“ တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း - ၁ ”
{နားထောင်ပြီး လိုက်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်}
တမလွန်ဘ၀နှင့်ကံအကြောင်းဆွေးနွေးခြင်း ဒါကလူတိုင်းအတွက် အရေးကြီးသလာ
း
ဆိုတော့ အခြေခံအားဖြင့်တော့ အရေးကြီးတယ်ပေါ့။တမလွန်ဘ၀ကို ယုံတဲ့သူရှိတယ် မယုံ
တဲ့သူရှိတယ်။ကံကို လက်ခံတဲ့သူရှိသလို လက်မခံတဲ့သူရှိတယ်။ဒီကနေ့မှရှိတာမဟုတ်ဘူး
ကမ္ဘာဦးကာလကတည်းက ဒီအယူဝါဒတွေရှိခဲ့တယ်။လူသားတွေထွန်းကားပြီး စဉ်းစားေ
တွးခေါ်လာကတည်းက ဒီအယူဝါဒနှစ်ခုဟာယှဉ်ပြိုင်ပြီးတော့ရှိလာတယ်။
ဆွေးနွေးငြင်းခုံလာကြတယ်။အဲ့ဒါထဲက တစ်ခုကဘာလဲဆိုရင် မရှိဘူးလို့ပြောတဲ့သူတွေက
နတ္ထိက၀ါဒ။နတ္ထိက ၀ါဒဆိုတာ သူတို့ရဲ့ အယူအဆမရှိဘူး။အခြေခံ(၁၀)ချက်ကိုငြင်းဆိုထာ
းတာ။အဲ့ဒီ မရှိဘူးဆိုတဲ့ ငြင်းဆိုချက်(၁၀)ကိုဘုန်းကြီးတို့ရှေးဦးစွာမှတ်သားရမယ်။ နောက်
သူတို့နဲ့ဆန့်ကျင်ပြီးတော့ နောက်တစ်အုပ်စုကလည်း ရှိတယ်တဲ့။အဲ့ဒီတော့ ရှိတာနဲ့မရှိတာ။
အခြေခံ(၁၀)ချက်ကို ရှိတယ်လို့ပြောတဲ့ သူနဲ့မရှိဘူးလို့ပြောတဲ့ပုဂ္ဂိုလ်။လောကမှာ အမြင်နှစ်
မျိုးရှိတယ်။အဲ့ဒီအမြင်နှစ်မျိုးမှာ ဘယ်အဖြေကမှန်သလဲဆိုတာကို မြတ်စွာဘုရားက
အဆုံးအဖြတ်ပေးထားတယ်။အဲ့ဒီလိုအဆုံးအဖြတ်ပေးထားတဲ့အတိုင်း ဘုန်းကြီးတို့ကလက်
တွေ့သိဖို့လိုအပ်တယ်ပေါ့။
အခြေခံ(၁၀)ချက်နဲ့ပတ်သက်ပြီးတော့ ငြင်းခုံတာဘာလဲဆိုတော့ ပါဠိဘာသာထဲမှာပါ
တဲ့တိုင်းလေးပြောရအောင်။
နံပါတ်(၁)ဘာကိုငြင်းဆိုသလဲဆိုတော့ နတ္ထိ ဒိန္နံ၊ (၂) နတ္ထိ ယိဋ္ဌံ၊ (၃) နတ္ထိ ဟုတံ၊
ဒါလှူမှု တန်းမှု ပေးမှု ကမ်းမှုတွေနဲ့ပတ်သက်ပြီးတော့ အသိအမှတ်မပြုဘူး။
ပေးတာ ကမ်းတာနဲ့ပတ်သတ်ပြီး အကျိုးမရှိဘူး။အကျိုးကိုငြင်းပယ်တယ် ဒီလိုအဓိပ္ပာယ်ရတ
ယ်။
နတ္ထိ ဒိန္နံ ဆိုတာ ပေးလှူခြင်းဖြင့် အကျိုးမရှိ။လောကမှာ ချမ်းသာတဲ့သူဖြစ်စေ ဆင်းရဲ
တဲ့သူဖြစ်စေ ဒါနကောင်းမှုတွေလုပ်ကြတယ်။အဲ့ဒီလို ဒါနကောင်းမှု
လုပ်တာကို တစ်ဖက်က ကောင်းတယ်။ဒီဒါနရဲ့ အကျိုးတရားဟာရှိတယ် လို့တစ်ဖက်ကပြေ
ာတယ်။နောက်တစ်ဖက်က နတ္ထိ ဒိန္နံ ဒါနရဲ့အကျိုးတရားဟာ
မရှိဘူးတဲ့။အဲ့ဒီငြင်းဆိုတဲ့နေရာမှာ ပစ္စုပ္ပန်အကျိုးကိုငြင်းဆိုတာလား အတိတ်အကျိုးကိုငြင်း
ဆိုတာလားဆိုတော့ နှစ်ခုစလုံးနဲ့ငြင်းဆိုတာ။
ဒါနရဲ့အကျိုးမရှိဘူးဆိုရင် လက်တွေ့မှာတင်ကြည့်ရအောင် ပေးတာကမ်းတာကိုအကျိုးမရှိ
ဘူးဆိုတာ။ နောင်ဘ၀ဆိုတာ ကိုယ်မပြောနိုင်လို့
အသာထား။ ပေးတဲ့ကမ်းတဲ့ ပုဂ္ဂိုလ်ဟာ ဒီဘ၀မှာ ချောမွေ့အဆင်ပြေတာရှိမရှိ ကိုယ့်ဘာသ
ာကိုယ် စဉ်းစာကြည့်ပေါ့။
