Thursday, November 27, 2014

ဆရာတော်ဘုရားကြီး ဦးကဝိ

ဆရာတော်ဘုရားကြီး ဦးကဝိ
*******************************
ထိုသို့ ကျင့်ကြံပွားများမှု များလာသောအခါ ရွာကလူတွေနှင့် စကားပြောနည်းလာပြီး တချို့
လူများနှင့်တွေ့လျှင် ဟေ့ မင်းတို့ ဘုရား, တရား, သံဃာ ဖက်ကြ။ မင်းတို့ သေတော့မယ်။
၃ ရက်ကြာ သေမယ်။ ၅ ရက်ကြာသေမယ်။ ၇ ရက်ကြာသေမယ် ဟူ၍ သတိပေးစကာြးေ
ပာ၏။ သတိပေးခံရသူများသည် ကိုကျော်ဒင် ပြောသည့်အတိုင်း သေကုန်ကြသဖြင့် ရွာသူ
ရွာသားများက ကိုကျော်ဒင်ကို အလွန်တရာ အံ့သြမိကြလေသည်။
ယင်းနောက် ရွာတွင် နွားပျောက်ကစပြီး လူနာအတွက် ဓာတ်စာနှင့် ဆေးဝါးများ လာမေြး
ကသည်ကိုပင် တပ်အပ်ပြန်လည်ဖြေကြားနိုင်ခဲ့လေရာ ကိုကျော်ဒင်အား ရွာမှလူများက အြ
ကားအမြက်ဆရာကြီးဟူ၍လည်းကောင်း , ပျောက်စေ ဆရာကြီးဟူ၍လည်းကောင်း, အ
သိအမှတ်ပြုလာကြသည်။
ကိုကျော်ဒင်သည် နေ့စဉ် နိစ္စဓူဝ ဝိပဿနာကမ္မဋ္ဌာန်းတရားကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ေ
နလေရာ ဇနီးဖြစ်သူက မကြားဝံ့မနာသာ အပြစ်စကားများပြောသော်လည်း ကိုကျော်ဒင်မှ
ာ တုတ်တုတ်မျှမလှုပ်။ ခန္တီစသောသည်းခံခြင်းဟူသော တရားကိုသာ ရင်ဝယ်ပိုက်လျက် တ
ရားဓမ္မကို ဆက်လက်အားထုတ်ပွားများလျက် ပွားများမြဲပင်။
ကိုကျော်ဒင်သည် ဇနီးဖြစ်သူ မကြည်ဖြူသည် ကြားမှ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို ဆက်လက်
အားထုတ်လိုက်ရာ အေဒီ ၁၉၂၀ သြဂုတ်လ ၁၂ ရက် (၁၂၈၂ ခုနှစ် ဒုတိယ ဝါဆိုလပြည့်ေ
ကျာ် ၁၃ ရက်)ကြာသပတေးနေ့ ည ၁၀ နာရီတွင် ပထမအကြိမ် တရားထူးကို ရတော်မူေ
လသည်။
အေဒီ ၁၉၂၀ စက်တင်ဘာလ ၁၁ ရက် (၁၂၈၂ခုနှင်တွင် ဝါခေါင်လပြည့်ကျော် ၁၃ ရက်)စ
နေနေ့ ည ၁၀ နာရီတွင် ဒုတိယအကြိမ် တရားထူးကို ရတော်မူလေသည်။်
အေဒီ ၁၉၂၀ အောက်တိုဘာလ ၁၀ ရက် (၁၂၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၃ ရ
က်)တနင်္လာနေ့ ည ၁၀ နာရီတွင် တတိယအကြိမ် တရားထူးကို ရတော်မူလေသည်။
(မှတ်ချက်) တော်သလင်းလပြည့်ကျော် ၁၃ ရက်နေ့မှာ တနင်္ဂနွေနေ့ ဖြစ်ပါသည်။
တရားထူးရခြင်းနှင့် စပ်လျဉ်း၍ ဆရာစဉ်ဆက် လေ့လာသုံးသပ်ပုံ အချို့ကို တင်ပြမှသာလျှင်
စွန်းလွန်းဆရာတော်ဘုရားကြီး၏ ရဟန်းထူး ရဟန်းမြတ်ဘဝကို ထင်သာမြင်သာုဖစ်ပေ
လိမ့်မည်။ ထို့ကြောင့် အောက်ပါကောက်နုတ်ချက်ကို ဖတ်ကြည့်ပါ။
ထိုရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာဘက်
တွင် သိကြားမင်ကိုတွေ့ရ၏။ အားလုံး အရိုအသေပြုနေကြသည်။ တစ်နေ့ကပင် ကျောင်း
