Thursday, November 27, 2014

.မနောမယ ဆရာတော်ဘုရားကြီး

မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ
.မနောမယ ဆရာတော်ဘုရားကြီး ******************************
ဆရာတော်ဘုရားကြီးကား ပခုက္ကူမြို့နယ် မြိုင်မြို့အပေါင်း ခေါင်းကွဲကျေးရွာနေ ခမည်းေ
တာ် ဦးစံဘော် မယ်တော် ဒေါ်မိန်းကလေးတို့မှ မွေးဖွားသည့် သားသမီးသုံးဦး အနက် ဒု
တိယသားတော်ဖြစ်ပါသည်။ အကြီးဆုံးက အစ်မကြီးဖြစ်၍ တတိယသားေ်မှာ မင်းကွန်းေ
တာင်ရိုး အရိယာမဂ္ဂင်ချောင် ဆရာတော်ဘုရားကြီး ဦးအရိန္ဒမ (အဂ္ဂမဟာပဏ္ဍိတ)ဖြစ်သ
ည်ဟု သိရပါသည်။
တစ်နေတာရသမျှ ဖြစ်လာသမျှသော ဆွမ်းဖြင့်သာ မျှတအောင် ဘုဉ်းပေးတော်မူပါသည်။
အပိုအလျှံများ ကြိုတင်သိုးမှီးထားမှု မပြုလုပ်ပါ။ ရံခါ သတ်သတ်လွတ် ရံခါ မီးလွတ်တို့ကို
လပိုင်းရက်ပိုင်းအားဖြင့် ဘုဉ်းပေးတော်မူ၍ သန္တုဋ္ဌိ သလ္လေခတရားများကို ပွားများတော်မူ
သည်။
ဆေး
~~~~
ဝါဠုကယန္တရား တစ်ဖုံနှင့် ထုံ ပြဒါးတစ်အိုးတို့ကို အမြဲတမ်းထားတော်မူလျက် အလိုရှိသည့်
အခါ ဆေးအဖြစ်ဖြင့်လည်းကောင်း လောကီကိစ္စများအတွက်လည်းကောင်း အသုံးပြုတော်
မူပါသည်။
ကျောင်း
~~~~~
တိုင်တစ်လုံး ဒိုင်းရှစ်ချောင်း သက်ကယ်မိုး သုံးဖက်မြင် တစ်ဖက်ထရံကျဲကာ ဝါးကြမ်းခင်း ဝ
ါးလုံးကို ခေါင်းအုံးပြုလျက် ထီသဏ္ဌာန် ဆောက်လုပ်ထားသည့် ထီးဖြူရံ၌ အမြဲသီတင်းသုံးပ
ါသည်။ တရားဟောဌာနလည်းဖြစ်ပါသည်။
အလယ်မှတိုင်ကို အဖြူ အနီ အနက် အဝါဟူသောဓာတ်ကြီးလေးပါး အမှတ်အသား အရေ
ာင်များကို သင်္ဘောဆေးဖြင့်သုတ်လိမ်း၍ ကသိုဏ်းရှုတော်မူပါသည်။
ထီးဖြူရုံ ဒါယကာမှာ မန္တလေးမြို့ ဆိုင်းတန်းရပ် ဆီကုန်သည် ဦးသွဲ့ ဒေါ်ပု သမီးမသောင်း
ညွန့်, သား မောင်ဝင်းစိန်တို့ဖြစ်ကြပါသည်။ ရှေးမူမပျက် ဆက်လက်၍ ထိန်းသိမ်းထားပါ
သည်။ တိုင်တစ်လုံးတည်ထားခြင်းမှာ သံသရာဝဋ်မှ လွတ်ရာဌာနဟူသည် နိဗ္ဗာန်မှတစ်ပါး
အခြားမရှိဟု သိစေတော်မူလိုရင်းဖြစ်ပါသည်။ ဒိုင်းရှစ်ချောင်းထားခြင်းသည် ထို နိဗ္ဗာန်သို့
ရောက်ကြောင်းကျင့်စဉ်မှာ မဂ္ဂင်ရှစ်ပါး မဇ္ဈိမ ပဋိပဒါ ကျင့်စဉ်မှတစ်ပါး အခြားမရှိဟု သိစေ
တော်မူပါသည်။ အရောင်လေးမျိုးဖြင့် သုတ်လိမ်းထားခြင်းမှာ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဖြင့်သာ
သစ္စာလေးပါးတို့ကို သိစွမ်းနိုင်သည်ဟု သိစေခြင်းဖြစ်ပါသည်။ သက်ကယ်ဖြင့် မိုးထားခြင်း
သည် ဤထီးဖြူရုံမှနေ၍ သတ္တဝါတို့၏ အသက်ကို ကယ်တင်မည်ဟူသော ရည်ရွယ်ချက်ကို
သိစေပါသည်။
