Tuesday, November 18, 2014

မိုးညှင်း မဟာထေရုပ္ပတ္တိရုပ်ပုံလွှာ

မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ
မိုးညှင်း မဟာထေရုပ္ပတ္တိရုပ်ပုံလွှာ
******************************
ဒုတိယကမ္ဘာစစ်ကြီးအကြောင်းကိုစပ်လျဉ်း၍ တွေးတောတိုင်း စစ်အတွင်းအတွေ့အကြုံရှိခဲ
့သော ကျွန်ုပ်တို့မှာ သမ္ဗုဒ္ဓေနှင့်စပ်လျဉ်း၍ ကျေးဇူးဂုဏ်ကို အစဉ်ဦးထိပ်ထားကြပါသည်။ မိုး
ညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီး စတင်တည်ထားခဲ့သော ခုနှစ်မှာ ၁၃၀၁ ခု ဒုတိယဝါဆိုလဆ
န်း ၅ ရက် (၂၀ဇူလိုင် ၁၉၃၉)ကြာသပတေးနေ့ ဖြစ်ပါသည်။ မိုးညှင်းဆရာတော်ဘုရားကြီး
မှာ ထိုအချိန်က သက်တော် ၇၂ နှစ်ရှိသည်ဖြစ်ပါသည်။
မိုးညှင်းတောရသို့ မိုးညှင်းဆရာတော်လောင်းလျာ ရောက်ရှိလာသည့်နေမှာ ၁၂၇၃ ဝါဆိုလ
(ဇူလိုင် ၁၉၁၁)ဖြစ်ပါဖြင့် မိုးညှင်းဆရာတော်သည် မိုးညှင်းတောရ၌ သီတင်းသုံးခဲ့သည်မှာ
ဝါတော် ၂၈ ဝါ ဖြစ်ပါသည်။
သမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး ပထမဆုံး ဗုဒ္ဓဘိသေက အနေကဇာတင်သော အချိန်တွင် အ
ရှင်မြတ်ကြီး၏ မွေးနေ့တော်မှာ ၇၃ နှစ်မြောက်ရှိပြီးဖြစ်ပါသည်။
၁၃၀၁ ခု ဝါခေါင်လဆုတ် ၅ ရက်(၁၉၃၉ ခု စက်တင်ဘာလ ၃ ရက်) တနင်္ဂနွေနေ့တွင် ဗြိ
တိသျှနန်းရင်းဝန်ကြီး ချိန်ဘာလိန်က ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီဟူ၍ ကမ္ဘာသို့ အသိပေြးေ
ကညာလိုက်ပါသည်။
စစ်မီးသည် အာရှတိုက်သို့ ကူးစက်လာခဲ့ရာ ၁၃၀၃ ခု ပြာသိုလဆန်း ၇ ရက် (၂၃ ဒီဇင်ဘာ
၁၉၄၁) အင်္ဂါနေ့တွင် ဂျပန်လေယာဉ်များသည် ရန်ကုန်မြို့ကို စတင်ဗုံးကြဲပါသည်။
ထိုအခါ လူများသည် ထိတ်ထိတ်ပျာပျာဖြစ်ကုန်သည်။ ဗုံးဘေးမှ ဝေးရာဝေးကြောင်း ပြေြး
ကသည်။ အချို့သည် စစ်ကိုင်းတောင် မင်းကွန်းတောင်သို့ရောက်ကြ၏။ အချို့သည်ကား မို
းညှင်းတောရ သို့သွားရောက်ကြသည်။ ရောက်သမျှကို လက်ခံ၍ မိုးညှင်းအရှင်မြတ်ကြီးသ
ည် သာသနာ့ အနှစ်သာရများ ဟောပြောကာ သာသနာပြုခဲ့လေသည်။ တရားသံကို နာခံရ
င်း စစ်၏ အနိဋ္ဌာရုံများကိုကျော်လွှားနိုင်ခဲ့ကြပေသည်။
စစ်မီးကြီးဝိုင်းနေသော မိုးညှင်းသမ္ဗုဒ္ဓေအကြောင်းသည် အံ့သြ၍ မကုန်နိုင်တော့ပေ။ ထိုအ
ချက်ကို မိုးညှင်းထေရုပ္ပတ္တိကျမ်းပြုဆရာတော်က အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသ
ည်။
တစ်ခုသောနေ့တွင် ပဋ္ဌာန်အဓနပတိဓမ္မာရုံကြီးပေါ်၌ မိုးညှင်းအရှင်မြတ်နှင့် သံဃာတော်မျ
ားသည် ယောဂီပရိသတ်တို့အား အေးငြိမ်းစွာ တရားဘောကြားပြသနေ၏ ထိုအချိန်တွင်
ကောင်းကင်မှ ဖြတ်သန်းသွားသော လေယာဉ်တစ်စင်းသည် ရုတ်တရက် ဗုံးသုံးလုံးကြဲချလို
က်၏။ မြင်သူတို့မှာ အသက်ထွက်သွားပြီထင်ရလောက်အောင် ထိတ်လန့်တုန်လှုပ်ကုန်ကြ
သည်။ သို့သော် ထိုဗုံးများသည် ပေါက်ကွဲခြင်းမရှိဘဲ သမ္ဗုဒ္ဓေစေတီတော်မြတ် တည်ထားရ
န်ပုံထားသော သဲပုံထဲ၌ စုပ်ခနဲ နစ်မြုပ်သွားသည်။ အသံမမြည်သဖြင့် အနီးရှိလူ အကုန်ပင်
မသိလိုက်ကြ။ တရားပွဲကား ဟောမြဲဟောလျက်ပင်ရှိသည်။ အကယ်၍ ထိုဗုံးသုံးလုံးသာေ
ပါက်ကွဲလိုက်ပါက တည်ဆဲ သမ္ဗုဒ္ဓေ စေတီတော်မြတ်ကြီးနှင့် အနီးရှိ ပရိသတ်တို့အတွက် မ
တွေးရဲအောင်ပင် ရှိပါတော့သည်။
ထိုထက် အံ့ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုကို ဖော်ပြပါမှ သင့်တော်ပါလိမ့်မည်။ ထိုအချ
က်ကား အခြားမဟုတ် မိုးညှင်းဆရာတော်ဘုရားကြီးကို ဗုံးမှန်သော ကိစ္စကြီးဖြစ်ပါသည်။
အနီးအပါးမှာ ကျခြင်းလည်းမဟုတ်, အဝေးမှကျခြင်းလည်းမဟုတ်, လူကို တည့်တည့်မှန်ခြ
င်းဖြစ်ပါသည်။ ဖတ်ကြည့်ပါ။
ထိုဖြစ်ရပ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး တစ်ခုသောနေ့ကဖြစ်၏။ ထိုနေ့ နေ့လယ် တစ်န
ာရီအချိန်တွင် မိုးညှင်းအရှင်မြတ်သည် တရားဆင်ခြင်ရင်း စင်္ကြံလျှောက်လျက်ရှိနေ၏။ ထို
အချိန်တွင် အုပ်အုပ်ဆိုင်းဆိုင်း ညိုမှိုင်းလျက်ရှိသော မိုးညှင်း သမ္ဗုဒ္ဓေကျောင်းတိုက်အနီး၌ ဂျ
ပန်စစ်တပ်များ ခိုအောင်းနေမည်ထင်သဖြင့် တစ်ဖက်စစ်တပ်မှ စစ်အမြောက်ကြီးများဖြင့်
လှမ်း၍ပစ်လိုက်ရာ တစ်ခုသောအမြောက်ဆန်သည် မိုးညှင်းအရှင်မြတ်ကြီး သီတင်းသုံးလျ
က်ရှိသော ကျောင်းတိုက်ကြီးဆီသို့ တစ်ဟုန်ထိုးစွပ်ဝင်လာသော ဒိုင်းခနဲ ဝုန်းခနဲ ပေါက်ကွဲ
သွားလေသည်။ မိုးညှင်းအရှင်မြတ်သည် ရပ်လျက်စင်္ကြံလျှောက်ရာမှ ပုံ့ခနဲထိုင်လျက်သားဖြ
စ်သွားရ၏။ ထိုအခါ ဟင်း လူက မကြောက်ဘဲ သွေးက ဘာလို့ကြောက်ရတာလဲဟု အားခဲ
ကာ ကုန်းထလိုက်စဉ် အကာအရံတွေပေါက်ပြဲ၍ အလင်းရောင်တွေ ဝင်းနေသည်ကို မျက်
စိဝါးနေသည့်ကြားမှ မြင်လိုက်ရသဖြင့် မိမိဘာမှမဖြစ်သည်ကို သိစေလိုသည့်အတွက် ကပိ
