Wednesday, December 3, 2014

သမ္ဗုဒ္ဓေ ဂါထာတော်

¤¤¤¤¤¤¤¤¤¤¤¤¤
သမ္ဗုဒ္ဓေ ဂါထာတော်
¤¤¤¤¤¤¤¤¤¤¤¤¤
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ
ဒွါဒသဉ္စ သဟဿကေ
ပဉ္စဿတ သဟဿာနိ
နမာမိ သိရသာ မဟံ။
အပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။ ။
သမ္ဗုဒ္ဓေ ဂါထာတော်
(မြန်မာပြန်)
အဋ္ဌဝီသံ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊
ဒွါဒသဉ္စ သဟဿကေ - တသောင်းနှစ်ထောင်ကုန်သော၊
ပဉ္စသတ္ထ သဟဿာနိ - ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေစ - မြတ်စွာဘုရားသခင်တို့အားလည်းကောင်း၊
အဟံ - အကျွန်ုပ်သည်၊
သိရသာ - ဦးခေါင်းဖြင့်၊
နမာမိ - ရှိခိုးကန်တော့ပါ၏။
ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်ရှိ သဲပွင့်လေးတို့သည်၊
အပကာ - နည်းလှသေးသည်။
နိဗ္ဗုတာ - နိဗ္ဗာန်ဝင်စံပြီးကုန်သော၊
ဇိနာ - မြတ်စွာဘုရားသခင်တို့သည်ကားမူ၊
အနန္တာ - မရေတွက်နိုင် များလှကုန်၏။
တေသံ - ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားသခင်တို
့နှင့် ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားသခင်တို့၏၊
ဓမ္မဉ္စ - တရားတော်တို့ကိုလည်းကောင်း၊
သံဃဉ္စ - သံဃာတော်တို့ကိုလည်းကောင်း၊
အဟံ - အကျွန်ုပ်သည်၊
အာဒရေန - ရိုသေစွာဖြင့်၊
နမာမိ - ရှိခိုးကန်တော့ပါ၏။
နမက္ကာရာ နုဘာဝေန - ဤသို့ရှိခိုးပူဇော်ရသောကုသိုလ်ကံစေတနာကြောင့်
သဗ္ဗေ - အလုံးစုံသော
ဥပဒ္ဒဝေ - ဘေးရန်ဟူသမျှတို့ကို၊
ဟိတွာ - ပယ်ဖျောက်၍၊
အနေက အန္တရာယာပိ- များစွာသော အန္တရာယ်တို့ကိုလည်း၊
အသေသတော - အကြွင်းကျန်မရှိသောအားဖြင့်၊
ဝိနဿန္တု- ပျောက်ပျက်ပါစေသတည်း။။
သမ္ဗုဒ္ဓေ ဂါထာတော်
(မြန်မာ)
ငါးသိန်း တသောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ မြတ်စွာ ဘုရားသခင် တို့အား၊ အ
ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးကန်တော့ပါ၏။
ဂင်္ဂါမြစ်ရှိ သဲပွင့်လေးတို့သည် နည်းလှသေးသည်။ ပရိနိဗ္ဗာန်ဝင် စံပြီး ကုန်သော မြတ်စွာ
ဘုရားသခင်တို့သည်ကားမူ မရေတွက်နိုင် များလှကုန်၏။ ထိုငါးသိန်းတသောင်းနှစ်ထောင်
နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရား သခင်တို့နှင့် ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူပြီးကုန်ေ
သာ ထိုမြတ်စွာဘုရား သခင်တို့၏၊ တရားတော်တို့ကို လည်းကောင်း၊ သံဃာတော်တို့ကို လ
ည်းကောင်း၊ အကျွန်ုပ်သည် ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏။
ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံ စေတနာကြောင့် အလုံးစုံသော ဘေးရန် ဟူသမျှတို့ကို
ပယ်ဖျောက်၍၊ များစွာသော အန္တရာယ်တို့ကိုလည်း အကြွင်း ကျန်မရှိသောအားဖြင့် ပျောက်
ပျက် ပါစေသတည်း။
+++++++++++++++++++++++++++
သမ္ဗုဒ္ဓေဂါထာတော် ရွတ်ဆိုခြင်း၏အကျိုး
+++++++++++++++++++++++++++
မြတ်လှစိန္တေ၊ သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစားသတ္တော်၊ ခေါ်လျှင်ဒ
သ၊ သတ္တတြိန်း၊ ဆီလိမ်းပဉ္စ၊ စီးထလှေမှာ၊ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး၊ ကိုးကြိမ်နိုးေ
