Sunday, November 2, 2014

"ဗုဒ္ဓဘာသာနိုင်ငံများ ကျဆုံးခဲ့ရခြင်းအကြောင်းကို သုံးသပ်ခြင်း" (Private Diary)

မန်း မ ဘ သ
"ဗုဒ္ဓဘာသာနိုင်ငံများ ကျဆုံးခဲ့ရခြင်းအကြောင်းကို သုံးသပ်ခြင်း"
************************************************************
******
ဗုဒ္ဓဘာသာနိုင်ငံများ ပျောက်ကွယ်ခဲ့ရခြင်း၊ ကျဆုံးခဲ့ရခြင်း၊ အင်အားနည်းပါးခဲ့ရခြင်း အြေ
ကာင်းတွေရဲ့ ဇစ်မြစ်က "သာသနံနာမ ရာဇပဓာနံ" ဆိုသကဲ့သို့ သာသနာဆိုတာ တိုင်းပြ
ည်အုပ်ချုပ်မင်းလုပ်သူတွေရဲ့ အပေါ်မှာ များစွာမှီတည်နေရကား မင်းယုတ်မင်းညံ့၊ မိစ္ဆာဒိဋ္ဌိ
မင်းတို့ကြောင့်ဟု ကောက်ချက်ချရမည် ဖြစ်သည်။ မင်းယုတ်၊ မင်းညံ့၊ မိစ္ဆာဒိဋ္ဌိမင်းတို့ပေါ်
ပေါက်လာရင်တော့ သာသနာအတွက် အန္တရာယ် ကျရောက်လေတော့၏။ သာသနာကျဆုံး
ရခြင်း အားနည်းရခြင်းကား အကြောင်းအရာများစွာထဲက ထိုမင်းယုတ် မင်းညံ့တို့ကြောင့်
ဆိုတဲ့ အချက်တစ်ချက်လည်း အပါအဝင်ပါ။
သာသနာတိုးတက် တည်တံ့ ပြန့်ပွားရခြင်းအကြောင်းကား သာသနာပြု မင်းတို့၏ ထောက်
ပံ့မှုကြောင့်ဟု ဆိုရမည်ဖြစ်၏။ ဗုဒ္ဓဘာသာ မူလအရင်းအမြစ်နိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ နီပေါ
၊ သာသနာ့သမိုင်းတစ်လျှောက်မှာ သုဝဏ္ဏဘူမိ (Golden land)ဟု နာမည်ကျော်ကြားခ
ဲ့တဲ့ အင်ဒို၊ မလေး၊ အာဖဂန် နိုင်ငံများကို ပြန်လည်သုံးသပ်ကြည့်လျှင် သာသနာအရောင်အ
ဝါ တစ်ချိန်က ထွန်းလင်းတောက်ပ ခဲ့ဖူး၏။ ဘာကြောင့် သာသနာအရောင် ထွန်းလင်းခဲ့ပါ
မူ သာသနာပြုမင်းတို့၏ ထောက်ပံ့မှုကြောင့်ဟု ဆိုနိုင်မည် ဖြစ်၏။
အိန္ဒိယနိုင်ငံ၊ နီပေါ၊ အာဖဂန်၊ အင်ဒို၊ မလေး စတဲ့နိုင်ငံများ ဘာကြောင့် ဗုဒ္ဓဘာသာကျဆုံး
ပျောက်ကွယ်ခဲ့ရ လည်းဆိုရင် မင်းဆိုး မင်းညံ့ မင်းယုတ် မင်းစုတ် မိစ္ဆာဒိဋ္ဌိမင်းတို့၏ သာသ
နာပြု ရဟန်းတော်တို့အား သတ်ဖြတ်ညှဉ်းဆဲခြင်းကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်
တိုင်းသူပြည်သားတို့အား သတ်ဖြတ် ခြင်းကြောင့်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိ မင်းဖြစ်သည်နှ
