ထွက်စရာ မရှိတဲ့အချိ
န်ဘယ်နားသွားထားလဲ အဲ့ဒီ အရိပ်ကလေးက။ကိုယ်နဲ့အတူတူပဲ
ရှိနေမှာပဲပေါ့နော်။အဲ့ဒိလိုပဲ ပြောလို့ရမယ်တဲ့။ဘယ်နေရာ ရှိတယ်လို့ပြောလို့မရဘူးတဲ့။
သူကမရသေးဘူး။အတိအကျ ကံ ဘယ်နေရာရှိတယ်ဆိုတာကို
သူကသိချင်တယ်တဲ့။ ဒီနေရာမှာ ရှိတယ် Location ပေါ့။ဘယ်နေရာမှာ ကံတရားဟာ
ရှိနေသလဲ ပြောပါဆိုတော့။ ဘယ်နေရာ ရှိတယ်လို့တော့ ပြောလို့ မရဘူးတဲ့။
ဒါဆို ဥပမာနဲ့ ဘယ်လိုပြောမလဲဆိုတော့
သရက်ပင်တစ်ပင် ဒီနှစ်အသီးသီးမယ် အဲ့ဒီအသီးတွေ မသီးသေးခင်ဘယ်မှာနေသလဲ
ဆိုတော့။ ရှာလို့မရဘူးတဲ့။ဘယ်နားနေတယ်ဆိုတာ
Location နဲ့ပြလို့ရလား။သို့သော် အသီးဟာမလာဘူးလား လာသလား။
အဲ့ဒါမျိုးလိုပဲတဲ့ အရှင်နာဂသိန်က ဖြေတာ။
ဘုန်းကြီးတို့တတွေလည်း ဟိုတစ်ချိန်က စဉ်းစားဘူးတယ်။နယ်သာလန်မှာ အဘိဓမ
္မသင်တန်းသွားပို့ချချိန်မှာ ကံ တွေဟာ ဘယ်မှာရှိသလဲဆိုတာကို
တစ်ခါစဉ်းစားဖူးတယ်။ ကံ ဟာ ဦးနောက်မှာ ရှိသလား။ဦးနောက်မှာ ရှိရင် ဦးနေ
ာက်ပျက်သွားရင် ကံတွေ ပျက်မသွားဘူးလား? မော်တော်ဆိုင်ကယ်
Accident ဖြစ်လို့ ဦးနောက်တွေ ထွက်ကုန်ရင် ကံတွေမထွက်ကုန်ဘူးလား?
ထွက်ကုန်ရင် သူ အကုသိုလ်လုပ်ထားတာတွေ ဒီဘ၀မှာပဲ အကုန်ထွက်ကုန်မှာပေါ့။
နောက်ဘ၀ လိုက်စရာအကြောင်းမရှိတော့ဘူး။နှလုံးသားထဲမှာ ရှိတယ်ဆိုရင်လည်း နှလုံးခ
ွဲစိတ်ကုသရင် အတုတပ်တာတို့ ဒီကံတွေ ဘယ်သွားနေမလဲ။သေသွားလို့
နှလုံးသွေးရပ်သွားတယ်ဆိုရင် ဒီကံက နောက်ဘ၀ ဘယ်လိုလို့ လိုက်မှာလဲ။လူဟာ
သေသွားရင် ဦးနှောက်ကလည်း မီးသင်္ချိုတဲ့အထဲ ပါသွားမှာပဲ။နှလုံသားကရော
မီးသင်္ချိုတဲ့အထဲ ပါသွားမှာပဲ။ဒြါ့ဖင့် ကံတရားတွေရော အဲ့ဒီအထဲပါသွားလားလို့ ဒါက လြူ
ပိန်းတွေး တွေးကြည့်တာ။
အဲ့ဒီတော့ အဖြေထုတ်တဲ့အခါ ဘယ်လိုထုတ်ရသလဲဆိုတော့
စိတ္တသန္တာန လူတွေရဲ့ Mental Process စိတ်ဖြစ်စဉ်
ဆိုတာရပ်သွားတယ်ဆိုတာ မရှိဘူးလေ။
လူကတာ အိပ်ချင် အိပ်ချင်အိပ်မယ် စိတ်ဖြစ်စဉ်ဆိုတာ သွားနေတာပဲ။
