မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ
.မနောမယ ဆရာတော်ဘုရားကြီး ******************************
ဆရာတော်ဘုရားကြီးကား ပခုက္ကူမြို့နယ် မြိုင်မြို့အပေါင်း ခေါင်းကွဲကျေးရွာနေ ခမည်းေ
တာ် ဦးစံဘော် မယ်တော် ဒေါ်မိန်းကလေးတို့မှ မွေးဖွားသည့် သားသမီးသုံးဦး အနက် ဒု
တိယသားတော်ဖြစ်ပါသည်။ အကြီးဆုံးက အစ်မကြီးဖြစ်၍ တတိယသားေ်မှာ မင်းကွန်းေ
တာင်ရိုး အရိယာမဂ္ဂင်ချောင် ဆရာတော်ဘုရားကြီး ဦးအရိန္ဒမ (အဂ္ဂမဟာပဏ္ဍိတ)ဖြစ်သ
ည်ဟု သိရပါသည်။
တစ်နေတာရသမျှ ဖြစ်လာသမျှသော ဆွမ်းဖြင့်သာ မျှတအောင် ဘုဉ်းပေးတော်မူပါသည်။
အပိုအလျှံများ ကြိုတင်သိုးမှီးထားမှု မပြုလုပ်ပါ။ ရံခါ သတ်သတ်လွတ် ရံခါ မီးလွတ်တို့ကို
လပိုင်းရက်ပိုင်းအားဖြင့် ဘုဉ်းပေးတော်မူ၍ သန္တုဋ္ဌိ သလ္လေခတရားများကို ပွားများတော်မူ
သည်။
ဆေး
~~~~
ဝါဠုကယန္တရား တစ်ဖုံနှင့် ထုံ ပြဒါးတစ်အိုးတို့ကို အမြဲတမ်းထားတော်မူလျက် အလိုရှိသည့်
အခါ ဆေးအဖြစ်ဖြင့်လည်းကောင်း လောကီကိစ္စများအတွက်လည်းကောင်း အသုံးပြုတော်
မူပါသည်။
ကျောင်း
~~~~~
တိုင်တစ်လုံး ဒိုင်းရှစ်ချောင်း သက်ကယ်မိုး သုံးဖက်မြင် တစ်ဖက်ထရံကျဲကာ ဝါးကြမ်းခင်း ဝ
ါးလုံးကို ခေါင်းအုံးပြုလျက် ထီသဏ္ဌာန် ဆောက်လုပ်ထားသည့် ထီးဖြူရံ၌ အမြဲသီတင်းသုံးပ
ါသည်။ တရားဟောဌာနလည်းဖြစ်ပါသည်။
အလယ်မှတိုင်ကို အဖြူ အနီ အနက် အဝါဟူသောဓာတ်ကြီးလေးပါး အမှတ်အသား အရေ
ာင်များကို သင်္ဘောဆေးဖြင့်သုတ်လိမ်း၍ ကသိုဏ်းရှုတော်မူပါသည်။
ထီးဖြူရုံ ဒါယကာမှာ မန္တလေးမြို့ ဆိုင်းတန်းရပ် ဆီကုန်သည် ဦးသွဲ့ ဒေါ်ပု သမီးမသောင်း
ညွန့်, သား မောင်ဝင်းစိန်တို့ဖြစ်ကြပါသည်။ ရှေးမူမပျက် ဆက်လက်၍ ထိန်းသိမ်းထားပါ
သည်။ တိုင်တစ်လုံးတည်ထားခြင်းမှာ သံသရာဝဋ်မှ လွတ်ရာဌာနဟူသည် နိဗ္ဗာန်မှတစ်ပါး
အခြားမရှိဟု သိစေတော်မူလိုရင်းဖြစ်ပါသည်။ ဒိုင်းရှစ်ချောင်းထားခြင်းသည် ထို နိဗ္ဗာန်သို့
ရောက်ကြောင်းကျင့်စဉ်မှာ မဂ္ဂင်ရှစ်ပါး မဇ္ဈိမ ပဋိပဒါ ကျင့်စဉ်မှတစ်ပါး အခြားမရှိဟု သိစေ
တော်မူပါသည်။ အရောင်လေးမျိုးဖြင့် သုတ်လိမ်းထားခြင်းမှာ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဖြင့်သာ
သစ္စာလေးပါးတို့ကို သိစွမ်းနိုင်သည်ဟု သိစေခြင်းဖြစ်ပါသည်။ သက်ကယ်ဖြင့် မိုးထားခြင်း
သည် ဤထီးဖြူရုံမှနေ၍ သတ္တဝါတို့၏ အသက်ကို ကယ်တင်မည်ဟူသော ရည်ရွယ်ချက်ကို
သိစေပါသည်။
