Thursday, December 11, 2014

သေနေ့အကြို နှုတ်ဆက်ပွဲ။

သေနေ့အကြို နှုတ်ဆက်ပွဲ။
~~~~~~~~~~~~~~~~
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဘိုးစဉ်ဘောင်ဆက်မကမ်းခဲ့ဘူးသော၊ ထူးဆန်း၍ အဖိုး
တန်သော စာသားများဖြင့် ဖွဲ့စည်းထားပြီး ကြက်သီးထဖွယ် ဖိတ်စာ တစ်စောင်အား လွန်
ခဲ့သော (၁) ပါတ်ခန့်က ရောက်ရှိ လာခဲ့သည်။
ထိုဖိတ်စာအား အသင်းရုံးချုပ်မှ ရရှိခဲ့ပြီးနောက် ရုံးခန်း၏ ကြေငြာဘုတ်တွင် “သေနေ့အြ
ကို နှုတ်ဆက် ပွဲ” အခမ်းအနား တက်ရောက်ရန်ဆိုသော စာတန်းနှင့် ရက်စွဲ၊ အချိန်တို့အား
ရေးမှတ်ထားပြီး ကာယကံရှင်နှစ်ဦး၏ အမည်နှင့်အသက်ကိုပါ ရေးမှတ်ထားရာ ဖတ်ရှု့သူ
အပေါင်းမှ မေးခွန်းများမေးမြန်းခြင်း ရှိခဲ့သည်။
အားလုံးသိချင်၊ မြင်ချင်၊ စိတ်ဝင်စားနေသော ဖိတ်စာပါအကြောင်းအရာများသည် လေးစား
ဖွယ်၊ အတုယူဖွယ်၊ အားကျဖွယ်၊ ပီတိ ဖြစ်ဖွယ်များစွာပါဝင်ပြီး နာရေးကူညီမှုအသင်း(ရန်
ကုန်)ဥက္ကဌ ဦးကျော်သူကိုယ်တိုင် အလေးနက်ထား ဂုဏ်ယူ ဖွယ်ရာများ ဖြစ်ပေါ်လာခဲ့တေ
ာ့သည်။
ဖိတ်စာ၏ အစပိုင်းတွင် မေတ္တာဖြင့် လက်ဆောင်ပစ္စည်းပေးပို့ခြင်းသည်းခံပါ။ ဟူ၍ရေးသ
ားထားသည်။ နောက်စာမျက်နှာတွင် “(၂) ယောက် (၁) ဘဝရဲ့အစဆုံးနေ့” “အပြုံးပန်းေ
တွနဲ့ဝေ ဝေနိုင်ပါစေ … လေ” ဟူ၍ ရေးသားထားပြီး ၃.၁၁.၁၉၆၃ အသက် (၂၇) နှစ်စီ
သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ငယ်စဉ်အခါက ရိုက်ကူး ထားသော နှစ်ယောက်တွဲ
ပုံအား တွေ့မြင်ရသည်။
“လာဖြစ်အောင်သာ လာခဲ့ပါ” ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ မဂ
င်္လာတောင်မြို့နယ်၊ ကန်တော်ကလေး အနောက်ရပ်ကွက်၊ (၈၈) လမ်း၊ အမှတ် (၁၁)၊ ၅-
လွှာ (B)နေ ကျွန်တော်သေခြင်းနီး သပြေညို ဦးတင်ရွှေနှင့် ကျွန်မသေခြင်းနီး ဒေါ်တင်ရီ
တို့ မင်္ဂလာရက်မြတ် လက်ထပ်ခဲ့သည်မှာ နှစ် (၅ဝ) ပြည့်ခဲ့ပြီး ဖြစ်ပါသဖြင့် ရွှေရတုမင်္ဂလာ
အထိမ်းအမှတ်အဖြစ်၊ သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံပွဲကျင်းပမည်ဖြစ်ပါ၍ တစ်ဖက်ပါ အစီ
အစဉ်အတိုင်း လာဖြစ်အောင်သာ လာခဲ့ပါရန် ဖိတ်ကြားထားပါသည်။