အိပ်နေတဲ့အချိန်မှာ ဘ၀င် စိတ်ပဲ။လူ့ရဲ့စိတ်အစဉ်ဆိုတာ ဘယ်တော့မှ ရပ်နားနေ
တယ်ဆိုတာမရှိဘူးပေါ့။
ပထမဆုံးဖြစ်တဲ့စိတ်ကို ပဋိသန္ဓေ စိတ်လို့ခေါ်တယ်။
နောက်ဆုံးဖြစ်တဲ့စိတ်ဟာ စုတိ စိတ်ပဲ။
ဒီကြားထဲမှာ ဖြစ်နေတဲ့စိတ်ကို ၀ီထိစိတ်နဲ့ဘ၀င်စိတ် ပဲ။
အိပ်နေတဲ့အချိန်မှာ ဘ၀င် စိတ်ပဲ။ ၀ီထိစိတ်ကို activity ပေါ့သူက အာရုံ
တွေနဲ့ အလုပ်လုပ်နေတဲ့စိတ်တွေ အိပ်ပျော်သွားရင် ဘ၀င်စိတ်။ဒါပဲ ဒီဟာပြတ်သွားတယ်
လို့ ဘယ်တော့မှမရှိဘူး။ဝီထိစိတ် ဖြစ်ရင်ဖြစ် ဘ၀င်စိတ် ဖြစ်ရင်ဖြစ်မယ်။
သူက Passive နဲ့ Active ပေါ့။ဝီထိစိတ်က Active ပေါ့။
အာရုံတွေနဲ့ အလုပ်လုပ်တာ။ဘ၀င်စိတ်ဆိုတာPassive ငြိမ်သွားပြီးတော့
မူလအနေအထားမျိုးလေးပေါ့ သူက။အဲ့ဒီတော့ ဖြစ်စဉ်ကတော့ ပြတ်တယ်လို့မရှိဘူး။
အဲ့ဒီတော့ ကံတရားတွေဟာ ဘယ်မှာရှိလဲလို့ တစ်နည်းအားဖြင့်ဖြေရမယ်ဆိုရင်
Mental Process မှာရှိနေတယ်လို့ဖြေရမယ်။ဒီစိတ်ပျက်သွားရင် နောက်စိတ်။
နောက်စိတ်ပျက်သွားရင် နောက်စိတ်။ Energy တွေအနေနဲ့ Energy ဆိုတာ
အကောင်အထည်မှ မရှိတာ။စွမ်းအင်တွေဟာ တစ်ခုနဲ့တစ်ခုပြောင်းလဲပြီးတော့
ဝင်သွားတာပဲရှိတာလေ။စွမ်းအင်ဆိုတာ ရှိတာပဲ
။စိတ်ရဲ့စွမ်းအားဆိုတဲ့ “ ကမ္မသတ္တိ ”တွေဟာ ပထမစိတ်ထဲမှာ
ပထမစိတ်ပျက်သွားတော့ ဒုတိယစိတ်ထဲမှာ ဒုတိယစိတ်ပျက်ရင်
တတိယစိတ်ထဲမှာ စိတ်ဆိုတာတော့ ပျက်နေတာပဲလေ။ရှေ့ကပျက်
နောက်ကပေါ်နဲ့ဒီလို သွားတာ။ဒါ့ကြောင့်မို့ အဲ့ဒါကိုဟောတာပဲ အနန္တရပစ္စယော၊ သမနန္တရ
ပစ္စယော၊နတ္ထိပစ္စယောတို့၊ ၀ိဂတပစ္စယောတို့ ၊အာသေ၀နပစ္စယောတို့ဆိုတာ ဒါတွေဟော
တာပဲ။မရှိတော်မှာ နောက်ဟာပေါ်လို့ရတာကိုး။
အဲ့ဒီနောက်ပေါ်တဲ့အထဲမှာ ရှေ့ကရဲ့ စွမ်းအင်တွေ Energy တွေရှိတယ်။
ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပေါ့။ငယ်ငယ်တုန်းက သင်ထားတဲ့
မူလတန်းပညာဆိုတာ မေ့ချင်တော့မေ့မယ်။
သို့သော်မူလတန်းပညာတတ်ထားလို့ အလယ်တန်းမှာ အလွယ်တကူသင်နိုင်တာမဟုတ်ဘူး
လား။အလယ်တန်းကိုတတ်မှ
