Sunday, November 2, 2014

ဝိသာခါသို့ စကားလက်ဆောင် (Private Diary)

The Express Times
ဝိသာခါသို့ စကားလက်ဆောင်
=====================
အိမ်ထောင်ပြုလို့ လင်ယောင်္ကျားအိမ်ကို လိုက်သွားသော ၀ိသာခါကို ဖခင်ကြီးက မှာလိုက်
တဲ့ စကားဆယ်ခွန်းကလည်းမှတ်သားစရာဖြစ်ပါတယ်။ ဒါကတော့အိမ်ထောင်ပြုရင် သိမှ
တ်စရာလေးပါ။
၁။ အတွင်းမီးကိုအပြင်သို့ မထုတ်ဆောင်အပ်။
၂။ အပြင်ဘက်ဖြစ်သော မီးကိုအတွင်းဘက်သို့ မသွင်းအပ်။
၃။ ပေးကမ်းသောသူအားသာလျှင် ပေးကမ်းအပ်၏။
၎။ မပေးကမ်းသောသူအား မပေးကမ်းအပ်။
၅။ ပေးကမ်းသောသူအား လည်းကောင်း၊ မပေးကမ်းသောသူအားလည်းကောင်း၊ ပေးကမ်
းအပ်၏။
၆။ ချမ်းသာစွာ နေထိုင်အပ်၏။
၇။ ချမ်းသာစွာ စားသောက်အပ်၏။
၈။ ချမ်းသာစွာအိပ်အပ်၏။
၉။ မီးကိုရိုသေစွာလုပ်ကျွေးအပ်၏။
၁၀။ အိမ်တွင်းနတ်ကို ရိုသေမြတ်နိုးစွာရှိခိုးအပ်၏။ ဟုမှားကြားလိုက်ပါတယ်။
ဆိုလိုချင်တဲ့အဓိပ္ပာယ်လေးကတော့-
နံပါတ်(၁) ကိုယ်ရဲ့ ယောက္ခမ ခင်ပွန်းတို့၏ အိမ်တွင်းရေးစကားများကို တစ်ဖက်အိမ်များ
သို့ မပြောဆိုအပ်။
နံပါတ်(၂) တစ်ခြားအိမ်နီးချင်းများက ကိုယ့်ယောက္ခမ ခင်ပွန်းအကြောင်း အတင်းစကာြးေ
ပာဆိုလျှင် ထိုစကားကို ယောက္ခမ ခင်ပွန်းတို့အား ပြန်လည်၍မပြောဆိုအပ်။
နံပါတ်(၃) ဥစ္စာပစ္စည်းတို့ကို ပြန်လည်ပေးဆပ်နိုင်သော သူတို့ကိုသာ ပေးကမ်းအပ်၏။
နံပါတ်(၄) ဥစ္စာပစ္စည်းတို့ကို ချေးငှားပြီး ပြန်လည်တောင်းဆိုသောအခါ မပေးသောသူများ
ကို မပေးကမ်းအပ်။
နံပါတ်(၅) ဆင်းရဲချို့တဲ့သော ဆွေမျိုးမိတ်ဆွေတို့ကို ပြန်လည်ပေးနိုင် မပေးနိုင် အထိုက်အ
လျောက် ချီးမြှင့်ပေးကမ်းအပ်၏။
နံပါတ်(၆) ထိုင်နေစဉ် ယောက္ခမ ခင်ပွန်းလာသည်ကိုမြင်လျှင် ဆက်လက်ထိုင်ခြင်းငှာမနေ
အပ်။
နံပါတ်(၇) ယောက္ခမ ခင်ပွန်းတို့၏ ရှေးဦးစွာ မစားသောက်အပ်။
နံပါတ်(၈) ယောက္ခမ ခင်ပွန်းတို့၏ ရှေးဦးစွာ မအိပ်အပ်။
နံပါတ်(၉) ယေက္ခမကို ကိုယ့်ရဲ့မိဘလို ချစ်ကြောက်ရိုသေရမည်။
နံပါတ်(၁၀) ခင်ပွန်း၏မိခင်ဖခင်နှင့် ခင်ပွန်းကို နတ်ကဲ့သို့ ရိုသေမြတ်နိုးစွာ ကြည့်ရှု့နေထို
င်ရမည် ဟုဆိုလိုသည်။

--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

No comments:

Post a Comment