တစ်ဖက်ကာရံ၍ သုံးဖက်ဖွင့်ထားခြင်းသည် ငါ ငါ့ကိုယ်နှင့် တိစိဝရိတ် သင်္ကန်းမှတစ်ပါး အ
ခြားဘာမျှမရှိဟု သိစေပါသည်။ အာဝါသ ပလိဗောဓဖြတ်ခြင်း ဖြစ်ပါသည်။ ဒါယကာ ဒါယိ
ကာမတို့က ကျောင်းသစ်များ ဆောက်လုပ်လှူဒါန်းလိုပါက တစ်ခန်းပတ်လည် နှစ်ခန်းပတ်လ
ည် စသဖြင့် ကျောင်းငယ်များကို ဆောက်လုပ်လှူဒါန်းစေပါသည်။
ကြီးကြီးမားမား,ကောင်းကောင်းမွန်မွန် ဆောက်လုပ်လှူဒါန်းလိုသော ဒါယကာ ဒါယိကာမ
များ ပေါ်ပေါက်လာပါက 'ဟေ့ မောင်အရိန္ဒမထံ သွားသူက အနေကောင်းနေချင် အစားေ
ကာင်း စားချင်တယ်ကွ'ဟု ဆိုမိန့်တော်မူပြီး ညီတော်ထံ လွှဲပြောင်း ဆောက်လုပ်စေပါသည
်။
ကျောင်းအလှူခံပုံ
~~~~~~~~~~~
ကျောင်းငယ်များကို အလှူခံတော်မူရာ၌ ဓာတုဒ္ဒိဿနည်းဖြင့် အလှူခံတော်မူပါသည်။ စတုဒိသာ
မဟုတ်ပါ။ ဓာတုဒ္ဒိဿဆိုသည်မှာ ရည်ရွယ်ချက်လေးမျိုးဟုဆိုပါသည်။
၎င်းကျောင်း၌ ဘုရားထားလျှင် ဂန္ဓကုဋိ
ဘုန်းကြီး ရဟန်း သာမဏေတို့နေလျှင် ကျောင်း
ဥပုသ်သည် သူတော်စင် သီလရှင်တို့နေလျှင် ဇရပ်
လူပုဂ္ဂိုလ်တို့ နေလျှင် အိမ်
ဟူသော ရည်ရွယ်ချက်ဖြင့် လေးမျိုးတို့ဖြင့် လှူဒါန်းကြရပါသည်။ သို့မှသာ ၄င်းအဆောက်အ
ဦး မည်သည့်ပုဂ္ဂိုလ်မျိုးနေနေ အပြစ်ကင်းမည်ဖြစ်ပါသည်။ အမြော်အမြင် ကြီးလှပါသည်။
ကိုယ်ပိုင် အဖြစ်ဖြင့် အလှူမခံရုံမျှမက ရဟန်းဆိုသည်မှာ အမာမက အပရိဂ္ဂဟ ကိုယ်ပိုင်ပစ
္စည်း မရှိရ, သိုမှီး သိမ်းဆည်းခြင်း မပြုရဘူးကွာဟုလည်း မိန့်တော်မူပါသည်။
ဂန္ထဓူရ
~~~~~~~~~~~~~~~~~~~~~~~~~
အေဒီ ၁၉၀၂ ခု (၁၂၆၄ ခုနှစ်) ဆရာတော်ကြီးသည် ရဟန်း ၅ ဝါ တိုင်အောင် ကျမ်းတတ်
အကျော်အမော် ဆရာတော်တို့ထံ၌ ပိဋကကျမ်းစာများကို သင်ယူခဲ့ကြောင်း သိရပါသည်။
အေဒီ ၁၉၁၂ ခု (၁၂၇၄ ခုနှစ်) ရဟန်း ၁၅ ဝါရသည့် တိုင်အောင် နေ့ ည မပြတ် စာပေကျမ်
းဂန်များကို ပို့ချပေးတော်မူသည်။ စာပေ ပို့ချတော်မူရာ၌လည်း များသောအားဖြင့် နိဿယ မ
ကိုင်မူ၍ နိဿယလွတ် ပို့ချတော်မူပါသည်။ ထိုစဉ်က နိဿယလွတ်ပို့ချနိုင်မှသာ စာတတ်သည်ဟု
အသိအမှတ်ပြုကြပါသည်။
ဝိပဿနာဓူရ
~~~~~~~~~~~~~~~~~~~~~~~~~
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည့်အခါ စာပေကျမ်းဂန် ပို့ချတော်မူခြင်းကို ရပ်နားတော်မူ၍
မြေလျှိုးမိုးပျံ ဈာန်အဘိညာဉ် တန်ခိုးတို့ကို ရတော်မူလိုသည့် ဆန္ဒတော်များ ပြင်းပြလာသည့်
အတွက် မဂ္ဂင်ချောင်မှထွက်၍ (ရှေးအခေါ်)ဂူကြီးချောင် (ယခုအခေါ်)မနောမယချောင်သို့
ပြောင်းရွှေ့ သီတင်းသုံးတော်မူလျက် ဝိပဿနာဓူရ အလုပ်များကို မနေမနား အချိန်ကို အချည်း
