“ တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း - ၂ ”
{နာယူပြီး လိုက်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်}
ကဲကောင်းပြီ နတ်တွေက လပြည့်နေ့မှာ ဒီရေလွှမ်းပြီးကျွန်းကြီးကိုဆေးပစ်မယ်ဆိုတဲ့ အစီ
အစဉ်ချတယ်။အဲ့ဒီနတ်တွေထဲမှာလည်းစိတ်ကောင်း နှလုံးကောင်း
ရှိတဲ့နတ်တွေရှိတယ်။သနားတတ်တဲ့နတ်တွေက ဒီသတင်းလည်းကြားရော ဟာဒီကောင်ေ
တွသေကုန်တော့မှာပဲ။ အများသဘောတူ ဆုံးဖြတ်တာဆိုတော့
သူတို့လည်း မတတ်နိုင်ဘူးပေါ့နော်။သတင်းပေါက်ကြားတယ် သွားပြီးတော့ပြောတယ်။ေ
အးနတ်တွေကတော့ ဒီလိုပဲ မင်းတို့နေတာ ထိုင်တာညစ်ပတ်
လို့ကျွန်းကြီးကိုဆေးတော့မယ်။မင်းတို့ သတိထားကြ ဒီရက်မတိုင်ခင် သွားကြ ခွာကြပေါ့။
မနေကြနဲ့ အကုန်သေလိမ့်မယ်။အဲ့ဒီလို သတင်းပေးတဲ့အခါမှာ
မမှန်သတင်းပေးချင်တဲ့နတ်သားကလည်းရှိသေးတယ်။အမှားသတင်းပေးချင်တဲ့နတ်က ဘာ
ပြောလဲဆိုတော့ ခုနက နတ်ပြောတာမယုံကြနဲ့ပေါ့။
မင်းတို့နေလာတာကြာပီ ဘာမှမဖြစ်ဘူး အေးအေးဆေးဆေးနေကြဆိုပြီး ပြောသွားတယ်
။
ကဲစဉ်းစားကြည့် ဘုန်းကြီးတို့တတွေဘာလုပ်မလဲ ဒီနေရာမှာ ဉာဏ်ရည်ဉာဏ်သွေး
အင်မတန်မှ အရေးကြီးတယ်။ပထမပြောတဲ့ နတ်စကားအတိုင်း
လာမယ့်နောက်နှစ်ပတ်မှာ ဒီကျွန်းကြီးဟာရေထဲမြုပ်တော့မယ်။နောက်တစ်ယောက်က မ
ဟုတ်ဘူးလို့ပြောသွားတယ်။အဲ့ဒါဘာလုပ်သင့်သလဲ။
အဲ့ဒီမှာ ခေါင်းဆောင်နှစ်ယောက်ပေါ်လာတယ်။တစ်ယောက်ကတော့ အေး နောက်လူပြေ
ာတာ ဟုတ်လောက်တယ်။တစ်ခါမှလည်းအတွေ့အကြုံ မရှိဘူး။အလားကာ ဟိုလူက ကော
လဟာလတွေ လာပြောသွားတာဆိုပြီးတော့။ပထမနတ်ပြောတာကို ယုံစရာမရှိဘူးဆိုပြီး
ဆုံးဖြတ်တယ်။ နောက်တစ်ယောက်ကတော့ ခေါင်းကောင်းတယ်စဉ်းစားတယ်။
အေးတစ်ခါမှတော့ မကြုံဖူးဘူး။ မတော်တဆ အဲ့ဒီနေ့ကိုရေတက်လာရင်
တို့ဘယ်လို လုပ်မလဲ။ဒါ စဉ်းစားသင့်တယ်ပေါ့။ပထမနတ်ပြောသွားတဲ့စကားမှန်ရင် တို့ဒု