တစ်ဖက်ကာရံ၍ သုံးဖက်ဖွင့်ထားခြင်းသည် ငါ ငါ့ကိုယ်နှင့် တိစိဝရိတ် သင်္ကန်းမှတစ်ပါး အ
ခြားဘာမျှမရှိဟု သိစေပါသည်။ အာဝါသ ပလိဗောဓဖြတ်ခြင်း ဖြစ်ပါသည်။ ဒါယကာ ဒါယိ
ကာမတို့က ကျောင်းသစ်များ ဆောက်လုပ်လှူဒါန်းလိုပါက တစ်ခန်းပတ်လည် နှစ်ခန်းပတ်လ
ည် စသဖြင့် ကျောင်းငယ်များကို ဆောက်လုပ်လှူဒါန်းစေပါသည်။
ကြီးကြီးမားမား,ကောင်းကောင်းမွန်မွန် ဆောက်လုပ်လှူဒါန်းလိုသော ဒါယကာ ဒါယိကာမ
များ ပေါ်ပေါက်လာပါက 'ဟေ့ မောင်အရိန္ဒမထံ သွားသူက အနေကောင်းနေချင် အစားေ
ကာင်း စားချင်တယ်ကွ'ဟု ဆိုမိန့်တော်မူပြီး ညီတော်ထံ လွှဲပြောင်း ဆောက်လုပ်စေပါသည
်။
ကျောင်းအလှူခံပုံ
~~~~~~~~~~~
ကျောင်းငယ်များကို အလှူခံတော်မူရာ၌ ဓာတုဒ္ဒိဿနည်းဖြင့် အလှူခံတော်မူပါသည်။ စတုဒိသာ
မဟုတ်ပါ။ ဓာတုဒ္ဒိဿဆိုသည်မှာ ရည်ရွယ်ချက်လေးမျိုးဟုဆိုပါသည်။
၎င်းကျောင်း၌ ဘုရားထားလျှင် ဂန္ဓကုဋိ
ဘုန်းကြီး ရဟန်း သာမဏေတို့နေလျှင် ကျောင်း
ဥပုသ်သည် သူတော်စင် သီလရှင်တို့နေလျှင် ဇရပ်
လူပုဂ္ဂိုလ်တို့ နေလျှင် အိမ်
ဟူသော ရည်ရွယ်ချက်ဖြင့် လေးမျိုးတို့ဖြင့် လှူဒါန်းကြရပါသည်။ သို့မှသာ ၄င်းအဆောက်အ
ဦး မည်သည့်ပုဂ္ဂိုလ်မျိုးနေနေ အပြစ်ကင်းမည်ဖြစ်ပါသည်။ အမြော်အမြင် ကြီးလှပါသည်။
ကိုယ်ပိုင် အဖြစ်ဖြင့် အလှူမခံရုံမျှမက ရဟန်းဆိုသည်မှာ အမာမက အပရိဂ္ဂဟ ကိုယ်ပိုင်ပစ
္စည်း မရှိရ, သိုမှီး သိမ်းဆည်းခြင်း မပြုရဘူးကွာဟုလည်း မိန့်တော်မူပါသည်။
ဂန္ထဓူရ
~~~~~~~~~~~~~~~~~~~~~~~~~
အေဒီ ၁၉၀၂ ခု (၁၂၆၄ ခုနှစ်) ဆရာတော်ကြီးသည် ရဟန်း ၅ ဝါ တိုင်အောင် ကျမ်းတတ်
အကျော်အမော် ဆရာတော်တို့ထံ၌ ပိဋကကျမ်းစာများကို သင်ယူခဲ့ကြောင်း သိရပါသည်။
အေဒီ ၁၉၁၂ ခု (၁၂၇၄ ခုနှစ်) ရဟန်း ၁၅ ဝါရသည့် တိုင်အောင် နေ့ ည မပြတ် စာပေကျမ်
းဂန်များကို ပို့ချပေးတော်မူသည်။ စာပေ ပို့ချတော်မူရာ၌လည်း များသောအားဖြင့် နိဿယ မ
ကိုင်မူ၍ နိဿယလွတ် ပို့ချတော်မူပါသည်။ ထိုစဉ်က နိဿယလွတ်ပို့ချနိုင်မှသာ စာတတ်သည်ဟု
အသိအမှတ်ပြုကြပါသည်။
ဝိပဿနာဓူရ
~~~~~~~~~~~~~~~~~~~~~~~~~
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည့်အခါ စာပေကျမ်းဂန် ပို့ချတော်မူခြင်းကို ရပ်နားတော်မူ၍
မြေလျှိုးမိုးပျံ ဈာန်အဘိညာဉ် တန်ခိုးတို့ကို ရတော်မူလိုသည့် ဆန္ဒတော်များ ပြင်းပြလာသည့်
အတွက် မဂ္ဂင်ချောင်မှထွက်၍ (ရှေးအခေါ်)ဂူကြီးချောင် (ယခုအခေါ်)မနောမယချောင်သို့
ပြောင်းရွှေ့ သီတင်းသုံးတော်မူလျက် ဝိပဿနာဓူရ အလုပ်များကို မနေမနား အချိန်ကို အချည်း
