Wednesday, November 26, 2014

ဆရာတော်ဘုရားကြီး ဦးကဝိ

မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ
ဆရာတော်ဘုရားကြီး ဦးကဝိ
*************************************
ဦးကဝိအရှင်မြတ်ကြီးရရှိတော်မူအပ်သော အရဟတ္တဖလ အာသဝက္ခယဉာဏ်တော်သည်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ် နှစ်ပါးနှင့်အတူ ပု-ဒိ-အာ ဟူသော ဝိဇ္ဇာသုံးပါးလုံး
ရတော်မူသဖြင့် တေဝိဇ္ဇရဟန္တာ ဟုပင် ဆိုရပေမည်ဟု တွေ့ရှိရပါသည်။
အင်းခမ်းတော့ငှက်ကျ, ငှက်ကျတော့လယ်တီ, လယ်တီတော့ထွန်ဆင်းဟူသော တဘောင်ြ
ကီး တစ်ခုသည် ရှေးအခါကပေါ်ဖူး၏။ ငှက်ဆိုသည်မှာ ငှက်တွင်းဆရာတော်ဟု ဆိုလိုကြေ
ာင်း, လယ်တီမှာ လယ်တီဆရာတော်ကို ဆိုလိုကြောင်း, ထွန်ဆင်းမှာ မြင်းခြံစွန်းလွန်းဆရ
ာတော်ကို ဆိုလိုကြောင်း သိရှိရပါသည်။
ထွန်ဆင်း (သို့မဟုတ်)စွန်းလွန်းဆရာတော်ဟု ခေါ်တွင်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
၎င်းထွန်ဆင်းဆရာတော်ဟု ဆိုအပ်သော စွန်းလွန်းဂူကျောင်းဆရာတော်၏ ဘွဲ့အမည်မှာ
ဦးကဝိဖြစ်၏။ တချို့က ထွန်ဆင်း (သို့မဟုတ်) ထွန်ထောင် ဆရာတော်ဟူ၍လည်း ခေါ်ဝေ
ါ်သမုတ်ကြ၏။ နောင်အခါတွင် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတိုက်တွင် သီတင်းသုံးတော်
မူသောကြောင့် စွန်းလွန်း ဆရာတော်ကြီးဟူ၍ ထင်ရှားကျော်ကြားလာခဲ့ခြင်းပင်တည်း။
စွန်းလွန်းရွာတွင် နေထိုင်သော အဖ ဦးသန့် အမိ ဒေါ်တုတ်တို့မှ အေဒီ ၁၈၇၈ မတ်လ ၎
ရက် (၁၂၃၉ ခုနှစ် တပေါင်းလဆန်း ၂ ရက်) တနင်္လာနေ့ နံနက် ၃ ချက်တီးကျော်တွင် မွေး
ဖွားသန့်စင်ပြီး ခေါင်းဆေးမင်္ဂလာပြုလုပ်သည့်အခါ မောင်ကျော်ဒင်ဟု အမည်နာမ တွင်ေ
စ၏။
မွေးချင်းပေါက်ဖော် သုံးယောက်ရှိသည့်အနက် မောင်ကျော်ဒင်မှာ ဒုတိယမြောက် သားရ
တနာဖြစ်၏။ အကြီးဆုံး အစ်မကြီးမှာ မသင်း ဖြစ်ပြီး ညီဖြစ်သူ အငယ်ဆုံးမှာ မောင်အော
င်ခိုင် ဖြစ်လေသည်။
မောင်ကျော်ဒင် ငယ်စဉ်ကလေးဘဝက မြင်းခြံမြို့ မင်းကျောင်းဆရာတော်ထံ အပ်နှံ၍ စာေ
ပသင်ကြားစေခဲ့သော်လည်း ဉာဏ်ထုံထိုင်းလှသဖြင့် စာကောင်းစွာ မတတ်မြောက်ခဲ့ပေ။
အသက် ၁၅ နှစ်အရွယ်သို့ ရောက်လတ်သေိာ ဖခင် ဦးသန့်နှင့်အတူ မြင်းခြံမြို့ အရေးပိုင်မ