က္ခရောက်လိမ့်မယ်။မမှန်ရင်လည်း တို့ကိစ္စမရှိဘူး။ အဲ့ဒီတော့ တို့ပြင်ဆင်မှုတော့ လုပ်သင့်
တယ်ဆိုပြီးတော့ ကျွန်းပေါ်မှာရှိတဲ့ အပင်ကြီးကြီးတွေကို လှဲပြီးတော့ သင်္ဘောကြီးတွေေ
လှကြီးတွေစပ်ထား တယ်ပေါ့။သူ့လူတွေခေါ်ပြီး တစ်ပတ်အတွင်းပြီး အောင်စပ်တယ်။လျ
ပည့်နေ့နီးပီဆိုရင် ကလေးတွေရောဘာတွေရော
ကိုယ်လိုချင်တဲ့ပစ္စည်းတွေ အကုန်တင်။လူငါးရာဆန့်ဖို့ရာအတွက်လှေလုပ်တယ်။
ဟိုလူတွေကလာမေးတယ် ဟ ရေလွှမ်းရင်တို့က အဆင်သင့်ဖြစ်အောင်လို့ လုပ်နေတာပေါ့
။ဟိုတစ်အုပ်စုက မင်းတို့အလကားလူတွေ ကောလဟာလ
တွေကို ယုံတယ်ဆိုပြီးပြောတယ်။လပြည့်နေ့လည်းရောက်လာရော
ဒီရေကတက်လာတယ်။ အာ အခါတိုင်းတက်နေကျပါ ဒါဂရုစိုက်စရာမလိုပါဘူး
ဒီရေက တက်တက်လာလိုက်တာ တစ်ပေကနေ နှစ်ပေ ၊နှစ်ပေကနေ နောက်ဆုံးမှာ စိုးရိမ်
ရေမှတ်ထက်ကိုကျော်လွန်သွားတယ်။နောက်ဆုံးကျတော့
ထမ်းတဖျားထိအောင် ပေ(၂၀)(၃၀)ထိအောင် တက်တော့ ဒုက္ခရောက်ပြီပေါ့။
အဲ့ဒီတော့ လှေလုပ်ထားတဲ့သူတွေကတော့ အေးအေးဆေးဆေး
လှေပေါ်တက်ပြီးထွက်သွားကြတယ်။ဟိုလူ(၅၀၀)ကတော့ အဲ့ဒီရေထဲမှာပဲ ပါသွားတယ်။
ကဲ အဲ့ဒါစဉ်းစားကြည့်ပေါ့။
တမလွန်ဘ၀နဲ့ပတ်သက်လာရင်လည်း ဘုန်းကြီးတို့တတွေ အဲ့ဒီအတိုင်းပဲ။
ကိုယ်မသေချာဘူးဆိုရင် သေချာတဲ့ဟာကိုလုပ်သင့်တယ်။
တမလွန်ဘ၀ကို တစ်ဦးကမရှိဘူးပြောတယ် တစ်ဦးက ရှိတယ်ပြောတယ် သေချာတာကိုလု
ပ်ထား။ဒီအဓိပ္ပာယ်ကိုဆိုတာဖြစ်တယ်။
အဲ့ဒါမြတ်စွာဘုရားပေးတဲ့ ဆုံးမသြ၀ါဒတစ်ခုပဲ။လုပ်သင့် လုပ်ထိုက်တာ လုပ်ထားတယ်ေ
လ။ဒါကြောင့် တမလွန်ဘ၀နဲ့ကံအကြောင်းကိုဆွေးနွေး
တဲ့အခါမှာ အဓိကအားဖြင့် ဘယ်ပုဂ္ဂိုလ်တွေဆွေးနွေးသွားတာလည်းဆိုတော့ ပါယာသိရာ
ဇညဘုရင်ကြီးနဲ့ အရှင်ကုမာရကဿပမထေရ်
တို့ဆွေးနွေးသွားတာ ဒီသုတ္တံက။တမလွန်ဘ၀ရှိတယ် ကံရှိတယ်။