အထက်တန်းကိုလိုက်နိုင်မှာ မဟုတ်လား။အထက်တတ်မှ တက္ကသိုလ်ပညာကို
လွယ်လွယ်ကူကူ သင်ယူနိုင်မှာမဟုတ်လား။အဲ့လို မဟုတ်ဘဲနဲ့ကျော်တတ်လို့ရလား။
အဲ့ဒါတွေက လိုက်လာတယ်ဆိုတာEnergy အနေနဲ့ရှိနေတယ်ဆိုတာ
ကိုယ့်ဘာသာ မှန်းစလို့ရတယ်ပေါ့။
ကံတရားဆိုတာအဲ့ဒီ သဘောအားဖြင့်ရှိနေတယ်ပေါ့။ဒါ့ကြောင့်မို့
တမလွန်ဘ၀နဲ့ကံအကြောင်းကို အခြေခံအနေနဲ့ဘုန်းကြီးတို့ ရှေ့ပိုင်းအနေနဲ့ရှင်းလင်းပြီးေ
တာ့ပြောတာ။ မနက်ဖြန်ကျရင် အရှင်ကုမာရကဿပ နဲ့ ပယာသိရာဇညဘုရင်ကြီးတို့ရဲ့ဆွေးေ
နွးခန်းကိုပြောမယ်။
ဒီနေ့က အခြေခံနားလည်နိုင်အောင် တမလွန်ဘ၀နဲ့ကံအကြောင်း
ဆွေးနွေးခြင်းကို ရှု့ထောင့်စုံကနေ ရှင်းလင်းပြီးတော့ပြောတာ။
ပါယာသိရာဇညသုတ်လာ ပါယာသိရာဇညမင်းကြီးက ကံဆိုတာ မရှိဘူး။
အရှင်ကုမာရကဿပကရှိတယ် သူတို့ရဲ့ဆွေးနွေးခန်းကိုဆက်ပြီးတော့ဟောမယ်။
တမလွန်ဘ၀နှင့်ကံအကြောင်းဆွေးနွေးခြင်း။တမလွန်ဘ၀ဆိုတာ ယခုမျက်မှောက်ဘ
ဝ အဆုံးသတ်သွားတဲ့အခါမှာ ရောက်ရှိလာဖွယ်ရှိတဲ့ ဘ၀မျိုး။ကံဆိုသည်မှာ
ယခုဘ၀လုပ်ထားတဲ့ကံတွေရော အတိတ်ဘ၀ကပြုလုပ်ထားတဲ့ကံတွေရော လူတွေရဲ့နေ့စ
ဉ်လှုပ်ရှားမှုတွေအားလုံး စိတ်ထဲကတွေးကြံတာ၊ နှုတ်ကထုတ်ပြောတာ၊
ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတဲ့ မနောကံ ၀စီကံ ကာယကံတို့ဆိုတဲ့
ဒီကံတရားတွေဟာ လူတွေရဲ့သန္တာန်မှာ မပျောက်မပျက်ဘဲနဲ့ စွမ်းအင်သတ္တိတစ်ခုအနေနဲ့
ရှိတယ်ဆိုတာ ပဋ္ဌာန်း(၂၄)ပစ္စည်းမှာလည်း ကမ္မပစ္စယောဆိုတာ မြတ်စွာဘုရားကဟောထ
ားတာရှိတယ်။အဲ့ဒီမှာ တမလွန်ဘ၀နဲ့ကံဆိုတာကို ဗုဒ္ဓမြတ်စွာက
ရှိတယ်လို့လက်ခံဟောကြားခဲ့တယ်။တမလွန်ဘ၀ရှိတယ်ဆိုတာ မြတ်စွာဘုရားက ဒိဗ္ဗစက
္ခုအဘိဉာဏ်နဲ့ကြည့်ပြီးတော့ သတ္တ၀ါတွေ ဒီဘ၀အဆုံးသတ်ပြီးတော့
ဘယ်ဘ၀သွားပြီးတော့ ဖြစ်တယ်။ဘယ်ကံကြာင့် ဘာဖြစ်တယ်ဆိုတဲ့
ယထာကမ္မူပဂဉာဏ် ဒိဗ္ဗစက္ခုဉာဏ်နဲ့ဆက်စပ်ပြီးတော့ဖြစ်ပေါ်လာတဲ့
ယထာကမ္မူပဂဉာဏ်နဲ့ ကံအားလျော်စွာ သတ္တ၀ါတွေ ထိုထိုဘ၀ဖြစ်ရပုံကို ကိုယ်
တိုင်သိမြင်ပြီးတော့ မြတ်စွာဘုရားကဟောတယ်။