င့်လျှော်ညီစွာ ၄င်းတို့၏ ဘာသာကို ချီးမြှင့်ခြင်းကြောင့်ဟု သုံးသပ်ရမည်ဖြစ်၏။ မိစ္ဆာဒိဋ္ဌိမ
င်းယုတ်ပေါ်ပေါက်လာသည်နှင့် အညီ ဆန့်ကျင်ဘက် ဘာသာဝင်များအား ဘာသာရေး ညှ
ဉ်းပန်းနှိပ်စက်မှု(Religious Persecution) ဆိုတာ မုချပေါ်လာတာပါ။
ဗုဒ္ဓဘာသာ သမိုင်းမှတ်တမ်းများအရ ပထမဆုံး အဖြစ် ဗုဒ္ဓဘာသာညှဉ်းပန်းနှိပ်စက်မှုဟာ
အိန္ဒိယမှာ သုင်္ဂမင်းများ လက်ထက်မှာ ဖြစ်ပေါ်ခဲ့တာပါ။ ပုဿိမတြမင်းဟာ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့
မင်းပါ။ ဒီမင်းဟာ ဗုဒ္ဓဘာသာကို ကြည်ညိုခဲ့တဲ့ မောရိယမင်းဆက် ပျက်စီးပြီး ဘီစီ ၂-ရာစု
မှာ ပေါ်လာတဲ့ သုင်္ဂမင်းဆက်က မင်းတစ်ပါးပါ။ ထိုမင်းက ဗုဒ္ဓဘာသာကို အမြစ်မကျန်အေ
ာင် ဆွဲနှုတ်ပစ်မည်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သာသနာပြု ဗုဒ္ဓဘာသာရဟန်းတော်များ၊ ဘုန်းကြီးေ
ကျာင်းများစွာကို ဖျက်ဆီးခဲ့တဲ့ မင်းဟု ဒိဗျာဓန မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီမင်းဟာ ဗုဒ
္ဓဘာသာ ရဟန်း သာမဏေတစ်ပါးရဲ့ ဦးခေါင်းတစ်လုံး သူ့ကိုဆက်သနိုင်ရင် အသပြာ တစ်
ရာ ဆုချီးမြှင့်မည်ဟု အမိန့်ပြန်ခဲ့တဲ့မင်းပါ။ ဗုဒ္ဓဘာသာကို နှိမ်နှင်းအောင်မြင်တဲ့ အထိမ်းအ
မှတ် အဖြစ် ဘီစီ-၂ရာစုမှာ မြင်းတစ်ကောင်ကို ယဇ်ပူဇော်ပွဲကြီးပင် ကျင်းပခဲ့သူပါ။
ကဿမိယပြည်နယ်က ဟန်းဘုရင်နာရာ၊ ဟန်းဘုရင်နာရာနောက် ဆက်ခံတဲ့ မဟိရာကုလဘု
ရင်၊ ထိုဘုရင်နှစ်ယောက်ကတော့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ စေတီပုထိုး၊ ရဟန်းသံဃာ
ပေါင်းများစွာကို သတ်ဖြတ် ဖျက်ဆီးခဲ့ပါတယ်။ ဂုတ္တမင်းဆက် (၆၁၉-၆၃၇ အေဒီ)က ဘင်္ဂ
လာပြည်နယ်ရဲ့ ဘုရင် ဟာရဿမင်းရဲ့ညီတော် ဘုရင် သသကမင်းဟာ ဗုဒ္ဓဂယာမှာရှိတဲ့ မဟ
ာဗောဓိပင်ကို အမြစ်ကလှန်တူးပြီး မီးရှို့ဖျက်ဆီးပစ်သည့်အပြင် ပါတလိပုဋ်မှာရှိတဲ့ ဗုဒ္ဓခြေ
တော်ရာ ကျောက်ပြားကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။ သူဖျက်ဆီးခဲ့တဲ့ မဟာဗောဓိပင်ကိုေ
ဒသဘုရင်ခံ ပူရာဏဝါမန်က ပြန်လည် စိုက်ပျိုးခဲ့ပါတယ်။ အေဒီ-၁၂စုမှာ ကမ္ဘာကျော်နာလ
