Sunday, November 2, 2014

ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ခြင်း (Private Diary)

The Express Times with Daniel Zay
ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ခြင်း
=============================
ရှေးအခါက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာ
လူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာ
တခုရှိလေသည်
အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ထိုလူဆိုးသူခိုးများ အားလုံးပေါင်းပြီး
ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလို နဲ့ အမိုက်ဆုံး နဲ့ ညဏ်ပညာမရှိဆုံး တစ်ဦးက ဘုရင်ဖြစ်လာလေ၏
သူလည်း ဘုရင်ဖြစ်လာတဲ့အခါ တတိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကို
ငါးမူးနဲ့ ရောင်းခိုင်းလေ၏
တခြားတိုင်းပြည်တွေမှာ ဘယ်လောက်ပဲ ဈေးများများသူ့တိုင်းပြည်မှာတော့ ငါးမူးပဲ.
တပွဲ ကို အသပြာတစ်ထောင်လောက်ဈေးရှိတဲ့ ထမင်းစားလည်းငါးမူး ပဲပေးရလေသည်
တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ ထွက် လာတဲ့ တက္ကသီလ က ဆရာနဲ
့သုရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ
ရောက်လာကြတာပေါ့။
ဆရာ တော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ ဘူးပေါ့။
သူ့တပည့် က တော့ အရမ်း သဘောကျလေသည်။
အရာအားလုံး ငါးမူးကို နော်။
သုမှာ က အသပြာ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ ရတယ် လို
့ပြောလို့ ရတာပေါ့။
ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။
ဆရာက ပြောတယ်
းဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့
တိုင်းပြည်မှာ မနေ သင့်ဘူ။
တပည့်ဖြစ်သူကတော့
အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ် ဆရာကြီး
ပညာသင်တာ က အဲ့ သလို နေ ဖို့ ပဲလေ ဆိုပြီး
နေချင်ကြောင်းကို ပြောနေတော့
ဆရာ ဖြစ်သူ လက်လျှော့ လိုက်ရသည်
ဆရာပြန်ခါနီး တပည့်ဖြစ်သူကို ဂါထာတပုဒ် သင်ပေးလိုက်တယ်
တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေ ရရင် ဒီဂါထာ ကို တခါရွက်လိုက်
ဆရာရောက်လာမယ် လို့ ပြော ပြီးတော့ ပြန်သွားပါလေရော
တပည့် က လည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြော ပြီး အဲ့ဒီ တိုင်းပြည်မှာ နေခဲ့တော့တာပေါ့
ပြီးတော့ ငါးမူးတန် အစားအစာ တွေ စားရင်းတော်တော်ကြီး ကို ၀လာလေတယ်.
တရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်
တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်း
အပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာ
အုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားလေတယ်တဲ့
သူခိုးမိန်းမက မကျေနပ်ဘူး
ဘုရင် ကြီးကို သွားတိုင်တယ်
အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင်
အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန် မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို ကို တရားမျှတမှု ရှိစေတော်မူပါ
သုခများ မယားကျွေးရန် စီးပွားရှာ ခြင်းသာ ဖြစ် ပေသည်.မရှိသောကြောင့် 
ခိုး မိခြင်း ကို အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရား လို့လျှောက်တော့
ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလို လို ဖြစ် လာ တယ်။
သူခိုးဖြစ်သူမှန်တယ် သေဒဏ်ပေးတဲ့ အမတ်ချုပ်ကြီးမှား တာဆိုပြီး အမတ်ချူပ် ကြီးကို သေ
ဒဏ်အနေဲ့ကြိုးပေးသတ်စေ ဆိုပြီးမိန့်တော်မူလိုက်တယ်
အမတ်ချုပ်ကြီးကအယူခံဝင်တယ်
းးးးးးးအရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်းးးးးးးးးး
ဒါနဲ့ 
ပန်းရံဆရာ ကြိုးပေးစေလို့မိန့်တော်မူလေရော
ပန်းရံ ကလည်း လျှောက်ပြန်တယ်
းးးးးးးမှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်................ ..
ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေးပြီး
တရားမျှတမှုကို တည်ဆောက်အံ့
မောင်အလုပ်သမားကလည်းလျှောက်တင်
ပြန်တယ်
းးးးးးးးဘ၀ရှင်မင်းတရားကြီးခင်ဗျား
ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်းးးးးးးးးးး
ရေထမ်းသမားအားသေဒဏ်
သူလည်းမခေပါဘူး
လျှောက်လိုက်တာကတော့
းးးးးးးးးအရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်
အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်းးးးးးးးးး
အိုးထိန်းသည်အားသေဒဏ်ပေးစေ
သူကထပ်လျှောက်တင်ပြန်တယ်
းးးးးးးးးးးးးအကျွန်လက်က ပုံမှန်လက်ပါခင်ညား
ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး
ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး
အကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်ပါတယ်
ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရ
ခြင်းဖြစ်ပါသည်းးးးးးးးးးးးးးးးးးး
ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်
အမျိုးသမီးက ထပ်လျှောက် ပြန်တယ်
းးးးးးးးးးးးးးးမှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး
အစွန်းရောက်မိုက်ခြင်းတရား ဖြင့် နိုင်ငံတော်ကို သာယာဝပြောလှစေသူ
ဘ၀ရှင်မင်းတရားကြီးရှင်
အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍
လျှော်ပြီးမပြီး သွားရောင်စစ်စေး ခြင်းသာ ဖြစ်ပါ သည်
မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်းးးးးးးးးးးးးးးး
ဒီလို နဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်
နောက်ဆုံး ဒိုဘီသမားကိုဘုရင်ကြီး မိန့်တော်မုပုံ က
မောင်မင်း
အသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် 
ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရ လေသည်
ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့
သည်
ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်
ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောင်သော အမတ်ချူပ်ကြီးနေအိမ်
အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်.
ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆက်တွးခေါ်မှုကြောင့် အသင်တရားခံ မလ
ွှတ်တော့ချေ
အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ်းးးးးးးးးးးးးး
ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး
အလျှော့အတင်းလုပ်လို့ မရ ဘူး
ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး
ဘုရင်ကြီးက အသိညဏ် နည်းသူဖြစ်တဲ့အတိုင်း
းးးးးဒိုဘီသမားခေါင်းကကြိုးကွင်းနဲ့ မတော်ဘူး
တော်တဲ့ သူကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့းးးးးးးး
ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ငါးမူးနဲ့ ရသမျှစားပြီး ၀နေတဲ့ တက္ကသီလာဆရာ့ရဲ့
တပည့်ကလေး ကို သွားတွေ့ တယ်
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာ ကိုး
သူ့ကို ကြိုးကွင်းနဲ့တော်လို့ ဘုရင်ကြီးကသေဒဏ် ချလိုက်ရော။
ထိုအချိန်တပည့်က သေဘေးနဲ့နီးတော့ ဆရာပြောခဲ့တာကိုအမှတ်ရပြီး
ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်
နောက်ဆရာက ဥာဏ်ပညာပြည့်စုံသူဖြစ်တော့ သူ့တပည့်လေးကို ကြိုးကွင်းကို အတင်းလု
စွပ်ဖို့ပြောတယ် သူ့တပည့်လေးကလည်း ဆရာပြောတဲ့အတိုင်း ကြိုးကွင်းကိုလုစွပ်လေတ
ယ်
ဆရာကလည်း ကြိုးကွင်းကိုလုစွပ်တယ်
သေဒဏ်ခံရမယ့် ကြိုးကွင်းကို လုစွပ်နေကြတဲ့ ဆရာတပည့်နှစ်ဦးကိုကြည့်ပြီး ဘုရင်ကြီး
အံ့သြသွားလေ၏
ဘယ့်နှယ် သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှစ်ယောက်
ကြိုးကွင်းကို ပြိုင်လုနေရတာတုန်းဆိုပြီး
ဘုရင်ကြီးက မေးလိုက်တော့
ဆရာဖြစ်သူကပြန် ဖြေတယ်
မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော် သမာသမ
တ်အရှင်မင်းကြီးခင်ဗျား
အကျွန်က တက္ကသီလ မှ ဆရာတည်း
ဗေဒင်သုံးပုံ ကို အရည်ကြို သောက်ခဲ့သူ လည်း ဖြစ် ချေသဖြင့်
ယနေ့ နက္ခတ် ၊ဂြိုလ် ၊တည်နေရာအား
သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ
ယနေ့ သေသောသူ သည် သည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ့။
သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။
ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်းဖြစ်မ
ယ့် ကြိုးကွင်း
ဆုကို ယူစရာအကြောင်းမရှိ
မောင်မင်းတို့ ဖယ်ကြ ..ငါကိုယ်တိုင် စွပ်ပြီး စကြ၀တေးမင်းအဖြစ်သို့ ရောက်
စေမယ်ဆိုပြီး
ဘုရင်ကြီးမှာ မိမိကိုယ်တိုင် ကြိုးကွင်းစွပ်ပြီး ကံကုန်​​တော်​မူ​လေ၏
ဒါကြောင့် ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းမစွပ်မိပါစေနှင့်။

--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

No comments:

Post a Comment