Sunday, November 9, 2014

တစ်ကိုယ်လုံး ဖေါယောင်။အသည်းရောင်ရောဂါ ပျောက်ကင်း ချမ်းသာစေတဲ့နည်း

Thu Aung > မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ
တစ်ကိုယ်လုံး ဖေါယောင်။အသည်းရောင်ရောဂါ ပျောက်ကင်း ချမ်းသာစေတဲ့ ၊ငွေကုန်ကြေ
းကျ သက်သာတဲ့ ၊အင်မတန်လွယ်ကူတဲ့ ဆေးမြီးတိုကလေးတစ်ခုကို လွန်ခဲ့တဲ့ ၃ ရက်လော
က်ကface bookမှာ ကျွန်တော် တင်ခဲ့ပါတယ်။ကျွန်တော့်ဆီကို နေရာပေါင်းစုံက မရှင်း
လင်းတာလေးတွေကို မေးခဲ့ကြပါတယ်။ အချို့က အပင်ရဲ့ ပုံသဏ္ဍန်ကိုမေးကြပါတယ်။တ
တ်နိုင်သလောက် viber နဲ့ ဆူးပဒေါင်းပင်ရဲ့ ပုံတွေကို ပြန်တင်ပေးဖြစ်ပါတယ်။ သူတို့ကို
မေးတော့ အင်တာနက်မှာ အကြောင်းအရာပဲတွေ့တယ် အပင်ရဲ့ ပုံကိုမတွေ့ဖူးလို့ ဆိုပါတ
ယ်တစ်ချို့ကလည်း ဆေးနဲ့ပတ်သက်လို့ အသေးစိတ် သိချင်ပါတယ်လို့ပြောလာတဲ့အတွက်
ထပ်မံဖြည့်စွက်ပြီး အသေးစိတ် ပြန်လည်တင်ပြခြင်းပါ။ ကျွန်တော်က သုတေသီလည်း မ
ဟုတ်သလို ဆေးဆရာလည်း မဟုတ်ပါ။အမှန်တစ်ကယ် သက်သာ ပျောက်ကင်း ချမ်းသာရ
လို့ မေတ္တာ စေတနာနဲ့ တင်ပေးခဲ့တာပါ။
ကျွန်တော် ဝေဒနာစဖြစ်တာက စပ့ါမယ်။လွန်ခဲ့ နှစ်အနည်းငယ်က အရက်ကို နေ့မလင်း
ညမလင်း တစ်နှစ်လောက် သောက်တော့ ရောဂါရပါတော့တယ်။တကိုယ်လုံးဖေါယောင်ပြီး
ခြေလှမ်း ၁၀ လှမ်းလောက်လှမ်းပြီးရင်အရမ်းမောပြီး ထိုင်နားနေရပါတယ်။ဖေါယောင်နေ
တဲ့ အသားကို လက်ညှိုးနဲ့ ၂ မိနစ်လောက်ဖိထားပြီး လွှတ်လိုက်ရင် ဖိထားတဲ့ နေရာက နာ
ရီဝက်လောက်အထိ ပြန်မပြည့်ပါဘူး။ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ နားလည်လိုက်ပါပြ
ီ။ ကုစရာကလည်း နတ္ထိ။တိုတိုပဲပြောပါရစေ။ တောမှာရှိတဲ့ အဖေ အမေ တိုဆီပြန်သေမယ်
ဆိုပြီး ၃မိုင်လောက်ခရီးကို ၆ နာရီလောက်လျှောက်ခဲ့ရတာပါ။ အဖေအမေတိုဆီရောက်ေ
တာ့ ကြားဖူးနားဝ ဆေးမြီးတိုတွေနဲ့ ကုသပေမဲ့လို့ အခြေအနေက ထူးမခြားနားပါပဲ။ကျွ
န်နော်ကတော့ စိတ်ကိုလျှော့လိုက်ပါပြီ။ ဒီလိုနဲ့ နောက် ၃ ရက်လောက် အကြာမှာ အဖေ