အစီအစဉ်မှာ (၁) သရဏဂုံတင်မင်္ဂလာ ဖြစ်ပြီး ၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက်
၃.၁၁.၂ဝ၁၃ တနင်္ဂနွေနေ့ နံနက် (၅) နာရီအချိန်တွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပ
ရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ဒု-ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘ
ဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော် ဘုရား (၅) ပါးအား အရု
ဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုဆရာတော် ဘုရားများက ကျွန်တော်၊ ကျွန်မတို့ေ
သခြင်းနီး (၂) ယောက်ကို မသေခင်ကပင် ကြိုတင်၍ သရဏဂုံတင် ပေးထားခဲ့ပါသည်။
ထို့နောက် (၂) မိတ်ဆုံပွဲ အား နံနက် (၁ဝး၃ဝ) နာရီမှ မွန်းလွဲ (၁) နာရီအထိ နှစ် (၅ဝ)ြ
ပည့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ်အဖြစ် သေနေ့ အကြိုနှုတ်ဆက် မိတ်ဆုံစားပွဲ ကျင်းပခဲ့
ပါသည်။
(၃) နေရာ ကန်တော်ကလေး ထီးတန်း(၃)ထပ် ဓမ္မာရုံသစ်ကြီးတွင် ဖြစ်သည်။ ဖိတ်စာ၏
နောက်ဆုံးစာမျက်နှာတွင် “လမင်းကွယ်ချိန်နေကွယ်ချိန် လွမ်းသူရဲ့ပွဲ ဘယ်သူအရင်လဲ”
ဟူ၍ ရေးသားထားပြီး ၃.၁၁.၂ဝ၁၃ အသက် (၇၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ
တို့၏ ယခုလက်ရှိတွင် ရိုက်ကူး ထားသော နှစ်ယောက်တွဲပုံအား တွေ့မြင်ရသည်။
၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ ရက်နေ့တွင် “သေနေ့ကြိုနှုတ်ဆ
က်မိတ်ဆုံပွဲ”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ)
ဒေါ်ရွှေဇီးကွက်နှင့် အလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်နှင့် အသင်းသူ/သားများ၊ ဝန်ထမ်
းများမှ ယင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကျင်းပ သည့်နေရာသို့ ရောက်လျှင်ရောက်ချင်း သေနေ့အကြိုနှုတ်ဆက်သည့်
ကာယကံရှင် အဖိုးသပြေညို ဦးတင်ရွှေအား အရင်ဦးဆုံးတွေ့ဆုံခဲ့ပြီး အဖိုးနှင့် အဖွဲ့သားမျာ
းမှ အားပါးတရ နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အဖွားအား တွေ့မြင် ခဲ့ရသည်။
နှစ်ဦးစလုံး၏ အပြုံးသည် သေခြင်းတရားအား ရင်ဆိုင်ရန် အသင့်ဟူသော အပြုံးဖြင့် တွြေ့
မင်ခဲ့ရပြီး လေးစားအတုယူဖွယ်ပင်ဖြစ်သည်။ ဘုရားနှင့် ဘုရားသားတော်၊ သမီးတော်တို့မှ