ဒါ့ကြောင့်မြတ်စွာဘုရားဟောတဲ့တရားကို
သယံ အဘိညာ သစ္ဆိကတွာ
ကိုယ်တိုင်သိပြီးတော့ ဟောတာ။ကောင်းပြီး မြတ်စွာဘုရားဟောတဲ့
တမလွန်ဘ၀နဲ့ကံအကြောင်းကို လက်ခံတဲ့သူရှိတယ် လက်မခံတဲ့သူရှိတယ်။
အေးဒီနေရာမှာ ဗုဒ္ဓမြတ်စွာလက်ထက်တော် အခါကာလတုန်းက
တမလွန်ဘ၀နဲ့ကံအကြောင်း ဆွေးနွေးပြောကြားခဲ့တဲ့ အချက်အလက်တွေကို
ဘုန်းကြီးတို့တတွေ နာခံမှတ်သားကြရအောင်။
အကြောင်းပြချက်တွေကတော့ ရှေးခေတ်နဲ့ပိုမို ဆီလျော်တဲ့အကြောင်းပြချက်တွေပေါ့ ဒီက
နေ့ခေတ်ဆိုရင် အကြောင်းတစ်မျိုးမျိုးပြကောင်း ပြလိမ့်မယ်။
အဲ့ဒီတော့ တမလွန်လောကကိုငြင်းဆိုခဲ့တာ ဘယ်သူလဲဆိုရင် ပုဂ္ဂိုလ်တွေများစွာရှိပေ
မယ့် ဒီနေရာမှာ ပါယာသိရာဇညသုတ္တံဆိုတာ ဒီဃနိကာယ်မှာမှတ်တမ်း
တင်ထားတယ်။အဲ့ဒီသုတ္တံကို ဘုန်းကြီးတို့က Perspective ခြုံငုံသုံးသပ်တဲ့ပုံစုံမျိုးနဲ့ ဟော
ပေးမယ်။ဆွေးနွေးချက်ကို အကျဉ်းချုပ်ပြီးတော့ ရှင်းပြမယ်။
သို့သော် အကျဉ်းချုပ်ဆိုပေမယ့်လို့ ဆိုင်ရာဆိုင်ရာ အဓိပ္ပာယ်တွေ သူတို့ရဲ့ဆိုလိုရင်း အာပေ
ါ်တွေအကုန်လုံး ခြုံမိငုံမိအောင် ရှင်းပြပေးပါ့မယ်။
မြတ်စွာဘုရားရဲ့တပည့်သားသာဝက စာပေကျမ်းဂန်တွေ
တတ်ကျွမ်းသည့်အတွက် ဗဟုသုတရှိပြီးတော့ ဟောရေးပြောရေးမှာ
လိမ္မာကျွမ်းကျင်တယ်။အဲ့ဒီခေတ်ကသုံးထားတဲ့ စကားလုံကတော့
ပဏ္ဍိတော ဗျတ္တော မေဓာဝီ ☀ - ထက်မြတ် လျင်မြန်တဲ့ အသိဉာဏ်ရှိပြီးတော့
စိတ္တကထီ - ဆန်းဆန်းကျယ်ကျယ်
တရားကိုဟောပြောနိုင်တဲ့ အရှင်ကုမာရကဿပမထေရ်ဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။မြတ်စွာ
ဘုရားကိုယ်တိုင်က အရှင်ကုမာရကဿပကို
ဟောရေးပြောရေးနဲ့ပတ်သက်ပြီးတော့ ဆန်းဆန်းကျယ်ကျယ်ဟောတတ်
ပြောတတ်တယ်လို့၊ ဆန်းကျယ်တယ်ဆိုတာ ဥပမာဥပမေယျနဲ့
ရိုးရိုးစင်းစင်းပြောတာမဟုတ်ပဲနဲ့ ဥပမာဥပမေယျနဲ့ အဓိပ္ပာယ်ပေါ်လွင်ထင်းရှားအောင်
ပြောနိုင်တဲ့ ပဏ္ဍိတံ-ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ဧတဒဂ်ရာထူးနဲ့ချီးမြင့်မြောက်စားခဲ့ရတဲ့
