Monday, December 8, 2014

လေဖြတ်သည့်ဘေး အသိပေး ဝေးကြပါစေ

လေဖြတ်သည့်ဘေး အသိပေး ဝေးကြပါစေ
============================
အသက်ငယ်သူတွေက ပြောကြပါမယ် အသက်ကြီးမှ လေဖြတ်တာပါ အဲလိုအထင်တွေက
လုံးဝ မဟုတ်ပါဘူး လေဖြတ်တယ်ဆိုတာ အသက်ကြီးမှဖြတ်တာ မဟုတ်ပါဘူး အသက်င
ယ်ရယ်သူတွေလဲ လေဖြစ်တက်ပါတယ် ။ ဒီဘက်နှစ်တွေမှာဆို အသက်ငယ်ငယ်နဲ့ လေဖြ
တ်တာတွေ ပိုများနေပါပြီ။
ရောဂါအခံကြောင့် လေဖြတ်ခြင်းလည်း ဖြစ်နိုင်ပါတယ် ။ ဘယ်လိုရောဂါတွေလဲကို ပြောရ
ရင်
၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊
၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊
၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊
၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း တို့ ဖြစ်ကြပါတယ် ။
လေဖြတ်သည့်လူနာကို အေးအေးဆေးဆေးနေထိုင်သက်သောင့်သက်သာဖြစ်စေရန် အရ
င်ထားပေးရပါမယ် ၊ ဦးနှောက်သွေးကြောပိတ် (Cerebral Infarct)လို့ပဲ ဖြစ်ဖြစ်၊ ဦးေ
နှာက်သွေးကြောပေါက် (Cerebral Haemorrhage) လို့ လေဖြတ်တာပဲဖြစ်ဖြစ်၊ေ
လဖြတ်တဲ့ဝေဒနာဟာ တကြိမ်၊ တရက်တည်းနဲ့ ဖြစ်မယ် ကုသမယ် ရောဂါပျောက်သွားမယ်
ဆိုတာ မဟုတ်သည့်အတွက် တရက်ထက်တရက် ခန္ဓာကိုယ်ပျက်စီးမှုဟာ ရက်ဆက်ပြီး ပိုပို
ဆိုးလာတတ်ပါတယ် ။ အဲလိုဖြစ်တက်သည့်ကို အထူးသတိထားပေးရပါမယ် ။
တစ်ချို့ က ဖြစ်လာတော့မှာကို မသိကြပါဘူး တစ်ချို့ လေဖြတ်တော့မယ်ဆိုရင် ဦးစွာ ဖြစ်ပေ
ါ်လာသည့်အကြောင်းအရာတွေ လာတက်ပါတယ် အဲဒါကတော့
ပထမရက်မှာ ပါးရွဲ့ လာပြီး လေးလံထုံထိုင်လာပြီး မျက်လုံးပြူးတယ်ဆိုရင် နောက်ရက်မှာ
လက်မြှောက်မရ၊ နောက်ရက်မှာ ဗုန်းဗုန်းလဲ စသည်ဖြင့် နောက်ဆုံးကျမှ တကယ်ကို လေဖြ
တ်ခြင်း (Completed Stroke) အဆင့်သို့ ရောက်ရှိဖြစ်သွားရပါတယ် ။
တစ်ချို့ လူတွေဆိုရင် အကြောက်တရားမရှိကြဘူးလို့ တောင် ပြောရမယ်ထင်တယ် ကိုယ့်က
ပထမအကြိမ်မှာ လေဖြတ်လေဖြန်းသည့် ဝေဒနာကို ခံစားရတာကို ကျန်းမာရေး အသိတွေ
ဆောင်ရန်ရှောင်ရန်တွေကို အလေးမထားတော့ ဒုတိယအကြိမ်မြောက်၊ တတိယအကြိမ်ြေ
မာက် လေဖြန်းတယ်၊ လေဖြတ်တယ် ဆိုတာတွေ ဖြစ်ပေါ်ခံစားရတက်ကြပါတယ် ။
လေဖြတ်ရောဂါတွေမှာ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်ကြပါတယ် ။သိသာထင်ရှားသော အချက်မျ
ားကို ပြောပြရရင်ဖြင့်
တချို့က ပါးတခြမ်းရွဲ့၊ မျက်စိမှိတ်မရဘဲ ပြူးနေသည့်ပုံစံမျိုး ၊ နှုတ်ခမ်းပိတ်မရ ဖြစ်တယ်။
တစ်ချို့ လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှ အင်မတန်ဆိုးဝါးတဲ့ အနံ့များထွက်တယ်။
တချို့ ဝေဒနာရှင်တွေမှာ လျှာပဲလေဖြတ်တာ လျှာစောင်းသွားတယ်။ လျှာတိုဝင်သွားတယ်။
အဲလိုဖြစ်သည့်အတွက် ပြောသည့် စကားမပီတော့ဘူး။
တချို့က မှတ်ဥာဏ်ပိုင်းဦးနှောက်ကို ထိမိဖြစ်ပေါ်သည့်အတွက်ကြောင့် ကိုယ့်နာမည်ကအစ
အကုန်မေ့ကုန်တယ်။ ပြန်မပြောတတ်တော့ဘူး။
တချို့ ပါးစပ်ကနေ သွားရည်တွေ ကျကျနေတက်တယ်။
တစ်ချို့ ဆိုရင် လူနာသွားမေးလို့ မြင်လိုက်ရင် ဝမ်းနည်းစိတ်တွေဖြစ်ပေါ်သည့်အတွက် ငိုတ
ယ်တာတွေရှိသလို တစ်ချို့ လူနာတွေမှာ ရယ်နေတက်တာလည်း ရှိပါတယ် ။
တစ်ချို့ လေဖြတ်ပုံက ဘယ်ခြေ-ညာလက်၊ ညာခြေ-ဘယ်လက်၊ စသည်ဖြင့် ထောင့်သန်းဖြ
တ်ခြင်း တို့ ဖြစ်ကြပါတယ် ။
လေဖြတ်ဝေဒနာဟာ အသက်ရှင်သန်နေပေမဲ့ လူသားတစ်ယောက်ပြု့ မှု့ ဆောင်ရွက်နိုင်ခြ
င်းကို ဆုံးရှုံးစေနိုင်သည့် အလွန်ပင် ဆိုးရွားသော ရောဂါတစ်ခုဖြစ်သလို့  လူ့သက်တမ်းကို
လည်း ဆုတ်ယုတ်တိုတောင်စေနိုင်သည့်ရောဂါဖြစ်ပါတယ် ဒါကြောင့် မဖြစ်ခင်ကို မကျရော
က်ခင် အသိဖြင့် ကျန်းမာရေး အမြင်များသိရှိဖို့ လိုအပ်ပါသည် ။
ဒါကြောင့် နေကောင်းကျန်းမာနေစဉ်မှာ တစ်ချို့ တစ်လေမှာ လေဖြတ်ရင် ဖြတ်ပါစေဆိုပြီးြ
ဖစ်သလိုနေထိုင်ကြပါတယ် ဒါဟာ လုံးဝကို မထားသင့် မနေထိုင်သင့်သည့် စိတ်ဖြစ်ပါတယ်
။ ဖြတ်သွားခဲ့ရင် နောက်ဆက်တွဲ လူမှု့ အဖွဲ့ အစည်းနှင့် မိသားစုရေးရာတွေမှာ ပေးဆပ်ရ
မည့် တန်းဖိုးတွေ များပါတယ် အဲလို့ ဖြစ်စဉ်များကို အသိပေးတင်ပြခဲ့သည့် ကျန်းမာရေး ပို
့စ်များလဲ များစွာရှိခဲ့ပါတယ် ။
လေဖြတ်ခြင်းဆိုတာ ကိုယ်ဘယ်လိုပုံစုံမျိုးနဲ့ လေဖြတ်မယ်ဆိုတာ ကြိုတင်မှန်းဆ လို့ မရပါ
ဘူး ဒါကြောင့် ကြိုမသိနိုင်တဲ့အတွက် လေဖြတ်စေနိုင်မည့် အကြောင်းရင်းများစွာကို ကျန်း
မာရေး အသိမြင်ခြင်းဖြင့် သတိကြီးစွာ စားသောက်နေထိုင်ကြပါလို့ ရေးသားတင်ပြရင်း
အသက်ရာကျော် ရှည်ပါစေ ။
Credit to Mg Mandalay

No comments:

Post a Comment