ဘုရားဂုဏ်တော် ဆယ်ပါး ဘုရားဂုဏ်တော်ကိုးပါးကို ပါရာဇိကဏ်အဋ္ဌကထာ နှင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာများတွင် ဆယ်ပါးဖွင့်ပြသည်။ (၁) အရဟံ = လူနတ် ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။ (၂) သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိမြင်တော်မူပါပေ၏။ (၃) ၀ိဇ္ဇာစရဏသမ္ပန္နော = အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏ နှင့် ပြည့်စုံတော်မူပါပေ၏။ (၄) သုဂတော = ကောင်းသောစကားကို ဆိုတော်မူ တတ်ပါပေ၏။ (၅) လောက၀ိဒူ = သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟု ဆိုအပ်သော လောကသုံးပါးကို သိမြင်တော်မူပါပေ၏။ (၆) အနုတ္တရော = လောကသုံးပါးတွင် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။ (၇) ပုရိသဒမ္မသာရထိ = ဆုံးမထိုက်သူကို အောင်မြင်စွာ ဆုံးမတော်မူတတ်သည့် ပုဂ္ဂိုလ်ထူးဖြစ်တော်မူပါပေ၏။ (၈) သတ္ထာဒေ၀မနုဿာနံ = လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာ ဖြစ်တော်မူပါပေ၏။ (၉) ဗုဒ္ဓေါ = သစ္စာလေးပါးတရားကို သိမြင်တော်မူပါပေ၏။ (၁၀) ဘဂ၀ါ = ဣဿရိယ၊ ဓမ္မ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပါပေ၏။
No comments:
Post a Comment