္ပယဒကာတို့ လာကြပါကွယ်လို့ လှမ်း၍ခေါ်လိုက်ရသည်။ ကပ္ပိယနှင့် ဒကာအားလုံး ပရိသ
တ်တို့မှာ မီးခိုးလုံးကြား၌ ဝိုးတဝါးဖြစ်နေသော အရှင်မြတ်ကို ရုတ်တရက်မြင်ရသော် ဆရာ
တော်ကြီးတော့ ထိမှန်ပြီထင်ပါရဲ့ ဒီတစ်ခါတော့ ခက်တာပါဘဲ ပျံတော်မူမှာလေလားဟု ည
ည်းတွား အော်ဟစ်လျက်ပြေးလာကြသည်။ အနီးသို့ရောက်၍ သေသေချာချာကြည့်သော
အခါ သစ်စ သံစ ဘာမျှ မထိမှန် မရှဘဲ မားမားကြီးရပ်နေသော အရှင်မြတ်ကြီးအား တွြေ့
မင်ရသဖြင့် ဝမ်းသာအားရ မ,ချီ၍ ကျောင်းသို့ပို့ကြရသည်ဟု ဆိုပါသည်။
၎င်းအပြင် မိုးညှင်းဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ဖော်ပြရလျှင် ဂျပန်တိုင်းရင်းသ
ား စစ်သည်များအကြောင်း ဖော်ပြမှ ထင်လွယ် မြင်လွယ် ရှိပါလိမ့်မည်။ စောစောက ဘယ်
လိုဘုန်းကြီး အမျိုးအစားမှန်း မသိသဖြင့် သူလို ကိုယ်လို လူရိုးရိုးအောက်မေ့ကာ အပေါ်စီး
နှင့်လာကြသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများပင် ဘုရား၏ဂုဏ်တော်, တရာ၏ဂုဏ်
တော်, သံဃာ၏ဂုဏ်တော်ကို မခံနိုင်ကြကြောင်း မိုးညှင်းဆရာတော်ဘုရားက အောက်ပါ
အတိုင်း သက်သေပြခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်၏။ မုံရွာမြို့သို့ တာဝန်အရရောက်ရှိလာသော ဂျပန်စစ်အရ
ာရှိသည် စစ်ပုန်းသူ လူပေါင်းနှစ်ထောင်နီပါးရှိသည်ဟု သတင်ရထားသော မိုးညှင်းသမ္ဗုဒေ
္ဓကျောင်းတိုက်အတွက် ရတက်မအေးရှိနေ၏။ သို့ဖြစ်၍ ကျောင်းတိုက်အုပ်ချုပ်သူ မိုးညှင်းအ
ရှင်မြတ်နှင့် တွေ့ဆုံရန် မြို့ခံလူကြီးများအား အလျင်စာဖြင့် ဆက်သွယ်စေသည်။ စာထဲ၌ မိ
မိလာမည့် အစီအစဉ် အချက်အလက်များကိုလည်း ဖော်ပြထား၏။ ယင်းတို့မှာ - ၁။ ဦးထုပ်
မချွတ်ဘဲ လက်နက်ပါလျက်ဝင်မည် ၂။ အရိုအသေမပေး(ရှိမခိုး)ဘဲ ဝင်တွေ့ခွင့်ပြုရမည်။
၃။ ကုလားထိုင်ဖြင့် တန်းတူထိုင်မည် စသည်တို့ဖြစ်သည်။ မြို့ခံလူကြီးများမှာ ထိုအချက်များ
အတွက် မလွှဲသာမရှောင်သာ မျက်နှာပူလျက်ဖြင့်ပင် အရှင်မြတ်ထံလျှောက်ထားရလေသညိ
။ မိုးညှင်းအရှင်မြတ်သည် ဝန်လေးနေသော မြို့ခံနေ လူကြီးများ စိတ်ချမ်းသာစေရန် ထိုကိ
စ္စအလေးအနက်မထားအားသဖြင့် "သူ စိတ်ချမ်းသာသလို လာလိုတဲ့ အချိန်လာပါစေ ဟူ၍
အမိန့်ရှိလိုက်လေသည်။
နောက်တစ်ရက် ထိုစစ်အရာရှိကြီးလာသောအခါ ပါလာသူ မြို့ခံလူကြီးပါ တအံ့တသြ ဖြစ်ြ
ကရပါတော့သည်။
