Saturday, November 15, 2014

NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး ဟောပြောချက်များ”

NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး ဟောပြောချက်များ”================================================23.10.2014 ချောင်းဦးမြို့နယ်၊ အနိမ့်ရွာမှာ ဟောပြောခဲ့တာပါ။ချောင်းဦး NLD ကိုမျိုးဝင်းက တာဝန်ခံကျင်းပပြီး၊ ပွဲအမည်ကတော့ ဆရာတော်ဦးဝိစာရနေ့ ဖြစ်ပါတယ်။ဆရာတော်ဦးဝိစာရနေ့မှာ သံဃာ ၅ သိန်းကျော်ကို စော်ကားတဲ့ ဘုန်းကြီးမကောင်းကြောင်းတွေပဲ ဟောပြောခဲ့ တာပါ။ကိုမျိုးဝင်းနှင့် ဆရာထင်လင်းဦးတို့နှင့် ပတ်သက်ပြီး NLD(ဗဟို)က တစ်စုံတစ်ရာ အရေးယူမှု မပြုဘဲ ထားရင်တော့ သံဃာတော်များ၏ ငြိုငြင်မှုကို ခံယူသွားရပါလိမ့်မယ်။ သံဃာဆိုတာ မဲပေးခွင့်ရှိတာမှ မဟုတ်တာပဲ။ ဂရုစိုက်စရာမလိုပါဘူး ဆိုရင်တော့ ဒီမိုကရေစီ သဘောထားလို့ပဲ သတ်မှတ်ရပါမယ်။ဝီရသူ(မစိုးရိမ်)14.11.2014AM 9:45==========================================================ပြောတာက တရားဓမ္မ လုပ်တာက မဟားတရား၊ ပြီးရင် ကိုယ်က ဝတ်ထားတဲ့ ဝတ်စုံနဲ့ လူတွေကို လှိမ့်ပိန့် ဟိန်းဟောက်ပြီးတော့ မတော်မတရား ပြောချင်တဲ့သူမျိုးတွေကို ကျွန်တော် အလွန်ရွံတယ်၊ ကျွန်တော် အလွန်မုန်းတယ်၊ ယခု မြတ်စွာဘုရားရဲ့တပည့်သား သံဃာတော်ပါဆိုသူတွေက အဲဒီ မြတ်စွာဘုရားရဲ့သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာ အမှန်၊ ငါပြောတဲ့အတိုင်း လိုက်လုပ်လို့ ပြောနေတာ မှန်သလား? မှန်သလား?ကျွန်တော် အဲ့တာကို သိစေချင်တာ၊ ဒီနေ့ အဲဒါကို ကျွန်တော် မပြောဘူးလို့ နေတာ ဒါပေမဲ့ ကျွန်တော်ကို မပြောပါနဲ့လို့ လာပြောတော့ အဲဒီစကားပြောတာ ဒါပဲ၊ ရှင်းရှင်းလေးပဲ။ ကျွန်တော်ဘာသာ ကျွန်တော် အဲဒီစကား မပြောဘူး ဒါပေမဲ့ ကျွန်တော်ကို ဆရာ အဲဒီစကားမပြောပါနဲ့လို့ပြောရင် ဒီမိုကရေစီဗျ ကျုပ်ပြောချင် ပြောမယ်။ ကျွန်တော်ပါးစပ်က ခင်ဗျားဆီက လပေးနဲ့ ငှားထားတာ မဟုတ်ဘူး ရှင်းလား? ကျွန်တော်ပါးစပ်ကျွန်တော်ပိုင်တယ်။သေချာတာက မြတ်စွာဘုရား ဗမာလူမျိုး မဟုတ်ဘူး၊ ရှမ်းလူမျိုးရောဟုတ်လား? မဟုတ်ဘူး၊ ကချင်လား? မဟုတ်ဘူး၊ကရင်လူမျိုးလား?