တစ်စုံတစ်ခုကိုပေးကမ်းပြီးတော့ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာ အဆင်ပြေသလား အ
ဆင်မပြေဘူးလား ပထမဦးဆုံးစဉ်းစား။အဆင်ပြေတယ်။
အဆင်ပြေတာဟာ ပေးခြင်းကမ်းခြင်းရဲ့အကျိုးကျေးဇူးပေါ့။အဲ့ဒါကို မရှိဘူးလို့ငြင်းပယ်လို့ရှိ
ရင် လက်တွေ့ကိုရောငြင်းပယ်ရမှာပေါ့။အဲ့ဒီလို ငြင်းပယ်တဲ့သူတွေ
ရှိတယ်။နတ္ထိ ဒိန္နံ -ပေးကမ်းတာအကျိုးမရှိဘူးဆိုရင် လက်တွေ့ကျတော့ပေးကမ်းလိုက်ရင်
အောင်မြင်သွားတာလေးတွေ ကိုယ်ဖြစ်ချင်တာလေးတွေ
ဖြစ်သွားတာရှိတယ်။နောက်တစ်ခုက ပေးကမ်းသည့်ပုဂ္ဂိုလ်ဟာ ရယူသည့်ပုဂ္ဂိုလ်က သူ့ကိုခ
င်မင်ပြီးတော့ မေတ္တာသက်ရောက်သွားတယ်။
တစ်စုံတစ်ခုကို တစ်ယောက်ယောက်ကလိုအပ်နေတယ်ဆိုရင် လိုအပ်နေတာကိုပေးလိုက်
တယ်ဆိုရင် ဟိုတစ်ဖက်သားက ကိုယ့်ဆီကို မေတ္တာတွေ
ရောက်မလာဘူးလား။အဲ့ဒီမေတ္တာရောက်တာဟာ ဒါနရဲ့အကျိုးပဲပေါ့။
နောင်ဘ၀ဒါနကြောင့် ချမ်းသာတာ မချမ်းသာတာကိုယ်မသိဘူးလေ။အဲ့ဒါကို မယုံချင်
နေဦး။လက်တွေ့လုပ်ခြင်းအားဖြင့်ကိုယ့်မှာ ဒီအကျိုးရှိတယ်။
လှူတော့ တန်းတော့မယ်ဆိုရင် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်ဘာသာကိုလှူလှူ ကျေးဇူးတင်
မခံရဘူးလား။ဒါ ဒါနရဲ့အကျိုးပဲပေါ့။
အဲ့ဒါကိုငြင်းပယ်တဲ့ နတ္ထိက၀ါဒသမားက နတ္ထိ ဒိန္နံ-လှူတန်းခြင်းဟာအကျိုးမရှိဘူးဆိုတာ လ
က်တွေ့နဲ့ဆန့်ကျင့်နေတယ်။ဒါက သေသေချာချာ
စဉ်းစားဖို့တော့ လိုတယ်။လက်တွေ့ထက် ဘယ်ဟာမှ ပိုမှန်စရာအကြောင်းမရှိဘူး။ နော
က်တစ်ခုက ယိဋ္ဌ- ဆိုတာသည် အကြီးအကျယ်အလှူကြီး
အတန်းကြီးပေးတယ်။ရှေးတုန်းကတော့ ယဇ်ပူဇော်တယ်ပေါ့။ မြို့လုံးကျွတ် ရွာလုံးကျွတ်
လှူကြတယ် ပေးကမ်းတယ် အဲ့ဒါက အကျိုးမရှိဘူးလို့ ငြင်းနေတာ။ဟုတ- လက်ဆောင်ပဏ
ၰာ
တွေပေးတယ် ဒါတွေလည်းအကျိုးမရှိဘူးလို့ ဒီပေးကမ်းခြင်း(၃)မျိုးကို အဆင့်အတန်းခွဲထာ
းတာ။ဒီ(၃)မျိုးကို ဘာမှအကျိုးမရှိဘူးလို့ ငြင်းပယ်တဲ့
ဝါဒကို နတ္ထိက ၀ါဒ လို့ခေါ်တယ်။
ဒါပေမယ့်လူတိုင်းတော့ လက်မခံဘူးတဲ့ တစ်ဖက်ကလက်ခံတယ် အတ္ထိ ဒိန္နံ၊ အတ္ထိ ယိ
ဋ္ဌံ၊
အတ္ထိ ဟုတံ၊လှူတာ တန်းတာ ပေးတာ ကမ်းတာအကျိုးရှိတယ်။
အကြီးအကျယ်လှူဒါန်းတာလည်း အကျိုးရှိတာပဲ။လက်ဆောင် ပဏ္ဏာပေးတာလည်းအကျိုးရှိ
တာပဲ။ဘာပဲပေးပေး ပေးတာအကျိုးရှိတယ်ဆိုပြီး လက်ခံတာ
တစ်စု။အဲ့ဒါကို အတ္ထိက ၀ါဒလို့ခေါ်တယ်။ဒါက (၃)ခုရှိပြီ။ အချက်(၁၀)ခုကိုအခြေခံပြီး
အမြင်နှစ်ခု ကွဲပြားခြားနားနေတာ။
နောက်တစ်ခုနံပါတ်(၄)လေးက
“နတ္ထိ သုဂတ ဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော” - ကုသိုလ် အကုသိုလ်တို့ရဲ့
အကျိုးတရားဆိုတာ မရှိဘူးတဲ့။ဟိုတစ်ဖက်ကလည်း မဟုတ်ဘူး ကုသိုလ်
အကုသိုလ်တို့ရဲ့ အကျိုးတရားဟာ ရှိတယ်။အမြင်ကနှစ်မျိုးရှိတယ်။
နောက်နံပါတ်(၅) နတ္ထိ အယံ လောကော၊ နံပါတ်(၆) နတ္ထိ ပရော လောကော။
နတ္ထိ အယံ လောကော- ဒီလောကဆိုတာ မရှိဘူး
ဘယ်သူတွေအတွက်လဲဆိုရင် တမလွန်လောကသားတွေအတွက်၊
နတ္ထိ ပရော လောကော- ဒီလောကသားတွေအတွက် တမလွန်လောကဆိုတာ
မရှိဘူးလို့ငြင်းပယ်။နောက်ထပ်လူတစ်စုကတော့ ဒီလို မဟုတ်ဘူး အတ္ထိ အယံ လောကော-
ဒီလောကဆိုတာရှိတယ်၊ အတ္ထိ ပရော လောကော- တမလွန်ဘ၀ဆိုတာ ရှိတယ်။
နောက်နံပါတ် (၇)နတ္ထိ မာတာ၊ နံပါတ်(၈) နတ္ထိ ပီတာ။ အမေ အဖေနဲ့ပတ်သက်ပြီးငြ
င်းပယ်တယ်။ ငြင်းပယ်တယ်ဆိုတဲ့နေရာမှာ ဒီစကားလုံးရဲ့အဓိပ္ပာယ်ရဲ့ အဖြောင့်ကိုပြောမ
ယ်ဆိုရင်
နတ္ထိ မာတာ- အမေ မရှိဘူး။ နတ္ထိ ပီတာ- အဖေ မရှိဘူး ဒီလိုပြောရပါတယ်။
သို့သော် ဆိုလိုတာကဘာလဲဆိုရင် အမေကို အသိအမှတ်မပြုဘူး
အဖေကို အသိအမှတ်မပြုဆိုသည့် အဓိပ္ပာယ်ရသည့်အတွက်ကြောင့် အမေ ပေါ်မှာ
အဖေပေါ်မှာ ပြုစုစောင့်ရှောက်တာ ဘာအကျိုးကျေးဇူးမှမရဘူး။
ဘာကုသိုလ်မှ မဖြစ်ဘူး။အမေ အဖေကိုဆော်ကားရင် အပြစ်မဖြစ်ဘူး။
အကျိုးတရားကို ငြင်းပယ်တဲ့ဝါဒ။ နောက်တစ်စုက ဒီလိုမဟုတ်ဘူး အမေ အဖေဆိုတာရှိတ
ယ်။အမေ အဖေရှိသည့်အတွက်ကြောင့် အမေ အဖေပေါ်မှာပြုစုရင်လည်း
ကုသိုလ်ရတယ် ဆော်ကားရင်လည်း အပြစ်ဖြစ်တယ်။အမြင်နှစ်မျိုး ခြားနားနေတယ်။
နံပါတ်(၉)က နတ္ထိ သတ္တာ သြပပါတိကာ- သေပြီးတဲ့နောက် ဘယ်သတ္တ၀ါမှ
ပြန်မမွေးဘူး။သေပြီး ပြီးတာပဲ။ ဒါတချို့ဘာသာတွေအရ တမလွန်ဘ၀ဆိုတာ
မရှိဘူး။ သေပြီးပျောက်တာပဲ။ဒီကနေ့ခေတ်မှာ တချို့ဘာသာတွေရှိတယ်လေ။
သေပြီးတဲ့နောက် လူပြန်ဖြစ်တာ မရှိဘူး။
နောက်တစ်ဦးက ဘာပြောသလဲဆိုတော့ အတ္ထိ သတ္တာ သြပပါတိကာ-သေပြီးတဲ့နောက် ပြ
န်မွေးတယ်ဆိုတာ ရှိတယ်။ဒီအချက်ပေါ်မှာလည်း ကွဲပြား ခြားနားမှုရှိတယ်။
နောက်ဆုံး(၁၀)ကဘာလဲဆိုတော့
“ နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ
ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီ''တိ ”
တရားဓမ္မကို ကျင့်ကြံအားထုတ်လို့ ထူးခြားတဲ့အသိဉာဏ်ကြီးကို ရရှိပြီး ဟိုလောက
ဒီလောက အကြောင်းကို ဟောပြောနိုင်တဲ့ အမှန်ကိုသိတဲ့ သဗ္ဗေညုဗုဒ္ဓဆိုတာ လောကမှာ
မရှိဘူးတဲ့။ဘုရားကို ငြင်းပယ်တယ်။ထူးခြားတဲ့ အသိဉာဏ်ကို ရတဲ့
သူဆိုတာ လောကမှာ မရှိဘူး။ လူသားဘုရား မရှိဘူးလို့ငြင်းပယ်တဲ့ သဘော။တဘက္ကေ
တာ့ မဟုတ်ဘူးရှိတယ်။အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အတွက်ကြောင့် လော
ကကြီးအကြောင်းကို ကိုယ်တိုင်သိပြီးတော့ မှန်မှန်ကန်ကန်
ဟောပြောနိုင်တဲ့သူ အင်မတန်မှ ထူးခြားတဲ့
သဗ္ဗေညုတဉာဏ်ရှင် ဘုရားဆိုတာ ရှိတယ်။ဒီ(၁၀)ချက်။
အဲ့ဒီ(၁၀)ချက်နဲ့ပတ်သက်ပြီးတော့ ဒီသတ္တ၀ါတွေရဲ့အမြင်ဟာ နှစ်မျိုးဖြစ်နေတယ်။ဘ
ယ်ခေတ်ရောက်ရောက် ဒီနှစ်မျိုးပဲ။ဒီ(၁၀)ချက်လုံးတော့ ဟုတ်ချင်မှ
ဟုတ်မယ်။ဒီ(၁၀)ချက်ထဲက တစ်ချက်ချက်တော့ မိမှာပဲ။(၁၀)ချက်လုံး မငြင်းခုံသော်လည်း
နတ္ထိက၀ါဒသမားနဲ့ အတ္ထိက၀ါဒသမား ။ဒီ(၁၀)ချက်လုံးကို
ရှိတယ်လို့ လက်ခံတဲ့သူက တစ်ပိုင်း၊ မရှိဘူးလို့ ငြင်းခုံတဲ့သူက တစ်ပိုင်း။အဲ့ဒီလိုနှစ်ပိုင်း။ မြ
တ်စွာဘုရားက ဒီနေရာမှာ ဘုန်းကြီးတို့
ပါယာသိရာဇညသုတ်မှာ အဓိကထားပြီးတော့ဆွေးနွေးတာကဘာလဲဆိုတော့ တမလွန်ဘ
ဝ ရှိသလာ မရှိဘူးလား? ထိုတမလွန်ဘ၀ကို ရောက်စေနိုင်တဲ့
ကံတရားဆိုတာ ရှိသလား မရှိဘူးလား ? ဒီအချက်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ကျ
န်တဲ့ အချက်တွေမဆွေးနွေးဘူး။ဒါ့ကြောင့်မို့ ခေါင်းစဉ်မှာ
ပေးထားတာက တမလွန်ဘ၀နှင့်ကံအကြောင်းဆွေးနွေးခြင်း ။အဲ့ဒါနဲ့ ပတ်သက်ပြီး ပါယာ
သိရာဇညသုတ်မှာ အဓိကထားဆွေးနွေးတယ်။
လောက လူတွေတော်တော်များများက ဒီအချက်တွေငြင်းပယ်ထားတယ်။
မြတ်စွာဘုရားက ဒီ(၁၀)ချက်ကို ငြင်းပယ်တဲ့ အမြင်ကို အားလုံးသိတဲ့အတိုင်း မနော
သုစရိုက်နဲ့ မနောဒုစရိုက် (၀ါ) မနောကံသုံးပါးဆိုတာ
အားလုံးကြားဖူးလိမ့်မယ်။စိတ်ထဲမှာ ဖြစ်တဲ့မနောကံ(၃)မျိုးဆိုတာ ဘာလဲဆိုရင် မနောဒုစရို
က်နဲ့ပတ်သက်ရင် အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ။
အဘိဇ္ဈာဆိုတာ -သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု လောဘနဲ့တွေးတဲ့အတွေး။ဗျာပါဒ
ဆိုတာ- တစ်ဖက်သားကိုပျက်စီးစေလိုတယ်
သတ်ချင်ဖြတ်ချင်တယ် ဆင်းရဲဒုက္ခရောက်သွားစေချင်တယ်ဆိုတဲ့ ဒေါသနဲ့တွေးတဲ့အတွေး။
မိစ္ဆာဒိဋ္ဌိဆိုတာ- ဟောဒီ(၁၀)ချက်ကို မရှိဘူးလို့ငြင်းတာ။
မှားယွင်းတဲ့အတွေး။ ဒီ(၁၀)ချက်ကို ငြင်းရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်။ဒါ မနောကံ မနောဒုစရိုက်
ပေါ့။ကဲနောက်တစ်ဘက်က ရှိတယ်လို့လက်ခံတာကျတော့
သမ္မာဒိဋ္ဌိ-မှန်ကန်းတဲ့အတွေးလို့ခေါ်တယ်။မနောသုစရိုက်ဆိုတာကျတော့ အနဘိဇ္ဈာ၊အဗျာ
ပါဒ၊သမ္မာဒိဋ္ဌိ ဒီလို။
အဲ့ဒီမှာ ဒီနေ့ပြောချင်တာက မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိဆိုတဲ့နေရာမှာ ဒီ(၁၀)ချက်
ကိုငြင်းတာကိုတာ ဒီနေရာမှာမိစ္ဆာဒိဋ္ဌိလို့ ဆိုလိုတာ။
သက္ကာယဒိဋ္ဌိတွေ သွားမစဉ်းစားနဲ့။အခြေခံကျတဲ့ မိစ္ဆာဒိဋ္ဌိ ဒုစရိုက်ထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ။ ဒီ
(၁၀)ချက်ကိုငြင်းတာကိုတာကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တာ။
ဒီ(၁၀)ချက်ကို လက်ခံလို့ရှိရင် သမ္မာဒိဋ္ဌိ။မှန်ကန်တဲ့ အမြင်နဲ့ မှားယွင်းတဲ့အမြင်။
ကဲဘာလို့မှန်ပြီး ဘာလို့မှားသလဲ။ဒါကို မြတ်စွာဘုရားက စဉ်းစားပုံ စဉ်းစားနည်းကို
အပဏ္ဏကသုတ်မှာ မြတ်စွာဘုရားဟောထားတာရှိတယ်။
သေချာတဲ့လမ်းကိုလည်းပဲ ရွေးချယ်ဖို့ မြတ်စွာဘုရားဟောထားတာ ရှိတယ်။
ကဲဒီနှစ်ခုပဲ စဉ်းစာကြည့် ကံတရားကိုငြင်းပယ်လိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသိဉာဏ်
နဲ့သေချာစဉ်းစားကြည့် ကံတရားကိုလက်မခံဘူး
တမလွန်လောကကို လက်မခံဘူးဆိုတဲ့ ပုဂ္ဂိုလ်ရယ် ကံတရားကို လက်ခံတယ် တမလွန်လေ
ာကကိုလက်ခံတဲ့ပုဂ္ဂိုလ်ရယ် စဉ်းစားပုံ စဉ်းစားနည်းလေး
တမလွန်လောကကို လက်ခံထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ငါသေပြီးနောင်ဖြစ်ဦးမှာပဲဆို
တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းတာတွေလုပ်ဖို့
စဉ်းစာတယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ သေပြီးနောက်ဖြစ်လာရင် ဒီထက်ပိုပြီးဆိုးမှာကို မ
လိုလားဘူး နောင်ဘ၀မှာဆိုးမှာကို ဘယ်သူမှ မလိုလားဘူး။
လူတိုင်းရဲ့စိတ်ဟာ ချမ်းသာချင်တယ် ဒီထက်အဆင့်မြင့်ချင်တယ်။နောင်ဘ၀ဖြစ်ဦးမှာဆိုရင်
ဒီထက်ကောင်းတာ မဖြစ်ချင်ဘူးလား။အဲ့ဒါကြောင့်
ဒီထက်ကောင်းအောင် လုပ်မှာပဲဆိုပြီးတော့အတွေး သူ့မှာရှိတယ်။
တမလွန်ဘ၀ငြင်းပယ်ထားတဲ့သူက ဒီဘ၀မှာပဲအကုန်စံ သေပြီးဘာမှ မရှိဘူးဆိုပြီး
လုပ်ချင်ရာလုပ်မှာပဲ။အဲ့ဒီပုဂ္ဂိုလ်ကျတော့ နောက်ဘ၀ မစဉ်းစားဘူး။
အဲ့ဒီ ရုပ်ဝါဒီသမားတွေဆိုတာ နောက်ဘ၀မစဉ်းစားဘူး။ ဒီဘ၀သေရင်ပြတ်ပြီ ဆိုတဲ့ အယူ
အဆရှိတဲ့သူတစ်ယောက်ဟာ လူတော် လူကောင်းဖြစ်နိုင်ပါ့မလားလို့
ကိုယ့်ဘာသာကိုယ် မေးကြည့်ပါဦး။တမလွန်လောကအရေးကို မစဉ်းစားတဲ့သူတစ်ယောက်
ဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့ တော်တော် ခက်တယ်။
ဒီဘ၀ကြီးပွားရင်ပြီးရော နောင်ဘာဖြစ်ဖြစ် နောင်လည်းဖြစ်မှာ မဟုတ်ဘူး။ဒီဘ၀မှာ ရတဲ့
အခွင့်အရေး အကုန်ယူဆိုတဲ့ သူတစ်ယောက်ဟာ နောင်ဘ၀အရေး
လုံးဝ မစဉ်းစားဘူး။မစဉ်းစားသည့်အတွက်ကြောင့် ဒီပုဂ္ဂိုလ်ဟာ လူတော်လူကောင်းဖြစ်ဖို့ေ
တ်ာတော် ခဲယဉ်းတယ်။နောင်ဘ၀စဉ်းစားတဲ့သူတစ်ယောက်ကျတော့
လူတော်လူကောင်းဖြစ်လာတယ်။အဲ့ဒီ အချက်နဲ့ နောင်ဘ၀ရှိတယ်ဆိုတာဟာ အင်မတန်မှ
ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်။ဘာကောင်းကျိုးလဲ
ဆိုတော့ နောင်ဘ၀ရှိတယ်ဆိုတာကို လက်ခံတော့ မဟုတ်တာကိုမလုပ်တော့ဘူး။ကောင်း
တာတွေ လုပ်ဖို့ကျိုးစားလာတယ်။
အဲ့ဒီတော့ မြတ်စွာဘုရားက တမလွန်ဘ၀ရှိ မရှိဆိုတာ ကိုယ်ကိုယ်တိုင်သိနိုင်စွမ်းမရြှိ
ကဘူး။မနက်ဖြန်ဘာဖြစ်မယ်ဆိုတာလည်း မပြောနိုင်ဘူးလေ။
အဲ့ဒီတော့ နောင်အနာဂတ်ကိုပြောဖို့ဆိုတာ အလွန်အင်မတန်မှ ခဲယဉ်းတယ်။အဲ့ဒီတော့ေ
နာင်ဘ၀ရှိတယ် မရှိဘူးကိုယ်မသိဘူး။သံသယကင်းပြီးတော့
ဘုရားစကားကိုယုံကြည်လက်ခံထားရင်တော့ ပြဿနာမရှိဘူး။ဘုရားစကားကို ယုံကြည်လက်
ခံထားတော့ ယုံတယ်ပေါ့ ။
ဘာသာရေးကိစ္စကို ဘုရားရှင်ကို ယုံကြည်အားကိုးတာ။ တခြားကိစ္စတွေမှာရော လူတွေအ
ားကိုးတာမရှိဘူးလား။ ဆရာဝန်ဆီသွားတယ် ခင်များဒီရောဂါ ဒီဆေးသောက်ပျောက်မယ်
ဆိုတော့ ကိုယ်ကိုယ်တိုင်သိလို့လား (၀ါ) ဆရာဝန်အားကိုးနဲ့သွားပြတာလား။ အကယ်၍
အဆိပ်ဆေးကိုသွားသောက်မိရင် ဘယ်လိုလုပ်မလဲ။သို့သော် ဆရာဝန်အပေါ်မှာ ယုံကြည်
မှုနဲ့ သွားတာ။ဆရာဝန်သိတယ် တတ်တယ်ဆိုပြီးည ယုံကြည်မှုနဲ့သွားတယ်ပေါ့။ သူက မှန်
မှန်ကန်ကန်ညွှန်တဲ့ ပုဂ္ဂိုလ်ဆိုရင် ယုံကြည်မှုနဲ့လုပ်တာ ပျောက်တယ်။
အေးအဲ့ဒါဘုရားကိုယုံတယ်ဆိုရင် တမလွန်လောကရှိတယ်လို့ လက်ခံထားလိုက်တယ
်။တမလွန်လောက ကောင်းဖို့အတွက် ဒီဘ၀မှာ မကောင်းမှုတွေ
ကိုရှောင်တယ် ဆိုတဲ့ လူတော် လူကောင်းတွေဖြစ်လာတာ။ကဲဘုရားကိုတောင် သံသယရှိေ
နတဲ့သူတွေအတွက် မြတ်စွာဘုရားက နည်းလမ်းပေးထားသေးတယ်။
ဘယ်လိုနည်းလမ်းပေးတုန်းဆိုရင် - ကောင်းပြီ ဘယ်သူ့မှ မယုံဘူးထား တမလွန်လောက
ကို တစ်ယောက်ကရှိတယ်ပြောတယ် တစ်ယောက်က
မရှိဘူးပြောတယ်။ဘယ်သူ့စကားမှန်မယ်ဆိုတာကို ကိုယ်မသိဘူး။မသိတဲ့အခါမှာ မြတ်စွာ
ဘုရားက ဘယ်လိုလုပ်ဆိုတာကို လမ်းညွှန်ပြတယ်။
ဘယ်သူ့စကားကို ယုံရမလဲမသိဘူးဆိုရင် မင်းကောင်းအောင်နေလိုက် ဒီဘ၀မှာ မဟုတ်တ
ာတွေ မလုပ်ဘူး စိတ်ကောင်းနှလုံးကောင်းမွေးပြီး
ကောင်းအောင်နေ။ ကောင်းအောင်နေလို့ တမလွန်လောက မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်အရ ကိုယ်
သေသွားလို့ တမလွန်လောကရောက်စရာမရှိဘူးဆိုလည်း
အိုကေပဲ။ဒီဘ၀မှာ ကောင်းအောင်နေသည်အတွက်ကြောင့် လူတော်လူကောင်း စာရင်းဝ
င်သွားတယ်။တမလွန်လောက မရှိလည်းဘာမှ ပူစရာမရှိဘူး။
ကိုယ် ဒီဘ၀မှာကောင်းတယ် ကဲတမလွန်လောက ရှိပြီဆိုလို့ရှိရင် ကိုယ်ကောင်းအောင်မေ
နလို့ရှိရင် ဒုက္ခရောက်မယ်ပေါ့။
တမလွန်လောက မရှိဘူးဆိုရင် ကိစ္စမရှိဘူး။တမလွန်လောက ရှိတယ်ဆိုရင် ကောင်းေ
အာင်မနေသည့်အတွက်ကြောင့် ဒုက္ခရောက်မယ်။
ကောင်းအောင်နေလိုက်သည့်အတွက်ကြောင့် တမလွန်လောကရှိတယ်ဆိုရင်လည်း နောင်
ဘ၀ကောင်းရာဘုံဘ၀ ကိုယ်ရောက်ရမယ်။
ဒီထက်အဆင်မြင့်တဲ့ဘ၀ကို သူရောက်သွားနိုင်တယ်။နောက်ဆုံးတော့ တမလွန်လောက မ
ရှိဘူးဆိုပြီးကောင်းအောင်မနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ဒီဘ၀မှာလည်း လူဆိုးလို့အပြောခံရတယ်။နောင်ဘ၀ကျတော့လည်း တမလွန်လောကရှိလ
ာသည့်အတွက်ကြောင့် ဒုက္ခရောက်တယ်။
အပယ်ငရဲကျပြီး ဒုက္ခရောက်တယ်။နှစ်ဖက်စလုံး ဆုံးရှုံးနစ်နာတယ်လို့ ဒီလိုမြတ်စွာဘုရား
က ဟောပြတယ်။
ကဲတမလွန်လောကရှိတယ်လို့လက်ခံပြီးကောင်းအောင်နေတဲ့ ပုဂ္ဂိုလ်က ဒီဘ၀မှာလ
ည်းလူတော်လူကောင်းလို့ သတ်မှတ်ခံရတယ်။နောင်ဘ၀ရောက်တဲ့အခါမှာလည်း
ကောင်းရာသုဂတိကိုရောက်တယ်ဆိုတော့ နှစ်ဖက်စလုံး သူကအကျိုးရတယ်။ဒါမြတ်စွာဘုရ
ားရဲ့ သွန်သင်ဆုံးမတဲ့အတွေးအခေါ်တစ်ခုပေါ့။
အဲ့ဒီလို ရှု့မြင်သုံးသပ်ပါလို့ အပဏ္ဏကသုတ်မှာ မြတ်စွာဘုရားက ဒီလိုဟောထားတယ်။အဲ့
ဒီလို ရှု့မင်သုံးသပ်လို့ရှိရင် ရှိတယ်မရှိဘူး ကိုယ်ဆုံးဖြတ်
နိုင်စွမ်းမရှိဘူးဆိုလို့ရှိရင် ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ ဉာဏ်ဟာအင်မတန်မှ အရေးကြီးတ
ယ်။
ဒါကြောင့်(၅၅၀)ထဲမှာ ဇာတ်လမ်းတစ်ခုရှိတယ်။သမုဒ္ဒဝါဏိဇဇာတကဇာတ်- အလွန်
မှတ်သားစရာကောင်းတယ် မသေချာဘူးဆိုတဲ့နေရာမှာ သေချာတာကိုရွေး
ဖို့လိုအပ်တယ်။အဲ့ဒီ ဇာတ်လမ်းကဘာတုန်းဆိုလို့ရှိရင် လူတွေဟာ သဘောပျက်လို့ ပင်လ
ယ်ထဲမျောသွားတယ်။ရှေးတုန်းကတော့ ဒီပင်လယ်ကျွန်းတွေမှာ
လူမရောက်ကျဘူးလေ။အခုနောင်ပိုင်းမှ သင်္ဘောတွေဘာတွေနဲ့ဆိုတော့ လူတွေကျွန်းတွေ
အနှံရောက်ကုန်တာ။သေဘာၤပ်က္တဲ့အခါက်ေတာ့
ကျွန်းပေါ်လူတွေရောက်ကုန်တယ်။အုပ်စု(၂)စုရောက်သွားတယ် တစ်စုကို(၅၀၀)လောက်
ရောက်သွားတယ်။လူတစ်ယောက်လောက် အဲ့ဒီကျွန်းပေါ်
ရောက်သွားတယ်ပေါ့။အဲ့ဒီကျွန်းပေါ်မှာနေထိုင်ပြီးတော့ စားသောက်ကြတယ်။ပြန်ဖို့ရာလ
ည်းခက်တယ်။ပင်လယ်ဆိုတာ အင်မတန်မှဝေးလံတဲ့နေရာရောက်
သင်္ဘောကလည်းပျက်သွားတယ်ဆိုတော့ နေရပ်ကိုပြန်ဖို့ခက်တော့ အဲ့ဒီကျွန်းပေါ်မှာပဲနေ
လိုက်ကြတယ်။
အဲ့ဒီကျွန်းက လူနေတဲ့ကျွန်းမဟုတ်သည့်အတွက်ကြောင့် အရင်ကကျွန်းပေါ်မှာနေတာ
လူတွေမမြင်နိုင်တဲ့ နတ်တွေ။လူတွေဟာကျွန်းပေါ်မှာနေသည့်
အတွက်ကြောင့် လူတွေဆိုတာတချို့က သန့်သန့်ပြန့်ပြန့်မနေတတ်ဘူး။
ညစ်ညစ်ပတ်ပတ်တွေ ။ကျွန်းဟာတဖြည်းဖြည်းလူတွေ နေလာသည့်အတွက်ကြောင့်
ကျင်ကြီးကျင်ငယ် ဟိုစွန့်ဒီစွန့်သည့်အတွက်ကြောင့် လူတွေရဲ့အနေအထိုင်ညစ်ပတ်မှုကို
အကြောင်းပြုပြီးတော့ ကျွန်းပေါ်မှာရှိတဲ့နတ်တွေက
စိတ်ဆိုးလာတယ်။စိတ်ဆိုးလာတော့ နတ်တွေက စည်းဝေးကြတယ် ဒီကျွန်းပေါ်မှာ ဒီကျွန်း
ပေါ်မှာလူတွေရောက်လာတာ မကောင်းဘူး။
ဒီလူတွေတော့ မောင်းချပြစ်မှဖြစ်မယ်။ဘယ်လို လုပ်မလဲဆိုတော့ သူတို့ရဲ့စီမံချက်ကလည်း
တော်တော် ကြောက်စရာကောင်းတယ်။
လာမယ့် လပြည့်နေမှာ ဒီရေတက် ကျွန်းကြီးကိုရေလွမ်းပြီးတော့ အကုန်လုံး ဆေးကြောပ
စ်လိုက်မယ်။လပြည့်နေ့ကို ဘာလို့ရွေးတာလည်းဆိုတော့
