Saturday, November 22, 2014

ဗုဒ္ဓဘာသာ

Dhamma Garden Centre
ဗုဒ္ဓဘာသာ
ကမ္ဘာပေါ်မှာ ကိုးကွယ်ရာဘာသာပေါင်းမြောက်များစွာရှိပေမဲ့ ကြီးကျယ်တဲ့ဘာသာကြီး လူသိ မျ
ားတဲ့ ဘာသာကြီးအနေအားဖြင့် လေးမျိုးသာရှိကြောင်း တညီတညွတ်တည်း လက်ခံထားကြ
ပါတယ်။ ဒီဘာသာကြီးလေးမျိုးမှာ ဘာသာကိုတည်ထောင်သူနဲ့ ဘာသာရေးအဆုံးအမတရားတော်
တွေကို
(၁) စူးစမ်းဝေဘန်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရသောဘာသာနဲ့
(၂) စူးစမ်းဝေဘန်ပိုင်ခွင့်မရှိဘဲ လက်ခံယုံကြည်ရသောဘာသာလို့ နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
ဒီဘာသာကြီးတွေကို နောက်တစ်မျိုးပြောကြည့်ရအောင်။
ဒီဘာသာကြီးလေးမျိုးမှာ
(၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့
(၂) သူများကို မှီခိုအားကိုးရသောဘာသာလို့ နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။
ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာကို တည်ထောင်သူ ဘုရားရှင်ကိုရော၊ ဘုရားရှင်ဟောကြားတော်မူခဲ့
တဲ့ တရားတော်တွေကိုပါ စူးစမ်းလေ့လာခွင့် (The Right to survey) နဲ့ သံသယရှိခွင့်
(The Right to Doubt) အပြည့်ရှိပါတယ်။ ဗုဒ္ဓစာပေတရားတော်ရဲ့ထူးခြားချက်တွေထဲ
မှာ ဧဟိပဿိက ဆိုတဲ့စကားလုံးလေးပါပါတယ်။ အဓိပ္ပါယ်က “လာပါ၊ ကြည့်ပါ” တဲ့။
ဆိုတော့ ဗုဒ္ဓဘာသာအရေးနဲ့ ပတ်သက်လို့ လာကြည့်နိုင်ပါတယ်၊ လေ့လာနိုင်ပါတယ်လို
့ ဖိတ်ခေါ်တဲ့သဘောပါ။ “လာပါ၊ ယုံကြည်လက်ခံပါ” လို့ ဗုဒ္ဓစာပေမှာ မပါတဲ့အတ
ွက် ဘာမသိ ညာမသိ အကန်းယုံ ယုံကြည်မှုမျိုးကို ဗုဒ္ဓဘာသာက လက်မခံဘူးဆိုတဲ့
သဘောပါ၊ အကြောင်းအကျိုးမဲ့ ယုံကြည်မှုမျိုးကို ဗုဒ္ဓဘာသာက လက်မခံဘူးလို့ ဆို
လိုတာပါ။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် ဆိုသူတွေရော၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေပါ ဗုဒ္ဓဘာသာကို
စူးစမ်းပါ၊ လေ့လာပါ၊ ကျင့်ပါ၊ ကြံပါ၊ သဘောကျမှ လက်ခံရမှာပါ။ ဒါနဲ့ပတ်သက်လို့
ညွှန်းနေကျ သုတ်တစ်သုတ်ဖြစ်တဲ့ ဘုရားရှင် ဟောတော်မူခဲ့တဲ့ ကေသမုတ္တိသုတ်ကို ဖတ်ခို
င်းပါရစေ။
ကေသမုတ္တိသုတ်ဆိုတာက အယူဝါဒရေးရာနဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘ
ာသာဝင်တွေကို အရောင်တောက်စေတဲ့ သုတ်တစ်သုတ်ဖြစ်ပါတယ်။ ခုခေတ်အော်အော်နေတဲ့
Freedom of Religion - ဘာသာရေးယုံကြည်ချက် လွတ်လပ်မှုကို လွန်ခဲ့သော ဟိုး
နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဘုရားရှင်က အပြည့်အ၀ ပေးထားခဲ့တယ်ဆိုတာကို ကေသမု
တ္တိသုတ်ကို လေ့လာခြင်းဖြင့် သိနိုင်ပါတယ်။ ကေသမုတ္တိသုတ်လာ ကိုးကွယ်ယုံကြည်မ
ှုအပေါ် ဘုရားရှင်ရဲ့ သဘောထားအမြင်များဟာ ဘာသာရေးသုတေသီတို့ လက်ဖျားခါရလောက်အောင်
ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ ကေသမုတ္တိသုတ်ဘာသာပြန်ကို ဆက်လက် ဖတ်ရှုကြ
ည့်ကြပါစို့
ကေသမုတ္တိသုတ်
အခါတစ်ပါး၌ ကောသလပြည် ကေသမုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤ
မြို့နေ လူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။ ၄င်းတို့မြို့
သို့ ဗုဒ္ဓရောက်ရှိ လာကြောင်း ကြားသောအခါ ကာလာမအမျိုးသားတို့သည် ဗုဒ္ဓထံသို့
ဆည်းကပ်၍ ဤသို့ လျှောက်ထားကြကုန်၏။
အရှင်ဘုရား၊ ကေသမုတ္တိသို့ ရဟန်းပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။ သူ
တို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသ
ည်။ သူတပါး၏ အယူဝါဒ များကို မထီလေးစား ပြုကြပါသည်။ ရှုတ်ချကြပါသည်။ ပစ်
ပယ်ကြပါသည်။
ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။ သူတို့ကလည်း သူ
တို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။ အျခားသူမ်
ား၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။ ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပ
ါသည်။
ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင် မည်သူက
အမှန်စကားပြော၍ မည်သူက မမှန်တရားဟောသွားကြသည်ကို မဝေခွဲနိုင်အောင် အစဉ်စိတ်ရ
ှုတ် ပွေကာ သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။
ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊ ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောြေ
ကာင့် သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။ စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ြ
ကပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း မှ
န်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။
အို ကာလာမနွယ်ဖွား အမျိုးသားတို့။
အချို့သောအကြောင်းတရားသည် အကုသိုလ်ဖြစ်သည်၊ မမှန်ကန်၊ မကောင်းကျိုးကို ဖြစ်စေ
သည်ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။ ထိုအကြောင်းတရားများကို စွန့်ပယ်
ကြကုန်လော့။
အချို့အကြောင်းတရားများမှာမူ ကုသိုလ်ဖြစ်သည်၊ မှန်ကန်သည်၊ ကောင်းကျိုးကို ဖြစ်စေသ
ည်ဟု အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။ ထိုအကြောင်းတရားများကို နှစ်သက်စွာလ
က်ခံ၍ လိုက်နာ ကျင့်ကြံကြပေတော့။
မှတ်ချက်၊ ဒို့ဘာသာဆိုတဲ့ခေါင်းစဉ် ဒီမှာ ရေးဘူးတယ်၊
စာအုပ်လည်း ထုတ်ဝေဘူးတယ်၊
စာအုပ်က ကုန်နေပြီ၊
စာအုပ်ကို ပြန်ထုတ်ဝေဘို့ ပြန်ဖတ်ဖြစ်တော့ တည်းဖြတ်ပြုပြင်စရာတွေ
မြောက်များစွာ တွေ့ရတယ်။
အခု တည်းဖြတ်ပြုပြင်ပြီး ဒီမှာ ပြန်တင်ပေးမှာဖြစ်ပါတယ်၊
စာအုပ်ထုတ်ဝေမှာ ဖြစ်ပါတယ်၊
သည်းခံဖတ်ရှုပေဦးတော့။ ။

No comments:

Post a Comment