လွဲ၍ သေရမှာ ကြောက်ကြသော သူများကမ္ဘာပေါ်တွင် အမြောက်အများပင်ရှိသည်။
“သေနေ့အကြိုနှုတ်ဆက်ပွဲ” ဆိုသည်မှာ ဘုရားဟောသည့် အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။
ထိုကဲ့သို့ လေးစားအတုယူဖွယ် အဖိုးနှင့်အဖွားအား အဘယ်ကြောင့်ဆိုသော မေးခွန်းများ၊
ဦးကျော်သူသို့ အမှာစကားများကို မေးမြန်းချင်ခဲ့သည်။ ထို့နောက်မေးမြန်းဖြစ်ခဲ့သည်။
အဖိုးနှင့်အဖွားမှ ၄င်းတို့အား နှုတ်ဆက်သူများ၊ ထိုင်ကန်တော့ကြသောသူများ၊ ချစ်ခင်လေး
စားသောသူများအား မအားလပ်အောင် ပြန်လည်ကာ နှုတ်ဆက်နေသဖြင့် အဖိုးတစ်ဦးတ
ည်းအား မေးမြန်းခဲ့ရသည်။
အဖိုးအား ထူးခြားသောပွဲစီစဉ်ဖြစ်ခဲ့ပုံကို မေးမြန်းခဲ့ရာ “အဖိုးက သုံးခွမြို့နယ် သဲအင်းဂူ
ဆရာတော်ကြီးရဲ့ တရားကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်၊ ဆရာတော် ဘုရားကြီးရှိစဉ်
ကတည်းက သေတတ်အောင် အသေ လေ့ကျင့်ပေးခဲ့တယ်၊ အပယ်မကျအောင် သေနည်း
သင်တန်းပေးခဲ့တယ်။ သေချင်းတရားကို သိလာတဲ့အတွက် ကြောင့် ဒီပွဲကိုလုပ်ဖြစ်ခဲ့တယ်
” ဟု အားပါးတရပြောကြားခဲ့သည်။
ထို့နောက် “သားနှစ်ယောက်မွေးခဲ့တယ် သား နှစ်ယောက်စလုံး ဆုံးသွားခဲ့ပြီ။ သားဦးက
အသက် (၂၄) မှာဆုံးတယ်၊ ဒုတိယသားက အသက် (၂ဝ) မှာဆုံးတယ်၊ ဒုတိယသားက အ
ရင်ဆုံးတယ် သူကစင်္ကာပူနိုင်ငံရဲ့ ဆိပ်ကမ်းမှာအလုပ်လုပ်တယ်၊ အင်ဒိုနီးရှား (၉) ယောက်
က မြန်မာတစ်ယောက်ဖြစ်တဲ့ အဘသားကို ရန်စတယ် အဲ့ဒီမှာအသက်ဆုံးသွားခဲ့တယ်၊ေ
လျာ်ကြေးမရခဲ့ဘူး အလုပ်ရှင်က သူတို့ရဲ့အလုပ်ခွင်မှာ ဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက် မပေး
ခဲ့ဘူး။
ပထမသားက ပညာတက်တယ်၊ သူဆုံးတာ ပိုပြီးနှမြောဖို့ကောင်းတယ် ဆယ်တန်းမှာ အမှ
တ် (၄၈၁) မှတ်နဲ့အောင်တဲ့သူ၊ RIT မှာကျောင်းတက် တယ်၊ သူဆုံးတော့ ဆေးထိုးအပ်တ
န်းလန်းနဲ့ဆုံးတယ်။”
ဟူ၍ ရင်နာစရာ သားနှစ်ယောက်၏ ဖြစ်ရပ်အား ပြောကြား ခဲ့သည်။
ထို့နောက်ဆက်လက်ပြီး မည်သို့မည်ပုံ လောကကြီးတွင်နေထိုင်ကြောင်း ပြောကြားခဲ့ရာ“
အဖွားက (B.A) ဘွဲ့နဲ့အောင်တယ်(CMA) ရုံးက ဝန်ထမ်းပေါ့၊ အဖိုးက (M.A) ဘွဲ့နဲ့ေ