အားလုံးကြားဖူးတယ်မို့လား ဒီရေတက်တာဘာကြောင့်တက်တာဆိုတာဆွေးနွေးတာ ရှိတ
ယ်လေ။သိပ္ပံဆရာတွေက လရဲ့ဆွဲအားကြောင့်ဖြစ်တာလို့ပြောတယ်။
ဒါကြောင့်လပြည့်နေ့ဆိုရင် ဒီရေကအပြည့်တက်တယ်ပေါ့။
ဒါလကဆွဲလို့ လရဲ့ဆွဲအားကြောင့်ရေတွေတက်လာတာ။နောက် ဘုန်းကြီးတို့ ပါဠိစာ
ပေမှာရေးထားတာလေးတစ်ခုသွားတွေ့တယ်။
လပြည့်နေ့ ဒီရေတက်တာ ဘာလို့တက်တာလည်းဆိုတော့ အဲ့ဒီမှာ လရဲ့ဆွဲအားလို့ မသုံး
ဘူး “လ” တော့ “လ”ပဲ။ပင်လယ်ထဲမှာ (စန္ဒရကန္တ)ကျောက်
တောင်တွေရှိတယ်တဲ့။ လရောင်ကြောင့် (စန္တရကန္ဒ)ကျောက်တွေကနေ ရေတွေအန်ထွက်
တယ်တဲ့ အဲ့ဒီလိုအန်ထွက်လာသည့်အတွက်ကြောင့်ရေတွေများပြီး ဒီရေတက်လာတယ်လို့
ဒီလိုပြေတာ။ ဒီစကားနှစ်ခုဟာ ကွဲလွဲနေတာရှိတယ်။
အားလုံးအများသိကြတဲ့ သိပ္ပံဆရာတွေပြောတဲ့ လရောင်ကဆွဲလို့ဒီရေ
တက်တယ်လို့ဆိုတယ်။ အခုပါဠိစာပေမှာ သံယုတ္တနိကာယ် သုတ္တံတစ်ခု ဋီကာမှာ လရဲ့ဆွဲ
အားလို့မပြောဘူး။လရောင်နဲ့တွေ့တဲ့အခါမှာ ပင်လယ်ထဲမှာ
(စန္ဒရကန္တကျောက်)တွေဟာ ရေအန်တယ်တဲ့။ကျောက်က နှစ်မျိုးရှိတယ်
တစ်ချို့ကျောက်က နေရောင်နဲ့တွေ့ရင် မီးတောက်တယ်။တချို့ကျောက်က လနဲ့တွေ့ရင်ရေ
အန်ထွက်တယ်။ ပင်လယ်ထဲမှာ အဲ့ဒီကျောက်တောင်တွေ ကျောက်ဆောင်တွေရှိလို့ လရော
င်နဲ့တွေ့တဲ့အခါမှာ
ရေအန်ထွက်ပြီးရေကြီးတာအဲ့ဒါကြောင့်။
အဲ့ဒီစကားက ပိုပြီးတော့ သဘာဝကျတယ်လို့ ဘုန်ကြီးတို့ကတော့ စဉ်းစားမိတယ် ဘာ
ဖြစ်လို့လဲဆိုတော့ တခြားအကြောင်းကို သူတို့ဘာပြသေးလဲတော့
မသိဘူး လရဲ့ဆွဲအားကြောင့် ပင်လယ်ထဲကရေတွေတက်တယ်ဆိုရင် မြစ်ထဲကရေတွေရေ
ာ ဘာလို့မတက်တာလဲ ရေအိုးထဲကရေတွေရော ဘာလို့မဆွဲဘူးလား မေးစရာရှိတယ်။ ပင်
လယ်ထဲကရေတွေအများကြီးဆွဲနိုင်တယ်ဆိုလို့ရှိရင် ရေအိုးထဲကရေတွေတော့ လသာတဲ့ေ
န့တွေဆိုရင် ပြောင်ထွက်သွားလိမ့်မယ်ထင်တယ်နော်။မြစ်ထဲက ရေတွေလည်းအကုန်လ
ျံတက်သွားလိမ့်မယ်ထင်တယ်။သို့သော် မြစ်ထဲကရေ ရေအိုးထဲကရေ
တုပ်တုပ်တောင် မလှုပ်ဘူး။အဲ့ဒါကို စဉ်းစားကြည့်ရင်ဘုန်းကြီးတို့က
ပါဠိစာပေမှာလာတဲ့အချက်က ပိုပြီးတော့ Reasonable Logical ဖြစ်သလားလို့တွေး
မိတာ
ပေါ့နော်။
(ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး)
{တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း-၁ မှတရားတော်မှကောက်နှုတ်ချက်}
ဓမ္မမိတ်ဆွေများ ဓမ္မအသိတွေကြွယ်ဝပြီး ဘ၀တွေထွန်းပြောင်ကြပါစေဗျာ။
ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသာ
း။
Monday, December 8, 2014
“ တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း - ၁ ”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment