Tuesday, December 9, 2014

ဘုရားရှင်နိ့ တလုံးဖိုးပဲကျေတယ်ဆိုတာ မှားတယ်

ဘုရားရှင်နိ့ တလုံးဖိုးပဲကျေတယ်ဆိုတာ မှားတယ်
------------------------------
ဗန္ဓနာရက္ခနေ မယှံ အနဏှော တွံ မဟာမုနေ
မဟာမုနေ မြတ်စွာဘုရား တွံ ရှင်နော်မြတ်ဘုရားသည်
မယှံ ဘုရားတပည့်တော်အား ဗန္ဓနာရက္ခနေ ကိလေသာအနှောင်အဖွဲ့ မှ လွတ်မြောက်အေ
ာင်
စောင့်ရှောက်ခြင်းကြောင့် မယှံ ဘုရားတပည့်တော် အပေါ်၌
အနဏှော နို့ ဖိုးကြွေးကင်းသူသည်(ဝါ) နို့ နှစ်လုံးဖိုး
ကျေအောင် မိခင်ကျေးဇူးဆပ်သူသည်
အသိ ဖြစ်တော်မူပါပေ၏ တဲ့
မိဘကျေးဇူးကို ကျေအောင်ဆပ်ချင်လျှင်
တရားနှင့်ဆပ်ရမည်လို့ ဟောထားပါတယ်
ဒါ့ကြောင့်
သားသမီးတိုင်း သဒ္ဒါတရားမရှိတဲ့မိဘကို
သဒ္ဒါတရားရှိလာအောင် သီလမရှိတဲ့မိဘကို
သီလရှိလာအောင် ဝိပဿနာအားမထုတ်တဲ့
မိဘကို ဝိပဿနာတရားတွေ အားထုတ်လာအောင်
ကြိုးစားပေးရမယ် ကိုယ်မဟောနိုင်ပေမဲ့
ဟောတက်သူဆီကို ပို့ ပေးတာမျိုး အသက်ကြီးလို့ 
ရိပ်သာမဝင်နိုင်လျှင် အိမ်မှာ ဥပုဒ်စောင့်စေတာမျိုး
တရားခွေဖွင့်ပြီးနာစေတာမျိုးဟာ အတူတူပါပဲ
အဝေးရောက်သားသမီးတွေအတွက်ကတော့
ငွေပို့ တဲ့အခါ မည်၍ မည်မျှ ငွေကိုတော့
မိဘအတွက် တရားစာအုပ် တရားခွေဝယ်ပြီး
မိဘကိုလှုစေခြင်း ဆွမ်း ကျောင်း ဆေး သင်္ကန်း
သာသနာ့အဆောက်အအုံ အစရှိတဲ့ အရာတွေအတွက် မိဘကို လှုစေချင်ကြောင်း
ငွေပို့ ကတည်းက ခွဲတမ်းချပေးလိုက်ပါ
ကျန်တဲ့ညီအကိုမောင်နှမတွေကိုလည်း
အကောင်အထည်ဖေါ်ဖို့ ကို တိုက်တွန်းခိုင်းလိုက်ပါ
ဒါဆိုရင် ရပြီ
မိဘမရှိတဲ့ သားသမီးတွေအတွက်ကတော့
မိဘနာမည်နဲ့ အလှုမကြာမကြာလုပ်ပေ့းပီး
အလှုလုပ်တိုင်း မိဘနာမည်တပ်ပြီး အမျှ
ပေးပါ ဒါဆိုရင် လုံလောက်ပြီ
မိဘကျေးဇူးဆပ်နည်းတွေပါ
မိဘအပေါ်သိတက်တဲ့သားသမီးတွေ
အများကြီးရှိပါတယ် ဘယ်လိုဆပ်ရမှန်းမသိကြလို့ 
နစ်နာသွားတဲ့မိဘတွေ အများကြီးပါ သားသမီး
တွေလည်း ကျေးဇူးဆပ်ချင်လျှက်နှင့် မဆပ်လိုက်
ရတဲ့အတွက် ယူကြုံးမရဖြစ်နေတက်ပါတယ်
အဲလိုဆပ်ကြပါ
တက်နိုင်လျှင်တော့ ရဟန်းဝတ်ပြီး ဆပ်ကြပေါ

No comments:

Post a Comment