Tuesday, November 18, 2014

မိုးညှင်း ဆရာတော်ဘုရားကြီး၏

မန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ
မိုးညှင်း ဆရာတော်ဘုရားကြီး၏
******************************
မန္တလေး ကျောက်ဆည်လမ်းတွင် မြစ်ငယ်အနီး၌ ရွာကလေးတစ်ရွာရှိလေသည်။ ထိုရွာက
လေး၏ အမည်ကား အအဲ့ဗျမက္ခရာရွာ ဟူသောအမည်ဖြစ်ပါသည်။ ထိုရြာကေလး၏ အေ
ရှ့ဘက်တွင် ဒုဋ္ဌာဝတီဟူသောမြစ်ရှိသည်။ အနောက်လက်တွင်ကား ရွှေစည်းခုံဟူသော
ဘုရားကြီးရှိသည်။ ထိုအနီးတွင် ထူထပ်သောချုံတောများရှိလေသည်။ ထိုချုံတောများအလ
ယ်တွင် လေးတိုင်စင်တောရကျောင်းကလေး တစ်ကျောင်းရှိလေသည်။
ထိုကျောင်းကလေးတွင် တောရကိုယ်တော်တစ်ပါးရှိ၏။ သပိတ်တစ်လုံးရှိ၏။ သင်္ကန်းသုံးထ
ည်ရှိ၏။ စာအုပ်သုံးအုပ်ရှိ၏။ ထိုစာအုပ်များမှာ တစ်အုပ်က ဝိသုဒ္ဓီမဂ်, နောက်တစ်အုပ်က
ဥပရိ ပဏ္ဏာသ အဋ္ဌကထာ, နောက်တစ်အုပ်က သုတ္တန်နိပါတ် အဋ္ဌကထာ။
ထိုနေရာတွင် ဘုရားဝတ်ပြုသံ နေ့စဉ်ကြားရမည်။ အမျှဝေသံနေ့စဉ်ကြားရမည်။ မဟာသမ
ယသုတ်, ရာဟု လောဝါဒသုတ်။ သမစိတ္တသုတ်တို့ ရွတ်သံဖတ်သံ, တရားဟောသံတို့ နေ့စ
ဉ်ကြားရမည်။
မေတ္တာကမ္မဋ္ဌာန်းပွားများပြီးသောအခါ ထိုကိုယ်တော်သည် ညနေစောင်းအချိန်လောက်တွ
င် ကျောင်းမှထွက်လာပြီးလျှင် ရွှေစည်းခုံစေတီပျက်ကြီးဆီသို့သွား၍ ဝတ်ပြုသည်ကိုတွေ့ရေ
ပလိမ့်မည်။ ထိုအခါ ကျေးငှက်တိရစ္ဆာန်များသည် ထိုကိုယ်တော်ကို ဝိုင်းရံနေကြောင်း မျက်
ဝါးထင်ထင် တွေ့မြင်ရပေလိမ့်မည်။ ဝတ်ပြုပြီးသောအခါ ထိုကိုယ်တော်က ငှက်ကလေးေ
တွကို လက်နှင့်ညင်သာစွာကိုင်ကာ အောက်ပါအတိုင်းပြောလိုက်လေသည်။
"ကဲ - ငါ့ဆွေတော်မျိုးတော်တို့ ချမ်းသာစွာ ပြန်ကြပေတော့" ထိုအခါ လူစကားနားလည်သ
ကဲ့သို့ ငှက်ကလေးများသည် တကယ်ပင် တိတိကျကျ လိုက်နာကာ ပျံသန်းထွက်ခွာသွားကြ
လေတော့သည်။ ထိုကိုယ်ကလေးကား တခြားမဟုတ်။ မိုးညှင်းတောရ ကိုယ်တော်လေး ဦး
သုမနပင် ဖြစ်တော့သည်။
မုံရွာမှ ၆ မိုင်အကွာလောက်တွင် မြွေဆိုးထူထပ်လှသော ကျောင်းဟောင်းကြီးတစ်ခုသည်