တမလွန်ဘ၀မရှိဘူး ကံမရှိဘူး။ဟောအမြင်နှစ်မျိုးရှိတယ်။
အမြင်နှစ်မျိုးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာ။ဆွေးနွေးတယ်ဆိုတာ
တစ်ယောက်မယုံဘူး မယုံဘူးဆိုတာလည်း သက်သေပြတယ်။ကံကိုသူ
ဘာ့ကြောင့်လက်မခံသလဲ တမလွန်ဘ၀ကို ဘာကြောင့်လက်မခံဘူးဆိုတာလည်း သူ့ရဲ့အ
ထောက်အထားတွေပြတယ်ပေါ့။
အရှင်ကုမာရကဿပမထေရ် ကလည်းအထောက်အထားတွေပြတယ်ပေါ့။
အထောက်အထားတွေပြပြီး တမလွန်ဘ၀နဲ့ကံအကြောင်းကို ဆွေးနွေးကြမှာ။
ဘုန်းကြီးတို့တတွေ ဗုဒ္ဓဘာသာဖြစ်လာပြီဆိုရင် ဘုရားကိုယုံကြည်တယ် ကြည်ညိုတယ် တြ
ခားအကြောင်းတွေ မြတ်စွာဘုရားဟောတဲ့တရားတွေ
အားလုံးမှန်ကန်တယ်။မှန်ကန်သည့်အတွက်ကြောင့် မြတ်စွာဘုရားက တမလွန်ဘ၀ကိုရှိ
တယ်လို့ဟောတာလား မရှိဘူးလို့ဟောတာလားဆိုတော့။
မရှိဘူးလို့ဆိုတဲ့သူဟာ မိစ္ဆာဒိဋ္ဌိမှားယွင်းသောအမြင်လို့ဟောတယ်။ရှိတယ်လို့မြင်လို့ရှိရင်
သမ္မာဒိဋ္ဌိလို့ဟောတယ်။အဲ့ဒါကြောင်မို့ ဘုန်းကြီးတတွေဟာ
ဗုဒ္ဓဘာသာဖြစ်လာပီဆိုရင် တမလွန်လောကကို လက်ခံကြရတယ်။
နောက်တစ်ခုကံနဲ့ပတ်သက်လာရင်လည်း ကံ ကံ၏အကျိုးကိုငြင်းပယ်တယ်
ဆိုတဲ့ဝါဒရှိတယ်။ အဲ့ဒီတော့မြတ်စွာဘုရားက ကံနဲ့ပတ်သက်ပြီးဘယ်လိုဟောလဲဆိုတော့
သဗ္ဗေသတ္တာ ကမ္မသကာ-သတ္တ၀ါအားလုံးဟာ ကိုယ်ပိုင်တာကံပဲတဲ့။ဟုတ်တယ်လေ လူတွေ
ပြောကြတာပေါ့။တိုက်ပိုင်တယ် ဘာပိုင်တယ်နဲ့
ပိုင်တာတွေပြောကြတာ။ ကိုယ့်မျက်စိအောက်မှာ ပိုင်တယ်ဆိုပြီးနောက်ဆုံးတော့ထားခဲ့တ
ာချည်းပဲ။ယူသွားလို့ရတာ တစ်ခုမှ မရှိဘူး။ယူသွားလို့ရတာ ကံပဲရှိတယ်။ ဒါကြောင့် မြတ်စွ
ာဘုရားက ကိုယ်ပိုင်တာ ကံပဲရှိတယ်တဲ့။မပိုင်ဘူး အဆိုင်ကို အပိုင်လုပ်နေကြတာ။
ခေတ္တခဏလေး စပ်ဆိုင်နေတာလေးကို
အပိုင်လို့ထင်နေတာ။ထားခဲ့ရမယ် ဒီလိုဆိုတာ။
မြတ်စွာဘုရားက ဘာဟောသလဲဆိုတော့....
“ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု သမ္မပဋိသရဏော ယံ ကမ္မံ
ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ တဿ ဒါယာဒေါ ဘ၀ိဿာမီ”
-ကမ္မဿကောမှိ -ကံသာလျှင်ဥစ္စာ၊ ကမ္မဒါယာဒေါ - ကံသာလျှင် အမွေကိုခံရမယ်။
ကမ္မယောနိ - ကံသာလျှင်တကယ့်အကြောင်းတရား။
ကမ္မဗန္ဓု-ကံသာလျှင်ဆွေးမျိုး။ကမ္မပ္ပဋိသရဏော - ကံသာလျှင် ကိုးကွယ်ရာ အားထားရာဖြ
စ်တယ်။ကလျာဏံ ဝါ -ကောင်းတာကိုလုပ်သည်ဖြစ်စေ၊
ပါပကံ ၀ါ -မကောင်းတာကို လုပ်သည်ဖြစ်စေ၊ ယံ ကမ္မံ ကရိဿာမိ- ကိုယ်လုပ်တဲ့ကံ၊ တဿ ဒါယ
ာဒေါ ဘ၀ိဿာမီ- အဲ့ဒီကံရဲ့အကျိုးကို အမွေခံကြရမှာ။
လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံတို့ရဲ့ ကောင်းမွေ ဆိုးမွေတို့ကိုခံစာြး
ကရမယ်။ဒါ “ကမ္မသက ကမ္မ၀ါဒီ”ဆိုတာ ဘုရားအဆူဆူ
ကဒီလိုဟောတာ။
ကံကိုရှိတယ်လို့ လက်ခံတယ်။ကဲ ကံရှိ မရှိဆိုတာ ဘုန်းကြီးတို့တတွေ ကိုယ့်ဘာသာကြည့်ေ
ပါ့။ကံကို လူတွေက ငြင်းပယ်သည်ဆိုတာ များသောအားဖြင့်
ကံရဲ့အကျိုးတရားကို ငြင်းပယ်တာက ပိုပြီးတော့များတယ်။ကံကိုလည်းပဲ ငြင်းပယ်တာလ
ည်းရှိတယ်။ကံကို ငြင်းပယ်တဲ့ဝါဒကို အကြိယ၀ါဒ လို့ခေါ်တယ်။
အကြိယ၀ါဒဆိုတာ Non action, can't be done.ကုသိုလ်ဆိုတာ မရှိလို့ လုပ်လို့မ
ရဘူး။အကုသိုလ်ဆိုတာလည်း မရှိဘူး မရှိလို့ လုပ်လို့မရဘူး။အဲ့ဒါက
ကံကိုငြင်းပယ်တဲ့ဝါဒ အကြိယ၀ါဒ။အဲ့ဒီဝါဒကို ဟောပြောတာဘယ်သူဆိုရင် ပူရဏကဿပ။
အိန္ဒိယနိုင်ငံမှာ မြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ခေါင်းဆောင်ပြီးတော့
ဟောတာ ပူရဏကဿပ။သူဟောတဲ့တရားလေး နည်းနည်းလောက်နာကြည့်ပေါ့။ ကြက်သီး
ထစရာ ကောင်းတယ်။
ဘယ်လိုဟောလဲဆိုတော့
“နတ္ထိ ပါပံ၊ နတ္ထိ ပါပဿ အာဂမော” အကုသိုလ်ဆိုတာ မရှိဘူး။အကုသိုလ်ရဲ့ အကျိုးတရားဟ
ာလည်း ဘယ်တော့မှလာဘူးတဲ့။မင်းတို့ မကြောက်နဲ့တဲ့။
တတ်နိုင်လို့ရှိရင် မင်းတို့လူသတ်စက်ကြီး တီထွင် သင်တုန်းစက်ကြီးတီထွင်ပြီးတော့ ကမာ
္ဘမြေပြင်မှာရှိတဲ့ လူတွေအားလုံးကိုသတ်ပြီး အပုံကြီးပုံတောင်
မင်းတို့ ဒီအကုသိုလ်ရဲ့အကျိုးကို ခံရမှာမဟုတ်ဘူးတဲ့။အဲ့ဒါဆိုတော့ စဉ်းစားကြည့်စမ်းပါ။ဒြါ
ငိမ်းချမ်းရေးကို အားပေးတာလား။ဆိုးတဲ့သူတွေအားပေးတဲ့ဝါဒလား။
လူဆိုးတွေ အားပေးတဲ့ဝါဒဖြစ်နေတာ။ကမ္ဘာကြီးငြိမ်းချမ်းပြီး တစ်ဦးနဲ့တစ်ဦး မသတ်မဖြ
တ် ငြိမ်းချမ်းနေရမယ့်ကမ္ဘာကြီးကို ဆိုးသွားအောင်လုပ်တာနဲ့မတူဘူးလား။
တစ်ဘက်ကလည်း သူကကြည့်တယ်။
“ နတ္ထိ ပုညံ နတ္ထိ ပုညဿ အာဂေမော” - ကုသိုလ်ဆိုတာမရှိဘူး ကုသိုလ်ရဲ့
အကျိုးဆိုတာလည်း မလာဘူးတဲ့။အဲ့ဒါကြောင့် တတ်နိုင်သမျှ
မင်းတို့ကြိုက်သလောက်လှူလှူ ဒီအကျိုးကိုဘာမှရမှာမဟုတ်ဘူးလို့
တစ်ဘက်ကလည်း အဲ့လိုပြောတယ်။အဲ့ဒီတော့ အားလုံးငြင်းပယ်တဲ့ ၀ါဒကြီးဆိုတော့
ဘာမှ မလုပ်နဲ့လို့ပြောတဲ့ဝါဒကြီး။အဲ့ဒီတော့ ဘာမှမလုပ်ရင် ဘာမှရမှာမဟုတ်ဘူးပေါ့။ဘာ
မှ မလုပ်နဲ့ပြောပေမယ့်လို့ လူဆိုတာ ဘာမှမလုပ်ဘဲ နေလို့ရတာမှ
မဟုတ်တာကိုး။ဒီမှားယွင်းတဲ့အယူကြီး လက်ခံထားတာကိုက အကုသိုလ်တစ်ပုံကြီးပဲ။
မြတ်စွာဘုရားရဲ့အဆိုအရ မိစ္ဆာဒိဋ္ဌိတရား၊ ဒီ ကံ ကံရဲ့အကျိုးကို ငြင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိ ရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လူ့ပြည်နတ်ပြည်တောင်မှ မဖြစ်နိုင်ဘူး
ဒီလိုဟောတာ။အဲ့ဒီ မစ္ဆာဒိဋ္ဌိက နတ်ပြည်တောင်မရောက်နိုင်ဘူး။နတ်ပြည်ရောက်ဖို့တောင်
အန္တရာယ်ဖြစ်တယ်။ အန္တရာယ်ဖြစ်တယ်ဆိုတာ သူနတ်ပြည်ရောက်မည့်
ကုသိုလ်ကောင်းမှု မလုပ်သည့်အတွက်ကြောင့် ကောင်းရာဘုံကိုတောင် သူမရောက်နိုင်ဘူး
လို့ပြေတာ။အဲ့ဒီတော့ ဒီမိစ္ဆာဒိဋ္ဌိက သက္ကာယဒိဋ္ဌိတို့ ၀ိပဿနာနဲ့
ဆိုင်တဲ့ ဒိဋ္ဌိမဟုတ်ဘူး။ဒါက အခြေခံ။အဲ့ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ ကံ ကံ၏အကျိုးကို ယုံကြ
ည်မှုဆိုတာ အခြေခံ Foundation ပေါ့။ကံ ကံ၏အကျိုးမှ မယုံရင်
ဗုဒ္ဓဘာသာမဖြစ်ဘူး။အဲ့ဒီတော့ ကံ ကံရဲ့အကျိုးကို ဗုဒ္ဓဘာသာကတာ ယုံတာလား တခြား
ဘာသာကရော မယုံဘူးလားဆိုတော့ ယုံတယ်။တခြားဘာသာတွေလည်း
ယုံတာ လက်ခံတာ ရှိတယ်။သို့သော် ဗုဒ္ဓဘာသာလက်ခံမှု ကံ ကံ၏အကျိုးဟာ ပြည်ပြည့်စုံေ
အာင် မြတ်စွာဘုရားက ကံအကြောင်းတွေ ဟောပြောထားတာ
ရှိတယ်ပေါ့။ဒါ့ကြောင့် ကံတရားဆိုတာ ရှိတယ်လို့ ဒီလို လက်ခံယုံကြည်တယ်။
ကံရှိသည့်အတွက်ကြောင့် ဒီကံတွေကို လုပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ တမလွန်ဘ၀ဆိုတာရှိတယ်။ြ
မတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ ကံ ရှိပုံကို ဘယ်လို
ဟောထားလဲဆိုတော့
“အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ” -
သင်္ခါရဆိုတာ “ကံ” ကိုပြောတာဖြစ်တယ်။ အ၀ိဇ္ဇာဆိုတာ သစ္စာလေးပါးကို
အမှန်မသိသေးသည့် အ၀ိဇ္ဇာမကင်းသေးသည့်ပုဂ္ဂိုလ်တွေဟာ သံသရာထဲမှာ
လုပ်မိလုပ်ရာ လုပ်တယ် ကောင်းတာလည်း လုပ်တယ် မကောင်းတာလည်းလုပ်တယ်။
ကောင်းတာ လုပ်ရင် ကုသိုလ်ဖြစ်တယ်။မကောင်းတာလုပ်ရင် အကုသိုလ်ဖြစ်တယ်။အဲ့ဒီ ဖြ
စ်လာတာတွေဟာ ကံတရားတွေပဲ လို့ဒီလို ဆိုလိုတာ။
နောက်တစ်ခုပြောမယ်ဆိုရင်
“ဥပါဒါနပစ္စယာ ဘဝေါ” တဲ့။လူတွေဆိုတာ အစွဲအလမ်းကလေးနဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ စွဲ
လမ်းမှုလေးတွေကိုအခြေခံပြီးတော့ ဘ၀ကိုဖြစ်စေတတ်တဲ့
ကံတရား တွေကို ကြိုးပမ်းအားထုတ်ကြတယ်။ဒါ့ကြောင့်မို့ ဥပါဒါနပစ္စယာ ဘဝေါ- ဘ၀ဆို
တာလည်း ဒီနေရမှာ ဦးတည်ချက်က ကမ္မဘဝ
ကံတရားကိုပဲပြောတာပဲ။အဲ့ဒီတော့ ဥပါဒါန်-ဆိုတာ တဏှာ နဲ့ဒိဋ္ဌိ ကို ဥပါဒါန်လို့ ခေါ်တာ။
အ၀ိဇ္ဇာဆိုတာ အမှန်မသိတဲ့ မောဟ။ကြည်လိုက်တဲ့
အခါကျတော့ မောဟရှိနေရင်လည်း ကံတွေ ဖြစ်တယ်။တဏှာတို့ဒိဋ္ဌိ တို့ဆိုတဲ့ ဥပါဒါန်တွေ
ရှိနေရင်လည်း ကံတရားတွေဟာဖြစ်နေသေးတယ်။
အကြောင်းရှိလို့ အကျိုးရှိတယ်ဆိုတဲ့သဘောပဲ။မြတ်စွာဘုရားက သတ်သတ်ရှိနေတာလို့ပြေ
ာနေတာ မဟုတ်ဘူး။အကြောင်းရှိလို့ အကျိုးရှိနေတာ။
အဲ့ဒီတော့ ကမ္မဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်က အမှုကိစ္စ အလုပ်ဆိုတဲ့ အဓိပ္ပာယ်ကိုရတယ်
။သို့သော် မြတ်စွာဘုရားက အမှု ကိစ္စအလုပ်ဆိုတာ resault
မျှသာ အကျိုးတရားမျှသာ ဖြစ်တယ်။သူ့ကိုထုတ်လွှတ်နေတာ ဘယ်သူကထုတ်လွှတ်တာလဲ။
တွန်းအားဘယ်သူကပေးနေတာလဲ။အဲ့ဒီ တွန်းအားပေးနေတဲ့
စေတနာကိုသာ မြတ်စွာဘုရားက ကံ-လို့ဟောလိုက်တာ။အဲ့ဒီတော့ ကဲ နှစ်ဒီနှစ်ခုကို နည်း
နည်းလေးစဉ်းစားကြည့်ရအောင် ကမ္မ-ဆိုတာပြုလုပ်မှု၊
ပြုလုပ်မှုကို ကံ-လို့ခေါ်မလား။(၀ါ) အဲ့ဒီ ပြုလုပ်မှုကိုဖြစ်ပေါ်စေတတ်တဲ့ စေတနာကို “ကံ”
လို့ခေါ်မလား? အဘိဓမ္မာသဘောအရ ပြုလုပ်မှုကို တွန်းအားပေးနေတဲ့ “စေတနာ” ကိုသ
ာ ကံလို့ခေါ်တယ်။ပြုလုပ်မှု သက်သက်ကို ကမ္မလို့မခေါ်ဘူးတဲ့။