အာင်တယ်ကျူရှင်ဆရာအလုပ်နဲ့ဘဲနေတယ်” ဟူ၍ အလုပ်အကိုင်များအား ပြောကြားခဲ့သ
ည်။
ထို့နောက် အဖိုးမှာခဲ့ချင်သော ဦးကျော်သူအား ပြောစရာစကားများအား မေးမြန်းရာ - “ဦး
ကျော်သူကို ပြော ပေးပါ ကွယ်လွန်သွားခဲ့ရင် တစ်ခါတည်းသဂြုင်္ိဟ်ပေးပါ၊ မမှီလိုက်လို့ရှိရင်
နောက်တစ်နေ့ သဂြုင်္ိဟ်ပေးပါလို့၊ အဆိပ်သောက်ပြီးမသေရင် ပြိုင်တူမသေဘူး ဒါကြောင့်
အဖိုးအရင်သေခဲ့ရင် အဖွားကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဆီဖုန်းဆက်ပြီး ဆရာမ
ရဲ့ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာကို ပို့ပေးပါ။ အဖွားအရင် သေခဲ့ရင်လည်း အဖိုး
က ဒေါ်သန်းမြင့်အောင်ဆီ ဖုန်းဆက်လိုက်ပါ့မယ် လာခေါ်ပေးပါလို့ မှာခဲ့ပါရစေ” ဟု နာေ
ရးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား
ကြည့်ကာမှာကြားခဲ့ သည်။
ထို့နောက် “နောက်တစ်ခုက အသုဘကို လိုက်မပို့ကြပါနဲ့၊ ကျွန်တော် ယုံကြည်ရာ ကျွန်ေ
တ်ာလုပ်တယ်၊ အသုဘပို့တယ်ဆိုတာ ငွေကုန်၊ လူပန်း၊ အကျိုးမရှိ။ ကန်တော်ကလေးကနေ
ရေဝေးကို လိုက်ပို့ကြမယ်ဆိုရင် အသွားအပြန် အချိန် (၃) နာရီကြာမယ်။
မသာပို့ကောင်းတယ်ဆိုပြီး လိုက်ပို့ပြန်တော့လည်း အကျိုးမရှိဘူး၊ အတင်း ပြောပြီးပြန်ကြမ
ှာ။ ရေဝေးမှာဆို တစ်ချို့က ကားပေါ်ကနေမဆင်းဘူး ကားမှားမှာဆိုးလို့၊ ပို့ပြန်တော့လည်း
မရဏ ဿတိဘာဝနာ မစီးဖြန်းနိုင်ကြဘူး၊ ရယ်ကြမောကြနဲ့။
မသာရှင်ဘက်က ကားတစ်စီး (နှစ်သောင်းခွဲ) နဲ့ ကား (၇) စီး ငှားရင် … ၊ အတင်းပြောတဲ့
သူတွေကို ယပ်တောင်က ကမ်းရဦးမယ်၊ ရေသန့်ဘူး ကမ်းရဦးမယ်၊ တစ်ခါမှမဖတ်တဲ့ တရ
ားစာအုပ် ကမ်းရဦးမယ်၊ မသာက မီးမသဂြုင်္ိဟ်ရသေးဘူး ကုန်ကျငွေက (၃) သိန်းမကုန်ဘဲ
မီးသဂြုင်္ိဟ်စက်ထဲ မရောက်သေးဘူး။ တွေ့ချင်ရင် မသေခင်လာခဲ့ပါ။ သေပြီးမှတော့မငိုနဲ့ ပြီ
းတော့ ဘာမှမသိတော့တဲ့ ဓါတ်ပုံကြီးရှေ့မှာ ကြွက်စာ၊ ပုရွက်ဆိတ်စာမကျွေးနဲ့ ပြီးရင်သွ
န်ပစ်တာ။” ဟုပြောခဲ့ပြီး “တားမရဘူး” သံဝေဂကဗျာအား အလွတ်ရွတ် ဆိုသွားခဲ့သည်။
ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အဖွဲ့ဝင်များအားလုံး အဖိုးနှင့်အဖွားအား ရှိခိုး
ဦးချ ကန်တော့ခဲ့ပြီး အဖိုးနှင့်အဖွားမှ ပြန်လည်၍ ဆုတောင်းပေးခဲ့သည်။ ပြီးနောက် အဖိုး