အောင်သာရွာနှင့် မြေနဲရွာအကြားတွင် တည်ရှိလေသည်။ လယ်တီဆရာတော်ကြီးက ပို
့လိုက်သဖြင့် ထိုဦးသုမနသည် ထိုနေရာသို့ရောက်လာလေသည်။ (ထိုနေရာသည် မိုးညှင်းေ
တာရဟု နောင်သောအခါ ဟိုးဟိုးကျော်လာမည်နေရာ ဖြစ်လေသည်။ ထိုနေရာတွင် တစ်ပ
ါးတည်းနေရသည်။ လွင်တီခေါင်၌ အမိုးအကာမရှိနေရသည်။ နေ့ရောညပါ အိပ်စက်ခြင်းမ
ပြု။ ကျောခင်း၍ပင်ကိုယ်မဆန့် ။ စကားမပြောရ အဓိဋ္ဌာန်(၇)ရက်စီ လီ၍ လီ၍ ဓိဋ္ဌာန်၏။
၁၀ နှစ်တိတိ စိဋ္ဌာန်၏။
တစ်နေ့သောအခါ ရွာထဲတွင် ဆွမ်းခံကြွတော်မူရာ နွားသိုးရိုင်းတစ်ကောင်သည် ရှေ့တ
ည့်တည့်မှ ရင်ဆိုင်ပြေးလာသောကြောင့ လူအများမှာ ထိတ်လန့်လျက် "မိုးညှင်းကိုယ်တော်
လေး . . .နွား. . . နွားတိုက်ပါလိမ့်မယ်, ဖယ်ပေးတော်မူပါဘုရား'ဟု ဝိုင်း၍အော်ကြလေ
သည်။ ထိုအခါ ကိုယ်တော်လေးက "ဒီဝတ်ကို အပျက်ခံပြီး ထွက်ပြေးလျှင် သေတာနဲ့အတူ
တူပဲ"ဟု ဆုံးဖြတ်ကာ ဆက်လက်၍ ကြွမြဲကြွသွားလေသည်။
နွားရိုင်းကြီးသည် ရှေ့တည့်တည့်သို့ရောက်သောအခါမှာ တစ်ယောက်ယောက်က ဆီး၍ ရို
က်လိုက်ဘိသကဲ့သို့ ချာခနဲလှည့်ကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့လေသည်။
တစ်နေ့သောအခါ ဆွမ်းခံကြွလာပြန်ရာ မြွေဆိုးတစ်ကောင်သည် ခေါင်းထောင်လျက် စေ
ာင့်နေသည်။ လူအများက မောင်းနှင်သော်လည်းမရသဖြင့် "ရှေ့မှာ မြွေဆိုးကြီးပါဘုရား,
နောက်ဆုတ်တော်မူပါ"ဟု လျှောက်ထားသော်လည်းမရ။ ကိုယ်တော်က ရှေ့သို့တိုး၏။ ရှေ့
တည့်တည့် တစ်တောင်နှစ်တောင်လောက်အကွာတွင် မြွေကပင်လမ်းရှောင်ပေရပြန်လေ
သည်။
တစ်နေ့သောအခါ ထိုထက်ဆိုးသော ကိစ္စတစ်ရပ် ဖြစ်ရပြန်လေသည်။ ကိုယ်တော်သည် ဘု
ရားငုတ်တိုများတွင် သန့်ရှင်းရေးလုပ်ပြီးသောအခါ ဝတ်ပြုနေလေသည်။ ဆောင့်ကြောင့်ထိ
ုင်ပြီးဝတ်ပြုနေစဉ် ဆောင့်ကြောင့်ထိုင်နေသော ခြေနှစ်ချောင်းအကြားမှ နောက်ဘက်မှရှေ့
သို့ မြွေဆိုးတစ်ကောင်ထွက်လာပြီးလျှင် တရှူးရှူးမာန်ဖီကာ ရန်စောင့်နေပြန်သည်။ မေတ္တာ
ဖိ၍ ကြပ်ကြပ်ပွားမှ ပျောက်သွားသောဟူ၏။
လယ်တီဆရာအမိန့်တော်
~~~~~~~~~~~~~~~~~~~~~~