နှီးမထားဘဲ ကြိုးစားအားထုတ်တော်မူပါသည်။
တပည့်များနှင့် ဆက်ဆံပုံ
~~~~~~~~~~~~~~~
မိမိထံသို့ရောက်လာသူ တပည့် ဒါယကာ ဒါယိကာများအား အယုတ်အလတ် အမြတ်မရွေး
တစ်ပြေးတည်းထား၍ ဆက်ဆံတော်မူပါသည်။ ထီးဖြူရုံအတွင်း တရားနာခြင်းကိုပင်လျှင်
အလျှင်ရောက်သူက ရှေ့မှထိုင်၍ နောက်မှရောက်သူက နောက်မှာထိုင်ရပါသည်။ မည်မျှ ဓ
နဥစ္စာ ဂုဏ်ပါဝါတို့ ကြီးစေကာမူ ရှေ့တက်ခွင့်မရပါ။
သာသနာပြုတော်မူပုံ
~~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော်ဘုရားကြီးသည် မနောမယတောင်တန်းနှင့်တကွ အနီးရှိ တောင်ဝန်းတစ်ခုလုံး
ဘုရားငယ် စေတီငယ် ဂူငယ် ကျောင်းငယ် ရေကန်ငယ်တို့ဖြင့် ဖွေးဖွေးဖြူအောင် သာသနာ
ပြုတော်မူခဲ့ပါသည်။ ဘုရား စေတီ ကျောင်းတို့ကို ကြီးကြီးမားမား တည်တော်မမူဘဲ အမြင့်
ဆုံး ကိုးတောင် ပမာဏမျှသာ တည်တော်မူခဲ့သည်။ ရေကန်ကိုမူ ကျေးငှက်တိရစ္ဆာန်များေ
သာက်သုံးနိုင်ရန် အင်တုံ ပမာဏမှ စ၍ ပေ ၄၀/၅၀ ပတ်လည် တိုင်အောင်သော ရေကန်ြ
ကီးငယ်တို့ကို များစွာတည်တော်မူခဲ့ပါသည်။
ဘုရားဘွဲ့တော်များမှာ သတ္တဌာန ဘုရားများ အပါအဝင် ရွှေမုဋ္ဌော, ရွှေဟင်္သာ.ကြံတိုင်းေ
အာင်,အမတ စသည်ဖြင့် ပေးတော်မူခဲ့ပါသည်။ ချောင်အမည်များမှာ- မနောမယ ဤချော
င်၌ ဆရာတော်ဘုရားကြီးသည် စိတ်အလိုရှိတိုင်းပြီးတော်မူပါသည်။ အဓိကအားဖြင့် သီတ
င်းသုံးတော်မူပါသည်။ အံ့ဖွယ်ဖြစ်ရပ်များကိုမူ သတိထားသူ ဒါယကာ ဒါယိကာမများသာ
သိကြပါသည်။ မဟိဒ္ဓိ ဤချောင်၌ ဆရာတော်ဘုရားကြီးသည် သူမတူအောင် တန်ခိုးကြီးေ
တာမူပါသည်။ တန်ခိုးဣဒ္ဓိပါဒ်တို့နှင့်ပြည့်စုံ၍ ကိုးကွယ်သူတို့ဖြင့် လျှမ်းလျှမ်းတောက် သော
အချိန် ဖြစ်ပါသည်။
အမတ ဤချောင်၌ ဆရာတော်ကြီးသည် မအို မနာ မသေရာဖြစ်သော တရားထူးကို သိမြ
င်တော်မူသည်ဟု အများက ယူဆကြပါသည်။ အမတဟူသည် နိဗ္ဗာန် အမည်တည်း။
စံတော်မူ မိမိနောက်ဆုံး ပျံလွန်တော်မူရမည့် ဌာနကို ကြိုတင်သိရှိတော်မူသကဲ့သို့ ဘဝဇာ
သိမ်းတော်မူသည့်အခါ အခြားချောင်တွေရှိလျက် ၄င်းစံတော်မူ တောင်ပေါ်သို့ကြွရောက်၍
ပျံလွန်တော်မူပါသည်။
မနောမယဥယျာဉ်
~~~~~~~~~~~
မန္တလေးမြို့သို့ကြွရောက်သည့်အခါ သီတင်းသုံးရန် တပည့် ဒါယကာ ဒါယိကာမတို့မှ ဆော
က်လုပ်လှူဒါန်းထားခြင်း ဖြစ်ပါသည်။ ခေတ္တ သီတင်းသုံးသည့် ယာယီစံကျောင်းတော်သာဖြ
စ်ပါသည်။ အရှေ့ပြင် ပန်တျာကျောင်းအနီး၌တည်ရှိပြီး ယခုအခါ မန္တလေးကျောင်းထိုင် ဘု
န်းကြီးသင်တန်ကျောင်း ကျောင်းအုပ်ဆရာတော် ဦးကေသဝ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ
)သီတင်းသုံးတော်မူပါသည်။
မနေမယ ဆရာတော်ကြီး၏ ဆုပေး
~~~~~~~~~~~~~~~~~~~~~
မနောမယ ဆရာတော်ဘုရားကြီးသည် မိမိထံရောက်လာသည့် ပုဂ္ဂိုလ်တိုင်းအား အယုတ်အ
လတ် အမြတ်မရွေး အောက်ပါဆုကိုသာ ပေးတော်မူသည်ဟု သိရပါသည်။
ဣစ္ဆိတံ ပတ္တိတံ တုယှံ,ခိပ္ပမေဝ သမိဇ္ဈတု သဗ္ဗေ ပူရေန္တု, သင်္ကပ္ပါ, မဏိဇောတ ရသောယ
ထာ။
ဣမိနာ ပုညကမ္မေန, ဤသို့ လှူဒါန်းပူဇော်ဖူးမြော် မာန်လျော့ ကန်တော့ရသော ကောင်းမူ
ကုသိုလ် စေတနာအဖြာဖြာတို့ကြောင့်, ဣစ္ဆိတံ အလိုရှိအပ်သော ပတ္တိတံ တောင်းတအပ်ေ
သာ, ဝရံ အသက်ရှည် လိုသော ဆုတစ်ပါး, အနာရောဂါ ကင်းရှင်းစွာ နေလိုသော ဆုတစ်
ပါး, သူခိုး ဓားပြ လူလိမ် လူကောက် မင်းစိုးရာဇာ သူပုန် စသော အန္တရာယ်ဘေးဒဏ် ရန်
မာန်ခပ်သိမ်း ကင်းငြိမ်းလိုသော ဆုတစ်ပါး။ ကြံတိုင်အောင် ဆောင်တိုင်းမြောက်လိုသော
ဆုတစ်ပါး, နိဗ္ဗာန်ကို လျင်မြန်စွာ ရယူလိုသော ဆုတစ်ပါး, ဤငါးပါးသော ဆုထူးဆုမြတ်
အပေါင်းသည် တုယှံ, သင်ဒါယကာ ဒါယိကာမ အပေါင်းတို့အား , ခိပ္ပမေဝ, လျင်မြနါဆော
စွာ သာလျှင် သမိဇ္ဈတု, ပြည့်စုံအောင်မြင်ပါစေသတည်း။
ဒါယကာတို့က ဧဝံ ဟောတုl သုံးကြိမ် ရွတ်ဆိုစေပါသည်။
ဧဝံ ဟောတု ဤပစ္စေက ဗုဒ္ဓါအရှင်မြတ်တို့ ဆုပေးတော်မူသည့်အတိုင်း တပည့်တော်တို့မှာ
လည်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေသော်။
အရွယ်တော်ကြီး၍ အိုမင်းလာသည့်အခါ အတိုကောက်အားဖြင့် အလိုရှိတိုင်း ကြံစည်တိုင်
း ရေကန်အသင့် ကြာအသင့် ဖြစ်ကြစေဟုသာ ပေးတော်မူပါသည်။
အေဒီ ၁၈၉၆ ခု (၁၂၅၉ ခုနှစ်)ရဟန်း ၁၅ ဝါ အရ ဂန္ထဓူရ အလုပ်ကို စဝန့်လွှတ်၍ ဝိပဿနာဓူရ
အလုပ် စတင်အားထုတ်တော်မူသည်မှစ၍ ပျံလွန်တော်မူသည့်တိုင် တိစီဝရိတ်ဓူတင် ဆော
င်တော်မူပါသည်။
ဆရာတော်ကြီးသည် သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါရ အေဒီ ၁၉၅၈ ခု ဒီဇင်ဘာလ
၂၀ ရက် စနေနေ့ (၁၃၂၀ ခု နတ်တော်လဆန်း ၁၁ ရက်) ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွ
င် စံတော်မူ တောင်ပေါ်၌ သင်္ခတဇာတ်သိမ်း၍ ချုပ်ငြိမ်း ပျံလွန်တော်မူပါသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှကူးယူ
ဖော်ပြပါသည်။စာ(၄၅၆-၄၆၀)
လှိုင်မျိုးမင်း

ဆရာတော်ဘုရားကြီး ဦးကဝိ

ဆရာတော်ဘုရားကြီး ဦးကဝိ
*******************************
ထိုသို့ ကျင့်ကြံပွားများမှု များလာသောအခါ ရွာကလူတွေနှင့် စကားပြောနည်းလာပြီး တချို့
လူများနှင့်တွေ့လျှင် ဟေ့ မင်းတို့ ဘုရား, တရား, သံဃာ ဖက်ကြ။ မင်းတို့ သေတော့မယ်။
၃ ရက်ကြာ သေမယ်။ ၅ ရက်ကြာသေမယ်။ ၇ ရက်ကြာသေမယ် ဟူ၍ သတိပေးစကာြးေ
ပာ၏။ သတိပေးခံရသူများသည် ကိုကျော်ဒင် ပြောသည့်အတိုင်း သေကုန်ကြသဖြင့် ရွာသူ
ရွာသားများက ကိုကျော်ဒင်ကို အလွန်တရာ အံ့သြမိကြလေသည်။
ယင်းနောက် ရွာတွင် နွားပျောက်ကစပြီး လူနာအတွက် ဓာတ်စာနှင့် ဆေးဝါးများ လာမေြး
ကသည်ကိုပင် တပ်အပ်ပြန်လည်ဖြေကြားနိုင်ခဲ့လေရာ ကိုကျော်ဒင်အား ရွာမှလူများက အြ
ကားအမြက်ဆရာကြီးဟူ၍လည်းကောင်း , ပျောက်စေ ဆရာကြီးဟူ၍လည်းကောင်း, အ
သိအမှတ်ပြုလာကြသည်။
ကိုကျော်ဒင်သည် နေ့စဉ် နိစ္စဓူဝ ဝိပဿနာကမ္မဋ္ဌာန်းတရားကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ေ
နလေရာ ဇနီးဖြစ်သူက မကြားဝံ့မနာသာ အပြစ်စကားများပြောသော်လည်း ကိုကျော်ဒင်မှ
ာ တုတ်တုတ်မျှမလှုပ်။ ခန္တီစသောသည်းခံခြင်းဟူသော တရားကိုသာ ရင်ဝယ်ပိုက်လျက် တ
ရားဓမ္မကို ဆက်လက်အားထုတ်ပွားများလျက် ပွားများမြဲပင်။
ကိုကျော်ဒင်သည် ဇနီးဖြစ်သူ မကြည်ဖြူသည် ကြားမှ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို ဆက်လက်
အားထုတ်လိုက်ရာ အေဒီ ၁၉၂၀ သြဂုတ်လ ၁၂ ရက် (၁၂၈၂ ခုနှစ် ဒုတိယ ဝါဆိုလပြည့်ေ
ကျာ် ၁၃ ရက်)ကြာသပတေးနေ့ ည ၁၀ နာရီတွင် ပထမအကြိမ် တရားထူးကို ရတော်မူေ
လသည်။
အေဒီ ၁၉၂၀ စက်တင်ဘာလ ၁၁ ရက် (၁၂၈၂ခုနှင်တွင် ဝါခေါင်လပြည့်ကျော် ၁၃ ရက်)စ
နေနေ့ ည ၁၀ နာရီတွင် ဒုတိယအကြိမ် တရားထူးကို ရတော်မူလေသည်။်
အေဒီ ၁၉၂၀ အောက်တိုဘာလ ၁၀ ရက် (၁၂၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၃ ရ
က်)တနင်္လာနေ့ ည ၁၀ နာရီတွင် တတိယအကြိမ် တရားထူးကို ရတော်မူလေသည်။
(မှတ်ချက်) တော်သလင်းလပြည့်ကျော် ၁၃ ရက်နေ့မှာ တနင်္ဂနွေနေ့ ဖြစ်ပါသည်။
တရားထူးရခြင်းနှင့် စပ်လျဉ်း၍ ဆရာစဉ်ဆက် လေ့လာသုံးသပ်ပုံ အချို့ကို တင်ပြမှသာလျှင်
စွန်းလွန်းဆရာတော်ဘုရားကြီး၏ ရဟန်းထူး ရဟန်းမြတ်ဘဝကို ထင်သာမြင်သာုဖစ်ပေ
လိမ့်မည်။ ထို့ကြောင့် အောက်ပါကောက်နုတ်ချက်ကို ဖတ်ကြည့်ပါ။
ထိုရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာဘက်
တွင် သိကြားမင်ကိုတွေ့ရ၏။ အားလုံး အရိုအသေပြုနေကြသည်။ တစ်နေ့ကပင် ကျောင်း
အနီး၌ မှိုပွင့်ကြီး တစ်ပွင့်တွေ့၍ နုတ်လိုက်ရာ မှိုငုံ မှိုမြစ်ပါမကျန် တစ်အုံလုံး ကျွတ်ထွက်လ
ာသည်ကို တွေ့ရကတည်းက အမြစ်ပြတ် လုံးဝအကျွတ်အလွတ် တရားရတော့မည်ဟု ယူ
ဆကာ အရိုးကြေကြေ အရေခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု နတ်သကြားများကို တ