နှင့်အဖွားအား နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။
ဖိတ်စာ၏ နောက်ကျော စာမျက်နှာတွင်တော့ - မှာထားပါရစေ မြန်မာဗုဒ္ဓဘာသာဝင်တို့၏
ဓလေ့ထုံးတမ်းတွင် သေတမ်းစာ (Will) ရေးလေ့မရှိပါ။ ဤအမှာစာသည် သေတမ်းစာ
(Will) မဟုတ်ပါ။ တစ်နေ့နေ့တွင် သေရမည့်သူ (၂) ယောက်၏ ရင်ထဲကတူညီသော ဆန
္ဒကို လွတ်လပ်ပွင့်လင်းမြင်သာစွာ ဆန္ဒဖော်ထုတ်ခြင်းသာ ဖြစ်ပါသည်။
ကျွန်တော်၊ ကျွန်မတို့ ကွယ်လွန်လျှင်
၁။ ဦးကျော်သူ၏ နာရေးအသင်းအကူအညီဖြင့် နေ့ချင်းပြီးသဂြုင်္ိဟ်ပေးကြပါ။ အချိန်မမီလျှင်
နောက်နေ့ အပြီး သဂြုင်္ိဟ်ပေးကြပါ။
၂။ ကျွန်တော်၊ ကျွန်မတို့ (၁) ဦးစီ၏ အသုဘကို စီစဉ်သူများနှင့် မိသားစုများမှလွဲ၍ မည်
သူမျှ လုံးဝ(လုံးဝ) လိုက်မပို့ကြပါနှင့်။
၃။ ကြွေလွင့်သွားသူ၏ အပုပ်အပွအသုဘကို လိုက်ပို့ကြမည့်အစား ကျန်ရစ်သူကို သူသေ
သည်အထိ စာနာ၊ ဖေးကူ၊ အားပေး၊ နှစ်သိမ့်၊ ပြုစု၊ စောင့်ရှောက်၊ ကူညီကြပါ။ ကျေးဇူးတ
င်ပါမည်။
၎။ ဖဲဝိုင်း လုံးဝ (လုံးဝ) မလုပ်ကြပါနှင့်။
တားမရဘူး
~~~~~~~~
တနေကွယ် သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ မသေဘူး မထင်လိုက်ပါနဲ့
နေကွယ်တာအချိန်များလျှင်ဖြင့်
သေနယ်ရွာတစ်ကြိမ်သွားရမယ်ကွယ်
တားမရဘူး။
(ရွှေလွန်နာဂ)
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့
အယူသီးမှု တိုက်ဖျက်ရေးခရီးစဉ်အဖြစ် စာပေဟောပြောရန် သွားရောက်နေပါသဖြင့် ယင်
း သေနေ့အကြိုနှုတ်ဆက်ပွဲသို့ မတက် ရောက်နိုင်ခဲ့ပါ။
သို့သော် အဖိုးသပြေညို ဦးတင်ရွှေနှင့် အဖွား ဒေါ်တင်ရီတို့၏ မှာကြားသည့်အတိုင်း ဥက္ကဌ
ဦးကျော်သူနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများမှအလေးနက်ထာ
း ဆောင်ရွက်ပေးမည် ဖြစ်သည်။
ထိုသို့ အဖိုးနှင့်အဖွားတို့၏ မွန်မြတ်သောလုပ်ဆောင်ချက်နှင့် ဘုရား၏ အဆုံးအမအတိုင်း
လုပ်ဆောင် သွားသော အဖိုးနှင့်အဖွားတို့အား နတ်လူသာဓု ခေါ်ကြသည့်အသံများ ကြား
နိုင်မည်ဆိုပါလျှင် သာဓု … သာဓု … သာဓု ဟူ၍ ပဲ့တင်ထပ်နေမည်မှာ အမှန်ပင်ဖြစ်ပါတေ
ာ့သည်။
Credit to Thidar Kogyi. —

No comments:

Post a Comment