င်းရုံးတော်၌ မင်းစေအဖြစ် ဝင်ရောက်အမှုထမ်းရလေ၏။
ကျောင်းမှထွက်ပြီးနောက် ဖခင်ကြီးနှင့်အတူ အရေးပိုင်ရုံးတွင် ယပ် လေကြိုး ဆွဲရသော မ
င်းစေအလုပ်လုပ်ခဲ့ကြောင်း အသက် ၃၀ အရွယ်တွင် အလုပ်မှ ထွက်ကြောင်း တောင်ယာ
လုပ်စားကြောင်း သိရပါသည်
အချိန်တန်အရွယ်ရောက်လာသော ကိုကျော်ဒင်သည် တစ်ရွာတည်းနေ မရွှေရီ ဆိုသူနှင့် ရ
ည်ငံသင့်မြတ်၍ သားသမီး လေးယောက်ထွန်းကားခဲ့လေသည်။
သို့ရာတွင် သားသမီးသုံးယောက်မှာ လူသားမမြောက်မီ ငယ်ရွယ်စဉ်က သေဆုံးကြသဖြင့်
သားဖြစ်သူ မောင်ရှိန်ခေါ် မောင်ကံညွန့်တသ်ယောက်သာကျန်ရှိခဲ့၏။
ကိကျော်ဒင်သည် မင်းခစားအလုပ်ဖြင့် တိုးတက်ရန် လမ်းစမမြင်တော့လေရာ အသက် ၃၀
အရွယ်သို့ ရောက်လတ်သော် အလုပ်မှနှုတ်ထွက်ပြီး မိဘတို့၏ လက်ငုတ်လက်ရင်းဖြစ်သေ
ာ လယ်ယာလုပ်ငန်းဖြင့်သာလုပ်၏။
ဆီမီးတစ်ထောင် အဓိဋ္ဌာန် နှမ်းကြဲ
~~~~~~~~~~~~~~~~~~~~~~~~~
ကိုကျော်ဒင်သည် လုပ်ငန်းကို လုပ်ပိုင်နေရာမှာ တစ်ခါသော် ယာကွက်သစ်တစ်ကွက်ကို ထ
ပ်မံဝယ်ယူလိုက်ပြီး နှမ်းတင်းလေးဆယ် ထွက်က ဆီမီးတစ်ထောင် ပူဇော်မည်ဟူသော အ
ဓိဋ္ဌာန်ဖြင့် ယာသစ်ထဲ၌ နှမ်းကိုကြဲလေသည်။ ထိုနှစ်တွင် မိုးခေါင်သဖြင့် တခြားသူများ၏
နှမ်းခင်းများပျက်စီးကုန်သော်လည်း ကိုကျော်ဒင်၏ ယာကွက်ထဲမှ နှမ်းခင်းများ မပျက်စီးဘဲ
နှမ်းတင်းရေ လေးဆယ်တိတိ တစ်လက်မစွန်းမျှ အပိုမရှိ ကောင်းမွန်စွာရရှိလေသည်။
ထိုအခါ အဓိဋ္ဌာန်ထားသည့်အတိုင်း နှမ်းကို ဆီကြိတ်ပြီး အေဒီ ၁၉၁၉ ခု အောက်တိုဘာလ
၈ ရက် ဗုဒ္ဓဟူးနေ့ (၁၂၈၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့)တွင် ဘုရား ၉ ပိဿာ, တရား ၁ ပိဿာ
, သံဃာ ၄ ပါးကို တစ်ပါးလျှင် ၂ ပိဿာစီလှူဒါန်း၍ ဆီမီးရေစက်ချ ပရိတ်တရားတော်နာပြီးလျှ
င် ရွာ၏အရှေ့တောင်ဘက်ရှိ စေတီတော်တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်လေသည်။
အေဒီ ၁၉၁၉ ခု (၁၂၈၁ ခုနှစ်)တွင် မြင်းခြံတစ်မြို့လုံးသာမက ရွာနီးချုပ်စပ် တောရပ်ဒေသ
များ၌ပင် အနာရောဂါအမျိုးမျိုး ထူပြောကာ ရောဂန္တရကပ်ကြီး ဆိုက်ရောက်နေသဖြင့် လူမျာ
း အသေအပျောက်များနေ၏။ ထိုအချိန်တွင် ကိုကျော်ဒင်တစ်ယောက်မှာ မိမိတို့မိသားစု စီး
ပွားဥစ္စာ တိုးတက်လာပြီး ဖြစ်သော်လည်း မိမိ၏အသက်သက္ကရာဇ်ကို တွက်စစ်ကြည့်သော်