န္ဒာတက္ကသိုလ်အပြင်၊ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုး၊ ရဟန်းသံဃာများကို တူရဂီန
ွယ်ဖွား မူဆလင်စစ်ဗိုလ်မိုဟာမက် ဘက်ခီးယာခီးဂျီး (MuhammadBakhti
yanKhaLji)၏ စစ်သည်အလုံးအရင်းဖြင့် သတ်ဖြတ်ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဤသို့ဖြင့် ဗု
ဒ္ဓဘာသာ အိန္ဒိယမှာကျဆုံးသွားခဲ့တာပါ။
အင်ဒို၊ မလေး၊ အာဖဂန်တို့မှာလည်း ဘာသာခြားများတစ်စတစ်စ ဝင်ရောက်လာခြင်း၊ ဒေ
သခံ ဗုဒ္ဓဘာသာဝင် မိန်းကလေးများအား လက်ထပ်၍ လူဦးရေးတိုးပွားအောင် သားသမီး
ရသလောက်မွေးကာ လူဖောက် သာသနာပြုခြင်း၊ လူဦးရေတိုးလာတော့ သူတို့ရဲ့ ဘာသာ
ဝင်ကို ဘုရင်တင်မြှောက်၍ ဆန့်ကျင်ဘက် ဘာသာများကို နှိပ်ကွက်ဖျက်ဆီးခြင်း၊ ဘာသာဝ
င်တို့၏ အထွက်အထိပ်ထားရာ သာသနိက အဆောက်အအုံများဖျက်ဆီးခြင်း၊ များပြုလုပ်ခဲ့
တာပါ။ အင်ဒိုနီးရှားမှာဆို ဗုဒ္ဓဘာသာဘုရင်ကိုဖြုတ်ချ ဘာသာခြားစူလ်တန်ဘုရင်ကို တင်ေ
မြှာက်၍ ဗောဓောဗုဒ္ဓေါစေတီကြီးကို ဖျက်ဆီးလိုက်တာ သက်သေပါ။
အချုပ်အားဖြင့်ဆိုလိုချင်တာက ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာနိုင်ငံများမှ သွေဖယ်အားနည်
း ကျဆုံးခဲ့တာ မင်းဆိုး မင်းယုတ်များကြောင့်ဖြစ်ခြင်း၊ ထိုမင်းဆိုးမင်းယုတ်များ နှိပ်စက်စော်
ကားနိုင်တာဟာ ထိုမင်းတို့၏ ဘာသာဝင်များ အင်အားကြီးမားခြင်း၊ ထိုအင်အားကြီးမားမ
ှုမှာလည်း ဆန့်ကျင်ဘက် ဘာသာဝင်များကို လက်ထက်ထိမ်းမြားခြင်းလည်းပါဝင်သောကြေ
ာင့် မြန်မာနိုင်ငံအနေဖြင့်လည်း ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရသော နိုင်
ငံများ၏ သမိုင်းကို သံဝေဂယူ၍ မင်းဆိုး မင်းယုတ် မိစ္ဆာဒိဋ္ဌိမင်းများ မပေါ်ပေါက်လာအော
င်၊ အမျိုးသမီးများအနေဖြင့် ဘာသာခြားများ အင်အားကောင်းအောင် ဘာသာခြားများအာ
း လက်ထပ်ခြင်းမှု မပြုမိရလေအောင် မိမိဘာသာကို အကောင်းဆုံး ကာကွယ်စေလိုသော
ဆန္ဒဖြင့် တင်ပြခြင်းသာ ဖြစ်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

No comments:

Post a Comment