"ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် တရားတော်"…………………………………………………………( 5 )မူရင်းသုတ်တွေကို ရည်ညွှန်းပြီးတော့ သစ္စာပြုတဲ့ ဂါထာလေးတွေက ဘာတုံးဆိုတော့ဧကသ္မိံ သမယေ နာထော၊မောဂ္ဂလာနဉ္စ ကဿ ပံ။ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။တေ,စ တံ အဘိနန္ဒိတွာ၊ရောဂါ မုစ္စိံသု တင်္ခဏေ။ဧတေန သစ္စဝဇ္ဇေန၊သောတ္တိ တေ ဟောတု သဗ္ဗဒါ။တစ်ခါတုန်းက ရှင်မဟာကဿ ပ မကျန်းမမာ ဖြစ်တယ်တဲ့။ မြတ်စွာဘုရားက ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတယ်။ရှင်မဟာကဿ ပက ပိပ္ပလိလိုဏ်ဂူထဲမှာ မကျန်းမမာ ဖြစ်နေတယ်၊ နေမကောင်းဖြစ်တာ။ အဲဒီလို နေမကောင်း ဖြစ်နေတဲ့အချိန်မှာ မြတ်စွာဘုရား ကြွသွားပြီး ဒီ ဗောဇ္ဈင်(၇)ပါးကို ဟောတာ။ အဲဒီ မူရင်းသုတ်ကို ဘယ်လိုဟောတုံးဆိုတော့"သတ္တိမေ ကဿ ပ ဗောဇ္ဈင်္ဂါမယာ သမ္မဒက္ခာတာ ဘာဝိတာဗဟုလိကတာ။အဘိညာယ သံမ္ဗောဓာယနိဗ္ဗာနာယ သံဝတ္တန္တိ"အဲဒီမှာ မြတ်စွာဘုရားက "ငါဟောထားတဲ့ ဗောဇ္ဈင်(၇)ပါးကို ပွားများအားထုတ်မယ်ဆိုရင် ထူးခြားတဲ့ အသိဉာဏ်တွေ၊ သစ္စာလေးပါးကိုသိတဲ့ အသိတွေ၊ နိဗ္ဗာန်ချမ်းသာတွေ ဒါတွေဟာ ဖြစ်ပေါ်လာနိုင်တယ်" တဲ့။အဲဒီ ဗောဇ္ဈင်(၇)ပါးဆိုတာ ဘာလဲဆိုပြီးတော့မြတ်စွာဘုရားက တစ်ခုချင်း၊ တစ်ခုချင်း ဟောတာနော်။"သတိ သမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿ ပမယာ သမ္မဒက္ခာတော ဘာဝိတောဗဟုလီကတော အဘိညာယ သမ္ဗောဓာယနိဗ္ဗာနာယ သံသတ္တတိ" တဲ့။"ဘာဝိတ" ဆိုတာ ကိုယ့်သန္တာန်မှာဖြစ်တာ။"ဗဟုလီကတ" ဆိုတာ အများကြီး ဖြစ်အောင် လုပ်တယ်တဲ့။ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်အောင် လုပ်တာ။ အဲဒီလို ဖြစ်အောင် လုပ်ပြီဆိုရင် ဘာဖြစ်လဲ။"အဘိညာယ" ထူးသောဉာဏ်တွေ ရလာဖို့၊"သမ္ဗောဓာယ" သစ္စာလေးပါးကို သိဖို့၊"နိဗ္ဗာနာယ" နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြုဖို့ဆိုတဲ့ ဒီအကျိုးတရားတွေရလာမှာလို့ မြတ်စွာဘုရားက တစ်ခုချင်း၊ တစ်ခုချင်း ဟောလိုက်တာနော်။အဲဒီလို ဟောလိုက်တဲ့အခါ ရှင်မဟာကဿ ပက မြတ်စွာဘုရားဟောတဲ့ ဗောဇ္ဈင်(၇)ပါးကို နားထောင်ရင်း ဘုရားဟောတာကို နှလုံးသွင်းရင်းဒီသဘာဝတရားတွေဟာစွမ်းရည်သတ္တိတွေပိုပိုပြီးထက်လာတယ်။ ဘုရားဟောတဲ့ တရားကို နာရင်း နာရင်းနဲ့ ပီတိတွေ ဖြစ်လာတယ်၊ ပီတိတွေ ဖြစ်လာတဲ့အခါ သူ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးသားတွေ စင်ကြယ်လာပြီး ရောဂါဝေဒနာဟာ ပျောက်သွားတယ်။ဘာဖြစ်လို့တုံးဆိုတော့ ပီတိ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သွေးသားဟာ ကြည်လင်သွားတယ်၊ကြည်လင်သွားသည့်အတွက်ကြောင့် ရောဂါဖြစ်တဲ့ သွေးသားကလည်း မြဲနေတာမှ မဟုတ်ဘဲကိုး၊ သူကလည်း အချိန်တန်တော့ ပျက်စီးသွားတယ်။နောက်ထပ်လည်း မလာတော့ဘူး။ အဲတော့ ရောဂါ ပျောက်သွားတယ်။ ဘုရားလည်း ဟောပြီးရော"မှန်လိုက်တာ ဘုရား၊ ဗောဇ္ဈင်တရားတွေဟာ မှန်လိုက်တာနဲ့"ဆိုပြီးတော့ ပီတိဖြစ်လို့ ရှင်မဟာကဿ ပကြီး တစ်ခါတည်း ကျန်းမာသွားတယ်တဲ့။ နောက်ထပ်လည်း အဲဒီရောဂါတော့ မဖြစ်ဘူး။ တခြားရောဂါတော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီလိုဆိုလိုတယ်၊ဟုတ်ကဲ့လား။ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ နေတဲ့အချိန် နေမကောင်းဖြစ်တယ်။ နေမကောင်းဖြစ်တော့ မြတ်စွာဘုရားက ဆေးမတိုက်ဘူးနော်။ ခုခေတ်ဆို နေမကောင်းဖြစ်ရင် ဆရာဝန်ခေါ် ဆေးထိုး ဟုတ်ကဲ့လား။ အခိုးပွင့်ဆေးလေး ဘာလေး သောက်ချင်လည်းသောက်မှာပေါ့နော်။ခေါင်းကိုက်ပျောက်ဆေးလေး ဘာလေး သောက်ချင်လည်းသောက်မှာပေါ့။ အေး အဲဒီမှာ မြတ်စွာဘုရားက နေမကောင်းဘူးဆိုတော့ သွားပြီး ဒီ ဗောဇ္ဈင်တရားပဲ ဟောလိုက်တာ။ ဟောလိုက်တဲ့အခါ စိတ်ထဲမှာ တရားကို အာရုံပြုပြီး ကြည်နူးတဲ့ စိတ်တွေပေါ်လို့ခုနက သွေးသားတွေ စင်ကြယ်ပြီး တစ်ခါတည်း ကျန်းမာသွားရော။နောက်တစ်ခါ မြတ်စွာဘုရား ကိုယ်တိုင်လည်းပဲ မကျန်းမမာ ဖြစ်တော်မူတယ်။ ဒီလို မကျန်းမမာ ဖြစ်ရတာ ဘာကြောင့်တုံးဆိုတာကို ပါဠိတော်မှာတော့ရှင်းပြထားတာ မရှိဘူး။သို့သော် အဋ္ဌကထာမှာ ရှင်းပြထားတာ ရှိတယ်။ဒီ ကိုယ်တော်မြတ်ကြီးတွေဟာ တောထဲမှာ သီတင်းသုံးကြရတာကိုး။ တောထဲမှာဆိုတော့သစ်ပင်က မျိုးစုံ ရှိတယ်။ အဲဒီမှာ အဆိပ်ပင်တွေက ပွင့်တယ်။ အဲဒီအဆိပ်ပင်တွေက ပွင့်တဲ့အခါ အဲဒီအဆိပ်ပွင့်ကPollen (ဝတ်မှုန်)တွေ လွင့်လာတယ်။ အဲဒီ ဝတ်မှုန်တွေ ရှူမိ ရှိုက်မိလိုက်တဲ့အခါ အဖျားရောဂါတစ်မျိုး ဖြစ်လာတယ်။ အခုခေတ် Flu ပေါ့လေ။(ခုခေတ်ခေါ်နေတဲ့ဘာ Flu, ညာ Flu ဆိုတာတွေ အများကြီးပဲပေါ့နော်) အဲဒီလို ရောဂါမျိုး ဖြစ်တာတဲ့။ ဖျားတာပေါ့။ အဆိပ်ပန်းနဲ့ အဆိပ်ပွင့်က အနံ့တွေ ရှူမိ ရှိုက်မိတဲ့အခါ ရှင်မဟာကဿ ပလည်း ဖျားတယ်။ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်လည်း ဖျားတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း ဖျားတယ်။အဲဒီဖျားတဲ့ ရောဂါကို မြတ်စွာဘုရားက ဆေးမတိုက်ဘဲနဲ့ ဗောဇ္ဈင်(၇)ပါး ဟောပေးတာ။ရှင်မဟာကဿ ပလည်း ကျန်းမာသွားတယ်။ရှင်မဟာမောဂ္ဂလာန်လည်း ကျန်းမာသွားတယ်။မြတ်စွာဘုရား