စနေဂြိုဟ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်လေရာ ကပ်ရောဂါနှင့် တွယ်ငြိပြီး သေရာမှာကို ကြော
က်သွားမိလေသည်။
ကိုကျော်ဒင်သည် သေရမည့်အရေး ကြောက်လန့်တွေးရင်း ကုသိုလ်ကောင်းမှုများ ရစေရန်
အလိုငှာ အလုပ်လုပ်နေလျှင်သော်လည်းကောင်း, လမ်းလျှောက်သွားနေလျှင်လည်းကောင်း
, ထိုင်နားနေလျှင်သော်လည်းကောင်း, အိပ်၍နေလျှင်သော်လည်းကောင်း နှာသီးဖျားမှ ဝင်
လေထွက်လေအာနာပါန အသိတရားများနှင့်တကွ ကမ္မဋ္ဌာန်းတရားများကို နေ့စဉ်နင့်အမျှ
ကျင့်ကြံအားထုတ်ပွားများလေသည်။
စွန်းလွန်းဆရာတော်ဦးကဝိ တရားထူး တရားမြတ်ရရာတွင် အဓိက နည်းပေးလမ်းညွှန်ပြု
သူ တစ်ဦးမှာ ဦးစံတင်ဆိုသူဖြစ်ကြောင်း သိရှိရပါသည်။ ဦးစံတင်သည် သမာဓိမှော်အောင်
သူဟု ပြောသူက ပြောကြပါသည်။ တစ်ခါတရံ ကမ္ဘာစောင့်နတ်ကြီးများ ပူးကပ်ခံရသူဟုလ
ည်း ဆိုကြပါသည်။
ဦးစံတင်၏ အနာဂတ်ဟောချက်ကို မှတ်တမ်းတင်ခဲ့သူများ ရှိခဲ့ပါ၏။ ဖတ်ကြည့်ပါ။
အမယ်ဗုဓ် ချည်ခင်ဟာ ဘယ်လောက်ပဲရှုပ်ရှုပ်, ရက်ကန်းစင်ကျရင် ရှင်းသွားတာပဲ ကိုကျော်
ဒင်ရဲ့။ အမယ်ဗုဓ်ခေါ်တဲ့ ဒီဘုရားရှင် လက်ထက်မှာ အဝိဇ္ဇာချည်ခင်ရှုပ်ကြီးကို သတိပဌာန်
ရက်ကန်းစင်မှာ သတိလွန်း တစ်လုံးတည်းနဲ့ပဲ ကိုကျော်ဒင် ခင်ဗျားရှင်းရလိမ့်မယ်ဗျာ။
အဲဒီအခါမှာ စွန်းလွန်းရွာ တောင်ဘက်မှာ တကယ့်ရက်ကန်းစင်လဲပေါ်လိမ့်မယ်။ ရက်ကန်
းစင်ပေါ်တဲ့ ကျွန်းဖိုကုန်းမှာ ခင်ဗျား သာသနာပြုရလိမ့်မယ်။ သာသနာပြုတဲ့အခါ ကျွန်းတိုင်
နှစ်လုံးပဲ ပါလိမ့်မယ်။ ဘုရားငုတ်တို ရောင်တော်လွှတ် ဆိုတာက ပဋိပတ္တိသာသနာတော်ြ
ကီး ငုတ်တိုနေတဲ့ ပြန်ပေါ်လာတော့မယ်လို့ ဆိုလိုတာဘဲဗျာ။ အဲဒီတော့ ကိုကျော်ဒင် ခင်ဗျာ
းရဲ့ တရားလက်ခတ်သံကို တစ်နိုင်ငံလုံး ၃၁ ဘုံလုံးက ကြားရမှာဟု ဆက်တိုက် မမောနိုင်မ
ပန်းနိုင် ပြောလျက်ရှိရာ, မွန်းစံတင် တော်စမ်းပါကွာ တောက်တီးတောက်တဲ့တွေ ပြောမေ
နစမ်းပါနဲ့ဟု ဦးကျော်ဒင်က မကြားလိုဟန် ပြောလိုက်သောအခါ ခင်ဗျားစောင့်ကြည့်သေး
တာပေါ့ဟု ပြောလိုက်၏။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှကူးယူ
ဖော်ပြပါသည်။စာ(၄၄၇-၄၄၉)
ဆက်လက်ဖော်ပြပါမည်။
လှိုင်မျိုးမင်း

No comments:

Post a Comment