Sunday, November 9, 2014

သုဿန် သင်္ချိုင်းနှင့်တူသောပုဂ္ဂိုလ်ငါးမျိုး=

The Express Timesသုဿန် သင်္ချိုင်းနှင့်တူသောပုဂ္ဂိုလ်ငါးမျိုး===========================သုဿန် သင်္ချိုင်း ၌ အပြစ် ငါးမျိုး ရှိကြောင်း ကို မြတ်စွာ ဘုရား က ဤသို့ ဟောကြား တော်မူ ခဲ့ပါ သည်။“ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။(၁) မစင်ကြယ်၊(၂) မကောင်းသော အနံ့ရှိ၏၊(၃) ဘေးဘျမ်းရှိ၏၊(၄) သရဲသဘက်တို့ နေရာဖြစ်၏။(၅) များစွာသော လူအပေါင်းတို့ ငိုကြွေးရာဖြစ်၏၊ဤသင်္ချိုင်းကို ဥပမာပြု၍ သင်္ချိုင်းကုန်းနှင်းတူသော ပုဂ္ဂိုလ်ကိုလည်းဟောဖော်ညွန်ကြားတော်မူခဲ့ပေသည်။ထိုပုဂ္ဂိုလ်တို့မှာ…….(၁)အသုစိ -သင်္ချိုင်းသည် မစင်ကြယ်သကဲ့သို့ မစင်ကြယ်သော ကာယကံ ၀စီကံ မနောကံ ဟူသော ကံသုံးပါးရှိသူ(၂)ဒုဂ္ဂန- သင်္ချိုင်းသည် မကောင်းသော အနံ့ရှိသကဲ့သို့မကောင်းသတင်းထွက်သူ(၃) သပ္ပဋိဘယ -သင်္ချိုင်းသည် ဘေးအန္တရယ်ရှိသောအရပ်ဖြစ်၍ ထိုသင်္ချိုင်းကိုလူအများက ရှောင်ရှား သွားကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကိုလည်း ကိုယ်ကျင့်သီလကို ချစ်မြတ် နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ရှောင်ရှားသွားကြခြင်း၊(၄)၀ါဠာနံ အမနုဿာနံ အာဝါသ – သင်္ချိုင်း၌ ဘီလူးသရဲများ နေကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူထံ၌လည်း မစင်ကြယ်သော ကံသုံးပါးရှိသူတို့သာ နေထိုင်ကြခြင်း၊(၅)ဗဟုဇနအာရောဒန– သင်္ချိုင်း၌ လူတို့စိတ်ညစ်ထေး ငိုကြွေးကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က စိတ်ညစ်ညူးကာ ကဲ့ရဲ့ ရှုတ်ချကြခြင်း★ အထက်ပါ အင်္ဂါရပ်များတွင်နံပါတ် (၄) အင်္ဂါအရ သင်္ချိုင်းကုန်း၌ဘီလူးသရဲများသာ နေထိုင်ကြသကဲ့သို့ မစင်ကြယ်သောပုဂ္ဂိုလ်ထံသို့လည်း မစင်ကြယ်သော ပုဂ္ဂိုလ်များသာ ဆည်းကပ်ကြသည်ကိုတွေ့ရှိရပေမည်။ သို့ဖြစ်၍ ခြေင်္သေ့စစ်မှန်ကမြက်ကို မစားသကဲ့သို့ မြက်စားလျှင်လည်း ခြေင်္သေ့မစစ် ဟု ဆုံးဖြတ်နိုင်ပါသည်။ ဟင်္သာမင်းစစ်က ကျီးကန်းကို မခစားသကဲ့သို့ ကျီးကန်းကို ဆည်းကပ်လျှင်လည်း ဟင်္သာ မစစ်ဟု သတ်မှတ်နိုင်ပါသည်။★ နံပါတ် (၅) အင်္ဂါအရသူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချခြင်းနှင့် လူအပေါင်းတို့ ငိုကြွေးခြင်းတူကြပုံမှာလည်း ဤသို့ဖြစ်ပါသည်။သူတော်ကောင်းတို့သည် ဒုဿီလပုဂ္ဂိုလ်နှင့် မလွှဲသာ မရှောင်သာပေါင်းဖော်နေရလျှင်ပင်“ငါတို့သည် ဒီလိုကောင်ကြီးနှင့်မှ ပေါင်းသင်းဆက်ဆံနေရပေ၏။ ထိုသို့ ပေါင်းသင်းဆက်ဆံနေရခြင်းမှာ ငါတို့အတွက် ဆင်းရဲကြီးစွတကား” ဟု မြည်တန်းညည်းညူတတ်ပါသည်။ ထိုသို့ သူတော်ကောင်းတို့ ညည်းညူခြင်းကိုပင် လူအပေါင်းတို့ ငိုကြွေးခြင်းနှင့် ဥပမာပြုထားခြင်းဖြစ်ပါသည်။Credit- Dhamma Knowledge

No comments:

Post a Comment