တိုရဲ့ မိတ်ဆွေတစ်ယောက် ရောက်လာပြီး သူပေးတဲ့(ကျွန်တော် တင်ထားတဲ့ ဆူးပဒေါင်း
ပင် )ဆေးမြီးတိုနဲ့ အသက်ချမ်းသာရာ ရခဲ့ခြင်းပါ ။အခုတော့ ကျွန်တော့်ရဲ့ အသက်သခင်ေ
ကျးဇူးရှင် မရှိရှာတော့ပါဘူး။(.
( ဆေးစပြီး စီရင်ပုံကလေး စ လိုက်ကြရအောင် နော် )ရှေးဦးစွာ ဆူးပဒေါင်းပင်ကို(နေရာ
ဒေသလိုင်၍ အခေါ်အဝေါ် ကွဲပြားနိုင်ပသည်။) အမြစ်မှရွှံ့များစင်ကြယ်စေရန် ရေစိမ်ပြီး
အမြစ်များကိုဆေြးေ၍ ပဉ္စငါးပါး လက်လေးသစ်လောက်စီ ဓါးဖြင့် ပိုငးကာ သန့်ပြန့်သော
အိုးဖြင့် ၃ခွက် ၁ ခွက်တင်ကြိုပါ။ပိုင်းပြီသား ဆူးပဒေါင်းပသ်များကို အတိုင်းအဆမရှိ ထည့်
နိုင်ပါသည်။
ဆေးကြိုပြီးသောအခါ အနက်ရောင်အရည်များထွက်လာပါလိမ့်မည်။ထိုဆေးရည်များကို ပိ
တ်ပါးဖြင့် စစ်၍ ဒိုပါလာသကြား( ဘယဆေးဆိုင်များတွင် ဝယ်၍ရပါသည်။) ကို အနည်းင
ယ် အမှုံ့ကြိတ်ထည်ပြီး ဇွန်ဖြင်မွှေကာ အအေးခံ၍ မတ်ခွက်အသေးးဖြင့် စသောက်ပါ။ေ
သာက်ပြီး မိနစ်အနည်းငယ်အတွင်း ဆီးကြောတင်းလာပါလိမ့်မည်။ ဆီးသွားပြီး နောက်တ
စ်ခွက်ထပ်သောက်ပါ။ အဲဒီလို ဆက်သောက်သွားပါ ။၂ ရက် ၃ ရက်အတွင်း သိသာစွာ သ
က်သာပျောက်က်ကင်းပါလိမ့်မည့်။အစားရှောင်စရာ မလိုပါ။ဆေးသောက်နေစဉ်အတွင်း
အနည်းငယ် လျှော့စားပါ။ ဟောဒီပို့စ်ကို စေတနာဖြင့် ရှယ်ကြသော မိတ်ဆွေများ ပြန်လ
ည်တင်ပြသောအခါ ဆူးပဒေါင်းပင်ရဲ့ ပုံကလေးတွေပါ အပြည့်အစုံတင်ပြကြပါရန် မေတ္တာ
ရပ်ခံအပ်ပါသည်။
အားလုံးသော မိတ်ဆွေများ ရောဂါသက်သာပျောက်ကင်းပြီဆိုလျှင် ဝမ်းသာပါတယ်ခင်ဗျာ။
နှစ်လုံးစိတ်ဝမ်း အေးချမ်းနုင်ကြပါစေ ။

1 comment:

  1. ကျေးဇူးအထူးပါအကို။ကျနော့်အမေက အသည်းရောင်ရောဂါ ခံစားနေရပြီး ဝမ်းဗိုက်ဖောရောင်ဝေဒနာခံစားနေရတာဖြစ်ပါတယ်အကို အကို့ဆေးနည်းဖြင့် ပျောက်ကင်းနိုင်ပါ့မလားသိချင်လို့ပါအကို။ကျေးဇူးပြု၍ ကျနော့် mailဆီသို့ဖြေကြားပေးပါလားအကို။
    ကျေးဇူးအထူးတင်လျက်


    လေးစားလျက်

    ReplyDelete