ပ်အပ်သေချာတွေ့မြင်ရပြန်သောအခါ ငါ့အား တရားထူးရတော့မည်ဖြစ်၍ လာရောက်စော
င့်ကြသည်ဟု မှတ်ထင်လိုက်၏။ နတ်ရထားနှင့် နတ်သကြားတို့ကို ဂရုမမူဘဲ ဣရိယာပုတ်
တစ်ခုတည်းဖြင့် တစ်ရှိန်တည်း တစ်သန်တည်း ခန္ဓာကိုယ့်နှင့် အသက်ကိုပင် စွန့်လွှတ်၍ အ
ားထုတ်ရာ ထိုနေရာ၌ပင် ရဟန္တာဖြစ်တော်မူလေ၏။
အေဒီ ၁၉၂၀ ခု နိုဝင်ဘာလ ၉ ရက် အင်္ဂါနေ့ (၁၂၈၂ ခုနှစ်တွင် သီတင်းကျွတ်လပြည့်ကျော်
၁၃ ရက်)အင်္ဂါနေ့ ည ၁၀ နာရီတွင် စတုတ္ထအကြိမ်မြောက် တရားထူးကို ရရှိတော်မူလေသ
ည်။
ဘဝပေါင်းများစွာကို ဆင်ခြင်ကြည့်ရှုခြင်း
~~~~~~~~~~~~~~~~~~~~~~~
ရှင်ကဝိသည် တရားထူးများကို ရရှိပြီးနောက် မိမိကူးပြောင်းခဲ့ရသော ဘဝပေါင်းများစွာကို
အကျိုးပေါ်ကနေပြီးအကြောင်းကို ပြန်လည်ဆင်ခြင်ကြည့်လေရာ တိရစ္ဆာန်ဘဝ အမျိုးမျိုးဖြ
စ်ခဲ့သည်ကများပြီး လူ့ဘဝရရှိသည်မှာ အလွန်နည်းကြောင်းတွေ့ရှိရသည်။
ကဿပ ဘုရားရှင် လက်ထက်က ကြက်တူရွေးဖြစ်ခဲ့
~~~~~~~~~~~~~~~~~~~~~~~~~
ယခုဘဒ္ဒကမ္ဘာတွင် မဟာကဿပဘုရားရှင် လက်ထက်တုန်းက ကျေးသား ကြတူရွေးဘဝအဖြ
စ်နှင့် ဘုရားရှင်အား သစ်သီးကပ်လှူ ဆုတောင်းခဲ့ဖူးသော အကြောင်းအကျိုးဆက်ကြောင့်
ယခုလက်ရှိလူ့ဘဝတွင် တရားထူးများကို ပေါက်ရောက်စွာရရှိကြောင်း သိရှိရသည်။
သထုံဘုရင် မနူဟာမင်း၏ ဗားမဲ့ဆရာတော် ဖြစ်ခဲ့
~~~~~~~~~~~~~~~~~~~~~~~~~
ဂေါတမမြတ်စွာဘုရားသခင်၏ သာသနာတော်အတွင်း၌ သုဝဏ္ဏဘုမ္မိ သထုံပြည်ကြီးကို စို
းမိုးအုပ်ချုပ် မင်းလုပ်တော်မူခဲ့သော သာသနာ့ဒါယကာ မနူဟာမင်းကြီး၏ ဆည်းကပ်ကိုးကွ
ယ်ခြင်းခံရသော ဗားမဲ့ဆရာတော်ရယ်လို့ ဖြစ်ရပြန်သည်။
တစ်ခုသောဘဝတွင် တက္ကသိုလ်ဆရာကြီး ဖြစ်ခဲ့ဖူးကြောင်း မှတ်တမ်းရှိပါသည်။
လေ့လာဆင်ခြင်ဖွယ်များဖြစ်ပါသည်။ ထိုဘဝက တွေ့ကြုံဆက်ဆံဖူးသူတိုင်း ယခုအခါ ငါ့ထံ
သို့လာရောက်ကြ၍ ကိလေသာ ရောဂါကင်းဝေးအောင် တရားဆေးကို စားသုံးကြလိမ့်မည်
ဟု မြင်တော်မူ၏ဟု သိရပါသည်။
၎င်းဘဝမှ စုတေ၍ သံသရာကျင်လည်ခဲ့ပြန်ရာ ယခု လူ့ဘဝတွင် ကိုကျော်ဒင်မှသည် ရှင်က
ဝိ ဘဝသို့ ရောက်ခဲ့ခြင်းဖြစ်ပေသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှကူးယူ
ဖော်ပြပါသည်။စာ(၄၄၉-၄၅၁)
ဆက်လက်ဖော်ပြပါမည်။
လှိုင်မျိုးမင်း

လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း

လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း
-----------------------------------------------------------------------
လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများ
အတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်

၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အခွံနဲ့အတူ ပါးပါးလှီးပါ။
၂။ နနွင်း (၁၀)သားခန့် ထည့်ပါ။
၃။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံေ
နအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှ
င် ပိုကောင်းပါသည်)
၎။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကို
က်အခဲဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်
ပါသည်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
ဆောင်းပါးရှင် = ဦးနေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ
Shape Entertainment Journal

အပါယ်ရောက်ကြောင်း အလှူဒါန(၁၀)ပါး

အပါယ်ရောက်ကြောင်း အလှူဒါန(၁၀)ပါး
======================
၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )
၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ
၃။ ဣတ္ထိဒါန- မိန်းမအလှူ
၎။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ
၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ
၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ
၇။ ၀ိသဒါန- အဆိပ်အလှူ
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။
၁။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်
းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြ
ပါတယ်။ ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကု
သိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့
အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းေ
သာ အလှူကိုပေးလှူတတ်ကြပါတယ်။
အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသေြာေ
ကာင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတ
ယ်။
၂။ သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကို
လည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊
အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေ
ရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသ
ည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။
တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ်
တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အား
လုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။
၃။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ေ
ဆွ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်
ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခြေ
ကးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေး
ပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတ
ယ်။
၎။ နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလ
ားတို့ကို ပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။
၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ
အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ်
စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆို
လိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်ေ
လးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့
သတိပေးလိုပါတယ်။
၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟု
တ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေ
နိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတ
ယ်။
၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့်
သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်
ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါ
တယ်။
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှ
င်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ
၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တ
စ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တော
င်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အေ
လးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါ
နမျိုးကိုဆိုလိုပါတယ်။
ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေ
တတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြု
လုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိ
အောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။
ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာ
ကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ြ
ဖစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်
ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံ
း သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
Credit >>> သုတကမ္ဘာ