လယ်တီဆရာတော်ကြီး လမ်းညွှန်သည့်အတိုင်း ထိုကိုယ်တော်သည် ဝိပဿနာဓုရကို မနးမနေ
အားထုတ်တော်မူလေသည်။ အောက်ပါအချက် (၆)ချက်ကိုလည်း တင်းတင်းကျပ်ကျပ် တိတိ
ကျကျ လိုက်နာခဲ့လေသည်။
၁။ ပင့်ဆွမ်းကိုလိုက်၍မစားရ။
၂။ အလှူအတန်းလိုက်ခြင်းမပြု။
၃။ ဘုန်းကြီးပျံပွဲမလိုက်, အစည်းအဝေးပွဲမလိုက်။
၎။ စကားလည်းမပြော, တရားလည်းမဟော, ဆယ်နှစ်တိတိ အားထုတ်ရမည်။
၅။ ဆယ်နှသ်ပြည့်မှသာ မိမိဋ္ဌနမှာ တရားဟောရသည်။
၆။ အသက် ၆၀ ပြည့်မှသာလျှင် နယ်လှည့်ဟောရမည်။
အေဒီ၁၉၂၁ ဇူလိုင်လ (၁၂၈၃ ခုနှစ် ဝါဆိုလ)တွင် ၁၀ နှစ် အဓိဋ္ဌာန်ပြည့်တော်မူ၏။ တနား
ထူးလည်းပေါက်တော်မူ၏။ ထိုနှစ်သီတင်းကျွတ်လတွင် လယ်တီဆရာတော်ကြီးကို သွားရေ
ာက်ကန်တော့သောအခါ ဆရာတော်က "သာဓု သာဓု သာဓု" ခေါ်တော်မူသည်။
သုံးကိုယ်ခွဲ
~~~~~~
မိုးညှင်းကိုယ်တော်ကြီးသည် တစ်ပြိုင်တည်းတွင် နှစ်နေရာ, သုံးနေရာခွဲ၍ တွေ့နေရသည်
ဟု သတင်းဖြစ်ပွားလျက်ရှိလေသည်။ တစ်ခါတရံ ဖိုးဝင်းတောင်မှာ, တစ်ခါတရံ လက်ပံေ
တာင်းတောင်မှာ, တစ်ခါတရံ ကျောက္ကာတောင်မှာ, တစ်ခါတရံ ကြေးမုံ ရွှေမြင်တင်တောင်
မှာ။
တစ်ခါ တစ်ခါ တစ်ကျောင်းလုံးလင်းနေတတ်သည်။ တစ်ခါ တစ်ခါ ဘုန်းကြီးပျောက်နေတ
တ်သည်။ တစ်ခါ တစ်ခါ နတ်ဗြဟ္မာများ, ဘီလူးများကိုပင် တရာဟောနေတတ်သည်ဟု သိရ
ပါသည်။
ဗုံးကျင်းတူးစရာမလို
~~~~~~~~~~~
၁၉၄၁ ခုနှစ် ဇန်နဝါရီလတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော် ဆက်ကပ်ခံရသည်။ ထိုနှစ်
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဒုတိယ ကမ္ဘာစစ်ကြီးဒဏ်ကို ရန်ကုန်မြို့ကြီး ပထမအကြိမ် ခံ
လိုက်ရလေသည်။ ထိုအခါ မိုးညှင်တောရကျောင်းကြီးတွင် စစ်ခိုနေသော ယောဂီများ တစ်
ထောင်နှစ်ထောင်မက ရှိနေလေသည်။ ဗုံးကျင်းမတူးရ, တရားကို ကြပ်ကြပ်နှလုံးသွင်းရမ
ည်။ ဒါမှ ဘုရားတပည့် အရိယာသာဝက ဖြစ်မည်ဟု ကိုယ်တော်ကြီးက ဆုံးမတော်မူလေ
သည်။ ထိုအခါ သဗ္ဗုဒ္ဓေစေတီကလည်း တည်နေဆဲ ကာလပင် ဖြစ်လေသည်။ ဗုံးသုံးလုံးတိ
တိကျ၏။ မပေါက်မကွဲ။ သဲထဲစိုက်လျက် နစ်နေလေသည်။
၁၉၄၅ ခု အောက်တိုဘာလ ၂ ရက်တွင် ဒုတိယကမ္ဘ္ဘာစစ်ကြီးပြီးသောအခါ အင်္ဂလိပ်စစ်တ
ပ်ပြန်ဝင်လာစ အချိန်ဖြစ်သည်။ ထိုစစ်တပ်က အဝေးမှနေ၍ မုံရွာမြို့အား အမြောက်ဖြင့်
ပစ်ဖောက်လေသည်။ ထိုအခါ ဆရာတော်ကြီးသည် စင်္ကြံလျှောက်နေလေသည်။ ဗုံးဆန်သ
ည် ဆရာတော်ကြီးအား သေသေချာချာ တည့်တည့်ကြီးမှန်လေသည်။ ဆရာတော်ကြီးလည်
း ဗုံးဆန်အရှိန်ဒဏ်ကြောင့် မတ်တတ်မှ ဘုတ်ခနဲလဲကာ ထိုက်လျက်သားပုံကျသွားလေသ
ည်။ အနီးအနားရှိ အရာအားလုံး စိစ်ညက်ညက်ကြွေမွကုန်လေသည်။ ဆရာတော်ကြီးကာ
း ဘာမှမဖြစ်။ လဲရာမှဖုတ်ခါကာ ပြန်ထလာပြီး စင်္ကြံလျှောက်မြဲ လျှောက်နေလေသည်။
နောက်ထပ်နှစ်ပေါင်း ၂၀ ကျော်၍ အေဒီ ၁၉၆၅ ခု (၁၃၂၆ ခုနှစ်)တွင် ဆရာတော်ပျံလွန်ေ
သာအခါ ချက်ခြင်းပင် ငလျင်လှုပ်လေသည်။ ကျိန်းစက်နေသော ကျောင်းတော်မှ သက်တံေ
ရာင်အတန်း တစ်တန်း ပျံတက်သွားလေသည်။ ကျေးငှက်အားလုံး ရုတ်ရုတ်သဲသဲမြည်တွန်ြ
ကလေသည်။ ကောင်းကင်တစ်ခုလုံးမှာလည်း ကြေးစည်သံများ, ရေကင်းသံများ, ခရုသင်း
မှုတ်သံများ ထူးခြားစွာ ဆူညံနေလေသည်။ ကျောင်းအတွင်းရှိ ပန်းပင်များလည်း အချိန်အ
ခါမဟုတ်ဘဲနှင့် ဖူးပွင့်လျက် ကျောင်းတော်ဘက်ဆီသို့ ကိုင်းကာနေလေသည်။ သက်တော်
၄၅ နှစ်ရှိသော ဗောဓိပင်ကြီးသည်လည်း နေ့ချင်းညချင်းမှာပင် အရွက်များကြွေကျလျက်ြေ
ခာက်သွေ့သွားသည်ကို တအံ့တသြ တွေ့မြင်ကြရလေတော့သည်။
ဆရာတော်သည် ဟံသာဝတီခရိုင် သံလျင်မြို့နယ် ဖားကူးရွာ, ဝင်းခရွာအနီးက ဂုံညှင်းစု
အမည်ရှိသောရွာသား ဇာတိဖြစ်သည်။
အေဒီ ၁၈၇၃ ခု ဖေဖော်ဝါရီလ ၂၈ ရက် (၁၂၃၄ ခုနှစ် တပေါင်းလဆန်း ၂ ရက် သောကြာ
နေ့) နံနက် ၈ နာရီမှာ ဖွားတော်မူသည်။
အေဒီ ၁၉၆၄ ခု စက်တင်ဘာလ ၁၉ ရက် အင်္ဂါနေ့ (၁၃၂၆ ခုနှစ် တော်သလင်းလဆုတ် ၈
ရက်နေ့) ညနေ ၆ နာရီ ၄ မိနစ်တွင် ပျံလွန်တော်မူသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှ ကူးယူဖော်ပြပါသည်။စာ(၃၉၅-၃၉၈)
ဆက်လက်ဖော်ပြပါမည်။
လှိုင်မျိုးမင်း

No comments:

Post a Comment