ထိုစစ်အရာရှိသည် မိုးညှင်းအရှင်မြတ်အား မမြင်ရမီ အပေါက်ဝင်ကပင် ဦးထုပ် ဖိနပ်ချွတ်
ခဲ့ခြင်း, အရှင်မြတ်ကိုတွေ့လျှင် မြန်မာများကဲ့သို့ပင် အောက်၌ပင် ထိုင်နေခြင်းတို့ကို တွေ့ရ
သောကြောင့်ဖြစ်လေသည်။
မိုးညှင်းအရှင်မြတ်နှင့် အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုပြီးသောအခါ ကြည်သာစြွာ
ဖင့် အကျွန်ုပ်တို့ နိပွန်လူမျိုးများ စစ်နိုင်အောင် ဆုတောင်းပေးပါဟု လျှောက်လေလျှင် မိုးညှ
င်းအရှင်မြတ်ကလည်း ကောင်းပါပြီ အားလုံးချမ်းသာအောင် မေတ္တာပို့ပေးပါမယ်ဟု ပရိယ
ာယ်အားဖြင့် ဖြေကြားလိုက်သည်။ ထို့နောက် ထိုစစ်အရာရှိသည် စကားပြန်နှင့်အပြန်အ
လှန်ပြောဆိုကာ မိုးညှင်းသမ္ဗုဒ္ဓေကျောင်းတိုက်အတွက် မည်သို့မျှ မေးမြန်းခြင်းမပြုဘဲ ပြန်
သွားလေတော့သည်ဟူ၍ သိရပါသည်။
မိုးညှင်းသမ္ဗုဒ္ဓေလောင်းလျာ အရှင်သုမန ကိုယ်တော် ပထမဆုံး တောရဆောက်တည်သော
အခါ သိက္ခာ ၁၇ ဝါ ရပြီးဖြစ်ကြောင်းသိရပါသည်။ ထိုအချိန်၌ မန္တလေးနေပြည်တော်ကြီး
ကို ကျောခိုင်း၍ မြစ်ငယ်မြို့မှ တစ်ဆင့် အဲ့ဗျမက္ခရာတောရ စခန်းဆီသို့ တစ်ပါးတည်း လှမ်း
ထွက်တော်မူခဲ့ကြောင်း သိရပါသည်။
ထိုအဲ့ဗျမက္ခရာတောရမှာ မန္တလေး-ကျောက်ဆည် သွားရာလမ်းရှိ မြစ်ငယ်မြို့အနီးတွင်ဖြစ်
သည်။ မြစ်ငယ်မြို့သို့ရောက်သောအခါ မြို့အလွန်ဝဲဘက် ကားလမ်းခွဲအတိုင်း လိုက်သွားရ
သည်။ ထိုကားလမ်းမမှ တစ်ဖန် လှည်းလမ်းခရီးဖြင့် တစ်မိုင်ကျော်ကျော်မျှ ဆက်သွားရသ
ည်။ ထိုသို့ တစ်မိုင်ကျော်ခန့်ဆက်သွားလိုက်လျှင် စေတီတန်ဆောင်း သစ်ပင်ကြီးငယ်အပေါ
င်းတို့ဖြင့် ညို့မှိုင်းအုပ်ဆိုင်းလျက်ရှိသော အဲ့ဗျမက္ခရာရွာကို တွေ့ရလေသည်။ ထိုအခါ တော
ထွက်လာသော မိုးညှင်းဆရာတော်လောင်းလျာ သီတင်းသုံးတော်မူသည်။ ထိုနေရာတွင်
ညဥ့်ဦးယံခါ ဘုရားရှိခိုး မေတ္တာပို့ပြီး ၃ နာရီစီကြာမျှ ရုက္ခဓုတင်နှင့် အဗ္ဘောကာသိက ဓုတင်
တို့ကို အားထုတ်ဆောက်တည်ပါသည်။ သုသာန်ဓုတင်ကိုဒဥပုသ်နေ့များတွင် အဲ့ဗျမက္ခရာ
သုသာန်သို့သွား၍ ညလုံးပေါက် ဆောက်တည်သည်ဟုသိရပါသည်။ ထိုဓုတင် အကျင့်များ
မဆောက်တည်မီ ရှေးဦးစွာ ဘုရားရှိခိုးခြင်း, မေတ္တာပို့ခြင်း,အမျှဝေခြင်း မေတ္တာရပ်ခံခြင်း
တို့ကိုလည်း နေ့စဉ်ပြုလုပ်သည်ဟုသိရပါသည်။ မည်သို့ ပြုလုပ်ပုံကို အတုယူစရာ အောက်ပ
