Sunday, November 23, 2014

ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်သော မိုးနံပင်

ကျန်းမာရေးသတင်းများ
ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်သော မိုးနံပင်
--------------------------------------------------------------------
ယခုပုံတွင် မြင်ရသော အပင်ကို မိုးနဲကြီးပင် (အညာဒေသအခေါ် မိုးနံပင်၊ မွန်းနံပင်) ဟု
ခေါ်ပါသည်။ ၄င်းအပင်သည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။
အရွက်၏ အရင်းပိုင်းတွင် ဆူးတစ်ချောင်းထွက်နေပါသည်။ ၄င်းအပင်မှာလည်း အဖိုပင်
အမပင်ဟူ၍ ၂ မျိုးရှိ၏။ ဆူးပါလျှင် အဖိုပင်ဖြစ်၍ ဆူးမပါလျှင် အမပင်ဖြစ်ပါသည်။
မြန်မာပြည်တွင် အထက်အညာဒေသတို့မှာ များစွာပေါက်ရောက်လေ့ရှိပြီး ပုဂံမြို့ဟောင်း
ဓမ္မံရံစေတီကြီး၏ အရှေ့ဖက် မြေနီလမ်းမဘေးတို့တွင်လည်း မြင်တွေ့နိုင်ကြပါသည်။
ဆေးကို အသုံးပြုနည်း
အရွက်ကို ခူးယူ၍ အစိမ်းအတိုင်း ရေနွေးဆူဆူပွတ်ပွတ်ထဲ ၅ မိနစ်ခန့်ထည့်ပြုတ်၍ သော
က်သုံးပေးပါက အသည်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ အပူအကြိတ်မြစ်ပွါးနာနှင့် ခန္ဓာကိုယ်
ပေါ်တွင်ပေါက်သော အနာမျိုးမျိုးတို့ကို သက်သာ ပျောက်ကင်းစေပါသည်။
၎င်းဆေးနည်းကို သမားတော်ဦးနေ၀င်း(ညောင်ဦးသား )မှ မျှဝေပေးသော နန်းတွင်းဆေး
တစ်လက်ဖြစ်ပါသည်။
လူတိုင်း အနာရောဂါကင်းဝေး၍ သက်တမ်းစေ့အောင် နေနိုင်သောသူများ ဖြစ်နိုင်ကြပါစေ

ဆေးနည်းကို မိမိတို့၏ မိတ်ဆွေများကိုလည်း မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကာား ။ ။ ကိုမျိုးမြင့်ဦး(မတဆ)
------------
ဆေးအတွက် ထပ်မံဖြည့်စွပ်ချက်။ ။
(၁) တိုင်းရင်းဆေးဆရာတစ်ဦး၏ မှတ်ချက်အရ ၄င်းအရွက်ကို ဆန်ဆေးရည်ဖြင့် စိမ်၍ေ
သာက်ရပါသည်။ ဆန်ဆေးရည်သည် အဆိပ်အတောက်များကို ပြေစေနိုင်သည်ဟု ပြောထ
ားပါသည်။
(၂) လေရောဂါအမျိုးမျိုးအတွက် အသုံးပြုမည်ဆိုပါလျှင် မွန်းနံပင်၏ အမြစ်ကို ထန်းလျက်နှ
င့် စိမ်ထား၍ ၃ ရက်ခန့် နေလှန်းထားကာ ၄င်းဆေးမြစ်ကို ပြုတ်၍ သောက်ပေးပါက လေ
ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ (မြန်မာ့ရိုးရာဆေးကျမ်း)
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/
231741783686751

No comments:

Post a Comment