Wednesday, November 26, 2014

အလွန်အဖိုးတန်သော မြန်မာ့ဆေးမြီးတိုနည်းများ

အလွန်အဖိုးတန်သော မြန်မာ့ဆေးမြီးတိုနည်းများ
--------------------------------------------------------
(၁) အပူလောင်လျှင်
ရေနွေးပူ၊ မီးပူ၊ ဆီပူများလောင်လျှင် ကြက်ဥတစ်လုံးကို ဖောက်၍ ကြက်ဥအကာဖြင့် အပူေ
လာင်သည့်ဒဏ်ရာပေါ်ကို သုတ်လိမ်းပေးပါက ချက်ချင်းသက်သာစေပြီး အမာရွတ်၊ ဒဏ်ရ
ာ၊ အရေကြည်ဖုများ လုံးဝမပေါ်ပဲ ပျောက်ကင်းစေပါသည်။
(၂) ကြွက်နို့ပေါက်လျှင်
ချင်းတက်ကို ထိပ်မှ ဓါးဖြင့် လှီးဖြတ်၍ ၄င်းဖြတ်ထားသောနေရာမှာ ထုံးဖြူ သုတ်လိမ်း၍ြ
ကွက်နို့ပေါ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ချင်းနှင့်ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့အြ
မှစ်ပြတ်အောင် တိုက်စားသွားပါလိမ့်မည်။
(၃) ကိုက်ခဲညောင်းညာနေလျှင်
မိဿလင်နှင့်ချင်း(ဂျင်း)တို့ကို ဆတူရောကြိတ်၍ (ညက်နေအောင် ထောင်း၍) မီးတောက်အရ
က်ခေါ် အရက်ဦးရည်နှင့် ပုလင်းတစ်လုံးထဲတွင် ထည့်၍ အဖုံးကို သေချာလုံအောင်ပိတ်၍
စိမ်ထားပါ။ ၃ ပတ်ခန့် စိမ်ထားပြီးလျှင် စတင်၍ လိမ်းနိုင်ပါပြီ။ လနှင့်ချီ၍ စိမ်ထားကာ ကို
က်ခဲညောင်းညာသည့်နေရာတို့တွင် အနည်းငယ် ပွတ်လိမ်း၍ နှိပ်နယ်ပေးပါက အညောင်း
အညာ သက်သာပျောက်ကင်းစေပါသည်။
(၄) ဆီးအောင့်၊ ဆီးနာဖြစ်လျှင်
ဇာတိပ္ဖိုလ်သီးကို ၅ ပုံ ၁ ပုံခန့် သွေး၍ ကြံရည်တစ်ခွက်ထဲ ထည့်မွှေ၍ သောက်လျှင် ဆီးေ
အာင့်၊ ဆီးနာရောဂါများ ချက်ချင်း သက်သာပျောက်ကင်းစေပါသည်။
(၅) ချောင်းဆိုး၊ တီဘီရောဂါဖြစ်လျှင်
မိုးတွင်းအခါတွင် အလေ့ကျပေါက်သည့် အပွင့်ဝါ၍ အသီးမှာ လေးညှင်းနှင့်တူသော တော
လေးညှင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူ၍ ရေစင်အောင် ဆေးကြောကာ ရေ ၃ ခွက် ၁ ခ
ွက်တင်အောင် ကျို၍ တစ်နေ့ကို မနက်၊ ည တစ်ခွက်စီ သောက်ပါ။ ၃ ရက်ခန့် သောက်ပါ
က ချောင်းဆိုး ပျောက်ပါသည်။ တီဘီရောဂါဆိုလျှင် ၄င်းဆေးရည်ကို ရေရှည်စွဲသောက်ပါ
က ရောဂါပျောက်ကင်းစေနိုင်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးကျမ်းများ
ကျန်းမာရေးသတင်းများ

No comments:

Post a Comment