ါအတိုင်းတွေ့ရပါသည်။
"ငါတို့သည် ပြုလုပ်အပ်ကုန်သော ကုသိုလ် အမျိုးမျိုးတို့၏ အဖို့ဘာဂ ဟူသမျှတို့ကို ဤအရပ်
တို့၌လည်းကောင်း, ခပ်သိမ်းသော အရပ်ဆယ်မျက်နှာတို့၌လာ်းကောင်း နေထိုင်တောမူကြ
ကုန်သော ခပ်သိမ်းသော အစောင့်အရှောက် သူတော်ကောင်း အစရှိသော ပုဂ္ဂိုလ်အပေါင်း
တို့အား အထူးသဖြင့် အမျှပေးဝေပါ၏ အထူးသဖြင့် အမျှပေးဝေပါ၏ အားလုံးသော သူေ
တ်ာကောင်းအပေါင်းတို့သည် အကျွန်ုပ်တို့ ပေးဝေသော ကုသိုလ်အဖို့တို့ကို အမျှရကြ၍ ချမ်
းသာကြပါစေ, ချမ်းသာကြပါစေကုန်သတည်း။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင်
့သော ချမ်းသာသုခတို့ကို ရကြပါစေကုန်သတည်း"
ဤကား မိုးညှင်းဆရာတော်ဘုရားကြီး၏။ အမျှဝေခြင်းဖြစ်၏။ ကျင့်စဉ်ကိုလည်းဖြစ်၏ဟု
သိရပါသည်။ အမျှဝေပြီးသောအခါ အောက်ပါ မေတ္တာရပ်ခံချက်ကြီးကိုလည်း ရွတ်ဆို၍မေ
တ္တာရပ်ခံတော်မူပါသည်။
"အို သူတော်ကောင်း နတ်ကောင်းနတ်မြတ်အပေါင်းတို့ ငါသည် အသင်တို့၏အကျိုးစီးပွား
ကို လိုလားတောင်တပြီး ကိုယ်တိုင်ရွက်ဆောင်ပေးလိုသဖြင့် ဤနေရာ ဤအရပ်သို့ လာေ
ရာက်နေထိုင်ခြင်းဖြစ်ပေသည်။ သင်တို့၏ မိတ်ဆွေအဖြစ်နှင့်ဖြစ်စေ, မိဘအဖြစ်နှင့် ဖြစ်ေ
စလာရောက် နေထိုင်ခြင်းဖြစ်ပေသည်။ သင်တို့က ငါ့ကို အမိအဘ အဆွေအမျိုးအရာထား
၍ စောင့်ရှောက်ကြ။ အနှောင့်အယှက်အန္တရာယ်မပြုကြနှင့်။ ငါကလည်း သင်တို့ကို ဆွေမျိုး
ရင်ချာ ဉာတကာအရာထား၍ စောင့်ရှောက်မည်။ မေတ္တာပို့မည်။နေ့စဉ် ကုသိုလ်အဖို့ အမျှ
ပေးဝေမည်။ ငါသည် လောကအကျိုး သာသနာ့အကျိုးကို ဆောင်ရွက်ရန် ဤနေရာကို လာ
ရောက်နေထိုင်ခြင်းဖြစ်သည်။ ဝိုင်းဝန်း ကူညီစောင့်ရှောက်ကြပါကုန်လော့"
ဤကား မိုးညှင်းဆရာတော်ဘုရားကြီး၏ လက်သုံးတော် မေတ္တာရပ်ခံချက်ကြီးဖြစ်၏။ ကျင့်
စဉ်ကြီးလည်းဖြစ်၏။
မထေရ်မြတ်သည် ထိုတောကျောင်းကလေး၌နေစဉ် အနီး၌ ကပ္ပိယကာရက အစောင့်အရှေ
ာက်လည်းမထား။ မိမိတစ်ပါးတည်းသာဖြစ်သည်။ တစ်ပါးတည်းဖြစ်သော်လည်း ကျန်းမာေ
ရးကောင်းမွန်သဖြင့် ကိုယ်စိတ်နှစ်ဖြာအလွန်ချမ်းသာသည်။ ကမ္မဋ္ဌာန်းအလုပ်ကို ပျက်ရက်
မရှိ အားထုတ်နိုင်သည်ဟုဆိုပါသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှ ကူးယူဖော်ပြပါသည်။စာ(၃၉၉-၃၄၂)
ဆက်လက်ဖော်ပြပါမည်။
လှိုင်မျိုးမင်း

No comments:

Post a Comment