ဒါ့ဖြင့်ပြုလုပ်မှုသက်သက်ကို ကမ္မ လို့ ခေါ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်မလဲဒါ
ကို စဉ်းစားကြည့်ရအောင်။တစ်ခုပဲစဉ်းစား ဘုန်းကြီးတို့တတွေ
လမ်းလျှောက်ပြီးတော့ သွားတဲ့အခါမှာ မတော်တဆ ပိုးကောင်းလေးတွေ နင်းတာများမရှိ
ဘူးလား။ကိုယ့်ကြောင့် သေသွားတာတွေ ရှိတယ်။
ဟင်းရွက်တွေကို ရေနွေးဖျောလိုက်တဲ့အခါ မမြင်ရလို့ပိုးကောင်တွေ သေသွားတယ် မရှိဘူ
းလား။အဲ့ဒီတော့ ပြုလုပ်မှုကို ကံ လို့ပြောမယ်ဆိုရင်
အမှတ်တမဲ့ဖြစ်သွားတာလေးတွေပါ ဒီပုဂ္ဂိုလ်ဟာ ပါဏာတိပါတ ကံထိုက်သွားမှာပေါ့။အဲ့ဒီ
တော့ မြတ်စွာဘုရားက ဒီလို အမှတ်တမဲ့လုပ်မိတာ မျိုးကျတော့
ကံ-လို့မသတ်မှတ်ဘူး။စေတနာ-နဲ့လုပ်မှ ကံလို့ သတ်မှတ်တယ်ပေါ့။ဒီလိုမှ မဟုတ်ရင် ရဟ
န္တာဖြစ်တောင်မှ မသိလို့ လမ်းလျှောက်မိလို့ အကောင်လေးတွေ တက်နင်း
မိလို့ သေသွားတာတွေအများကြီးရှိတာပဲလေ။အဲ့ဒီတော့ ပါဏာတိပါတ လွတ်တဲ့သူ လော
ကကြီးရှိမှာ မဟုတ်တော့ဘူး။
အဲ့ဒါကြောင့် ယုတ္တိမရှိဘူး Reasonable မဖြစ်ဘူး။Logical မဖြစ်ဘူးပေါ့။အဲ့ဒီတော့
မြတ်စွာဘုရားဟောတဲ့ ဆုံးမ သြ၀ါဒတရားတွေက တကယ့်ကို
နားလည်ပြီးတော့ လောက သဘာဝနဲ့လက်တွေ့နဲ့ နှိုင်းယှဉ် သုံးသပ်ပြီးမှကြည့်မယ်ဆိုရင်
အမှတ်တမဲ့မနေဘဲ ဆင်ခြင်စဉ်းစားမယ်ဆိုရင် တကယ့်ကို
Logical ဖြစ်တယ်။ကိုယ် ဉာဏ်မမှီလို့ မသိသေးတာပဲရှိမယ် တကယ့်ကြောင်းကျိုးဆီလျေ
ာ်မှုတွေက အများကြီးပဲ။ကြောင်းကျိုးမဆီလျော်တာကို
ဘုန်းကြီးတို့ဖြင့် ဒီနေ့ထိအောင်မတွေ့သေးဘူး။ကြောင်းကျိုးဆီလျော်တာချည်းပဲ။
ကိုယ်မသိသေးတာပဲ ရှိမယ်။
အေးကောင်းပြီ ကံတရားဆိုတာ ရှိတယ်။ကံတရားဆိုတာ သေချာပေါက် ကိုယ်သန္တာမှာဖြစ
်တာ။ပြောတော့မယ်ဆိုရင်လည်း တွေးပြီးတော့ တွန်းအားနဲ့ပြောတာ။
အဲ့ဒီ စိတ်ထဲရဲ့ တွန်းအားလေးတွေ။အခုတရားလာနာမယ်ဆိုတော့ နာချင်တဲ့ စိတ်ဆန္ဒဖြစ်
တယ် စေတနာတွန်းအားကြောင့် ဒီရောက်လာတယ်။ဒါလည်းတွန်းအား
ပါတာပဲပေါ့။စေတနာကို stimulationတို့ motivation တို့ အများအားဖြင့်တော့
volition လို့ပြန်လေ့ရှိကြတယ်ပေါ့။တကယ်ကတော့ စိတ်ကိုတွန်းအားပေးတဲ့
သဘောလေးတွေ။ စိတ်ထဲမှာ တွန်းအားပေးတော့ လုပ်ဖြစ်သွားတယ်ပေါ့။ပထမစေတနြာ