ရဟန်းတော်တစ်ပါးပဲ။
🌻 အဲ့ဒီအရှင်ကုမာရကဿပဟာ ကောသလတိုင်းမှာ နောက်ပါရဟန်း(၅၀၀)နဲ့အတူ ခရီး
ထွက်ကြတယ်။ တစ်ရွာကနေတစ်ရွာ တစ်မြို့ကနေတစ်မြို့
ကုန်းကြောင်းခရီးနဲ့ ခရီးထွက်ကြတယ်။အဲ့ဒီလို ခရီးစဉ်တစ်လျှောက်လုံးမှာလည်းပဲ တရား
တွေဟောကြတယ်။
အဲ့ဒါကို စာပေကျန်းဂန်မှာ “စာရိကံ”- စာရိကာ ဆိုတာ လှည့်လည်သွားတာ
Traveller ပုဂ္ဂိုလ်အနေနဲ့ ကောသလတိုင်းထဲမှာ လှည့်လည်သွားလာရင်း
ဘယ်ရောက်သွားလဲဆိုတော့ ကောသလတိုင်းက မြို့တစ်မြို့ဖြစ်တဲ့ သေတဗျမြို့ ကိုရောက်
သွားတယ်။ရောက်သွားတော့ အဲ့ဒီသေတဗျမြို့ရဲ့မြောက်ဘက်
🌴 သိံသပါဝန 🌴 လို့ခေါ်တဲ့ တောအုပ်တစ်ခု၊ သိံသပါ-ဆိုတာ မြန်မာစာပေမှာေ
တာ့
သိံသပ-ဆိုတဲ့စကားကို ဘာသာပြန်တဲ့အခါမှာ ယင်းတိုက်တောလို့
ပြန်တယ်။ယင်းတိုက်ပင်တွေ ရှိတဲ့တောလို့ ဒီလိုမှတ်ရမယ်။
🌻 ဘုန်းကြီးတို့ ၁၉၈၇ ခုနှစ်က သိရိင်္လကာနိုင်ငံကိုရောက်တဲ့အခါကျတော့
အဲ့ဒီ သိံသပ-ဆိုတဲ့သစ်ပင်ဟာ ဘယ်လို သစ်ပင်လဲဆိုတာ သီဟိုရ်ဘုန်းကြီးတစ်ပါးနဲ့
ဆွေးနွေးဘူးတယ်။ဗမာကတော့ သိံသပ-ဆိုတာဗုဒ္ဓဟောတဲ့တရားတွေမှာ
ခဏ ခဏတွေ့လို့ မြန်မာဘာသာပြန်တာတော့ ယင်းတိုက်လို့ပြန်တယ်။
အပင်မြင်ဖူးချင်တာနဲ့ သီဟိုရ်နိုင်ငံက သိံသပ-ပြန်ဆိုချက်နဲ့တူသလားလို့ သိဟိုရ်ကျန်းဂန်တ
တ်ဆရာတော် တစ်ပါးနဲ့ ဒီစကားလုံးကို ဆွေးနွေးဖူးတယ်။
သူကပြောတယ် သိံသပ-ဆိုတာတဲ့ ဆွေးနွေးတဲ့အချိန်မှာ တွေ့တဲ့သစ်ပင်တစ်ပင်ကိုပြတယ်
။အဲ့ဒီသစ်ပင်က မြန်မာနိုင်ငံမှာ 🍁 ယုဇန🍁 လို့ခေါ်တဲ့ သစ်ပင်ဖြစ်နေတယ်။ စစ်
ကိုင်းတောင်ရိုးမှာဆိုရင်တော့ မောက္ခိတောလိုလဲခေါ်တယ်ပေါ့။
အဲ့ဒီတော့ မြင်ဖူးကြပါလိမ့်မယ် ယုဇနဆိုတဲ့ပန်းပင်။သူကလည်း အပင်ကြီးကြီးမဟုတ်ဘူး။
ဖြူတဲ့အပွင့် ပွင့်တယ်။အသီးက မှည့်ရင် ငရုပ်သီးလိုပဲ ရဲနေတာ။အဲ့ဒီ ယုဇန အပင်ကို သီဟို
ရ်မှာတော့ သိံသပ-လို့ခေါ်တယ်။သူတို့ အသံထွက်နဲ့ကျတော့
-စီစပ-လို့အသံထွက်တယ်။စီစပဆိုတာ သိံသပ-လို့သူကပြောတော့
မြန်မာပြည်နဲ့ မတူတဲ့ဘာသာ ပြန်ဆိုချက်ပဲလို့ ဒီလိုမှတ်ရမယ်။သစ်ပင်တွေကို ဘာသာပြန်
ဖို့ကတော့ မလွယ်ဘူးပေါ့။အမျိုးမျိုးခေါ်ကြတယ်လေ။
သိထားရင်ရပါပြီ အငြင်းပွားစရာမလိုပါဘူး။
🌻 ကဲကောင်းပြီ သိံသပါဝန-ဆိုတဲ့တောအုပ်ထဲကို အရှင်ကုမာရကဿပရောက်နေတယ်။
ရောက်နေတဲ့အခါကျတော့ သေတဗျမြို့သူတွေသတင်းကြားကြတယ်။
အရှင်ကုမာရကဿပ အဟောအပြောကောင်းတယ်။ရဟန်း(၅၀၀)နဲ့ သိံသပါဝန-မှာသီတင်း
သုံးနေတယ်ဆိုတဲ့ ကြားတော့ အုပ်စုထွက်လာကြတယ်။
နာမည်ကြီးကိုယ်တော်တစ်ပါး ကြွလာတယ်ဆိုတော့ ဖူးချင်ကြတာပေါ့။အဲ့ဒီအချိန်မှာ သေ
တဗျမြို့မှာ အုပ်ချုပ်နေတာက ဘယ်သူလဲဆိုတော့ ပါယာသိဆိုတဲ့
ဘုရင်အုပ်ချုပ်တယ်။ဘုရင်ဆိုပေမယ့် သူက -ပါယာသိရာဇာ- လို့မသုံးပဲနဲ့။ ပါယာသိရာဇည
-လို့သုံးထားတယ်။အဲ့ဒီတော့ အဋ္ဌကထာက ရာဇည-ဆိုတာ
ဘာလဲဆိုတော့ ဘာလို့ ဒီလို့သုံးတာလဲဆိုတော့ အဘိက်သိက်မခံတဲ့ဘုရင်ဖြစ်သောကြောင့်
ရာဇည-လို့သုံးတာတဲ့။အဘိက်သိက်ခံတဲ့ ဘုရင်ကိုကျတော့
ရာဇာ-လို့ဒီလိုသုံးတယ်။ဘုရင်တွေ ဘိက်သိက်ခံတယ်ဆိုတာ တော်ရုံဘုရင် မခံဝံ့လောက်ဖူး
နဲ့တူတယ်။ရာဇ-ဘိက်သိက်ဆိုတာမျိုးခံထားလို့ ရှိရင်
ကြိမ်စာတိုက်တဲ့ သဘောတွေရှိတယ်။
🌻 တိုင်းသူပြည်သားတွေရဲ့ အကျိုးကို မလုပ်ဘဲနဲ့ ဥပဒေကိုမလေးစားလို့ရှိရင် တရား
သဖြင့် မအုပ်စိုးဘူးဆိုရင် ဦးခေါင်း(၇)စိပ်ကွဲစေသတည်း ဆိုတာပါသေးတယ်။
အဲ့ဒီလို ကြိမ်ရဲပါ့မလား။ဘိက်သိက်ခံရတယ်ဆိုတဲ့ ဘုရင်တိုင်းဟာနေရာတိုင်း ဘိက်သိက်မ
ခံကြဘူး။ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီကြိမ်စာပါလို့။ကြိမ်ဆဲတာမျိုးပါလို့။
ဖြစ်တာ မဖြစ်တာ အသာထားပေါ့ ကြိမ်တာကတော့ ခေါင်း(၇)စိပ်ကွဲတဲ့။
အဲ့ဒါ ကြံကြံဖန်ဖန်မေးတဲ့ မေးခွန်းကို ကြံကြံဖန်ဖန်ဖြေထားတဲ့မေးခွန်းကို ငယ်ငယ်က မှ
တ်ထားတာ။(၇)စိပ်က ဘာကိုပြောတာလဲ။
အဲ့ဒီတော့ (၇)စိပ်ရအောင် ဘယ်လိုကွဲရမလဲဆိုတော့ ဒါက ဗဟုသုတအနေနဲ့ပြောတာ။
မျက်စိက(၂)လုံးရှိတယ်မို့လား။မျက်စိ(၂)လုံးကလည်း ခေါင်းကွဲသွားရင် တစ်ဘက်စီ ဖြစ်သ