လာ့၊ ချုပ်မိုးညဥ့်ခါ၊ အိပ်ရာဝင်မူ၊ ကိုးကြိမ်ဟူ၍၊ ရန်သူတွေ့မြောက်၊ ဆယ့်တစ်ခေါက်တည့်၊
စစ်ရောက်သောခါ၊ ရွတ်ပါကိုးကြိမ်၊ တည်ငြိမ်သန္ဓေ၊ မဖွားနေမူ၊ ရေမှာကိုးခေါက်၊ မန်း၍
သောက်က၊ ဖွားမြောက်ခဏ၊ ချမ်းသာရ၏၊ ခေတ္တနှောင်သွင်း၊ သံခြေကျင်းနှင့်၊ အပြင်းတို
က်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။ ပန်းမွေးချေက၊ ရွတ်လေနှစ်ခေါက်၊ ခ
ရီးရှောက်ရာ၊ ခေါင်းမှာ တင်စိုက်၊ ရန်ဘေး နိုက်လည်း၊ မကြိုက်ကင်းပ၊ မြူမျှမလိမ်း၊ ကင်းလ
ွတ်ငြိမ်း၏၊ ရှောင်တိမ်းရောဂါ၊ ဗျာပါလည်းကင်း၊ သောကရှင်း၍၊ မင်းမင်းတကာ၊ ကြည်စြွာ
မတ်နိုး၊ ရေဖြည့်အိုးသို့၊ မညှိုးပန်းသွင်၊ နေ့တိုင်းပင်တည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲ့စေ
လာက်၊ ထွန်းတောက်ပ၀င်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒာလမင်း၊ ကောင်း
ကင်ချဉ်းသို့၊ ကောင်းခြင်း သမ္ဗုဒ္ဓေ၏အကျိုးတည်း။
လင်္ကာ၏ အဓိပ္ပာယ်
++++++++++++++
၁။ ကွမ်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၇)ခေါက်ရွတ်ဖတ်ပါ။
၂။ ခေါင်းလျှော်လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၀)ခေါက်ရွတ်ဖတ်ပါ။
၃။ ထမင်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ဖတ်ပါ။
၎။ ဆီလိမ်းလျှင် သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်ရွတ်ဖတ်ပါ။
၅။ လှေစီးလျှင် သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်ရွတ်ဖတ်ပါ။
၆။ နံ့သာလိမ်းခြင်း-ပန်းပန်ခြင်း၌ သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၇။ အိပ်ရာဝင်လျှင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၈။ ရန်သူနှင့် တွေ့လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်ရွတ်ဖတ်ပါ။
၉။ စစ်ထိုးစစ်ဆင်ပြုရာတွင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၁၀။ မီးမဖွားနိုင်လျှင် ဤသမ္ဗုဒ္ဓေဂါထာကို ရေ၌ (၉)ခေါက်ရွတ်၍တိုက်ပါ။
၁၁။ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရလျှင် သမ္ဗုဒ္ဓေဂါထာတော်ကို အခေါက်ပေါင်း (၁၀၀၀) တစ်
ထောင်ရွတ်ဖတ်ပါ။
၁၂။ ခရီးသွားလျှင် ပန်းကို သမ္ဗုဒ္ဓေဂါထာဖြင့် (၂)ခေါက် ရွတ်ဖတ်၍ ယင်းပန်းကို ဆောင်
ယူ အရံအတား ပြုသွားပါက ရန်ဘေး ကင်းသည်။ ရောဂါနှိပ်စက်မူမှလည်း ကင်းဝေးရသ
ည်။ စိုးရိမ်သောက ဗျာပါရမူတို့မှလည်း ကင်းဝေးရသည်။
သမ္ဗုဒ္ဓေဂါထာတော် ရွတ်ဖတ်ရခြင်း၏အကျိုး
+++++++++++++++++++++++++++++
ဤဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် မိမိဘ၀၌ ရေပြည့်အိုးပမာ တိုးတက်လျ
က်သာ ရှိနေမည်။ မညိုးသော ပန်းကဲ့သို့လည်း ရှိမည်။ ကောင်းကင်မှ လမင်းကြီး တင့်တ
ယ်မူကဲ့သို့ တင့်တယ်မူမျိုးကိုလည်း ရမည်။
ဖော်ပြပါ အချက်တို့မှာ လင်္ကာ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ လက်တွေ့ မျက်မြင်သာဓကများ
ကို အခြေခံကာ ရှေးပညာရှင်ကြီးများ စီရင်ထားခဲ့သော လင်္ကာဖြစ်ရာ ယင်းလင်္ကာ၌ပါသ
ည့် အကျိုးတရားများ ရရှိအောင် ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် သမ္ဗုဒ္ဓေဂါထာကို
ရွတ်ဖတ်ကြပါရန် ဖြစ်ပါသတည်း။

No comments:

Post a Comment