နေမကောင်း ဖြစ်တဲ့အခါ မြတ်စွာဘုရား အနီးမှာ ဝတ်ကြီးဝတ်ငယ် ပြုပြီးနေတဲ့ စုန္ဒမထေရ်မြတ်ကို မြတ်စွာဘုရားက "စုန္ဒရေ ဗောဇ္ဈင်(၇)ပါး ဟော ပေးစမ်းပါဦး" ဆိုပြီး ကိုယ်တော်မြတ်က ရိုရိုသေသေ ဗောဇ္ဈင်တရားကိုနာယူပြီး နှလုံးသွင်းတယ်။ဒီ ဗောဇ္ဈင်သုတ်မှာ"ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိပီဠိတော" တဲ့။ တစ်ခါတစ်ရံ မြတ်စွာဘုရား ကိုယ်တော်တိုင်တောင်မှ မကျန်းမာမှုက လာပြီးနှိပ်စက်တယ်တဲ့။ အဲဒီလို နှိပ်စက်တဲ့အခါ"စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ" မြတ်စွာဘုရား ကိုယ်တော်တိုင်ကစုန္ဒကို ရွတ်ခိုင်းပြီး တလေးတစား နာတယ်တဲ့။ အဲဒီလိုနာပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့အခါမှာ မြတ်စွာဘုရားလည်း ရောဂါပျောက်သွားတယ်တဲ့။ဒါ မှန်သောစကား ဖြစ်ပါတယ်။အဲဒီ မှန်သောစကား ဆိုရခြင်းကြောင့် အခါခပ်သိမ်း သင်ချမ်းသာသုခရပါစေလို့ သစ္စာဆိုတာပဲ။အဲဒါကို နိဂုံးချုပ်တဲ့အနေနဲ့"ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ"လို့ ဆိုတာ။"အာဗာဓ" ဆိုတာ ရောဂါတွေ၊ စာပေကျမ်းဂန်မှာ"အာဗာဓနဲ့ အာတင်္က" ဆိုပြီး ရောဂါနှစ်မျိုး ခွဲပြထားတာ ရှိတယ်။"အာဗာဓ" ဆိုတာ ခေါင်းကိုက်တာတို့၊ ခါးနာတာတို့၊ သွားကိုက်တာတို့အဲဒီလို ခန္ဓာကိုယ်ထဲမှာ နာကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာကို ခေါ်တာ။ ခန္ဓာကိုယ်ကြီး တစ်ကိုယ်လုံး မလှုပ်နိုင်၊ မရှားနိုင်၊ မလှုပ်ချင်၊ မရှားချင် ဒီလို ဖြစ်နေတာ နာကျင်ကိုက်ခဲတဲ့ ရောဂါတွေကို "အာဗာဓ" လို့ ခေါ်တယ်။အဲဒီလိုတော့ မနာဘူး၊ လူက လမ်းလျှောက်လိုက်ရင်လည်း မောတယ်၊ ဟိုဟာလေး လုပ်ရင်လည်း မောတယ်ဆိုတဲ့ သွေးတိုးရောဂါတို့၊ ဆီးချိုရောဂါတို့ ဘာတို့ ညာတို့ဆိုတဲ့ အဲဒီ ရောဂါမျိုးတွေကျတော့ "အာတင်္က" လို့ ခေါ်တယ်တဲ့။လုပ်စားကိုင်စားဖို့ရာအတွက် အခက်အခဲ ဖြစ်တယ်။ တချို့လည်း အဲဒါကို သူဌေး ရောဂါလို့ ပြောတယ်။ အဲဒီအတိုင်းဆိုရင် ဘယ်သူ သူဌေး ဖြစ်ချင်မှာတုံးနော်။ သွေးတိုးရောဂါတို့ ဘာမှ မလုပ်နဲ့ လုပ်တာနဲ့ သွေးကတိုးလာတယ်။အဲဒါမျိုးကျတော့"အာတင်္က" လို့ ခေါ်တယ်။ အသက်မွေးဝမ်းကျောင်း လုပ်ဖို့ခက်တယ်။အပင်ပန်း မခံနိုင်ဘူးတဲ့၊အလှုပ်အရှားမခံနိုင်တဲ့ ရောဂါမျိုးတဲ့။"တိဏ္ဏန္နမ္ပိ မဟေသိနံ၊ မဂ္ဂဟတာ ကိလေသာဝ"ဥပမာ ပေးထားတာ ကိလေသာကို မဂ်နဲ့ ပယ်လိုက်တဲ့အခါ အဲဒီ ကိလေသာဆိုတဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ပြန်ပြီးမပေါ်လာဘူး၊ တစ်ခါတည်း ပျောက်တာ။ ဥပမာမယ် သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်လိုက်နိုင်တယ်ဆိုရင် အဲဒီ ဒိဋ္ဌိဟာ ဘယ်တော့မှ သူ့သန္တာန်မှာ ပြန်မဖြစ်တော့ဘူး။ ဝိစိကိစ္ဆာဆိုတာလည်း ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။ အဲဒီလို တစ်ခါတည်း မဂ်က အပြီးသတ် ပယ်လိုက်တာ။အဲဒါမျိုးလိုပဲ မြတ်စွာဘုရား အပါအဝင် ဒီအရှင်မြတ်(၃)ဦးရဲ့ သန္တာန်မှာ ဖြစ်တဲ့ ရောဂါတွေဟာ မဂ်နဲ့ ကိလေသာကို ပယ်လိုက်သလို တစ်ခါတည်း ပျောက်သွားပါတယ်တဲ့။အဲဒါလည်း မှန်သောစကား ဖြစ်ပါတယ်။ဒီ မှန်သောစကားကို ဆိုရခြင်းကြောင့် ချမ်းသာပါစေလို့ပရိတ်ကြီးထဲမှာပါတာ။အဲဒီတော့ ဒီပုဂ္ဂိုလ်အရှင်မြတ် (၃)ဦးစလုံးကို ကြည့်လိုက်၊ရှင်မဟာကဿ ပဆိုတာလည်း ရဟန္တာပုဂ္ဂိုလ်ကြီး၊ မြတ်စွာဘုရားရဲ့တပည့်တွေထဲမှာ တတိယသာဝက၊ရှင်မဟာမောဂ္ဂလာန်ဆိုတာလည်း လက်ဝဲရံ ဒုတိယသာဝက၊ အဂ္ဂမဟာသာဝက ရဟန္တာပုဂ္ဂိုလ်ကြီးပဲ။နောက်ပြီးတော့ မြတ်စွာဘုရားကိုယ်တိုင်၊ ဒီပုဂ္ဂိုလ်မြတ်ကြီးတွေ ဗောဇ္ဈင်သုတ်ကိုနာရလို့ ရောဂါဝေဒနာတွေ ပျောက်သွားကြတာ။ဒါဖြင့် သာမန်ကြားနာရုံနဲ့ ရောဂါပျောက်နိုင်သလားလို့ ဆိုတာကို စဉ်းစားစရာရှိတယ်ပေါ့။ မပျောက်ရင် ပြဿ နာတက်လိမ့်မယ်၊ ပျောက်ရင်လည်း ဆရာဝန်တွေ ဆေးကုရမှာ မဟုတ်တော့ဘူး။အဲတော့ မပျောက်တာက ဘာဖြစ်လို့လဲ၊ပျောက်တာက ဘာဖြစ်လို့လဲ စဉ်းစားရမယ်။ကြားနာရုံလေးနဲ့ရောဂါဝေဒနာ ပျောက်နိုင်သလား။ရောဂါဝေဒနာ ပျောက်ဖို့ရာအတွက် ဘာတွေ လိုအပ်သလဲဆိုရင်ဟောဒီ ဗောဇ္ဈင် (၇)ပါးကို ပွားများဖို့ လိုအပ်ပါတယ်တဲ့။အဲဒီလို ပွားများလို့ရှိရင် "ကာယိကရောဂါ" မပျောက်တောင် "စေတသိကရောဂါ" ပျောက်မှာ သေချာတယ်ပေါ့။ဘုရားတို့၊ ရှင်မဟာကဿ ပတို့၊ ရှင်မဟာမောဂ္ဂလာန်တို့မှာ စေတသိကရောဂါ မရှိဘူး။ ခုနတုန်းက အဆိပ်ပွင့်ရဲ့ အနံ့တွေကို ရှူရှိုက်မိသည့်အတွက်ကြောင့် ဖျားတာ၊ အဖျားရောဂါ ရှိတာ၊ တုပ်ကွေးပေါ့ဗျာ။ ခုခေတ်လိုဆိုရင်Flu ဆိုတာနော်၊ တုပ်ကွေးဖျားလေးတွေ ဖျားတာ။ အဲဒီ တုပ်ကွေးဖျားလေးတွေကို ဒီဗောဇ္ဈင်သုတ်ရွတ်ပြီး သစ္စာဆိုရင်တော့ ပျောက်ကောင်း ပျောက်နိုင်တယ်ပေါ့။ကောင်းပြီ ဒီထက်လေးနက်အောင် ဘုန်းကြီးတို့တစ်တွေဒီဗောဇ္ဈင် (၇)ပါးကို ဘယ်လိုလုပ်ရမလဲ၊ဗောဇ္ဈင် (၇)ပါးဆိုတာ ဘယ်လိုပွားရမလဲဆိုတာ မြတ်စွာဘုရား ဗောဇ္ဈင်္ဂသံယုတ်မှာ ဗောဇ္ဈင်နဲ့ ပတ်သက်ပြီး ဟောထားတဲ့သုတ်တွေ အများကြီးရှိတယ်။အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)………………………………………………………………
No comments:
Post a Comment