ွားပြီ။နားကလည်းတစ်ဘက်စီ ဖြစ်သွားပြီ။နှခေါင်းကလည်း တစ်ပေါက်စီ ။အဲ့ဒီလို မျက်စိ၊န
ား၊နှခေါင်း ဆိုရင်(၆)ခုရှိပြီ။ကျန်တာက တစ်ခုဆိုတော့ (၇)ခုပေါ့။
ဒီလိုဆိုလိုတာက မျက်စိ၊နား၊နှာခေါင်းရယ်က တစ်ခုစီဖြစ်သွားတော့(၆)ခု။
ကျန်တာက တစ်ခု ဒီလိုဆိုလိုတာတဲ့။ ဒါကတော့ ကျန်ကျန်ဖန်ဖန် တွေးတာလည်းပဲဖြစ်နိုင်
တာပဲ။သို့သော်လည်းပဲ အမေးရှိလို့
အဖြေရှိတာဆိုတော့လည်း မဆိုးဘူးပေါ့။မဖြေနိုင်တာထက်စာရင်
ဒါက အဖြေလေးတော့ ထွက်လာတာပေါ့။
🌻 အဲ့ဒီပါယာသိရာဇည-ဘုရင်ကြီးကလည်း ခေါင်းကွဲမှာကြောက်လို့ ဘိက်သိက်မခံဘူ
းတဲ့။
အဲ့ဒီ သေတဗျမြို့ကို ဘယ်ကနေရသလဲဆိုတော့ ကောသလမင်းကြီးက
သူ့ကိုအပိုင်စားပေးလိုက်တာတဲ့။အခုခေတ်ဆိုရင် မြို့စားပေါ့။သူကနေ့လည်ဘက်အချိန်မှာ
နန်းရင်ပြင်အထပ်ထပ်ကနေ အနားယူနေတုန်း လူအုပ်ကြီး
မြို့ပြင်ထွက်သွားတာမြင်တော့ ဟိုလူတွေဘယ်သွားကြတာလဲဆိုတော့ အနီးကအမတ်က
အရှင်မင်းကြီး အရှင်ကုမာရကဿပကြွလာလို့သွားဖူးကြတာ
တရားနာ သွားကြတာလို့လျောက်တယ်။ဟ ဒီလိုဆိုရင် သွားပြော ခဏဆိုင်းကြဦး ငါလည်
းလိုက်မယ် ခဏစောင့်လို့ လူတွေကို ဆိုင်းခိုင်းထားတယ်။
🌻 သူက ဘာပြောလိုက်သေးလဲဆိုရင် ဒီမသိနားမလည်တဲ့သူတွေကို ဟိုကိုယ်တော်က
တမလွန်လောကရှိတယ် ကံရှိတယ်ဒါတွေ လျှောက်ဟောနေရင်
မသိတဲ့ကောင်တွေက ယုံနေကြလိမ့်မယ် ငါလိုက်သွားလိုက်သွားမှဖြစ်မယ်။
သူက စတာကိုက အဲ့ဒီလို စတာ။သူက တမလွန်လောကကို မယုံဘူး။
သူ့ရဲ့နတ္ထိက ၀ါဒက ဘာလဲဆိုရင်
⭐ နတ္ထိ ပရော လောကော ⭐ - တမလွန်လောကဆိုတာမရှိဘူး။
⭐ နတ္ထိ သတ္တာ သြပပါတိကာ ⭐ - သေပြီးတော့ပြန်မွေးတဲ့သတ္တ၀ါဆိုတာ မရှိဘူး။တမ
လွန်လောက မရှိရင်နောက်ထပ် ပြန်မွေးတယ်ဆိုတာ မရှိဘူး။
ဒါတင်လားဆိုတော့ သူကငြင်းပယ်လိုက်သေးတယ်
⭐ နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ၀ိပါကော ⭐ -ကောင်းမှုမကောင်းမှု ကံတို့၏ အ
ကျိုးသည်မရှိဘူးတဲ့။သူ Reject လုပ်ထားတာက(၃)ချက်ပေါ့။