နှီးမထားဘဲ ကြိုးစားအားထုတ်တော်မူပါသည်။
တပည့်များနှင့် ဆက်ဆံပုံ
~~~~~~~~~~~~~~~
မိမိထံသို့ရောက်လာသူ တပည့် ဒါယကာ ဒါယိကာများအား အယုတ်အလတ် အမြတ်မရွေး
တစ်ပြေးတည်းထား၍ ဆက်ဆံတော်မူပါသည်။ ထီးဖြူရုံအတွင်း တရားနာခြင်းကိုပင်လျှင်
အလျှင်ရောက်သူက ရှေ့မှထိုင်၍ နောက်မှရောက်သူက နောက်မှာထိုင်ရပါသည်။ မည်မျှ ဓ
နဥစ္စာ ဂုဏ်ပါဝါတို့ ကြီးစေကာမူ ရှေ့တက်ခွင့်မရပါ။
သာသနာပြုတော်မူပုံ
~~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော်ဘုရားကြီးသည် မနောမယတောင်တန်းနှင့်တကွ အနီးရှိ တောင်ဝန်းတစ်ခုလုံး
ဘုရားငယ် စေတီငယ် ဂူငယ် ကျောင်းငယ် ရေကန်ငယ်တို့ဖြင့် ဖွေးဖွေးဖြူအောင် သာသနာ
ပြုတော်မူခဲ့ပါသည်။ ဘုရား စေတီ ကျောင်းတို့ကို ကြီးကြီးမားမား တည်တော်မမူဘဲ အမြင့်
ဆုံး ကိုးတောင် ပမာဏမျှသာ တည်တော်မူခဲ့သည်။ ရေကန်ကိုမူ ကျေးငှက်တိရစ္ဆာန်များေ
သာက်သုံးနိုင်ရန် အင်တုံ ပမာဏမှ စ၍ ပေ ၄၀/၅၀ ပတ်လည် တိုင်အောင်သော ရေကန်ြ
ကီးငယ်တို့ကို များစွာတည်တော်မူခဲ့ပါသည်။
ဘုရားဘွဲ့တော်များမှာ သတ္တဌာန ဘုရားများ အပါအဝင် ရွှေမုဋ္ဌော, ရွှေဟင်္သာ.ကြံတိုင်းေ
အာင်,အမတ စသည်ဖြင့် ပေးတော်မူခဲ့ပါသည်။ ချောင်အမည်များမှာ- မနောမယ ဤချော
င်၌ ဆရာတော်ဘုရားကြီးသည် စိတ်အလိုရှိတိုင်းပြီးတော်မူပါသည်။ အဓိကအားဖြင့် သီတ
င်းသုံးတော်မူပါသည်။ အံ့ဖွယ်ဖြစ်ရပ်များကိုမူ သတိထားသူ ဒါယကာ ဒါယိကာမများသာ
သိကြပါသည်။ မဟိဒ္ဓိ ဤချောင်၌ ဆရာတော်ဘုရားကြီးသည် သူမတူအောင် တန်ခိုးကြီးေ
တာမူပါသည်။ တန်ခိုးဣဒ္ဓိပါဒ်တို့နှင့်ပြည့်စုံ၍ ကိုးကွယ်သူတို့ဖြင့် လျှမ်းလျှမ်းတောက် သော
အချိန် ဖြစ်ပါသည်။
အမတ ဤချောင်၌ ဆရာတော်ကြီးသည် မအို မနာ မသေရာဖြစ်သော တရားထူးကို သိမြ
င်တော်မူသည်ဟု အများက ယူဆကြပါသည်။ အမတဟူသည် နိဗ္ဗာန် အမည်တည်း။
စံတော်မူ မိမိနောက်ဆုံး ပျံလွန်တော်မူရမည့် ဌာနကို ကြိုတင်သိရှိတော်မူသကဲ့သို့ ဘဝဇာ
သိမ်းတော်မူသည့်အခါ အခြားချောင်တွေရှိလျက် ၄င်းစံတော်မူ တောင်ပေါ်သို့ကြွရောက်၍
ပျံလွန်တော်မူပါသည်။
မနောမယဥယျာဉ်
~~~~~~~~~~~
မန္တလေးမြို့သို့ကြွရောက်သည့်အခါ သီတင်းသုံးရန် တပည့် ဒါယကာ ဒါယိကာမတို့မှ ဆော
က်လုပ်လှူဒါန်းထားခြင်း ဖြစ်ပါသည်။ ခေတ္တ သီတင်းသုံးသည့် ယာယီစံကျောင်းတော်သာဖြ
စ်ပါသည်။ အရှေ့ပြင် ပန်တျာကျောင်းအနီး၌တည်ရှိပြီး ယခုအခါ မန္တလေးကျောင်းထိုင် ဘု
