Thursday, November 27, 2014

ပညာပေးသူနဲ့ သူ့ ဘ၀ အကြောင်းကို သိထားရှယ်ထားကြရပါမည်.။

ပညာပေးသူနဲ့ သူ့ ဘ၀ အကြောင်းကို သိထားရှယ်ထားကြရပါမည်.။
************************************************************
**********
ဦးသန့်မြင့်ဦး (သမိုင်းပညာရှင်)
၁၉၆၆ မွေးဖွား၊ (၄၈နှစ်)
အမေရိကန်သမ္မတ အိုဘားမားနဲ့အတူ၊ သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေါင်းဆောင်မျာ
း ကျဆုံးခဲ့တဲ့အတွင်းဝန်ရုံးဓါတ်ပုံကို မြင်လိုက်ရတော့ ကမ္ဘာ့လေးစားရတဲ့ ကုလသမဂ္ဂအကြီ
းအကဲ ဦးသန့်ကို ပြန်သတိရမိပါတယ်။ ဦးသန့်ရဲ့ မြေးဖြစ်သူ ပညာထူးချွန်ရုံသာမက၊ မြန်
မာနိုင်ငံတခွင် စစ်အစိုးရလက်ထက်ကတည်းက လက်နက်ကိုင်တိုင်းရင်းသားများရှိတဲ့ ရှမ်း၊
ဝ၊ကရင်၊ကယား၊ကချင်ပြည်နယ်-ယူနန်ပြည်နယ်၊ မဏိပူရနယ်မြေအထိ ကိုယ့်စရိတ်ကိုယ်စ
ား နှစ်နဲ့ချီ ခရီးသွားရင်း မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာကသိအောင်၊ ကမ္ဘာကျော် စာအု
ပ်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။
.
ငယ်စဉ်က အမေရိကန် နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး၊ အင်္ဂလန်မှာ အောက်စဖို့တက္က
သိုလ်က ဘွဲ့ရရှိခဲ့ပါတယ်။ ကင်းဘရိတ်တက္ကသိုလ်က ပါရဂူဘွဲ့ Ph.D ရရှိခဲ့ပေမဲ့၊ မြန်မြာ
ပည်ကိုပြန်လာပြီး မြန်မာ့ယဉ်ကျေးမှုနဲ့သမိုင်းကို ကမ္ဘာသိအောင် မြှင့်တင်ပေးနေသူဖြစ်ပါ
တယ်။
.
ကင်းဘရိတ်တက္ကသိုလ်မှာ ပညာရှင် ဖဲလိုးအဖြစ် အမှုထမ်းရင်း၊ "The River of Lost
Footsteps" မြန်မာပြည်ခရီးစဉ်စာအုပ်နဲ့ လူသိများခဲ့ပါတယ်။ နောက်ပိုင်းမှာ
"Where China Meets India; Burma and the New Crossroads of
Asia စာအုပ်များနဲ့ သမိုင်းပညာရှင်အဖြစ် မြန်မာနိုင်ငံအကြောင်းများကို ကမ္ဘာ့ပညာရှင်
များ တိကျ၊ရှင်းလင်းစွာ သိရပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာဘာသာပြန်ဆိုတဲ့ စာအုပ်များ
ထုတ်ဝေနေပါတယ်။
.
၂၀၁၄ ခုနှစ် "Foreign Policy Magazine" ရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာ့ထိပ်တန်းအတွေး
အခေါ်ရှင် ၅၀ စာရင်းမှာ အဆင့် ၁၅ အဖြစ် ရွေးချယ်ဖေါ်ပြခြင်းခံ၇ပါတယ်။
.
ငယ်စဉ်က ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်ခဲ့ပြီး၊ လူ့အခွင့်အရေးအရာရှိအဖြစ် က
မ္ဘောဒီယားနိုင်ငံ၊ ဖနုံပင်မြို့မှာ ထမ်းဆောင်ခဲ့ပါတယ်။ ယူဂိုဆလားဗီးယားနိုင်ငံ ကုလသမဂ
္ဂတပ်များရဲ့ ပြောဆိုခွင့်ရှိသူ အကြီးကဲအဖြစ် ဘော့စနီးယား၊ ဟာဇီဂိုဗီနာ တွေမှာ ထမ်းဆေ
ာင်ခဲ့ပြီး၊ ၂၀၀၀ ခုနှစ်မှာ ကုလသမဂ္ဂအတွင်းရေးမှုးရုံးမှာ ပထမအရာရှိအဖြစ် ၊ လူမှုရေးလု
ပ်ငန်းများကို ဆောင်ရွက်ပါတယ်။ ကုလသမဂ္ဂ နယူယောက်ရုံးမှာ တာဝန်အမျိုးမျိုး ထမ်းဆေ
ာင်ခဲ့ပြီး၊ ၂၀၀၆ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို မကြာခဏရောက်ရှိလာပါတယ်။
.
Yangon Heritage Trust ဆိုတဲ့ ရန်ကုန်မြို့၊ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ကို ကို
ယ်ပိုင်ငွေနဲ့ စတင်ခဲ့ပြီး၊ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းခြမ်းရေး စင်တာမှာ တာဝန်ပေးခံရပါတ
ယ်။ သမ္မတအကြံပေးလည်း ဖြစ်ပါတယ်။
.
ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်များ Literary Works
* The River of Lost Footsteps
* Where China Meets India: Burma
* the New Crossroads of Asia,
* The Making of Modern Burma (Cambridge University Press
2000)
* The UN Secretariat: A Brief History (Lynne Rienner 2007)
.
ကွန်လွန်သူ ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ) နောက်ပိုင်းမှာ မြန်မာလူမျိုး ကမ္ဘာေ
ကျာ် သမိုင်းနဲ့အတွေးခေါ်ပညာရှင်တစ်ဦး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အချိန်ယူပြီး သူ
ရေးတဲ့စာအုပ်များကို ရှာဖွေ၊ လေ့လာဖတ်ရှုနိုင်ရင် အရမ်းအကျိုးရှိစေမှာဖြစ်ပါတယ်။
.
သန့်မြင့်ဦး (ဒေါက်တာ နာမည်ရှေ့မှာ မထဲ့တဲ့) အသက်ရှင်ဆဲ မြန်မာသမိုင်းပညာရှင်တစ်
ဦးကို Good Attitude Myanmar အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။
လေးစားလျှက်
ပြန်လည်မျှဝေပေးပါတယ်။
21.11.2014

No comments:

Post a Comment