Monday, December 8, 2014

မေသက်ထားဆွေ

မေသက်ထား - တဲ့
ပြေအထက်ဖျားဆီက
နတ်သိကြားရဲ့ ဒေဝီ
လူ့ပြည်မှာဝင်စား သြော် -- အဲဒါ သူလေးများဖြစ်နေလေရော့သလား?
စိတ်ထဲမှာ အတွေးဝင်မိ-
ကို သေချာမသိပေမယ့်
ထင်မှတ်စရာတွေကအပြည့်
ကြည့်လေ------
သူ့အသက်က ၁၀ နှစ်
တကယ်ဖြစ်နေတာက
အနှစ် ၃၀ ကိုတို့တောင်မလွယ်တဲ့အရာပေါ့
တကယ်တော့ဗျာ --- ဂီတဆိုတာ လူတိုင်းလည်းမခံစားတတ်ုခံစားတတ်သူတိုင်းလည်းမဖန်
တီးနိုင်
သူ့မှာတော့ ပိုင်နိုင်ပေါ့ပါး
ခံစားချက်က အသက်ဝင်
ပရိတ်သတ်ရဲ့ စိတ်အစဉ်
ဆွဲငင်နိုင်တဲ့သူ့အစွမ်း အံ့မခန်းပါပဲ
တကယ်တမ်းအပြင်မှာ
သင်သာမြင်တွေ့ရရင်လေ ---်ဟန်ဆောင်မှုတေမနှော
လွတ်လပ်စွာသူပြော
မရောယှက်တဲ့အမူယာ
သူ့သဘောအတိုင်းသာသူလုပ်
ဟန်တွေပန်တွေသူမထုတ်
အဟုတ်ကို ကလေးလေးပါ ။
အဲ အဲ ကလေးလေး
သူ့အတွေး သေးသေးလေးမထင်နဲ့ဗျ
ဂီတနဲ့ပါတ်သက်တဲ့idea့ 
သူ့ဦးနှောက်မှာအမြဲထွက်သတဲ့
တဖက်ကလည်းပညာရေး
ရှေ့တန်းကပြေးသတဲ့
ကဲ ဒီကလေး ဒီအတွေး ဒီပညာရေး
ဒီဂီတရနံ့မွှေးတွေနဲ့ အနာဂတ်ကိုခရီးဆက်
နိုင်ငံ့အတွက် ဖြစ်ပါစေလို့ 
Mg Punnya
(ရူးတယ်လို့ ထင်ရင်လည်း ကျနော်က ပုထုဇဉ်လေ ကျနော့်အတွေး ကျနော့်ဦးနှောက် ခပ်ြေ
ခာက်ခြောက်မို့ ရသမရောက် ဂုဏ်မမြောက်ရင်လည်း
စွတ်ကန် တော့မဟောက်ကြပါနဲ့
ဟီး ဟီး ကျုတ် ကြောက်တတ်လို့ပါ
တွေ့ကရာလည်းမနောက်ပါနဲ့
အစကတည်း သိမ်ငယ်သူတယောက်မို့ပါ - မွှမ်
နောက်ပီးတော့လေ ---
ဝေါဟာရနယ်မနှံ့ အသုံးနှုန်းတေကညံ့
စကားလုံးကမကြွယ် သင့်အတွက်
ရယ်ဖွယ်ဖြစ်နေရင်လည်း
ကြိတ်၍သာပြုံးပါတော့
ထုံးမပါသောကွမ်းယာ
ဆားမပါသောဟင်း ပညာမဲ့သူ၏ကဗျာဖွဲ့ခြင်း ဘယ်သင်းမှ
အဆင်မပြေ တဲ့ဗျ ။ ။ ။ ။ ။ ။ ။ )

No comments:

Post a Comment