Monday, December 8, 2014

ဒဿနပညာရှင်ကြီး " ဆိုကရေးတီး "

အချိန် - ၃၉၉ ဘီစီ
နေရာ - အေသင် ဒီမိုကရေစီ နိုင်ငံတော် တရားရုံး
တရားသူကြီး (၅၀၁) ယောက်ပါဝင်သော ခုံရုံးရှေ့ တွင် ရောက်ရှိနေသူကတော့ ခေါမနိုင်ငံ
ရေး ဒဿနပညာရှင်ကြီး " ဆိုကရေးတီး "
သူ့ ကို အေသင်နိုင်ငံရေးကို ပြုပြင်ရန် ကြိုးစားသူ ၊ ဆန့် ကျင်သူ ၊ ဘာသာမဲ့ ၊ တရားမဲ့ ၊ လူ
ငယ်တို့ ၏ ကိုယ်ကျင့်တရားကို ဖျက်ဆီးပစ်သူ ဟူသော စွပ်စွဲချက်တို့ ဖြင့် စွဲချက်တင်ထာြး
ကသူများကား ဒီမိုကရေစီ နိုင်ငံရေးသမား အေနီတပ် ၊ အလင်္ကာ ကျမ်းဆရာ လိုင်ယွန်းနှင့်
ကဗျာဆရာ မေလေတပ်တို့  ဖြစ်သည်။
တောင်းဆိုသော ပြစ်ဒဏ်ကား သေဒဏ်ပေးရေး...
တရားရုံးအတွင်း တိတ်ဆိတ်လျှက်...
အမှန်တကယ်တော့ တရားသူကြီး အများစုက သေဒဏ်အပြစ်ပေးရန် မလိုလားကြ ၊ သူ
တို့ လေးစား မြတ်နိုးသူလဲ ဖြစ်နေသည်။
တရားသူကြီး၏ နောက်ဆုံး အကြိမ်အဖြစ် မေးလိုက်သော စကားသံက တိတ်ဆိတ်မှု့ ကို ဖြို
ခွင်းလိုက်သည်။
ဆိုကရေးတီး အနေဖြင့် စွပ်စွဲချက်များကို ၀န်ခံပြီး အမြင်ပြောင်းလဲရန်...
ဒါမှမဟုတ် သေဒဏ် အဖြစ် အဆိပ်ခွက်ကို သောက်ရမည်...
ထို အဆိုကို တရားသူကြီး (၂၈၁) ဦးက ထောက်ခံလိုက်ကြသည်။
ဝေဖန်သံ အချို့ လဲ ထွက်ပေါ်လာ၏...
ဆိုကရေးတီး ဘာကို ရွေးချယ်မလဲ...
တစ်ခုက မိမိယုံကြည်မှု့ ကို စွန့် လွှတ်ရမည့် ရှင်သန်ရေးလမ်း
တစ်ခုက မိမိယုံကြည်ရာကို အသက်နဲ့ ထပ်ရမည့် သေလမ်း
တည်ငြိမ်ရင့်ကျက်သော အသံတစ်ခု ထွက်ပေါ်လာ၏
`` ခွဲခွာဖို့  အချိန် ရောက်ပြီလေ
ကျွနိုပ်တို့ သည် ကိုယ့်လမ်းကိုယ် သွားကြ၏
ကျွနိုပ် သေခြင်းလမ်းကို သွားသည်
သင်တို့  ရှင်ခြင်းလမ်းမ၌ သွားကြ၏
ဘယ်လမ်းက မြင့်မြတ်သည်ကို ဘုရားသခင်သာသိ၏... ´´
ဆိုကရေးတီး၏ အသက်နှင့် ခန္ဓာတည်မြဲလျက် နောက်ဆုံး ပြောကြားသွားခဲ့သော စကား
လုံးများပင်
ထို့ နောက် အဆိပ်ခွက်ကို အမြိုက်သုဓာ တစ်ခွက်လို အပြုံးမပျက် ချိုမြိန်စွာ မော့သောက်ချ
လိုက်လေ၏..
အတွေးအခေါ် လွတ်လပ်ဖို့ အတွက် လည်းကောင်း ၊ မိမိ ခိုင်မာ ယုံကြည်သော အမှန်တရ
ား အတွက် အသက်စွန့် လွတ်ခဲ့သော ခေါမ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး၏
အဖြစ်မှာ ဒဏ္ဍာရီ ဆန်လှ သော်လည်း သမိုင်းမှာ အမှန်အကန် ဖြစ်ခဲ့ရသည်။
ရှင်သန်မှု့ ဟူသော အတ္တထက် ၊ အမှန်တရား ဟူသော ပရဘက်မှာ ရပ်တည်ခဲ့သော သူ၏
စိတ်ဓာတ်မှာ သမိုင်း တလျှောက် တသသဖြင့် လေးစားဘွယ် ကောင်းနေအုံးမည်သာ ဖြစ်
သည်။
တစ်ရက်က ဆိုကရေးတီးအကြောင်း စဉ်းစားမိရင်း ဒီပို့ စ်လေးကို ရေးဖြစ်ပါတယ်..ဒီနေ့ 
ခေတ်ကြီးမှာတော့ မိမိဘ၀ ရှင်သန်ရပ်တည်ရေး အတွက် အမှန်တရားကို လွယ်လွယ်ကြီး
စွန့် လွတ်သူတွေ များလာပါတယ်..ပြီးတော့ စဉ်းစား ဆင်ခြင်တုံ တရားတွေ ကင်းမဲ့ လာ
တယ်..
အရာရာကို ဘက်မျှဆင်ခြင် စဉ်းစားဖို့ .. မှန်တယ် ထင်ရင် ရဲရဲလက်သင့် ခံဖို့  တွန့် ဆုတ်
လာကြတယ်..မိမိသာလျှင် မှန်တယ် ထင်တဲ့ အတ္တတွေလဲ များ လာကြတယ်..အတ္တတွေကို
ရှေ့ တန်းတင်လို့ .. မှန်နေရင်တောင် မသိချင်ယောင် ဆောင်တတ်လာတယ်..
ကိုယ့်အတွေးမှားတွေကို ဝေမျှချင်လာတယ်..အဝေဖန်မခံနိုင်တာနဲ့  အမှန်တရားဘက်က
ရဲရဲ ရပ်တည်ဖို့ သတ္တိမရှိ ဖြစ်လာကြတယ်..
ဒီအချိန်မှာ ဆိုကရေးတီးကို ပို လေးစားမိလာတယ်
ကိုယ်တို့  မှန်တယ် ပြောဖို့  ၀န်မလေးသင့်ဘူး…….

No comments:

Post a Comment