တမလွန်လောကဆိုတာ မရှိဘူး။တမလွန်လောကမရှိလို့ သေပြီးနောက်ထပ်ပြန်ဖြစ်မှာ မ
ဟုတ်ဘူး။ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မရှိဘူး။ဒီလို ငြင်းဆိုတာ။
🌻 ကဲဘုရင်ကြီးလည်း လိုက်လာ အရှင်ကုမာရကဿပနဲ့တွေ့ဆုံ စကားစမြည်ပြော။
သူ့နောက်က လူတွေအားလုံးဟာ ဗုဒ္ဓဘာသာတွေချည်းမဟုတ်ဘူး။
လူမျိုးစုံလိုက်လာတာ။ဗုဒ္ဓဘာသာတွေကတော့ ရှိခိုးကန်တော့ပြီး သင့်တင့်တဲ့နေရာမှာနြေ
ကတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေကတော့ တချို့က
လက်အုပ်ချီတယ်။တချို့က သူဘယ်သူဆိုတာ နာမည်တွေအော်ပြောတယ်။
တချို့ ရောနှောပြီး ထိုင်နေကြတယ်။ဒီလို ပရိတ်သတ်အမျိုးမျိုးပေါ့။
🌻 အဲ့ဒီမှာပါယာသိဘုရင်ကြီးကပြောတယ် အရှင်ဘုရား
“တပည့်တော်တမလွန်လောကရှိတယ်ဆိုတာ မယုံဘူး”၊
“သတ္တ၀ါတွေသေပြီးနောက်ပြန်မွေးတယ်ဆိုတာ မရှိဘူး”၊
ကုသိုလ်ကံ အကုသိုလ်ကံဆိုတာလည်း မရှိဘူး။ဒါတပည့်တော်ရဲ့ ယုံကြည်ချက်ပဲ။
အဲ့ဒီတော့ အရှင်ကုမာရကဿပက အော်ဒီလို ကံ ကံရဲ့အကျိုးနဲ့
တမလွန် ငြင်းဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို အခုကိုယ်တိုင်မြင်ရကြားရတာ မကောင်းလိုက်တာပေါ့။ကံ
ကံအကျိုးဆိုတာရှိတယ် တမလွန်လောကဆိုတာရှိတယ်ဆိုတာ
အင်မတန်မှထင်ရှားရဲ့သားနဲ့ ဒါကိုငြင်းပယ်တဲ့ ပုဂ္ဂိုလ်မျိုးကလည်းရှိသေးတယ်လို့ ရှင်ကုမာရ
ကဿပက ငြီးပြောလေးပြောလိုက်တဲ့အခါ အဲ့ဒီကစပြီး ဆွေးနွေး
ပွဲလေးစလာတာ။သူကမရှိဘူး အရှင်ကုမာရကရှိတယ်။အဓိကကတော့ တမလွန်လောကနဲ
့ကံ ရှိတယ်မရှိဘူး။အဲ့ဒီမှာ အရှင်ကုမာရကဿပက မေးခွန်းလေးစမေးတယ်။
အပိုင်း(၄)ဆက်ရန်>>>>>>>
(ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး)
{တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း-၁ မှတရားတော်မှကောက်နှုတ်ချက်}
ဓမ္မမိတ်ဆွေများ ဓမ္မအသိတွေကြွယ်ဝပြီး ဘ၀တွေထွန်းပြောင်ကြပါစေဗျာ။
ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသာ
း။
_/\\_ _/\\_ _/\\_

No comments:

Post a Comment