အနီး၌ မှိုပွင့်ကြီး တစ်ပွင့်တွေ့၍ နုတ်လိုက်ရာ မှိုငုံ မှိုမြစ်ပါမကျန် တစ်အုံလုံး ကျွတ်ထွက်လ
ာသည်ကို တွေ့ရကတည်းက အမြစ်ပြတ် လုံးဝအကျွတ်အလွတ် တရားရတော့မည်ဟု ယူ
ဆကာ အရိုးကြေကြေ အရေခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု နတ်သကြားများကို တ
ပ်အပ်သေချာတွေ့မြင်ရပြန်သောအခါ ငါ့အား တရားထူးရတော့မည်ဖြစ်၍ လာရောက်စော
င့်ကြသည်ဟု မှတ်ထင်လိုက်၏။ နတ်ရထားနှင့် နတ်သကြားတို့ကို ဂရုမမူဘဲ ဣရိယာပုတ်
တစ်ခုတည်းဖြင့် တစ်ရှိန်တည်း တစ်သန်တည်း ခန္ဓာကိုယ့်နှင့် အသက်ကိုပင် စွန့်လွှတ်၍ အ
ားထုတ်ရာ ထိုနေရာ၌ပင် ရဟန္တာဖြစ်တော်မူလေ၏။
အေဒီ ၁၉၂၀ ခု နိုဝင်ဘာလ ၉ ရက် အင်္ဂါနေ့ (၁၂၈၂ ခုနှစ်တွင် သီတင်းကျွတ်လပြည့်ကျော်
၁၃ ရက်)အင်္ဂါနေ့ ည ၁၀ နာရီတွင် စတုတ္ထအကြိမ်မြောက် တရားထူးကို ရရှိတော်မူလေသ
ည်။
ဘဝပေါင်းများစွာကို ဆင်ခြင်ကြည့်ရှုခြင်း
~~~~~~~~~~~~~~~~~~~~~~~
ရှင်ကဝိသည် တရားထူးများကို ရရှိပြီးနောက် မိမိကူးပြောင်းခဲ့ရသော ဘဝပေါင်းများစွာကို
အကျိုးပေါ်ကနေပြီးအကြောင်းကို ပြန်လည်ဆင်ခြင်ကြည့်လေရာ တိရစ္ဆာန်ဘဝ အမျိုးမျိုးဖြ
စ်ခဲ့သည်ကများပြီး လူ့ဘဝရရှိသည်မှာ အလွန်နည်းကြောင်းတွေ့ရှိရသည်။
ကဿပ ဘုရားရှင် လက်ထက်က ကြက်တူရွေးဖြစ်ခဲ့
~~~~~~~~~~~~~~~~~~~~~~~~~
ယခုဘဒ္ဒကမ္ဘာတွင် မဟာကဿပဘုရားရှင် လက်ထက်တုန်းက ကျေးသား ကြတူရွေးဘဝအဖြ
စ်နှင့် ဘုရားရှင်အား သစ်သီးကပ်လှူ ဆုတောင်းခဲ့ဖူးသော အကြောင်းအကျိုးဆက်ကြောင့်
ယခုလက်ရှိလူ့ဘဝတွင် တရားထူးများကို ပေါက်ရောက်စွာရရှိကြောင်း သိရှိရသည်။
သထုံဘုရင် မနူဟာမင်း၏ ဗားမဲ့ဆရာတော် ဖြစ်ခဲ့
~~~~~~~~~~~~~~~~~~~~~~~~~
ဂေါတမမြတ်စွာဘုရားသခင်၏ သာသနာတော်အတွင်း၌ သုဝဏ္ဏဘုမ္မိ သထုံပြည်ကြီးကို စို
းမိုးအုပ်ချုပ် မင်းလုပ်တော်မူခဲ့သော သာသနာ့ဒါယကာ မနူဟာမင်းကြီး၏ ဆည်းကပ်ကိုးကွ
ယ်ခြင်းခံရသော ဗားမဲ့ဆရာတော်ရယ်လို့ ဖြစ်ရပြန်သည်။
တစ်ခုသောဘဝတွင် တက္ကသိုလ်ဆရာကြီး ဖြစ်ခဲ့ဖူးကြောင်း မှတ်တမ်းရှိပါသည်။
လေ့လာဆင်ခြင်ဖွယ်များဖြစ်ပါသည်။ ထိုဘဝက တွေ့ကြုံဆက်ဆံဖူးသူတိုင်း ယခုအခါ ငါ့ထံ
သို့လာရောက်ကြ၍ ကိလေသာ ရောဂါကင်းဝေးအောင် တရားဆေးကို စားသုံးကြလိမ့်မည်
ဟု မြင်တော်မူ၏ဟု သိရပါသည်။
၎င်းဘဝမှ စုတေ၍ သံသရာကျင်လည်ခဲ့ပြန်ရာ ယခု လူ့ဘဝတွင် ကိုကျော်ဒင်မှသည် ရှင်က
ဝိ ဘဝသို့ ရောက်ခဲ့ခြင်းဖြစ်ပေသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှကူးယူ
ဖော်ပြပါသည်။စာ(၄၄၉-၄၅၁)
ဆက်လက်ဖော်ပြပါမည်။
လှိုင်မျိုးမင်း

No comments:

Post a Comment