န်းကြီးသင်တန်ကျောင်း ကျောင်းအုပ်ဆရာတော် ဦးကေသဝ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ
)သီတင်းသုံးတော်မူပါသည်။
မနေမယ ဆရာတော်ကြီး၏ ဆုပေး
~~~~~~~~~~~~~~~~~~~~~
မနောမယ ဆရာတော်ဘုရားကြီးသည် မိမိထံရောက်လာသည့် ပုဂ္ဂိုလ်တိုင်းအား အယုတ်အ
လတ် အမြတ်မရွေး အောက်ပါဆုကိုသာ ပေးတော်မူသည်ဟု သိရပါသည်။
ဣစ္ဆိတံ ပတ္တိတံ တုယှံ,ခိပ္ပမေဝ သမိဇ္ဈတု သဗ္ဗေ ပူရေန္တု, သင်္ကပ္ပါ, မဏိဇောတ ရသောယ
ထာ။
ဣမိနာ ပုညကမ္မေန, ဤသို့ လှူဒါန်းပူဇော်ဖူးမြော် မာန်လျော့ ကန်တော့ရသော ကောင်းမူ
ကုသိုလ် စေတနာအဖြာဖြာတို့ကြောင့်, ဣစ္ဆိတံ အလိုရှိအပ်သော ပတ္တိတံ တောင်းတအပ်ေ
သာ, ဝရံ အသက်ရှည် လိုသော ဆုတစ်ပါး, အနာရောဂါ ကင်းရှင်းစွာ နေလိုသော ဆုတစ်
ပါး, သူခိုး ဓားပြ လူလိမ် လူကောက် မင်းစိုးရာဇာ သူပုန် စသော အန္တရာယ်ဘေးဒဏ် ရန်
မာန်ခပ်သိမ်း ကင်းငြိမ်းလိုသော ဆုတစ်ပါး။ ကြံတိုင်အောင် ဆောင်တိုင်းမြောက်လိုသော
ဆုတစ်ပါး, နိဗ္ဗာန်ကို လျင်မြန်စွာ ရယူလိုသော ဆုတစ်ပါး, ဤငါးပါးသော ဆုထူးဆုမြတ်
အပေါင်းသည် တုယှံ, သင်ဒါယကာ ဒါယိကာမ အပေါင်းတို့အား , ခိပ္ပမေဝ, လျင်မြနါဆော
စွာ သာလျှင် သမိဇ္ဈတု, ပြည့်စုံအောင်မြင်ပါစေသတည်း။
ဒါယကာတို့က ဧဝံ ဟောတုl သုံးကြိမ် ရွတ်ဆိုစေပါသည်။
ဧဝံ ဟောတု ဤပစ္စေက ဗုဒ္ဓါအရှင်မြတ်တို့ ဆုပေးတော်မူသည့်အတိုင်း တပည့်တော်တို့မှာ
လည်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေသော်။
အရွယ်တော်ကြီး၍ အိုမင်းလာသည့်အခါ အတိုကောက်အားဖြင့် အလိုရှိတိုင်း ကြံစည်တိုင်
း ရေကန်အသင့် ကြာအသင့် ဖြစ်ကြစေဟုသာ ပေးတော်မူပါသည်။
အေဒီ ၁၈၉၆ ခု (၁၂၅၉ ခုနှစ်)ရဟန်း ၁၅ ဝါ အရ ဂန္ထဓူရ အလုပ်ကို စဝန့်လွှတ်၍ ဝိပဿနာဓူရ
အလုပ် စတင်အားထုတ်တော်မူသည်မှစ၍ ပျံလွန်တော်မူသည့်တိုင် တိစီဝရိတ်ဓူတင် ဆော
င်တော်မူပါသည်။
ဆရာတော်ကြီးသည် သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါရ အေဒီ ၁၉၅၈ ခု ဒီဇင်ဘာလ
၂၀ ရက် စနေနေ့ (၁၃၂၀ ခု နတ်တော်လဆန်း ၁၁ ရက်) ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွ
င် စံတော်မူ တောင်ပေါ်၌ သင်္ခတဇာတ်သိမ်း၍ ချုပ်ငြိမ်း ပျံလွန်တော်မူပါသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှကူးယူ
ဖော်ပြပါသည်။စာ(၄၅၆-၄၆၀)
လှိုင်မျိုးမင်း
Thursday, November 27, 2014
.မနောမယ ဆရာတော်ဘုရားကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment