Saturday, November 15, 2014

'''''''စာသင်သားဆုံးမစာ''''''

Nay Moe'''''''စာသင်သားဆုံးမစာ''''''===========သုဏေယျ - နာကြားရာ၏ ။စိန္တေယျ - ကြံစည်ရာ၏ ။ပုစ္ဆေယျ - မေးမြန်းရာ၏ ။ဘာသေယျ - ပြောဆိုရာ၏ ။ဝိစာရေယျ - စူးစမ်းဆင်ခြင်ရာ၏ ။လိခေယျ - ရေးမှတ်ရာ၏ ။သိက္ခေယျ - လေ့ကျင့်ရာ၏ ။ဓာရေယျ - နှုတ်ငုံဆောင်ရာ၏။''သု စိ ပု ဘာ ၊ ဝိ လိ သိ ဓာ''အက္ခရာစွဲသုံး ဤရှစ်လုံးကိုသီကုံးပန်းသွင် နေ့တိုင်းဆင်လော့စာသင်ပျိုနု အခြေပြုတို့ဥဇုဘူတ လုံ့လပြင်းစွာသူ့ထက်ငါဟု နှုတ်မှာရွရွကြိုးပမ်းကလျှင်သိပ္ပကျေးဇူးအထူးသိမြင် ပညာရှင်ဟုမထင်မပေါ် မကျော်ဇောဘဲတီမှာလွဲအံ့အရဲကြိုးကုတ် ကြက်ရဲစုတ်သို့အားထုတ်ခုံမင် မသင်မအံမကြံမမေး ဆွေးနွေးရောနှောပြောဟောမဲ့ထွေ ပေချပ်ရေဖြင့်ကုန်စေဆန်းသာ သင်ချေပါလည်းဘယ်မှာဂုဏ်ရှင် ကျော်စောထင်ချိမ့်စာသင်ဟူက ကျမ်းထိုမျှကိုတွေ့ကမရှောင် ကြောင်ပုစွန်စားကျွတ်ကျွတ်ဝါးသို့ လွှသွားပမာကျောက်ထက်စာသို့လိုရာရအောင်ကြံဆောင်လေ့ကျက်အနက်ဓိပ္ပာယ်နှုတ်ဝယ်ရွရွ ထားချေမှတည့်တစ်စပေါ်လျှင် ချည်စငင်သို့သဘင်ပွဲမှောက် ဆိုရေးရောက်ကလန့်ကြောက်မရှိ သတိမြဲခိုင်ကျောက်တိုင်ပမာ ကေသရာသို့ရွံ့ရှာမဲ့လျှင်း ဆိုခင်းနည်းနာအဖြာဖြာကို မကြာနှုတ်လျှောက်ခန့်ချင့်ထောက်လော့အံ့လောက်ဖွယ်သာ ဂါထာပါဋ္ဌ်သားစကားဝိုက်လည် စဉ်ရှည်ရှေးတီးစကားကြီးက စသည်ထိုထိုဝိဂြိုလ် ဝစနတ် ဓာတ်ရပစ္စည်းထုံးနည်းပမာ ဂါထာဆန်းဂိုဏ်းကရိုဏ်းဌာန်စစ် ဖွင့်လှစ်ဋီကာအဋ္ဌကထာပါဠိ အောက်ထက်ညှိ၍ကဝိလက္ခဏာ အဖြာဖြာကိုသေချာဆည်းစ ဆိုဝံ့ကလျှင်ဘဝဤတွင် ခုမျက်မြင်လည်းမထင်ဘယ်မှာ ရှိဘိရာအံ့သံသရာလည်း ပမာကဲလွန်အဆုံးစွန်မူ ညီမွန်တုလတ်သုံးလူနတ်ဝယ် ။ ။"အကျွတ်ဘယ်မှာ ဝေးတော့မည်" ။ဆရာတော်ကြီး! သျှင်မဟာ ရဋ္ဌသာရ !(မြန်မာနှစ်**၈၃၀ မှ ၈၉၂) —

No comments:

Post a Comment