မဟုတ်ဘူး၊ ရခိုင်လူမျိုးလား? မဟုတ်ဘူး၊ မြတ်စွာဘုရား ချင်းလူမျိုးရောဟုတ်လား? မဟုတ်ဘူး၊ သေချာတာက မြတ်စွာဘုရားသည်ကျွန်တော်တို့ နိုင်ငံထဲက တိုင်းရင်းသား ဟုတ်လို့လား? မဟုတ်ဘူးနော်၊ မဟုတ်ဘူး၊ အကိုတို့ အမတို့ အဲဒါသိရဲ့လား? မြတ်စွာဘုရားက မြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ဘူးနော် ဟုတ်လို့လား? ကောင်းပြီကျွန်တော်တို့ ဒီနေ့ကစပြီး မကိုးကွယ်ကြနဲ့၊မကိုးကွယ်ကြနဲ့။ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရားကိုမကိုးကွယ်ကြနဲ့။ကျုပ်တို့ အမျိုးမဟုတ်ဘူး။ကန်တော့ပါရဲ့။ ကျွန်တော်ပြောတာရှင်းလား? ရှင်းမယ်ထင်ပါတယ်၊ မြတ်စွာဘုရား ရခိုင်မဟုတ်ဘူးလေ။ မြတ်စွာဘုရား ရှမ်းမဟုတ်ဘူး၊ မြတ်စွာဘုရား မြန်မာ အမျိုးသားမဟုတ်ဘူး၊ ကချင်လူမျိုးမဟုတ်ဘူး အကိုတို့ အမတို့ ဘာလို့ ကိုးကွယ်လဲ? ဘာလို့ရှိခိုးလဲ? ကိုယ်တောင်မှ ဒီမြတ်စွာဘုရားကနှာခေါင်းချွန်သလား? မျက်လုံးပြူးသလား? မျက်ခုံးမွှေးကောင်းလား? မသိဘဲနဲ့ ကျွန်တော်တို့ ဘာဖြစ်လို့ ဦးချကန်တော့နေတာလဲ?သူပြောခဲ့တဲ့ သူဟောကြားဆုံးမခဲ့တဲ့ တရားတွေကြောင့် မဟုတ်လား? ကောင်းပြီ၊ ကြိုက်တယ် အဲဒီတရားထဲမှာ ဟိုလူမျိုးကိုသတ် မုတ်ဆိတ်မွှေးနဲ့မို့လို့၊ ဒီလူမျိုးကိုပေါင်း မျက်စိမှေးမှေး အသားဖြူဖြူနဲ့လူမို့လို့ ပါသလား? ပါသလား?ကျွန်တော် ဒီည မပြောဘူးလို့နေတာ ကျွန်တော်ကို မပြောပါနဲ့လို့ လာပြောလို့ အဲဒါပြောတာ ဒီထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးပါမှာပါ ဟုတ်လား? အားလုံးထဲမှ အားလုံးထဲမှ အားလုံးထဲမှာ 99.9% ဗုဒ္ဓဘာသာ ဝင်တွေပါမှာပါ။ အကိုတို့ အမတို့ကို ကျွန်တော်မေးမယ်။ အကိုတို့ အမတို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာစစ်စစ်လို့ ခံယူလား? ကောင်းပြီ ကျွန်တော် မေးခွန်းမေးမယ် ၈၈ အရေးအခင်းမှာ ဒီမိုကရေစီ ရရှိရေးဒို့အရေး ဒို့အရေး မအော်ခဲ့ဘူးလား?တခွန်းလောက်မေးချင်တယ် ဒီမိုကရေစီရရှိရေး မြအေးမပါရ၊ ကိုနီမပါရလို့ အော်လား? မြအေးက လူမဟုတ်ဘူးလား? ကိုနီရော လူပဲလား?ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ လို့ ခင်ဗျား မေတ္တာပို့လျက်သားနဲ့ ဘာကိစ္စဖြစ်လို့ မြအေးနဲ့ ကိုနီကို မုန်းရတာတုံး၊ ငြိမ်သွားသလား? ဇဝေဇဝါဖြစ်သွားသလား? ဟုတ်ပါတယ် ဆိုလို့ရှိရင် ခင်ဗျား သေသေချာချာ လေ့လာ၊ ဒါပေမဲ့ ဘယ်သူ့ကိုတော့ မေတ္တာမထားနိုင်ဘူးဆိုရင် ဃင်ဗျား ဗုဒ္ဓဘာသာ အရေခြုံ အရောင်ဆောင် ကလိမ် ဒါပဲ။အရှင်သည် မင်းသမီးတို့နှင့် သင့်တော်တဲ့ကြင်ယာတော် ရှာလို့ မရပါက အဲဒီတော့ အမကြီးကို အမိအရာထားပြီး ကျန်တဲ့ မောင်နှမ ၁၀ ယောက် အစုံ အစုံ ကြင်ဖော်ပြုကြပါအကိုတို့ အမတို့ မရှက်တန်း ပြောရရင် မောင်နှမခြင်း ယူကြပါ ဗဟုသုတလေးပေးတာပါ။ အဲ့တော့မှ အမအကြီးဆုံးကို အမိအရာထားပြီး အကိုအကြီးဆုံးက အမအကြီးဆုံးကိုယူ၊ အကိုလတ်က အမလတ်ကိုယူ၊ အကိုအငယ်ဆုံးလေးက အမအငယ်ဆုံးလေးကိုယူ ဆိုပြီး ယူခဲ့ကြတာ၊ ကပိလဝတ်အကြောင်းပြောနေတာနော်၊ ကကျသာကီဝင် အကြောင်းပြောနေတာနော်၊ အဲဒီသတင်းကို ကြားလဲကြားရော ဥက္ကမင်းကြီးက အသက်ထွက်တော့မယ်သားမီးတွေ ဒီလို ဒုက္ခဆင်းဆင်းရဲရဲနဲ့ တိုင်းပြည်က နှင်ထုတ်လိုက်ရတာ စိတ်ဆင်းရဲပြီးတော့ ပတ်လက်လံပြီး တော့ နေတဲ့အချိန် အဲဒီသတင်းလဲကြားရော ဘောကုမာ သကျံ ဇီဝ ငါးရဲ့သားသမီးတွေဟာ အမျိုးနွယ်ကို စောင့်ရှောက်နိုင်ပါရဲ့ ပေတကား။ အမျိုးအနွယ်ကို စောင့်ရှောက်တယ်ဆိုတာ ကိုယ့်အမျိုးထက်နိမ့်တဲ့သူကို မယူဘူး၊ ကိုယ့်ထက်ယုတ်တဲ့သူကို မယူဘူး၊ ကိုယ့်အမျိုးချင်းချင်းပြန်ယူတယ် မောင်နှမချင်းပြန်ယူတယ် မောင်နှမချင်းပြန်ယူတယ် မောင်နှမချင်းပြန်ယူတယ် အဲဒါကို သကျလို့ ခေါ်တာ၊ အဲ့တော့ ခင်ဗျားတို့ ကျွန်တော်တို့လေစာအုပ်တွေ ဖတ်မယ်ထင်တယ် သာကီသွေးဖတ်မိလား ဖတ်ဘူးကြလား မှတ်ထား ဒီဘက်ကိုရောက်လားမသိဘူး ဘာသာရေးအရောင်ဆောင်ထားတဲ့ စာအုပ်လေးတွေရှိသေးတယ်။အဲဒါတွေ ပါလာလို့ ငါတို့က ဒို့ဗမာ သာကီမျိုးပါလို့ပြောတိုင်းမှာ မှတ်ထားပါ အကိုက နှမကို မိန်းမလုပ်တာအကိုက နှမကို ယူတဲ့အမျိုးကို သာကီမျိုးလို့ခေါ်တယ် သာကီမျိုးလို့ခေါ်တယ် လူတောထဲ ထုပ်မပြောသင့်တဲ့ ကိစ္စကြီးဗျာ အတိတ်ကာလမှာ ညီအကို မောင်နှမချင်း မျိုးရိုးစောင့်ရှောက်ဖို့ လုပ်ခဲ့တာ ဒီလိုခေတ်ကြီးမှာ ဒီလို ပြောစရာလား ညီတို့ နှမတို့ နင်တို့ ငါ့ညီတွေ နှမကို ယူကြမှာလားဟေ့ ယူမှာလား? မယူပါဘူးဗျို့။ အဲဒီလိုဆို မင်းသာကီမျိုးလို့ မပြောနဲ့ကွာ နှမလေးတွေ အကို ကို ယူမှာလားဟေ့ မယူရင် သာကီမျိုးလို့ မအော်နဲ့ကွာ၊ ကိုယ်ပြောတဲ့စကား ကိုယ်နားလည်မှ ကောင်းတာကွ သိလား? အဲဒါဘာမှ မသိဘဲနဲ့ ဒီလိုကြီး ဝတ်လာတဲ့ လူကြီးက ဒို့ကသာကီမျိုးကွ အော်တော့ “မင်းနဲ့ငါ ဆံပင်ရှိတာနဲ့ မရှိတာနဲ့ပဲ ကွာတယ်ကွ ဟကောင်ရ”လို့ ပြောချင်တာ သိလား? မှားမှာစိုးလို့ပြောတာ သိလား? ကျုပ်တို့တတွေ အကုန်လုံး ကတုံးကြီးတွေတုံးပြီးတော့ သင်္ကန်းပတ်လာရင် ဖင်ကုံးဦးချတာပဲဆဒ္ဒန်ဆင်မင်းကိုဘယ်သူသတ်လဲ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကြီးကို ဘယ်သူသတ်လဲ သောနုတ္တရမုဆိုးကြီးမဟုတ်လား?အဲဒီသောနုတ္တရမုဆိုးကြီး ဆဒ္ဒန်ဆင်မင်းကိုအောက်ကနေ မျှားနဲ့ပစ်တော့ဆဒ္ဒန်ဆင်မင်းကြီးက သိတယ် ဒီမျှားက အထက်က မလာဘူးတဲ့ အောက်ကလာတာ အဲ့တော့ ဦးပုည စာထဲကအတိုင်းပြောရင် ဘူမိမြေယက် ခွာတော်နဲ့ယှက်လိုက်တာတဲ့ ခွာတော်နဲ့ယှက်လိုက်တာဆိုတာ ဖနောင့်နဲ့ ပေါက်လိုက်တာပေါ့။ အောက်က မုဆိုး ဘွားကနဲပေါ်လာတယ်သောနုတ္တရမုဆိုးပေါ်လာပြီ အဲဒီတော့မှ ဒီမုဆိုးကို သတ်မယ်ဆိုပြီးတော့ နှာမောင်းနဲ့ပတ်ပြီး ဆွဲထုတ်လိုက်တဲ့အချိန်မှာ သေချင်းဆိုးတော့မယ်ဆိုတာ သောနုတ္တရ မသိဘူးလား? သိတယ် အဲ့တော့ဘာလုပ်လဲဘာလုပ်တုန်းဟေ့ ကိုယ်ပေါ်က သင်္ကန်းလေးကို ဖြတ်ကနဲချွတ်ပြီးတော့ ခေါက်ပြီး ဘယ်ပေါ်တင်ပေးလိုက်တုန်း နှာမောင်းပေါ်တင်ပေးလိုက်တယ် သောနုတ္တရမုဆိုးလည်း သင်္ကန်းပတ်ခဲ့တာပဲကွ မင်းတို့ နားလည်လား? အဲဒါသိစေချင်တာ…အဲဒါသိစေချင်တာ။တို့ဗုဒ္ဓဘာသာကိုအဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်၊ အဲဒါသိစေချင်တာ အဲဒါသိစေချင်တာ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်။ညနေကကြားရတယ် ဗုဒ္ဓဘာသာ သူတော်စင်တွေ သွေးအေးလို့ မနေသင့်ပြီ ဟဘာလုပ်တာတုန်း အဲဒါက ဘာတုန်း အဲဒါ ရန်တိုက်ပေးတာ နားမလည်ပဲနဲ့၊ ဗုဒ္ဓဘာသာရှင်လူများ သွေးအေးလို့မနေသင့်ပြီ သွေးအေးသေလိုက်ပေါ့ကွာ မင်းကလဲဘာလျှောက်ပြောနေ

No comments:

Post a Comment