ဖစ်တယ် စေတနာဖြစ်လို့ ကံရောက်တာက မနောကံ၊ တစ်ခါ နှုတ်ကနေ ထုတ်ပြောရင် ၀စီ
ကံ၊ ကိုယ်ထိလက်ရောက် လုပ်ရင် ကာယကံ။
တချို့ဟာက ကာယကံမြောက်လုပ်မှ အပြစ်ရှိတယ်။တချို့ဟာက ထုတ်ပြောမှ အပြစ်ရှိတယ်
။
တစ်ချို့ဟာက စိတ်ထဲဖြစ်ရုံနဲ့ အပြစ်ဖြစ်တယ်။အားလုံး ဗုဒ္ဓဘာသာတွေ သိတဲ့အတိုင်း
မနောကံ(၃)မျိုး၊ ၀စီကံ(၄)မျိုး၊ကာယကံ(၃)မျိုးရှိတယ်။
အဲ့ဒါတွေက တစ်ချို့ကစိတ်ကူးတာနဲ့တင် ကံဖြစ်သွားတယ်။တစ်ချို့က
နှုတ်ကထုတ်ပြောမှ ကံဖြစ်တယ်။ဥပမာအားဖြင့် လိမ်မယ် လိမ်မယ်ဆိုတာ စိတ်ကူးထားတ
ာပဲလေ။ စိတ်ကူးပြီးမှ လိမ်တာ။လိမ်တယ်ဆိုကတည်းကနှုတ်က
ထုတ်ပြောမှ မမှန်တာပြောမှ မုသာဝါဒကံဖြစ်တာကိုး။အဲ့ဒါကျ နှုတ်ကထုတ်ပြောမှ ကံဖြစ်
တယ်။ပါဏာတိပါတ- ဆိုတာလည်း ကိုယ်ထိလက်ရောက်သတ်တော့မှ
ပါဏာတိပါတ အမှုဖြစ်တယ်။သူက တစ်ဆင့်စီ တစ်ဆင့်စီတက်တာ။အဲ့ဒီတော့
ကံတရားဆိုတာ ကိုယ့်ရဲ့စိတ်ထဲ ကိုယ့်သန္တာန်ထဲမှာဖြစ်သည့်အရာ ဖြစ်သောကြောင့် ကံတ
ရားမရှိဘူးလို့ငြင်းပယ်တာကတော့ ရှိနေတာကြီးကို မမြင်ကြတာပေါ့။ကိုယ်စိတ်ထဲမှာတွန်း
အားတွေမရှိဘူးလား။
အဲ့ဒီ ရှိတဲ့တွန်းအားကိုပဲ ကံ လို့ခေါ်တာပဲ။တခြားဟာကို ခေါ်တာမဟုတ်ဘူး။
ဒီဘ၀တောင်မှ ဒီလိုတွန်းအားတွေရှိခဲ့တယ်ဆိုရင် ဘ၀ရှိခဲ့တယ်လို့ လက်ခံထားတဲ့
ပုဂ္ဂိုလ်ဟာ တွန်းအားတွေရှိမှာပေါ့။ငယ်ငယ်တုန်းက တွန်းအားတွေ ရှိတယ်။ဆိုပါဆို့ (၁၀)
နှစ်သားတုန်းက တွန်းအားတွေရှိတယ်။အသက်(၂၀)အရွယ်မှာပြန်ကြည့်ရင်
(၁၀)တုန်းက တွန်းအားတွေဟာ ကံတွေပဲပေါ။အဲ့ဒီလို အသက်အရွယ်အရတွန်းအားတွေ
ပေါ့။ ဒီဘ၀မတိုင်ခင်ကလည်း ဒါမျိုးတွေဖြစ်ခဲ့တယ် ဒါတွေဟာ
ကံတရားတွေပဲလို့ ဆိုလိုတာ။
အပိုင်း-၃ဆက်ရန်>>>>>>>>
(ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး)
{တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း-၁ မှတရားတော်မှကောက်နှုတ်ချက်}
ဓမ္မမိတ်ဆွေများ ဓမ္မအသိတွေကြွယ်ဝပြီး ဘ၀တွေထွန်းပြောင်ကြပါစေဗျာ။
ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသာ
း။
_/\\_ _/\\_ _/\\_
Monday, December 8, 2014
“ တမလွန်ဘဝနှင့် ကံအကြောင်းဆွေးနွေးခြင်း - ၂ ”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment