Monday, October 27, 2014

AIDS ရောဂါအတွက်ကြက်သွန်နီးနှင့်ရှားစောင်းလက်ပတ်တိုင်းရင်းဆေးစွမ်း=

AIDS ရောဂါအတွက်ကြက်သွန်နီးနှင့်ရှားစောင်းလက်ပတ်တိုင်းရင်းဆေးစွမ်း====================================================ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့်ဆေး) မပေးနိုင် သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်ရောဂါတွေတိုးလာကြတာများတယ်၊တချို့ ဝေဒနာရှင်တွေဟာရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့အသေခံသွားကြတယ်။ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲAIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့ သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ကုတဲ့နည်း၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး....အသားအရည်ကိုလည်းစိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။နောက်တစ်ခုကတော့.............................................၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။====================ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့.....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။သုံးပုံသုံးနည်းက တော့ -ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကိုရေစင်အောင်ဆေးပြီး.....အရည်ရအောင်ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွားပါတဲ့.........။သက်တမ်းစေ့အောင်ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ်Credit- တိုင်းရင်းဆေးပေ

ကညွတ်​နဲ့ကင်​ဆာ

The Express Timesကညွတ်နဲ့ကင်ဆာ==============ကညွတ်နဲ့ပတ်သက်ပြီး လွန်ခဲ့တော့ နှစ်များစွာက လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေမိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။ စာရွက်ကအကြောင်းအရာကတော့ Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။ ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ တော်တော်များများရှိခဲ့ပါတယ် အဲ့ဒါတွေကတော့ …..၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက် မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့ ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။ နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေးသမားတစ်ယောက်ဟာ ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။ နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။ နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။ ၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့ ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက် ခွဲစိတ်လို့မရ ခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ဟာပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။ သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှကင်ဆာလက္ခဏာပြနေတာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။ ပြုလုပ်နည်း….. ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။ ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား တစ်ခါတိုက်လျှင်စတီးဇွန်းဖြင့် ၄ ဇွန်းကို မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။ကင်ဆာရောဂါတစ်ခုခုများခံစားနေရသူများအတွက်…ငွေအကုန်အကျလည်း သိပ်မများ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်နည်းပါးတာမို့ ဒီဆေးနည်းလေးကိုမူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်..ဦးမိုးမင်းတင်ဆက်...ပြည်သတင်းလူငယ် (ပြည်သတင်း)

Friday, October 24, 2014

ဂဠုန်ဆရာစံ= (Private Diary)

The Express Timesဂဠုန်ဆရာစံ=========နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ (၁၈၇၆-၁၉၃၁) သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း (တပယင်း) မြို့နယ် သရက်ကန် အရှေ့ရွာ ဇာတိ ဖြစ်သည်။ အဖ ဦးကျေးနှင့် အမိ ဒေါ်ဖက် တို့မှ ၁၈၇၆ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ ညီအစ်ကို မောင်နှမ ငါးယောက် အနက် ဆရာစံမှာ အငယ်ဆုံးဖြစ်သည်။ ငယ်နာမည် မောင်စံရှား ဖြစ်သည်။ ဒီပဲယင်း မြို့နယ် ဇာတိ ဖြစ်သော်လည်း ဆရာစံ အမြဲ နေထိုင်သော အရပ်မှာ မော်လမြိုင်၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့နယ် ကမာမိုရွာ ဖြစ်သည်။ မြန်မာ ဓာတ် ဆေးဆရာ တစ်ဦး ဖြစ်သည့် အလျှောက် ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း၊ ကျမ်းစာအုပ် ရေးခြင်းဖြင့် အသက် မွေးသည်။ အဂ္ဂိရတ်ထိုးလည်းဝါသနာ ပါသည်။ ရောဂါ လက္ခဏာတို့၏ ဇစ်မြစ်ကို ပြဆိုသည့် လက္ခဏာဇု ကျမ်းနှင့် ဝိဇ္ဇာ သိပ္ပံ အင်္ဂုတ္တိရကျမ်း တို့ကို ရေးသား ခဲ့သည်။ ဆေး ကုသသည့် အလုပ်ဖြင့် အသက် မွေးရင်း ဓမ္မရက္ခိတ အသင်းနှင့် သီရိဥတ္တမ အသင်းများ ဖွဲ့ကာ ဝံသာနု လုပ်ငန်း များကို လုပ်ကိုင် ခဲ့သည်။ ထို့နောက် ဂျီစီဘီအေ အသင်းနှင့် ဆက်သွယ် မိပြီး ကမာမို တိုက်နယ် ဂျီစီဘီအေဥက္ကဋ္ဌ အဖြစ်မှ မော်လမြိုင် ခရိုင် ဂျီစီဘီအေ ဥက္ကဋ္ဌ ဖြစ်လာသည်။ ဦးချစ်လှိုင်နှင့် ဦးစိုးသိမ်း ဂျီစီဘီအေဟု နှစ်သင်း ကွဲသော အခါ ဦးစိုးသိမ်း ဂျီစီဘီအေ ဘက်သို့ ပါသွားသည်။ ဦးစိုးသိမ်း ဂျီစီဘီအေတွင် အမှုဆောင် အဖွဲ့ဝင်နှင့် စည်းရုံးရေးမှူးအဖြစ် ထင်ရှား လာသည်။ဆရာစံက အင်္ဂလိပ် နယ်ချဲ့ အစိုးရအား လက်နက်ကိုင် တော်လှန်ရန် စိတ်အား ထက်သန် သော်လည်း ဦးစိုးသိမ်း ဂျီစီဘီအေက လက်နက်ကိုင် တော်လှန်ရန် အချိန် မကျသေးဟု ယူဆ သောကြောင့် ဆရာစံသည် လျှို့ဝှက်၍ ဂဠုန် တပ်ဖွဲ့များ ဖွဲ့ကာ အင်္ဂလိပ် အစိုးရအား တော်လှန်ရန် ကြံစည် ခဲ့သည်။ ဦးစိုးသိမ်း ဂျီစီဘီအေ၏ စည်းရုံးရေးမှူးအဖြစ်ဖြင့် ရောက်ရှိရာ အရပ် တိုင်း၌ ဂဠုန်ဆရာစံဟု ခေါ်ကြသည်။ အင်္ဂလိပ် အစိုးရအား လူခွန် မြေခွန် မပေးရေး၊ သီးစားခ မပေးရေး၊ချစ်တီးကုလား တို့၏ အကြွေးမဆပ်ရေး တို့ကို စည်းရုံး လှုံ့ဆော် ခဲ့သည်။ သို့သော် အင်္ဂလိပ် အစိုးရဘက်မှလည်းသီးစားခနှင့် အခွန်တော်များ ရရှိရေး အတွက် အကြမ်းဖက်၍ ဝရမ်းကပ်ခြင်း၊ ကျွဲ နွားများနှင့် လှည်းများကို လေလံ ပစ်ခြင်းတို့ ပြုလုပ်လာ၍ တောင်သူ လယ်သမားများ မခံမရပ်နိုင် ဖြစ်လာ ကြသည်။ ဤအခြေအနေတွင် ဆရာစံက ၁၉၃၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သုပဏ္ဏက ဂဠုရာဇာဘွဲ့ ခံယူလိုက်သည်။ အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ နန်းတည်၍ ဘုရင် အဖြစ် ကြေညာခဲ့သည်။ ထို့နောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရကို နာကျည်း နေသော တောင်သူ လယ်သထုအား ခေါင်းဆောင်ကာ နယ်ချဲ့ ဆန့်ကျင်ရေး တောင်သူ လယ်သမား အရေးတော်ပုံ ကို ဆင်နွှဲခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ် မြန်မာ့ သမိုင်းတွင် နယ်ချဲ့ အင်္ဂလိပ် အစိုးရအား လက်နက်ကိုင် တော်လှန်သည့် တောင်သူ လယ်သမား အရေးတော်ပုံ၏ ခေါင်းဆောင်အဖြစ် ထင်ရှားသည်။ ဆရာစံကို အင်္ဂလိပ် အစိုးရ ဘက်မှ ဖမ်းမိသော အခါ အင်္ဂလိပ် ဘုရင်အား တော်လှန် ပုန်ကန်မှုဖြင့်အမှုဖွင့် စစ်ဆေးသည်။ ထို့နောက် ပြစ်မှု ကျူးလွန်သည်ဟု ဆိုကာ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ် ပေးခဲ့သည်။အင်္ဂလိပ် အစိုးရသည် ဆရာစံကို မသေမချင်း ကြိုးပေးသတ်စေလို့ အမိန်ချမှတ်ခဲ့သည်။ သေဒဏ်ပေးခံရသော ကိစ္စကို ဆရာစံက မတုန်လည်းမတုန်းလှုပ်၊ တောင်းပန်ခယတာလည်းမလုပ်ခဲ့လို့ နယ်ချဲ့အင်္ဂလိပ်တွေ မခံချိမခံသာဖြစ်ပြီး မဖုံးနိုင်မဖိနိုင်အမျက်ထွက်ခဲ့ကြသည်။ လယ်သမားခေါင်းဆောင်ကြီး ဆရာစံကတော့ ၁၉၃၁ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့မှာ သာယာဝတီထောင်ထဲကကြိုးစင်ပေါ်ကို တည်ကြည်ခန့်ငြားစွာ ရင်ကော့တက်ရောက်ပြီးမြတ်တဲ့ လယ်သမားအာဇာနည်ဘဝကို ခံယူသွားခဲ့ပါသည်။ကိုးကားကိုလိုနီခေတ်မြန်မာ့သမိင်းအဘိဓာန်၊ တက္ကသိုလ်များသမိုင်းသုတေသနဌာန။

--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

အားလုံးအတွက် ဓမ္မဆုံးမလမ်းညွှန်ချက်== (Private Diary)

The Express Timesအားလုံးအတွက် ဓမ္မဆုံးမလမ်းညွှန်ချက်===========================၁) လုပ်တိုင်းမဖြစ်စိတ်မညစ်နှင့် -ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ။၂) ပြောတိုင်းမရ ဒေါမထနှင့် -ကိုယ်ပြောတိုင်းသာ ရနေပါက-ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ။၃) ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့်-သင် ကြံတိုင်းသာ ပြီးမြောက်ပါက -ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ။၎) ဆင်းရဲကြုံမူ မညည်းညူ နှင့်-ချမ်းသာချည်းသာ ကြုံနေပါက -ဘယ်မှာ "ဒုက္ခ" ရှိမည်နည်း ။ ။၅) ပျက်စီးတိုင်းလျှင် မပူပင်နှင့် -မပျက်စီးကာ ခိုင်မြဲပါကဘယ်မှာ "အနိစ္စ" ရှိမည်နည် ။ ။၆) အာရုံဟူသမျှ မတောင့်တနှင့် -အာရုံတိုင်းသာ တောင့်တပါက -ဘယ်မှာ "လောဘ" ဆုံးမည်နည်း ။ ။၇) အရာရာမျိုး စိတ်မဆိုးနှင့်နေရာတိုင်းသာ စိတ်ဆိုးပါက -ဘယ်မှာ "ဒေါသ" ဆုံးမည်နည်း ။ ။၈) သိဉာဏ် မလိုက် သင်မမိုက်နှင့်သိဉာဏ်မရ မိုက်နေပါက -ဘယ်မှာ "မောဟ" ဆုံးမည်နည်း ။ ။၉) "ဗုဒ္ဓတရား" မေ့မထားနှင့်ဆုံးမတိုင်းသာ ကျင့်ကြံပါကဘယ်မှာ "နိဗ္ဗာန်" ဝေးမည်နည်း ။ ။Credit- Dhamma Knowledge

--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

ဧကရာဇ်မင်း၏ဘဝနိဂံုး

" ဧကရာဇ်မင်းကြီး၏ဘ၀နိဂုံး - ၁ "★★★★★★★★★★★★★★★★(၁၃၆၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၉)ရက်၊ မန္တလေးမြို့)သီတဂူဆရာတော်ဘုရားကြီး၏ ဧကရာဇ်မင်းကြီးရဲ့ဘ၀နိဂုံး တရားကိုနားထောင်ပြီးပြန်လည်ရေးသားရာတွင် ပါဠိစာလုံးများပြောပြပေးသော ဆရာတော် အရှင် ၀ိမလ၀ံသ နာလန္ဒာတက္ကသိုလ်၊ဆရာလေး Rupa Sangi၊ အမ သမီးငယ် တို့ထံမှ အကူအညီဖြင့်ရေးသား ပူဇော်လိုက်ပါတယ်။ စာလုံးပေါင်းမှားပါက ခွင့်လွတ်ကျပါရန်ကျနော်- Pay Thoe)☼ " ယော အနတ္ထ ကုသလေန အတ္ထစရိယာ သုခါဝဟာ ပေတိ အတ္ထံ ဒုမ္မေဓော ""ဒုမ္မေဓော " ပညာမဲ့တဲ့ ပုဂ္ဂိုလ်သည် "အနတ္ထ ကုသလေန" အကျိုးစီးပွားရှိတဲ့ လုပ်ငန်းတွေကို မကျွမ်းကျင် မနိုင်နင်းတဲ့အတွက်ကြောင့်၊ "၀ါ အနတံ္ထ ကုသလေနံ" အကျိုးမဲ့လုပ်ငန်းတွေချည်းကိုသာလျှင် ကျွမ်းကျင်းနိုင်နှင်းတဲ့ အတွက်ကြောင့် ၊"အတ္ထစရိယာ"အကျိုးစီးပွားရှိအောင်ကို ဆောင်ရွက်မည်ဟု ဘယ်လိုပင်ဆောင်ရွက်ငြားသော်လည်း"သုခံ ၀ဟံ" ချမ်းသာစီးပွား တိုးပွားကြောင်းလုပ်ငန်းတွေကို ဘယ်လိုပင်ဆောင်ရွက်စေကာမူ၊ "အနတ္ထ ကုသလေန" အကျိုးရှိသည်ကိုမကျွမ်းကျင်ဘဲနဲ့ အကျိုးမဲ့ကိုသာ ကျွမ်းကျင်နေကြ တဲ့အတွက်ကြောင့်၊"ဒုမ္မေဓော " ထိုကဲ့သို့သော လူမိုက်တွေဟာ "ဟာ ပေတိ အတ္ထံ " အတ္ထံ အကျိုးစီးပွားမှန်သမျှတွေကို "ဟာ ပေတိ" ဆုတ်ဟုတ်အောင် လုပ်နေကြတယ်။"သုခံ" ချမ်းသာသုခမှန် သမျှကိုတော့ "ဟာ ပေတိ" ဆုတ်ယုတ်အောင် လုပ်နေကြတယ်ရယ်လို့လူနတ်တို့သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက "အဟောစ" ကရုဏာရှေ့ထားမေတ္တာအားဖြင့် ဟောကြားတော်မူခဲ့လေသတည်း။☼ စာတစ်လုံးလောက်မှတ်ကြ "ဒုမ္မေဓ ပုဂ္ဂိုလ်" ပညာမဲ့တယ်လို့အဓိပ္ပာယ်ရတယ်။ပညာမဲ့ဆိုရင် အဲ့ဒါ လူမိုက်ပဲ။မင်္ဂလာသုတ်မှာ ပရိတ်သတ်ကြီးနဲ့ရင်နှီးနေတဲ့ စာလုံးတစ်လုံးရှိတယ်။☼ "ဗာလ ပဏ္ဍိတ" "ဗာလ" ဆိုရင် တို့ပရိတ်သတ်သိပီးသား လူမိုက်။" ပဏ္ဍိတ" ဆိုတာ ပညာရှိ သူတော်ကောင်းလို့ပြောလို့ရတယ်။ဒါသိပီးသားပရိတ်သတ်တွေ။ အခုလည်း "ဒုမ္မေဓ နဲ့ သုမေဓ" ဒီနှစ်ပုဒ်ဟာ အတွဲလိုက်" ဒုမ္မေဓ နဲ့ ဗာလ" ဆိုတာ လူမိုက်ပဲ။"သုမေဓ" ဆိုတာ ပညာတတ်လူကောင်း ပဏ္ဍိတ ပေါ့။ဒါကို ဇာတက မှာမြတ်စွာဘုရားဟောထားတာ။"ဒုမ္မေဓ" တွေဟာကျွမ်းကျင်တယ် ဘယ်မှာလဲဆိုရင် "အနတ္ထ ကုသလေန" အကျိုးမဲ့လုပ်ငန်းတွေမှာ ကျွမ်းကျင်တာ။"အနတ္ထ" ဆိုတာ အကျိုးမဲ့ "ကုသလ" ကိုဒီနေရာမှာကုသိုလ်လို့ ဘာသာမပြန်နဲ့ ကျွမ်းကျင်တာ နိုင်နင်းတာ (Expert)ပေါ့။ ကျွမ်းကျင်တာ(၂)မျိုးရှိတယ် လူသားတွေ အကျိုးရှိတာကိုကျွမ်းကျင်ရင် "အတ္ထ ကုသလေန" နဲ့ လူသားတွေ စိတ်ဆင်းရဲတာကိုကျွမ်းကျင်ရင် အကျိုးမဲ့တာကို ကျွမ်းကျင်ရင် "အနတ္ထ ကုသလေန" ။☼ မေတ္တာသုတ်လောက်ရရင် ဒီစာလုံးလေးသိပါတယ်။"ကရဏီယ မတ္ထကုသလေန" ဒါကို ပုဒ်ခွဲရင် " အတ္ထ ကုသလေန"ပုဂ္ဂိုလ်တွေဟာ"ကရဏီယ" ပြုရမယ်။ဘာပြုရမလဲဆိုရင် "အတ္ထ" အကျိုးရှိတယ် ၊"ဟိတ" စီးပွားဖြစ်တယ်၊"သုခံ" အားလုံးကိုယ် စိတ်ချမ်းသာရမယ်၊ အဲ့ဒါမျိုးကိုပြုရမယ်လို့ပြောတာ။ဆန့်ကျင်ဘက် "အနတ္ထ ကုသလေန" ပုဂ္ဂိုလ်တွေဟာ အကျိုးမဲ့ကိုကျွမ်းကျင်သော၊ဒုက္ခဖြစ်သည်ကို ကျွမ်းကျင်နိုင်နင်းသော ၊ပညာမဲ့သော၊ အဲ့ဒီလူတွေက လုပ်ကြတာ အကျိုးရှိတယ်ဆိုပြီး လုပ်ရင်း လုပ်ရင်းနဲ့ အကုန်အကျိုးမဲ့ကုန်တယ်။ချမ်းသာကြောင်းဆိုပြီး လုပ်တာ အကုန်အကျိုးမဲ့ကုန်တာ ဒါမြတ်စွာဘုရား ဇာဋက မှာမိန့်တဲ့စကားပဲ။ ဒီပါဠိတော်ဖြင့်အားလုံးကို စကားလက်ဆောင်ထားခဲ့ပါ့မယ်။"အတ္ထ ကုသလေန နဲ့ အနတ္ထ ကုသလေန" ပေါ့လေ။အဲ့ဒီတော့ အားလုံးနိဗ္ဗာန်ကိုရက်တိုတို နဲ့ရောက်ပါစေလို့ ဆုမတောင်းနဲ့ဦး။နိဗ္ဗာန်ကလည်း ဘယ်နားနေမှန်းမသိဘူး။ ဒီတော့ ပရိတ်သတ်များ တို့ဘာဖြစ်ဖို့ကောင်းလဲ ပြန်မေးကြ။☼ ဘ၀သံသရာခရီးမှာ တို့တတွေ "အတ္ထ ကုသလေန" ပုဂ္ဂိုလ်တွေပဲ ဘ၀ဆက်တိုင်းဖြစ်ရပါစေတော့။မကောင်းမှုမှာ ကျွမ်းကျင်တဲ့သူတော့ဘယ်ဘ၀မှာမှ မဖြစ်ပါရစေနဲ့။ဒီညတော့ဒါလေး ဆုတောင်းကြပေါ့ဗျာ။လူတွေဟာ လူ့လောကမှာ မွေးလာကြတာ လူ့လောကကို ဒုက္ခပေးတဲ့သူ မဖြစ်ကောင်းဘူး လူ့လောကကို ကောင်းကျိုးပြုတဲ့သူတွေပဲဖြစ်ရမယ်။ မြတ်စွာ ဘုရားပွင့်လာတာကြည့်လိုက်လေ။လူသားတွေ အကျိုးဖြစ်ဖို့ သူလုပ်သွားတာ (၄၅)နှစ်လုံးလုံး။☼ အဲ့ဒါကိုအကျယ်ဖွင့်ဟောတဲ့ တရားပွဲတစ်ခုအဆုံးမှာ လူတစ်ယောက်က လာမေးတယ် ဆရာတော်ဘုရားတဲ့မြတ်စွာဘုရားပွင့်လာတာ လူသားတွေ အကျိုးရှိပေါ်ပေါက်လာတာလဲပြောသေးမြတ်စွာဘုရားအကြောင်းပြုလို့ဒေ၀ဒတ်တို့ စိဉ္စမာဏ တို့မြေမြိုခံရတာ မြတ်စွာ ဘုရားကြောင့် မဟုတ်ဘူးလို့ အရှင်ဘုရားပြောချင်ပါသလား ဘုရားတဲ့။ဒကာကြီးလို့ ဘုရားပွင့်လို့ ဒီဘုန်းကြီး ဒီမိန်းမ မြေမြိုခံရတယ်လို့ပြောချင်သလား နောက်တစ်ယောက် ကျန်သေးတယ် ဒေ၀ဒတ်ရဲ့အဖေ သုပ္ပဗုဒ္ဓ သုံးယောက်။သူဘာမှပြန်မပြောဘူး။ ဒါပေမယ့် ကိုယ်တော် ဒါပေမယ့်ဆိုတာ အဓိပ္ပာယ်ရှိတယ်ပေါ့။ကောင်းကင်ကမိုးရွာချတာ ကမ္ဘာကြီးကို ဒုက္ခပေးဖို့လား ချမ်းသာဖို့လားမင်းအရင်ဖြေ။ချမ်းသာဖို့ပါ ဘုရားတဲ့။အေးဒါပေမယ့် မိုးရွာတော့ ပုရွက်ဆိတ်တွေ တွင်းပိတ်ပြီးသေကုန်တယ်ကွ။ မင်းအဲ့ဒါ ဘာပြောမလဲ။သူက ဒါတော့ မတတ်နိုင်ဘူးဘုရား မိုးတော့ရွာရမှာပဲတဲ့။အေးအဲ့ဒါပဲ အဖြေထွက်ပီ။ဘုရားကတော့ ပွင့်မှာပဲ။မိုးရွာလို့ ပုရွက်ဆိတ်သေမှာမို့ မရွာတော့ရင် ကျန်တဲ့ သတ္တ၀ါတွေ အကုန်သေကုန်လိမ့် ဒုက္ခရောက်ကုန်မယ်။ရွာပါစေ ပုရွက်ဆိတ် တွင်းပိတ်သေတာမတတ်နိုင်ဘူး အဲ့ဒါပြောတာ။ ဗုဒ္ဓသည် လူ့လောကို အကျိုးပြုဖို့ပေါ်လာတာဖြစ်လို့ ဗုဒ္ဓကိုယုံကြည်သူတိုင်းဟာလည်း လောကကြီး ကိုဒုက္ခပေးဖို့ဆိုတာ မဖြစ်သင့်ဘူး။☼ ဒီတော့ ပရိတ်သတ်များသိပြီးသားဖြစ်တဲ့ ဘုရင်ကြီးတစ်ပါးအကြောင်းနည်းနည်းပြောပြမယ်။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း(၂၀၀)ကျော်ကျော်မှာ ဇမ္ဗူဒီပါလို့ ခေါ်တဲ့ အိန္ဒိယပြည်ကြီး အတွင်းပိုင်းရောအပြင်ဘက်တောင်ရောက်သေးတယ်။ အာဏာစက်သက်ပြီးအုပ်ချုပ်တဲ့ မင်းကြီး ပရိတ်သတ်သိပ်သိတာပေါ့ ကောင်းတွေဆောက်လိုက်တာ(၈၄၀၀၀) ၊ တည်လိုက်တဲ့ဘုရား(၈၄၀၀၀) ကမ္ဘာကြီးပေါ်မှာ သူမတည်ဖူးတဲ့ ဘုရားမဆောက်ဖူးတဲ့ကျောင်း မရှိဘူးပေါ့ဗျာ။သိရီ ဓမ္မာ အသောကမင်းတရားကြီး။☼ " သကလံ မေဒနိံ ဘုတွာ၊ ဒတွာ ကောဋိသတံ သုခီ"။ "သကလံ မေဒနိံ ဘုတွာ" မြေကြီးတစ်ခုလုံး သူစားတယ်။စာကိုရိုးရိုးလေးဘာသာပြန်။ဆိုလိုချင်တာကတော့ ဇမ္ဗူဒီပါ တစ်ခုလုံးမှာရှိတဲ့မြေကြီးကို သူတစ်ယောက်တည်းအုပ်ချုပ်တာ။ပရိတ်သတ် သိထားတဲ့အတိုင်း"သိရီ ဓမ္မာ အသောက" သိရီ -ကျက်သရေ သိပ်ရှိတာပဲ။ဓမ္မာ- တရားနဲ့နေတယ်။ အသောက - သူ့နာမည်အရင်း။ အဲ့ဒီ သိရီဓမ္မာ အသောကရဲ့ ဘ၀အကြောင်းကို ခုနက မြတ်စွာဘုရားရဲ့ဒေသနာတော်နဲ့ ဘယ်လိုဟန်ချက်ညီသလဲဆိုတာကိုComparative Study လုပ်ကြည့်တာပေါ့လေ။☼ " သကလံ မေဒနိံ ဘုတွာ၊ ဒတွာ ကောဋိသတံ သုခီ" ဇမ္ဗူဒီပတစ်ကျွန်းလုံးကို သူအုပ်စိုးတယ်။ဒတွာ ကောဋိသတံ သုခီ- သူလှူသွားတာ ကဋေတစ်ရာ။ပရိတ်သတ်များအသိနည်းတဲ့ ထူးထူးခြားခြားလှူတာလေး တစ်ခုပြောပြမယ်။အသောကမင်းကြီး ထမင်းစားခါနီးရင် မစားခင် အလှူတစ်သိန်းဖိုး သူလှူပြီးမှစားတယ်။ အဲ့ဒီလောက် အလှူရက်ရောတယ်။ အဲ့ဒါတွေ အကုန်ပေါင်းရင် စာထဲမှာတော့ ဆိုလို့ကောင်းအောင် ရေးလို့ကောင်းအောင် ကုဋေတစ်ရာ တကယ်တော့ ဒီထက်များမယ်ထင်တယ်။ ဆိုလိုတာက ထမင်းမစားခင် လှူခဲ့တာ စုစုပေါင်းကုဋေတစ်ရာ။ရှိတယ်။☼ အဲ့ဒီလောက်ကြီးကောင်းမှုတွေပြုပြီး နောက်ဆုံးတော့ ဘာပြုသလဲဆိုရင်" အဒ္ဓါမလကမတ္တဿ၊ အန္တေ ဣဿရဂတံ ဂတော " - အန္တေ- နောက်ဆုံးကျတော့မှ၊ အဒ္ဓါမလကမတ္တဿ၊ -ဆီးဖြူစေ့တစ်ခြမ်းမျှကိုသာလျှင်၊ဣဿရတံ - ပိုင်ဆိုင်ခွင့်ရတော့တဲ့ အဆင့်ကို၊ ဂတော- ရောက်ရရှာတယ်။ နောက်ဆုံးခရီးဟာဒါပဲ။ဒီမြေကြီးတစ်ခုလုံး ငါပိုင်တယ်ဆိုတော့ ဧကရာဇ်ပေါ့။ရှေးကပြောသလိုဆိုရင်ဧက ရာဇာ ပေါ့လေ။သာသနာနှစ်(၂၁၈) မှာ အသောက မင်းဖြစ်တယ်။ သာသနာနှစ်(၂၁၈) မှာသူ့အဖေ (ဗိန္ဒုသာရ) နတ်ရွာစံတယ်။ ဗိန္ဒုသာရက မိဖုရား တစ်ရာရှိတယ်။နည်းတာ မဟုတ်ဘူး။ ဘုန်းကြီးက စဉ်းစားတယ်ဒါ Rotation နဲ့ဘယ်လိုသွားမလဲ တော်တော်စိတ်ပျက်စရာကောင်းမယ်။သုံးယောက် လေးယောက်တောင် ခေါင်းရှုတ်တာ။အဲ့ဒီမိဖုရား တစ်ရာက မွေးလိုက်တဲ့ကလေး မင်းသမီးတွေ ခဏထား၊ မင်းသားတွေကြီးပဲ အားလုံး(၁၀၁)ယောက်မွေးတယ်။(၁၀၁)မွေးတော့ တစ်ခုသော မိဖုရားက သားနှစ်ယောက်မွေးတယ်။☼ အဲ့ဒါဆိုရင်ပြောလို့ရပီ။ (၉၉)ယောက်က ၀မ်းခွဲ ၊နှစ်ယောက်က ညီအစ်ကို အရင်း။စိတ် စေတသိတ် ခန္ဓာ ဓာတ် သစ္စာ ပြောရတာ လွယ်တယ်ဗျာ။ ဆွေးမျိုးစပ်ရတာသိပ်ခက်တာ။အခုတော့ လွယ်အောင် ဒီလိုလေး စပ်ထားတယ်။(၉၉)ယောက်က ၀မ်းခွဲ၊ (၂)ယောက်က အရင်း။ အဖေနတ်ရွာ စံတော့ မင်းမြောက်တန်ဆာ(၅)ပါး ကောက်ကိုင်ပြီးတော့ စစ်သူကြီးဖမ်းချုပ်ပြီး ဒီထီးနန်း ငါသိမ်းတယ် ။ စစ်သူကြီး ဓားနဲ့ထောက်ထားပြီးတော့ပေါ့လေ။ စစ်သူကြီးက မင်းတရား သစ္စာခံပါတယ်ပြောတော့ စစ်သူကြီးဖမ်းတော့စစ်တပ်ကြီးတစ်ခုလုံးက သူ့လက်အောက်ရောက်လာတယ်။ရှေးက အာဏာသိမ်းပုံက အဲ့ဒီလိုသွားတာ။အဲ့ဒီတော့ ဘာဖြစ်ကုန်လဲဆိုတော့ ညီအစ်ကို ၀မ်းကွဲ(၉၉)ယောက်က လက်မဲ့တွေဖြစ်ကုန်တယ်။ (၉၉)ယောက် လက်မဲ့စိတ်မချရဘူး အကုန်ဖမ်း အသောက လုပ်သွားတာ။☼ ခများတို့ကသာ သိရီ ဓမ္မာ တွေပြောနေကြတာ။နောက်ပိုင်းက အဲ့ဒါတွေ ရှိတယ်။(၉၉) အကုန်ဖမ်းပြီးပါပြီ ဘာလုပ်မလဲဆိုတော့။ အကုန်သတ်ပစ်တဲ့ အသောကရဲ့ နောက်ကြောင်းသမိုင်းမှာ အဲ့ဒီလောက် ညီအစ်ကို ၀မ်းခွဲ (၉၉) ယောက်ကို သတ်ပြစ်ခဲ့တာ။ဒီတော့ မုဆိုးမ (၉၉)ယောက် ဒီဘုရင်ကို ဘာပြောမလဲ ။ကြမ်းတမ်း ရက်စက်တဲ့ မင်းကြီး ဒီလိုပြောကြမှာ။အဲ့ဒါကို ပါဠိလိုခေါ်တယ် "စဏ္ဍာသောက"မုဆိုးမ (၉၉) ယောက်က တွေ့ရာနေရာမှာ ကြမ်းတမ်းရက်စက်တဲ့ အသောက ဒီလိုပြောတယ်။အဲ့ဒီ ဇာတ်လမ်းကို လိုရင်းလေးသွားရအောင် ပုရိတ်သတ်ရေ။ ကိုယ်လွတ် ရုန်းပြီးပြေးရတဲ့ မုဆိုးမ(၉၉)ယောက်ထဲမှာ တစ်ယောက်သော မင်းသမီးကြီးက ကိုယ်ဝန်ကြီးနဲ့။ ဘယ်မှာသွားမွေးလဲဆိုတော့ "စဏ္ဍာလ " မှာသွားမွေးတယ်။အဲ့ဒီတော့ မင်းသားမင်းသွေးဘယ်မှာမွေးရသလဲကြည့် "စဏ္ဍာလ " ရွာမှာ။☼ Power Craving အာဏာပါဝါကို အလွန်မက်မောပြီဆိုတဲ့အခါကျတော့ ဒီမင်းသွေး မင်းသားတွေဟာ ရွှေပလ္လင် ရွှေသလွန်တော်ပေါ်ရွှေပုခက်မှာပဲမွေးဖို့ကောင်းတာ။ဒါပေမယ့် ပြေးရ ပုန်းရတဲ့ ဘ၀ကျတော့ စဏ္ဍာလ က ဇရပ်ပျက်ပေါ်မှာ သွားမွေးရတယ်။အဲ့လို ဘာလို့ ဖြစ်လဲဆိုတော့ သူတို့ရဲ့ Background လေးတစ်ခု။ ဒီနေရာမှာ ဒီStory လေးကို ခဏရပ်ထား ပြီးတော့ သူတို့ရဲ့ Background လေးကိုပြန်ကြည့်ရအောင်။ဆက်ရန်>>>>>>(ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဉာဏိဿရ)ဟောကြားတော်မူသော ဧကရာဇ်မင်းကြီး၏ဘ၀နိဂုံး တရားမှကောက်နှုတ်ချက်။ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသား။

Thursday, October 23, 2014

သိပ္ပံခေတ်ကိုစိန်ခေါ်နေသော အဖြေရှာ၍မရသော အရာများ (Private Diary)

The Express Times
သိပ္ပံခေတ်ကိုစိန်ခေါ်နေသော အဖြေရှာ၍မရသော အရာများ
===========================================
လူသားတို့ သင်ယူလေ့လာနေသည့် သိပ္ပံပညာရပ်သည် သဘာဝတရား၏ လျှို့ဝှက်ချက် မေးခွန်းများကို အဖြေရှာနေသည့် အားထုတ်မှုများဟု ယူဆနိုင်မည် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ထင်ထင်ရှားရှား ဖြစ်တည်နေသော်လည်း သိပ္ပံပညာရှင်များ ဖြေရှင်းပြ၍ မရနိုင်သည့် သဘာဝ လျှို့ဝှက်ချက် အများအပြားလည်း ရှိနေဆဲဖြစ်သည်။ ယင်းတို့အနက်မှ အထင်ရှားဆုံး အခြေအနေ (၁၀)ခုကို Daily Mail သတင်းစာက ကောက်နုတ် ဖော်ပြခဲ့သည်။
၁။ ငလျင်အလင်းတန်းများ
လျှို့ဝှက်သော၊ တိုင်းတာအဖြေထုတ်ရန် ခက်ခဲသော အခြေအနေ တစ်ရပ်အဖြစ် သိပ္ပံပညာရှင်များ ဝန်ခံထားသည့် အရာတစ်ခုမှာ ငလျင်တစ်ခု မလှုပ်ခတ်မီနှင့် လှုပ်ခတ်နေစဉ် အချိန်များအတွင်း ကောင်းကင်ယံ၌ ထွန်းလင်းပေါ်ပေါက်လာတတ်သည့် အလင်းရောင်တန်းများ ဖြစ်ကြသည်။ (၂၀၀၀)BC ကာလများ ကတည်းက ငလျင်အလင်းတန်းများကို စတင်တွေ့ရှိဖူးကြောင်း အီတလီ ရူပဗေဒ ပညာရှင် ခရစ္စတီယာနို ဖူရီဂီရာက နောက်ကြောင်းပြန် မှတ်တမ်းပြုစုထားသော်လည်း အကြောင်းရင်းကိုမူ ရှာမတွေ့နိုင်သေးချေ။ (၁၉၆၆)ခုနှစ်ကမူ ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မတ်ဆူရှီရို ငလျင်ကြီး အတွင်း၌ အဆိုပါ ငလျင်အလင်းတန်းများကို ပထမဆုံးအကြိမ် ဓာတ်ပုံမှတ်တမ်း ရယူလာနိုင်ခဲ့သည်။ ယနေ့ခေတ်တွင် အင်တာနက်မှတစ်ဆင့် ငလျင်အလင်းတန်းများ၏ ဓာတ်ပုံများစွာကို ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ ဖြစ်ပေါ်လာသည့် အကြောင်းရင်းကိုမူ ပညာရှင်များ တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။
၂။ နက်ဇ်ကာမျဉ်းကြောင်းများ
ပီရူးနိုင်ငံ တောင်ပိုင်းရှိ ကမ်းရိုးတန်းနှင့် ဆက်စပ်သော လွင်ပြင်ဒေသများတွင် သဲကန္တာရဆန်ဆန် ကျယ်ပြန့်သည့် မြေပြန့်များ ရှိနေသည်။ စတုရန်းကီလိုမီတာ (၄၅၀)မျှ ကျယ်ဝန်းသော အဆိုပါ ဒေသတွင် ဂျီဩမေတြီ ပညာရပ်ဆန်သော ဒီဇိုင်းပုံများကို ကျယ်ပြန့်စွာ ရေးဆွဲထားသည်။ အဆိုပါ ပုံများတွင် တိရစ္ဆာန်၊ သစ်ပင်နှင့် လူသားသဏ္ဍန်တူသော ပုံရိပ်များပါ ပါဝင်သည်။ ယင်းတို့ကို ကောင်းကင်အမြင့်မှ စီးမိုးကြည့်ပါက ထင်ရှားစွာ တွေ့မြင်နိုင်မည် ဖြစ်သည်။
ကုလသမဂ္ဂသည် ယင်းဒေသကို (၁၉၉၄)ခုနှစ်တွင် စတင်၍ သမိုင်းအမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ပညာရှင်များက ထိုမျဉ်းကြောင်းပန်းချီများကို (၅၀၀)BCမှ (၅၀၀)ADကြား ရှင်သန်ခဲ့သည့် နက်ဇ်ကာ လူမျိုးစုများ ရေးဆွဲခဲ့သည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ကျယ်ပြန့်စွာ ဖန်တီးရေးဆွဲထားသည် ဆိုခြင်းမှာမူ ယနေ့တိုင် အဖြေရှာမရသည့် ပဟေဠိတစ်ခုအဖြစ် တည်ရှိနေဆဲပင်။
၃။ လိပ်ပြာတို့၏ လမ်းပြစနစ်
လိပ်ပြာကြီး မျိုးနွယ်တစ်ခုဖြစ်သော လိပ်ပြာဘုရင်တို့သည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော ခရီးလမ်းကို အမှားအယွင်းမရှိ မှတ်သား သွားလာလေ့ ရှိကြသည်။ နှစ်စဉ်နှစ်တိုင်း မြောက်အမေရိကတိုက်မှ လိပ်ပြာဘုရင်များသည် ဆောင်းရာသီ အချိန်ကာလတွင် တောင်ပိုင်းဒေသသို့ ပြောင်းလဲ ကျက်စားကြသည်။
ထိုအချိန်များတွင် အဆိုပါ လိပ်ပြာကြီးများသည် မိုင်ပေါင်း(၂၀၀၀)ကျော်မျှ ခရီးနှင်လေ့ရှိသည်။ ထို့နောက်တွင်မူ ၎င်းတို့၏ မူလဇာတိ တောင်တန်းဒေသများထံ အမှားအယွင်း အတိမ်းအစောင်းမရှိ ပြန်လာနိုင်ကြသည်။ မည်သို့သော လမ်းပြစနစ်မျိုးဖြင့် ၎င်းတို့ ခရီးရှည် သွားလာနိုင်သည် ဆိုခြင်းကို ဇီဝဗေဒ ပညာရှင်များကိုယ်တိုင် နားမလည်နိုင်သေးချေ။
၎။ လျှပ်စီးဘောလုံး
လျှပ်စစ်လှိုင်းများက ဘောလုံးတစ်လုံးသဖွယ် ထုထည်ယှက်ဖြာမှုမျိုးသည် သုတေသီများ ခေါင်းစားသည့် အခြေအနေ တစ်ရပ်ဖြစ်သည်။ ACလျှပ်စစ်စီးကြောင်းကို စတင်တီထွင်သည့် သုတေသီ နစ်ကိုလာ တက်စ်လာသည် (၁၉၀၄)ခုနှစ်က အဆိုပါ လျှပ်စီးဘောလုံးမျိုးကို ၎င်း၏ သုတေသန ဓာတ်ခွဲခန်းထဲတွင် တုပဖန်တီးနိုင်ခဲ့သည်ဟု ယူဆရသည်။ "လျှပ်စစ်ဘောလုံးတွေကို မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့ လျှပ်စစ်ဘောလုံးတွေရဲ့ ဖွဲ့စည်းပုံကို မှန်းဆပြီး အတုအပ ဖန်တီးနိုင်လိမ့်မယ်"ဟု တက်စ်လာက ရေးသားခဲ့ဖူးသည်။
ယနေ့ခေတ် သုတေသီများ အနေဖြင့်မူ ယင်းဖန်တီးမှုမျိုးကို တက်စ်လာ မည်သို့ ပြုလုပ်ခဲ့သည် ဆိုခြင်းကို မခန့်မှန်း မတွေးဆတတ်ချေ။ သို့သော်လည်း သဘာဝအတိုင်း ကောင်းကင်ယံတွင် ဖြစ်တည်နေသည့် လျှပ်စီးများ၌ လုံးဝန်းသော ပုံစံထုထည် ဖြစ်ပေါ်မှုမျိုး ရှိနေသည်ကို မျက်မြင်အများအပြားက တွေ့ရှိဖူးသည့်နောက် တက်စ်လာ၏ အဆိုကို ယနေ့ခေတ် သုတေသီများက မည်သို့မျှ မပယ်ချရဲချေ။ ထို့ကြောင့်လည်း လေထုထဲတွင် ထူးဆန်းစွာ လျှပ်စစ်လှိုင်းများ ယှက်ဖြာပေါင်းစုသွားသည့် အဆိုပါ ဖြစ်စဉ်သည် အဖြေရှာမရသော မေးခွန်းတစ်ခုအဖြစ် မှတ်တမ်းဝင်နေဆဲဖြစ်သည်။
၅။ ရွေ့လျားသွားလာနေသော ကျောက်တုံးများ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ သေမင်းတောင်ကြား သဘာဝ
ဥယျာဉ်ကြီးအတွင်း ခြောက်သွေ့သော ကန္တာရမြေပြင်တွင် ယင်းကျောက်တုံးများ တည်ရှိသည်။ အလွန်လေးလံသော ကျောက်တုံးကြီးများသည် အမြဲတမ်းလိုလို ရွေ့လျားသွားလာနေကြသည်။ ကျောက်တုံးများ၏ အလေးချိန်သည် များပြားလွန်းခြင်းကြောင့် လေတိုက်နှုန်းဖြင့် မျောပါခြင်းမျိုး လုံးဝမဖြစ်နိုင်ဟု ပညာရှင်များက အခိုင်အမာ လက်ခံထားသည်။ ရေကန်ကြီးတစ်ခု ခန်းခြောက်သွားသည့် အခြေအနေမှ မြေပေါ်စတင် ရောက်ရှိလာသည့် ကျောက်တုံးများသည် ယနေ့တိုင် ထိုဒေသတွင် တရွေ့ရွေ့ နေရာပြောင်းလဲ သွားလာနေဆဲ ဖြစ်သည်။
(၁၉၆၀)ပြည့်လွန် နှစ်များတွင် သုတေသီများသည် ယင်းဒေသမှ ကျောက်တုံးကြီး (၃၀)ကို လေ့လာခဲ့ကြသည်။ ယင်းတို့၏ အလေးချိန်သည် (၂၅)ကီလိုဂရမ်ထိ ရှိနေသည်။ ကျောက်တုံးကြီးများကို (၇)နှစ်အကြာတွင် ပြန်လည်တိုင်းတာရာ (၂၈)တုံးသည် မူလနေရာမှ ကွာဝေးစွာ နေရာပြောင်းရွှေ့နေပြီ ဖြစ်သည်။ ယင်းတို့အနက် အချို့သည် မီတာ(၂၀၀)မျှထိ ခရီးရောက်နေခဲ့သည်။ ကျောက်တုံးကြီးများ ခရီးတာ ကွာဝေးစွာ ရောက်ရှိမှုကို ရာသီဥတုကြောင့်ဟု ယူဆထားသော်လည်း ယင်းသည် အကောင်းဆုံးအဖြေ မဟုတ်ကြောင်း ပညာရှင်များကိုယ်တိုင် ဝန်ခံထားသည်။
၆။ ပဟေဠိဆန်သည့် ကြိမ်နှုန်းနိမ့် အသံလှိုင်းများ
ဘရစ္စတိုလ်မှ ဘွန်ဒီထိ ဒေသခံများကြား အငြင်းပွားစရာ အခြေအနေ တစ်ရပ်ကို ဖန်တီးနေသည့် အသံလှိုင်းများ ရှိနေသည်။ အဆိုပါ အသံလှိုင်းများသည် ကြိမ်နှုန်းနိမ့်လွန်းသည့် အခြေအနေမျိုးတွင် ဖြစ်တည်နေကြသည်။ ဒေသခံ အချို့သည် ထိုအသံကို ကြားနိုင်ပြီး အများစုက မကြားနိုင်ချေ။ လူ(၂၀)တွင် (၁)ဦးပင် ယင်းအသံကို ကြားနိုင်ခြေ မရှိဟု သုတေသီများက ဆိုသည်။ အစောပိုင်းက တဝီဝီမြည်သော အသံသည် ရေပိုက်စနစ်များကြောင့်ဟု အိုင်ယာလန်နိုင်ငံ၊ ကောင်တီကယ်ရီမှ ဒေသခံများက ပြစ်တင်ပြောဆိုခဲ့သည်။ ထို့ကြောင့် အာဏာပိုင်များက ရေပိုက်စနစ်များကို ပိတ်ထားကာ စမ်းသပ်ကြည့်ခဲ့သည်။ အဖြေက ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ အဆိုပါ ဒေသတွင် ယနေ့တိုင် ယင်းအသံများ ကြားနေရဆဲ ဖြစ်သည်။ အချို့က ရေလှိုင်းများ ကျောက်ဆောင်နှင့် ရိုက်ခတ်ခြင်းကြောင့်ဟု ဆိုသည်။ အချို့ကလည်း စက်ရုံများမှ ထွက်ပေါ်ခြင်းဟု ယူဆသည်။ အချို့ကလည်း သဲတောင်ပူစာများမှ ထွက်ပေါ်သည့် အသံဟု သတ်မှတ်သည်။ မည်သူမျှ ဖြစ်ရပ်မှန်ကို တိတိကျကျ ဆွဲထုတ်မပြနိုင်သေးချေ။
(၂၀၀၉)ခုနှစ်ကမူ ဂျပန်နိုင်ငံ နာနာအိုနှင့် ဟာကူဆန်တို့တွင် ဖားလောင်းမိုးများ ရွာခဲ့ဖူးသည်။
ထိုစဉ်က ငှက်ပျောစိုက်ခင်းများအတွက် မြေရှင်းရင်း ယင်းတို့ကို အမှတ်မထင် ဖော်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ အချို့သည် (၂)မီတာ အချင်းမျှ ကျယ်ဝန်းသည်။ သုတေသီများက (၆၀၀)ADမှ (၁၀၀၀)ADကြားတွင် ယင်းစက်လုံးကြီးများကို တည်ဆောက်ခဲ့ခြင်းဟု ကောက်ချက်ချထားသည်။ ဒေသခံတို့က လော့စ်ဘိုလက်စ်ဟု ခေါ်ဝေါ်သည့် စက်လုံးကြီးများကို မည်သူတို့က မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သည် ဆိုခြင်းမှာမူ အဖြေမဲ့နေဆဲဖြစ်သည်။
၁၀။ ယုတ္တိကင်းမဲ့သော ရုပ်ကြွင်းများ
(၁၉)ရာစုနှစ်တွင် ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ စတင်ပေါ်ပေါက်လာခဲ့သည်။ ထို့နောက်ပိုင်းတွင် သုတေသီတို့ အနေဖြင့် အံ့ဩစရာ သမိုင်းမှတ်တမ်း တွေ့ရှိချက် အချို့ကိုလည်း ဖော်ထုတ်လာနိုင်ခဲ့သည်။ အဓိက ပြဿနာမှာ လူသားရုပ်ကြွင်းများ ဖြစ်ကြသည်။ ယင်းတို့သည် မှားယွင်းသော နေရာတွင် ရောက်ရှိနေကြောင်း ပညာရှင်များက ဆိုသည်။ ဒါဝင်၏ သီအိုရီတွင် ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေများနှင့် လက်တွေ့တူးဖော် ရရှိသော ရုပ်ကြွင်းများသည် အချိန်ကာလနှင့် နေရာဒေသ ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် လူအများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသည့် ယင်းသီအိုရီကို ကာကွယ်ရန် သုတေသီများအတွက် ရုန်းကန်လာရသည်။
(၁၉၁၁)ခုနှစ်က ဦးနှောက်အရွယ်အစား ကြီးမားသည့် လူသားမျိုးရင်း ရှေးပရိုင်းမိတ် ရုပ်ကြွင်းတစ်ခုကို အက်ဆက်စ်တွင် တွေ့ရှိခဲ့သည့်နောက်ပိုင်း ဒါဝင်၏ သီအိုရီနှင့် အစပ်အဟပ် မတည့်မှုများ စတင်လာသည်။ လွန်ခဲ့သည့် နှစ်ပေါင်း(၅၀၀၀၀၀)ခန့်က အဆိုပါ မျိုးနွယ်သည် ကမ္ဘာပေါ်တွင် ရှင်သန်နေပြီဟု ယူဆရသည်။ ထို့အပြင် တူးဖော်တွေ့ရှိမှုများတွင် အတုအပ လိမ်လည်မှုများ ရှိနေခြင်းကလည်း သုတေသီတို့အတွက် ပြဿနာ တစ်ရပ်ဖြစ်သည်။ ယနေ့အချိန်ထိ လူသားမျိုးနွယ်ဆိုင်ရာ ရှေးကျသော အထောက်အထားများကို တူးဖော်တွေ့ရှိနေဆဲဖြစ်သည်။ ထို့အတူ ယနေ့အချိန်ထိလည်း ယင်းတို့နှင့် ပတ်သက်ပြီး တိကျသော ကောက်ချက်တစ်ခု ဆွဲယူရန် ပညာရှင်များအတွက် အခက်ကြုံနေဆဲဟု သိရသည်။
Credit: အံ့ဖွယ်သုတ
4 hrs · Public
Unlike Page · Report
Like

--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail






















ဗုဒ္ဓဘာသာ ငါးမျိုး= (Private Diary)

The Express Timesဗုဒ္ဓဘာသာ ငါးမျိုး============ယနေ့ခေတ်မှာဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ ဘုရားစကားနဲ့ ဆန့်ကျင်ဘက်တွေချည်းလုပ်နေကြတာများလာပါပြီ။ ဒီလို အခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုးကွဲပြားလိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......(၁)။ ကုလ ဗုဒ္ဓဘာသာ(၂)။ လာဘ ဗုဒ္ဓဘာသာ(၃)။ ဘယ ဗုဒ္ဓဘာသာ(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ(၅)။ ပညာဓိက ဗုဒ္ဓဘာသာ(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါမျိုးကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။အဲဒါ ကုလဗုဒ္ဓဘာသာပါ။(၂) လာဘာဗုဒ္ဓဘာသာ(လာဘ်လာဘ လိုလို့ ကိုးကွယ်တဲ့ဗုဒ္ဓဘာသာ)လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀စီးပွားရေးလေး တက်မလားဆိုပြီးတော့မှဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှလာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။အရောင်းအ၀ယ်တစ်ခုလုပ်မယ်။အိမ်ခြံဝင်းဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေနတ်တွေ ကိုးကွယ်တာတွေ စတဲ့ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)ဘယဗုဒ္ဓဘာသာဆိုတာဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာသဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကိုယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီး တွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။"အသေလွတ်ရာ ပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။တရားတော်ကိုဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့ တဲ့ တရားတော်ကိုကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။တရားတော်ကို မှန်သောယုံကြည်မှု။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်၊ ၀ိနည်းအဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကိုသံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာတရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။မှားတာကိုမှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိကဗုဒ္ဓဘာသာပါ။(၅)ပညာဓိက ဗုဒ္ဓဘာသာပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်သစ္စာတရားတော်ကိုသေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာကပညာ။ထို့ကြောင့်သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှကူမြောက်နိုင်၏။တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်းပါပါတယ်။ ဒါသည်သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။NOTE: From အရှင်တေဇနန္ဒာ
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

အမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ" (Private Diary)

The Express Timesအမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ"===============================အမတ်ကြီး အနန္တသူရိယ ဟာ မင်းပြစ်မင်းဒဏ်သင့်လို့ သေဘေးဆိုက်ရောက်နေချိန်တွင်ရေးသားထားသော လင်္ကာတစ်ပုဒ်ဖြစ်ပါတယ် ။အမတ်ကြီးဟာ ဒီဘ၀မှာ အရှင်မင်းမြတ်ကကြင်နာသနားသဖြင့်သေဒဏ်က လွတ်မြောက်စေလျှင်ပင် လောကဓမ္မအရ သေခြင်းတရားဟာရှောင်လွှဲမရနိုင်ပါကြောင်းနှင့်နောက်ဘ၀များတွင်အခွင့်အရေးရလျှင်တောင် မိမိ၏ကျေးဇူးရှင် မင်းကြီးကို ရန်လိုသောစိတ်ထားဖြင့်မတုန့်ပြန်ပါကြောင့် မိမိပေါ်တွင်ပြုခဲ့သော အပြစ်များကိုလဲ ခွင့်လွတ်နားလည်ပေးမည် ဟုရေးသားထားသည်။လင်္ကာတွင် အမတ်ကြီး၏လေးစားဖွယ်စိတ်ထား ကိုကြည်ညိုဖွယ်တွေ့ မြင်ရပါလိမ့်မယ်။မျက်ဖြေလင်္ကာသူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာ ဓမ္မတာတည်း။ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံမတ်ပေါင်းရံလျက်ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာမင်းချမ်းသာကားသမုဒ္ဒရာရေမျက်နှာထက်ခဏတက်သည့်ရေပွက်ပမာတစ်သက်လျာတည်း။ကြင်နာသနား ငါ့အားမသတ်ယခုလွှတ်လည်း မလွတ်ကြမ္မာလူတကာတို့ ခန္ဓာခိုင်ကျည်မတည်မမြဲ ဖောက်လွဲတတ်သည်မချွတ်စသာ သတ္တ၀ါတည်း။ရှိခိုးကော်ေ၇ာပူဇော်အကျွန်ပန်ခဲ့တုံ၏ခိုက်ကြုံဝိဘတ် သံသာစက်၌ကြိုက်လတ်တုံမူ တုံ့ မယူလိုကြည်ညိုစိတ်သန် သခင်မွန်ကိုချန်ဘိစင်စစ် အပြစ်မဲ့ရေးခွင့်လျှင်ပေး၏ သွေးသည်အနိစ္စငါ့ခန္ဓာတည်း။(အနန္တသူရိယ)
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

ဘုရင့် နောင် အ ပေါ် ယိုးဒယားတို့ အမြင်===== (Private Diary)

The Express Timesဘုရင့် နောင် အ ပေါ် ယိုးဒယားတို့ အမြင်=====================အယုဒ္ဓယ ကို ဘုရင့် နောင် လက်ထက်တွင်ရ ရှိလိုက် သဖြင့် ယိုး ဒယားတို့ အ နေနဲ့ ဘုရင့် နောင် ကို စကြာဝ တေးမင်း အဖြစ်လက် ခံခဲ့ ကြသည် အယု ဒ္ဓယ နေပြည်တော် ကျဆုံးပြီး နောက်ပြုစုခဲ့သောအယုဒ္ဓယ ရာဇဝင် များတွင် ခရစ်နစ် ၁၅၆၃ နင့် ၁၅၆၉ ခုနစ်များ၌ ဘုရင့် နောင် ၏ အယုဒ္ဓယ ကိုသိမိးပိုက် ရန်ကြိုးပမ်းခဲ့တဲ့ စစ်ပွဲ များအား အရပ်ဆယ် မျက် နာကို အောင် ပွဲ ခံနိင် သည့် ဘုရင် ကစစ်ဆင် သောစစ်ပွဲ များဟု ဖော်ပြခဲ့ကြသည်ယိုးဒယားရာဇဝင် များတွင် ဘုရင့် နောင် အားအလွန် ဘုန်းကြီးသော မင်းအဖြစ် ဖော်ပြခဲ့ ကြသည်ယိုးဒယားရာဇဝင် များတွင် ဘုရင့် နောင် အားအလွန်ဘုန်းကြီးသော မင်းအဖြစ် ဖော်ပြခဲ့ကြသည် အယုဒ္ဓယအား တိုက်ခိုက် ရန် ချီတက်လာကြ သော ဘုရင့် နောင် ၏တပ်မ တော်အားလည်း စကြာဝ တေးမင်း၏ နောက်လိုက် ဗိုလ်ပါများအဖြစ် ဘန် ကောက် ရာဇဝင် များတွင် ဖော်ပြခဲ့ကြသည် ထို့အပြင် ဘုရင့် နောင် ၏ စစ်သည်အင် အား၉၀၀၀၀၀ ခန့် ရှိကြောင်း ဆင် မြင်းစစ်သည်တို့ချီတက် လာသော အသံမှာ မိုးခြိမ်းသံကဲ့သို့မြည်ဟီးနေ ကြောင်းကိုလည်း ယိုးဒယားရာဇဝင်အများအပြားတွင် တင် စားဖော်ပြ ခဲ့ကြသည်ဘုရင့် နောင် ၏ ဆင် ဖြူတော်ပိုင် ဆိုင် ရေးအတွက် ဆင် နွှဲသော ဆင် ဖြူတော်စစ်ပွဲသည် တရားသောစစ်ဖြစ်ကြောင်းဘုရင့် နောင် ကဲ့သို့သော စကြာဝ တေးမင်းအဖို့ ဆင် ဖြူရတနာသည် မရှိမဖြစ် လိုအပ်သောရတနာတစ်ပါးဖြစ်ကြောင်း ဖော်ပြခဲ့သည်ပို၍ စိတ်ဝင် စားဖွယ်ကောင်းသည့်အချက် မှာယိုးဒယားရာဇဝင် များက ပင် ခရစ်နစ်၁၅၆၃ ခုနစ်တွင် စစ်ဖြစ်ပွားပြီးအယုဒ္ဓယ အ ရေးနိမ့်ရသည့် အ ကြောင်းအရာ မှာ အယုဒ္ဓယ မင်းအ နေဖြင့် ဘုရင့်နောင် က ဆင်ဖြူနစ်စီးတောင်းခံရသည်ကိုငြင်းပယ်လိုက်၍ ဖြစ် ရ ကြောင်းဖော်ပြခဲ့ ခြင်းဖြစ်သည် ထို့ အပြင် အယုဒ္ဓယ ဘုရင် နင့် ဘုရင့် နောင် တို့ ယှဉ်ပြိုင် တိုက်ခိုက်သောစစ်ပွဲသည် စစ်ရေးအရပြိုင် ဆိုင် မှု သာမကဘဲ ထေရဝါဒဗုဒ္ဓ ဘာသာဝင် ဘုရင် များ၏ နိင် ငံရေးနင့် ဘာသာရေးအရ ယှဉ်ပြိုင် ပွဲ ဖြစ်သည်ဟုလည်း ဆိုခဲံ့ ကြသည် ဘုရင့် နောင် က အနိင် ရခြင်းမှာ ယိုး ဒယားဘုရင် ချက္ကရီဖတ်ထက် ပို ၍ ဘုန်းကြီးသောကြောင့်ဖြစိသည်ဟူ၍လည်း ဘန် ကောက်သမိုင်းဆရာများက စိတ်ဝင် စားဖွယ် ဖော်ပြခဲ့ ကြသည် ဘုရင် ချင်းတူသော်လည်းဘုန်းတန်ခိုးခြင်း မယှဉ်နိင် ဟု ဆိုလိုပါသည်ယိုးဒယားပြည်သူတို့ ကလည်း ဘုရင့် နောင် အားအစွမ်းထက်သည့် စစ်သားကောင်းတစ်ဦးအဖြစ် လည်းကောင်း အမျိုးသမီးများ လော ကတွင် မျက်နာပွင့် သူတစ် ဦးအဖြစ် လည်းကောင်းသိရှိခဲ့ကြသည် ထိုကဲ့သို့ သိရှိလာအောင် လည်း ယိုးဒယားစာရေးဆရာယာကွဗ်က သူ၏ က လောင် အစွမ်းဖြင့် အရပ်ဆယ်မျက်နာ အောင် ပွဲခံသူ အမည် ရှိဝတ္ထု တွင် ရေးသားဖော်ပြ ခဲ့သော ကြောင့်ဖြစ်သည် #Ref: မြန်မာယိုးဒယားသမိုင်း
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

နာမည်ကောင်းနဲ့လူ (Private Diary)

ီ"နာမည်ကောင်းက ရွှေကောင်းထက် တန်ဖိုးပိုရှိပါသတဲ့"။ အဲဒီအဆိုကို ကျွန်တော်တို့ မငြင်းဆန်ဝံ့ကြပါဘူး။ နာမည်ကောင်းဆိုတာ ကျွန်တော်တို့ဘ၀မှာ ဂုဏ်သိက္ခာတစ်ခုပါပဲ။ နာမည်ဆိုးဆိုတာဟာလည်း နှာခေါင်းရှုံ့စရာ၊ အထင်သေးစရာတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ဘ၀တစ်လျှောက်မှာ နာမည်ကောင်း၊ နာမည်ဆိုးဆိုတာ ကျွန်တော်တို့ရဲ့ အကောင်းအဆိုးလုပ်ရပ်တွေနဲ့ အများကြီးဆိုင်ခဲ့တာပါ။ပြီးခဲ့တဲ့လက မန္တလေးလူရွှင်တော်ကြီး"သပြေဦးဂျာအေး"နဲ့ စာအကြောင်းပေအကြောင်းစကားတွေပြောဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို "အသံမထွက်သောဖြောင့်ချက်" ဆိုတဲ့ကဗျာတစ်ပုဒ် လက်ဆောင်ပေးခဲ့တယ်။ ထိထိမိမိရေးဖွဲ့ထားတဲ့ သူ့ကဗျာသူ့စာသားတွေက ကျွန်တော်တို့အတွက် အတွေးတွေအများကြီးရစေခဲ့တယ်။ စစ်မှန်တဲ့ဖြောင့်ချက်တွေနဲ့နေနိုင်အောင် သူကလမ်းညွှန်ပေးခဲ့တယ်။"ကျွန်တော်၊ ကျွန်မတို့ ....ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးပါလို့တစ်ကမ္ဘာလုံးကသိအောင် ပြောရဲတယ်။ဒီးဒုတ်ဦးဘချိုရဲ့မျိုးနွယ်ပါလို့အဟုတ်တကယ်မှန်စွာပြောရဲတယ်။မိုင်းပွန်စော်ဘွားမျိုးဆက်ပါလို့ဗျိုးဟစ်အော်ပြီးတော့ ပြောရဲတယ်။ဦးရာဇာတ်ရဲ့မြေးအနှစ်ပါလို့မထစ်မငေါ့ဘဲ ပြောရဲတယ်"သူ့ကဗျာရဲ့ ပထမအပိုက်မှာတင်ကျွန်တော်ကြက်သီးထသွားခဲ့တယ်။ ကျွန်တော်တို့လူသားတွေမှာ အစဉ်အလာဆိုတာလည်းရှိတယ်။ အစဉ်အဆက်ဆိုတာလည်းရှိနေတယ်။ ရှေ့ကကောင်းခဲ့တဲ့လူကြီးတွေရဲ့ အစဉ်အလာကောင်း ဂုဏ်သိက္ခာကောင်းတွေကို ထိန်းသိမ်းဖို့ ပိုပြီးကောင်းအောင်လုပ်ဖို့ဆိုတာလည်း ရှိနေခဲ့တယ်။ နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေဆိုတာရှိခဲ့ကြတယ်။ အဲဒီအတွက် ဆရာဦးဂျာအေးက အသံမထွက်တဲ့ဖြောင့်ချက်တွေဆီကိုသူ့ကဗျာနဲ့စပ်ပြီး ခေါ်ဆောင်သွားခဲ့တယ်။"ကျွန်တော်... ကျွန်မတို့ ...သခင်မြရဲ့သွေးအစစ်ပါလို့မှတ်ကျောက်အတင်ခံပြောရဲတယ်။ဦးဘ၀င်းရဲ့ သားမြေးပါလို့နွေးနွေးထွေးထွေး ပြောရဲတယ်။မန်းဘခိုင်ရဲ့သွေးသားပါလို့ရိုးသားစွာပြောရဲတယ်။ဦးအုန်းမောင်၊ ရဲဘော်ထွေးတို့ရဲ့ နှလုံးသွေးပါလို့သဝေမထိုးဘဲပြောရဲတယ်။ ကျွန်တော်၊ ကျွန်မတို့ဟာ(.............)ရဲ့ သားသမီးပါလို့လူသိရှင်ကြားပြောရဲသလား" တဲ့။ဆရာဦးဂျာအေးရဲ့အဆုံးသတ်စာပိုဒ်လေးက ရင်ထဲကိုနင့်ခနဲရောက်သွားခဲ့တယ်။ မသိစိတ်တွေက မြန်မာပြည်ထဲကိုထိုးဖောက်ရှာဖွေသွားခဲ့တယ်။ ခေါင်းတဆတ်ဆတ်ညိတ်ရင်း လေးစားပါတယ်ဆရာရယ်။ တကယ်ကောင်းတဲ့ကဗျာလေးပါပဲလို့ ဆရာဦးဂျာအေးကိုဝမ်းမြောက်စကားဆိုခဲ့ပြီး အသံမထွက်တဲ့ ဖြောင့်ချက်တွေနဲ့ ကျွန်တော်ပြန်လာခဲ့တယ်။ သင်ခန်းစာတွေက ကျွန်တော့်နောက်မှာ တစ်သီတစ်တန်းကြီးကပ်ပါလာခဲ့တယ်။ငါဟာ နာမည်ကောင်းတွေနဲ့လူပါလို့ ပြောရဲလောက်အောင်လည်း ပြောနိုင်လောက်တဲ့အလုပ်တွေလုပ်ခဲ့မှ ဖြစ်မှာမဟုတ်လား။ နာမည်ကောင်းပိုင်ရှင်တွေရဲ့ အစဉ်အဆက် မျိုးဆက်သစ်တွေဆိုတာကလည်း အစဉ်အလာကိုထိန်းသောအားဖြင့် မတိုးတက်ခဲ့ရင်နေပါစေ။ နာမည်ဆိုးနဲ့ မကျော်ကြားအောင်တော့ နေရမှာမဟုတ်လား။အစဉ်အလာအစဉ်အဆက်ရှိခဲ့တဲ့ လူသားတွေအတွက်နာမည်ကောင်းဆိုတာ အသက်တမျှပါပဲ။ဟုတ်ပါပြီ။ ဒါဆိုရင် နာမည်ဆိုး၊ ဂုဏ်သိက္ခာဆိုးတွေနဲ့ ကျော်ကြားသူတွေမှာရော ဖြောင့်ချက်ကောင်းတွေ ရှိနေနိုင်သလားပေါ့။ အတ္တကြီးစိုး၊ စည်းစိမ်အာဏာကြီးစိုးမှုတွေအောက်မှာ ဖြောင့်ချက်ကောင်းတွေ သေဆုံးနေမှာပါပဲ။ အဲဒီအတွက် သူတို့ဖန်တီးတဲ့သမိုင်းကပဲ သူတို့ကို အဆုံးအဖြတ်ပေးသွားမှာပါ။အဲဒါတွေနဲ့ဆက်စပ်ပြီးတော့ (သဂါ ထာဝဂ္ဂ-သံယုတ်ပါဠိ) မှာ ကျွန်တော်တို့ရဲ့မြတ်ဗုဒ္ဓက နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေနဲ့ ဆက်စပ်ပြီး ဟောကြားထားတဲ့ သတိပြုစရာကောင်းတဲ့ "အဆုံးအမလေး" တစ်ခုရှိပါတယ်။"သတ္တ၀ါတို့၏ရုပ်ခန္ဓာသည်သာ နှစ်ပေါင်းရာထောင်ကြာလျှင် ဆွေးမြည့်ပျက်စီးရာ၏။ ထိုရုပ်ခန္ဓာ၌မှီသော သတင်းဂုဏ်ရည်အမျိုးအနွယ်၊ ဘွဲ့အမည်သည်ကား ကမ္ဘာကုန်ခန်း ကာလကျွမ်းသော်လည်း ဥဒါန်းမော်ကွန်းတင်ရှိ၍ ဆွေးမြည့်ပျက်စီးခြင်းမရှိရာတဲ့"။မြတ်ဗုဒ္ဓရဲ့ အဆုံးအမလေးက ရှင်းပြီးသားပါ။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကသာ နှစ်ကာလတွေကြာသွားရင် ဆွေးမြည့်ပျက်စီးသွားနိုင်တယ်။ ကျွန်တော်တို့လုပ်ထားတဲ့ကောင်းဂုဏ်၊ ဆိုးဂုဏ်တွေ နာမည်ကောင်း၊ နာမည်ဆိုးတွေက ကမ္ဘာတည်သရွေ့ထင်ကျန်နေမှာပါ။ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့မမီခဲ့ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေကို ကျွန်တော်တို့ သိခွင့်၊ မြင်ခွင့်၊ ကြားခွင့်ရနေတုန်းပါပဲ။ လူသေပေမယ့် နာမည်မသေဘူးဆိုတာပါပဲ။ ဟစ်တလာကိုလည်း မမီခဲ့ပါဘူး။ ဒါပေမဲ့ ဟစ်တလာဆိုရင် လူသတ်သမားကြီးပဲလို့ ပြေးမြင်နေကြခြင်းဟာ သူ့ရဲ့လုပ်ရပ်ဆိုးတွေကြောင့်ပါပဲ။ဒါဆိုရင် ကျွန်တော်တို့ဘ၀အတွက် နာမည်ကောင်းတွေ၊ဂုဏ်သိက္ခာကောင်းတွေရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဖြောင့်ချက်ကောင်းတွေ လိုအပ်ပါလိမ့်မယ်။အဲဒီအတွက် အပြစ်ကင်းတဲ့အလုပ်တွေလုပ်ဖို့လိုအပ်ပါလိမ့်မယ်။အာဏာကို အလွဲသုံးစားမလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တိုင်းပြည်ကို စစ်မှန်တဲ့အချစ်နဲ့ ချစ်တတ်ဖို့လိုပါလိမ့်မယ်။ တစ်ချိန်မှာ ကျွန်တော်တို့ရဲ့အကောင်းအဆိုးတွေ ချီးမွမ်းဝေဖန်ကြမယ့် အနာဂတ်လူတန်းစားတစ်ရပ်ရှိနေမယ်ဆိုတဲ့အထိတွေးပြီး နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းပိုင်ရှင်များဖြစ်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုမိပါတော့တယ်။
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

ကိုယ်တိုင်ကျင့်ကြံပြီးမှ လက်ခံပါ (သို့မဟုတ်)ကာလာမသုတ်အနှစ်ချုပ်" (Private Diary)

The Express Timesကိုယ်တိုင်ကျင့်ကြံပြီးမှ လက်ခံပါ (သို့မဟုတ်)ကာလာမသုတ်အနှစ်ချုပ်"===============================================တဘက်သတ် မျက်စိမှိတ်ယုံကြည်ရခြင်း မရှိသည့် ဘာသာကို လက်ညှိုးထိုးပြပါဆိုပါလျှင် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်တော့သည်။ မြတ်ဗုဒ္ဓဟောကြားသော တရားများဖြစ်သည်ဟုအခြားသူများက ပြောယုံမျှဖြင့် မယုံကြည်ကြနှင့်ဦးဟူ၍ပြောကြားခဲ့ရာတွင် စကားကြီးဆယ်ခွန်းကိုလည်း (ကာလာမ) အမျိုးသားတို့အား မှားကြားခဲ့ပါသည်။ အို…ကာလာမတို့.....။၁။ တဆင့်စကား( Mere Hear Say) ကြားရုံမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အမှန်မယူကြနှင့်။၂။ ဘိုးဘေးစဉ်လာဆင်းသက်လာသော မိရိုးဖလာ အယူဝါဒ (Mere Tradition) ဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။၃။ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလ (Mere Rumor) ဖြင့်လည်း အမှန်မယူကြနှင့်။၎။ မိမိတို့သင်ထားသောစာများနှင့် ညီညွတ်ယုံမျှဖြင့် (Mere Accord with your scriptures) လည်း အမှန်မယူကြနှင့်။၅။ မိမိကြံစည်ထားသော အကြံဖြစ်၍ ဟုတ်လှပြီဟူ၍(Mere Supposition) လည်း အမှန်မယူကြနှင့်။၆။သူတစ်ပါးတို့လုပ်နည်းကိုင်နည်းကို သဘောကျ၍(Mere Inference) လည်း အမှန်မယူကြနှင့်။၇။ အထောက်အထားရှိသည်ဆို၍( Mere consideringthe reasons) လည်း အမှန်မယူကြနှင့်။၈။ အယူဝါဒခြင်းတူရုံမျှနှင့်(Agree with your preconceived notions) လည်း အမှန်မယူကြနှင့်။၉ ။ မိမိတို့ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်(Seems acceptable, Thespeaker seems to be a good person his word should be accepted) လည်း အမှန်မယူကြနှင့်။၁၀။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်(Thinking that the teacher is respected by us therefore , it is right to accept his word) လည်း အမှန်မယူကြနှင့်။ဤတရားတို့သည် အပြစ်ရှိသောတရားတို့တည်း။ ဤတရားတို့ကား(အကုသိုလ်) တရားတို့တည်း။ ဤတရားကို လက်ခံကျင့်သုံးခဲ့သော် အကျိုးမဲ့၍ ဆင်းရဲဒုက္ခရောက်မည်ကို သင်တို့ကိုယ်တိုင် သိရှိသည်ရှိသော်ထိုတရားကို ပယ်ရှားကြ။ဤတရားတို့သည် တက်မက်ခြင်း၊အမျက်ထွက်ခြင်း၊ တွေဝေမှုဖြစ်စေခြင်းကြောင့်မိမိစိတ်ညစ်ညူးမှု (ကိလေသာ) ကို မိမိမနိုင်သဖြင့် သူတစ်ပါးကို လိုက်ခံရန်လုပ်မှုဖြစ် နေလျှင် သူတစ်ပါးတို့အား သတ်ချင် ဖြတ်ချင် ဖျက်စီးချင်နေလျှင် တရားမည်ပါမည်လော၊ တရားကင်းမဲ့မှုချည်းသာဖြစ်စေသည့်(လောဘ ဒေါသ မောဟ) အကုသိုလ်တရားများ အပြစ်ဖြစ်စေသည့်တရားများကို လက်မခံကြနှင့်ဟု စကားကြီးဆယ်ခွန်းကို (တိကဂုင်္တ္တရပါဠိတော်) ကာလမသုတ်တွင် ထင်ထင်ရှားရှားပြတ်ပြတ်သားသား ဟောကြားတော်မူခဲ့ပါသည်။မိမိ၏ ဘဝ လွတ်မြောက်ရေးအတွက် သစ္စာဟူသော အမှန်တရား(ကုသိုလ်) ဖြစ်စေသောတရားတို့ကို မိမိတို့ကိုယ်တိုင် ရှာဖွေရယူကြ၊ လွတ်လပ်စွာတွေးခေါ်ကြဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဤတရားတို့သည် မှန်ကန်သော၊ သူတော်ကောင်းတို့ မကဲ့ရဲ့ချီးမွမ်းထိုက်သော၊ ပညာရှိတို့လေးစားထိုက်သော၊ ဤတရားတို့ကိုကျင့်သုံးပါက ကောင်းကျိုးချမ်းသာများဖြစ်စေမည်ဆိုပါလျှင် ထိုတရားတို့ကို လက်ခံကျင့်သုံးရမည်ဟု ဟောတော်မူခဲ့ပါတယ်။အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

ထိပ်ပြောင်ခြင်း၊ ကြက်သွန်နီနှင့်သူ၏အစွမ်းများ (Private Diary)

The Express Timesထိပ်ပြောင်ခြင်း၊ ကြက်သွန်နီနှင့်သူ၏အစွမ်းများကျမ ၁၄-၁၅ နှစ်အရွယ်။ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက် ၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ပြည်တည်နာကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲသင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကိုဆံပင်ညှပ်ပါတယ်)။ သူ့ခေါင်းတစ်ခုလုံးပြည်တည်နာတွေနဲ့ပြည့်နေလို့ရန်ကုန်ဆေးရုံကြီးအရေပြားဌာနကိုသွားပြတော့ ဦးခေါင်းအရည်ခွံခွါရမယ်လို့ပြောလိုက်တယ်လို့သိရ ပါတယ်။ တကယ်ပြောတာလား၊စလိုက်တာလားတော့မသိပါဘူး။ သူလည်းကြောက်လန့်ပြီး ဆေးရုံ မသွားတော့ပဲသူတို့မိသားစုကုနေကျမြန်မာဆေးဆရာနဲ့ပြပါတယ်။ အဲ့ဒီဆေးဆရာရဲ့နံမည်တော့ မမှတ်မိ တော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ညာဘက်လက်သန်းရဲ့လက်သဲကရှည်နေတာမို့ကျမတို့က ဆရာလက်သဲလို့ အမည်ဝှက်ပေးထားပါတယ်။ (ဆရာဇီဝက အကြောင်းတွေဖတ်ရတော့မှ လက်သဲအရှည် ထားခြင်း ရဲ့ အဓိပ္ပါယ်ကိုသဘောပေါက်လာပါတယ်)။မြန်မာဆေးဆရာဆိုပေမဲ့အနောက်တိုင်းဆေးဖိုးထက်ပိုဈေးကြီးပါတယ်။(ရွှေဈေးနှစ်ထောင် ကျပ်၊ဆေးထိုးခ ၅ ကျပ်ခေတ်မှာ) ဆေးဖေါ်ဖို့ ကျပ် ၅၀၀ ပေးရ ပါတယ် ။ သူက ဆေးအတွက်ကိုယ်တိုင်တောထဲသွားပြီး ဆေးမြစ်တွေရှာပြီးမှ ကိုယ်တိုင်ဆေးဖေါ်တယ်လို့သိရပါတယ်။ အတိုချုံပြောရရင်သူ့ဆေးနဲ့ မောင်ဝမ်း ကွဲရဲ့ခေါင်းပေါ်က အနာစက်တွေ အားလုံးပျောက်သွားပါတယ်။ ဒါပေမဲ့အနာတွေရဲ့နေရာမှာ အနာရွတ်တွေ ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင် တစ်ပင်မှမရှိပဲပြောင်လက်နေပါတယ်။ အဲ့ဒါနဲသူ့ကိုပြောပြတော့ ကြက်သွန်နီ ကို ထက်ခြမ်းခြမ်းပြီး ခေါင်းကိုပွတ်ခိုင်းပါတယ်။ အံသြလောက်အောင် မကြာခင်မှာ ဆံပင်တွေ ပေါက် လာ တာ သူ့အရင်က ဆံပင်ထက်ပိုများတာကိုတွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကိုယခုတိုင်မှတ်မိနေပါတယ်။ ဒါကြောင့် ထိပ်ပြောင်၊နောက်ပြောင်သူ၊ဆံပင်နည်းသူ၊ပါးသူတွေတွေ့ရင် အရမ်းပြောပြချင်ပါတယ်။ ဒါပေမဲ့ကျမမောင်ဝမ်းကွဲရဲ့အနာရောဂါအခြေအနေကြောင့်လား။ သူများအခြေအနေနဲ့မတူမှာ စိုးပြီး မပြောဖြစ်ခဲ့ ပါဘူး။ အခု ကြက်သွန်နီအကြောင်းရှာဖတ်တော့ လက်တွေ့စမ်းသပ်မှုတစ်ခုအရ ကြက်သွန်နီအရည်နဲ့ဦးရည်ကို တစ်ပတ်နှစ်ကြိမ်ပွတ်ပေးရာ နှစ်လတွင် ဆံပင်များပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။ကြက်သွန်နီရဲ့အခြားသောကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိများကိုလည်းဖေါ်ပြလိုက်ပါတယ်။ကြက်သွန်နီရဲ့ကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိတွေဟာအလွန်များလှပါတယ်။ သူ့မှာအစွမ်းထက်တဲ့ ပိုးသတ်တဲ့ဂုဏ်သတ္တိ (anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့်ရှင်းစေတဲ့သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ဘုရင်လို့ခေါ်ပါတယ်။ကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့ဟာနီးစပ်တဲ့မျိုးများဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ အရောင်ဟာ အဖြူ၊အနီ၊အ၀ါ၊နဲ့အစိမ်းရယ်လို့ အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်တွေကွဲပြားသလို၊အရွယ်အစားနဲ့အရသာလည်း အမျိုးမျိုးကွဲပြားပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ ဆာဖါ (organic sulpha) များကြောင့် ၎င်းတို့ကိုလှီးရင်မျက်စိစပ်စေပါတယ်။ အမျိုးအစား၊လတ်ဆပ်မှု၊ရင့်မှည့်မှုအခြေအနေ (maturity) ပေါ်မူတည်ပြီး၎င်းတို့ တွင်ပါဝင်သော အာဟာရ ဓါတ်အနည်းအများကွဲပြားပါတယ်။ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid, calcium, phosphorus, magnesium, chromium, iron နှင့် fiber တွေများစွာပါဝင်ပါတယ်။ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကိုရောဂါအမျိုးမျိုးကုသရာတွင်အသုံးပြုခဲ့တဲ့ မှတ်တမ်းများရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကဒါဏ်ရာရသော စစ်သားများရဲ့အနာ သက်သာ ရန်နှင့်အနာကျက်ရန်အတွက် ကြက်သွန်နီအနှစ်(onion paste) ကိုအသုံးပြုခဲ့ကြပါတယ်။ကြက်သွန်နီအသုံးပြုနိုင်သောရောဂါများ။၁။ သွေးအားနည်းခြင်း (Anemia)- ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acidတို့ကြောင့် သွေးအားနည်းခြင်းရောဂါကိုသက်သာစေပါတယ်။၂။ အဆီကျခြင်း (Anti-cholesterol) တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီပိတ်နှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။၃။ အရောင်သက်သာခြင်းသတ္တိ (anti-inflammmatory effect) ကြောင့် အဆစ်အမြစ် ရောင် ရောဂါ (arthritis) နဲ့ ဂေါက်ရောဂါ (gout) များတွင်အသုံးပြုနိုင်ပါတယ်။၎။ ပိုးသတ်ခြင်း (anti-bacterial) ကြက်သွန်နီဟာ ရောဂါဖြစ်စေသောပိုးများ၊အထူးသဖြင့် ဆီးလမ်း ကြောင်းမှာ ရောဂါဖြစ်စေသော (E.coli) ပိုး၊ ၀မ်းလျော်၊စမ်းကိုက်ရောဂါပိုး (Salmonella) နဲ့ တီဘီပိုး (TB) တို့ကိုသတ်နိုင်စွမ်းရှိပါတယ်။၅။ သွေးတိုးရောဂါ (Hypertension) ကြက်သွန်နီအစိမ်း(၀ါ) အကျက်စားခြင်းဖြင့်သွေးတိုး ကျစေပါတယ်။ သွေးကြဲစေပါတယ်။သွေးကြောထဲမှသွေးခဲမှုများကိုလည်းအရည်ပျော်စေပါတယ်။၆။ အူမကြီးကင်ဆာ (Cancer of colon) ကြက်သွန်နီသည် အူမကြီးရှိ ကျန်းမာရေး အထောက် အကူပြုပိုးမွှားများအားတိုးပွါးစေခြင်းဖြင့် အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။၇။ ၀မ်းချုပ်ခြင်း။ဟင်းများတွင် ကြက်သွန်နီများစွာထည့်ချက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းနှင့် လေလည်ခြင်း ကိုသက်သာစေပါတယ်။၈။ ဆီချိုရောဂါ ( Diabetes) ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ် ထုတ်လုပ်မှုကောင်းစေခြင်းဖြင့် ဆီချိုရောဂါ ကိုသက်သာစေပါတယ်။၉။ နားအူခြင်း၊နားတွင်းအသံမြည်နေခြင်း။ ကြက်သွန်နီရည်ဆွပ်ထားသော ၀ါဂွမ်းကိုနားတွင်ထည့်ခြင်းဖြင့် နားအူခြင်း၊နားတွင်းအသံမြည်နေခြင်းတို့ ကိုသက်သာစေပါတယ်။၁၀။ ဆံပင်ပေါက်ခြင်း။ ကြက်သွန်နီအရည်(၀ါ) ကြက်သွန်နီဖြင့်ဦးရည်ကို တစ်ပတ်နှစ်ကြိမ်ပွတ်ပေးပါက နှစ်လတွင် ဆံပင်ပေါက်စေတယ်လို့ဆိုပါတယ်။၁၁။ အရိုးပါးရောဂါ (osteoporosis) ကြက်သွန်နီသည် အရိုးပါးရောဂါကိုလည်း သက်သာ စေပါတယ်။၁၂။ အအေးမိခြင်း၊ချွဲကပ်ခြင်း။ ကြက်သွန်နီသည်ခုခံအားကိုလည်းကောင်းမွန်စေပါတယ်။ကြက်သွန်နီရည်နှင့်ပျားရည်ဆတူရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများအရည်ပျော်စေပြီး အအေးမိချောင်းဆိုးခြင်း ကိုပျောက်ကင်းစေပါတယ်။၁၃။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည်အထိပြုပ်ပြီးနောက် ၎င်းပြုပ်ရည်သောက်ပေး ပါက ဆီပူခြင်းကိုပျောက်ကင်းစေပါတယ်။၁၄။ ကာမအားသန်စွမ်းခြင်း။ ကြက်သွန်နီအဖြူမျိုးသည်အခြားမျိုးများထက် ကာမအား သန်စွမ်း ခြင်း သတ္တိပိုကောင်းပါတယ်။သတိထားရန်အချက်များ။ကြက်သွန်နီကိုလေသလပ်သည့် အခန်းအပူချိန်၊နေရောင်တိုက်ရိုက်မရသောနေရာတွင် သိမ်းဆည်း နိုင် ပါတယ်။ အာလူးများနဲ့အတူတူထားပါကအာလူးမှအဆိုဓါတ်နဲ့ ethylene ဓါတ်ကြောင့်ကြက်သွန်နီများ ပုပ်လွယ်ပါတယ်။ လှီးထားသောကြက်သွန်နီများအားလေလုံသောနေရာတွင် ၁-၂ ရက်ခန့်သိမ်ထား နိုင် ပါတယ်။ ကြက်သွန်နီလှီးစဉ်မျက်စီမစပ်အောင်ကြက်သွန်နီများကိုမလှီးခင်တစ်နာရီအအေးခံထားခြင်း(၀ါ) ရေတွင် စိမ်ပြီးအခွံနွှာခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။Credit- မြတ်ပန်းရဂ
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

ရောဂါအမည် မှားယွင်းတပ်ကြသောအခါ (Private Diary)

The Express Timesရောဂါအမည် မှားယွင်းတပ်ကြသောအခါ============================မြန်မာနိုင်ငံတွင် ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျပြုစုထားခြင်းမရှိသော်လည်း ရောဂါအမည် မှားယွင်းစွာဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နေ့စဉ်ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေသည်။သင်၏မိသားစုဝင်တစ်ဦး (သို့မဟုတ်) နီးစပ်ရာပတ်ဝန်းကျင်မှ အသိအကျွမ်းတစ်ဦးတွင် ရောဂါလက္ခဏာတစ်ခုခံစားရသောကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသည့်အခါ ကျွမ်းကျင်သည့်ဆေးပညာရှင်က ရောဂါအမည်မှားယွင်းစွာဆုံးဖြတ်မှုကို ကြုံဖူးပါသလား။"ဖျားလို့ဆိုပြီး ဆေးခန်းသွားပြတာ။ ငှက်ဖျားဆိုပြီးကုတာ တစ်လကျော်ကြာတယ်။ ငှက်ဖျားဆေးတွေသောက်လိုက်ရတာ ဆံပင်တွေတောင်ကျွတ်ကုန်တယ်။ နောက်ကျမှသိတာ အဆုတ်အအေးပတ်ပြီး ဖျားတာတဲ့"ဟု မြန်မာနိုင်ငံမှနာမည်ကြီးဓာတ်ပုံဆရာတစ်ဦးက ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သူ၏အဖြစ်အပျက်ကို ပြောပြပါသည်။ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျပြုစုထားခြင်းမရှိသည့် ယင်းကဲ့သို့ ရောဂါအမည်မှားယွင်းစွာ ဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် မစိမ်းသော ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေသည်။သာမန်ဆရာဝန်တစ်ဦးဖြစ်ရန် အချိန်ခြောက်နှစ်၊ ခုနစ်နှစ်ရင်းနှီးမြှုပ်နှံရပြီး အထူးကုအဖြစ် ရပ်တည်မည်ဆိုပါကအနည်းဆုံး ဆယ်နှစ်ကျော် လေ့လာဆည်းပူးခဲ့သည့် ဆေးပညာများက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံချက်ပေးနိုင်သည်ဆိုသည့်အချက်က ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။သို့သော် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုပြဿနာများတွင် ရောဂါအမည်မှားယွင်းစွာ ဆုံးဖြတ်မှုများရှိနေပြီး လူနာရှင်များက ဆေးပညာရှင်ဆရာဝန်များအပေါ်ယုံကြည်မှုလျော့နည်းလာသည်။ဆရာဝန်နှင့်လူနာအချိုးအစားမမျှတမှုကြောင့် အချိန်ပေးမကြည့်ရှုနိုင်ခြင်း၊ရောဂါအဖြေတစ်ခုအတွက် ကျွမ်းကျင်သည့်နယ်ပယ်မှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်း၊ရောဂါရှာဖွေရေးအတွက် လုံလောက်သော ခေတ်မီဓာတ်ခွဲခန်း စက်ကိရိယာမပြည့်စုံခြင်းက ပြည်တွင်းတွင်မလိုအပ်သော လူထုကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေပြီး ငွေကြေးတတ်နိုင်သူများက ကျန်းမာရေးဝန်ဆောင်မှုအတွက် အိမ်နီးချင်းပြည်ပနိုင်ငံများကို ပိုမိုအားထားလာကြရသည်။"ရောဂါရှာဖွေရေးတွေ ဘာကြောင့်လွဲကုန်တာလဲလို့ပြောရင် နံပါတ်တစ်ကတော့ လူနာနဲ့ ဆရာဝန် စမ်းသပ်စစ်ဆေးရတဲ့ အချိန်မလုံလောက်တဲ့အတွက် ရောဂါရာဇ၀င်ကိုသေချာမေးမြန်းပြီး အဖြေထုတ်ရတဲ့အခါမှာ လွဲမှားမှုတွေရှိလာခြင်းဖြစ်ပါတယ်"ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်(ငြိမ်း) ဒေါက်တာကျော်ကျော်ကပြောကြားသည်။"ပြီးခဲ့တဲ့သုံးနှစ်ကျော်လောက်ကထင်တယ်။ ကျွန်တော့်လိင်အင်္ဂါက ဝှေးစေ့နေရာက အရမ်းကြီးပြီး ထူအမ်းအမ်းဖြစ်လာတော့ ဆေးခန်းသွားပြတော့ ခွဲရမယ်ပြောရော။ခွဲရမှာလည်း ကြောက်တယ်။ အဲဒီအချိန်မှာပဲအစ်မက ဘန်ကောက်သွားတော့ သူနဲ့လိုက်သွားရင်း တစ်ခါတည်း ဆေးဝင်စစ်ပြီးပြလိုက်တာ။ အသားတီဘီဖြစ်ပြီး ကြီးနေတာတဲ့။ ပုံမှန်ဆေးသောက်လိုက်တာ ပျောက်သွားတယ်"ဟု အသက် ၄၆ နှစ်အရွယ်ရှိ ဦးမောင်အေးက ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ပြောပြသည်။ရောဂါတစ်ခုကို အမျိုးအမည်တပ်သောအခါ ဆေးပညာရှင်များအနေဖြင့် ဓာတ်ခွဲခန်းအဖြေကို အဓိကအားကိုးအားထားပြုကြရသည်။ သို့သော် ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲခန်းပစ္စည်းများ၏ အရည်အသွေး စံချိန်စံညွှန်းကို စစ်ဆေးသော အဖွဲ့အစည်းများ မြန်မာနိုင်ငံ၌ မရှိသေးပါ။ မြန်မာဆေးပညာရှင် ဆရာဝန်များကလည်းအဆိုပါအရည်အသွေးသတ်မှတ်ချက်အပြည့်အစုံ မရှိသော ဓာတ်ခွဲခန်းအဖြေများကို သိရှိနားလည်သောပညာရပ်နှင့် ပေါင်းစပ်၍ ရောဂါအဖြေကို ပေးနေရသည်။"အစိုးရက ဆေးပစ္စည်းပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အားနည်းတဲ့အတွက်စက်ပစ္စည်းတွေက ရောဂါရှာဖွေရေးမှာ ထိရောက်အောင် မလုပ်ပေးနိုင်ဘူး။ မှားယွင်းတဲ့ ဆုံးဖြတ်မှုတွေရှိလာတယ်။ ဓာတ်ခွဲခန်းကျွမ်းကျင်သင်တန်းတွေမှာ မိုက်ခရိုစကုပ်တစ်ခုကို လူလေးယောက်လောက်ဝိုင်းကြည့်နေရတော့ သေချာလေ့လာမှုတွေလည်းမရှိတော့ဘူး"ဟု ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ်၏လေ့လာချက်တစ်ခုအရ ဆေးပညာရှင်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ လူနာနှင့်ဆရာဝန်ဆက်ဆံရေး၊ မပြည့်စုံသော စစ်ဆေးမှုများက ရောဂါအမည်မှားယွင်းခြင်းအတွက် ၆၅ ရာခိုင်နှုန်းအထိရှိနေသည်ဟု ဖော်ပြထားသည်။ အမေရိကန်နိုင်ငံရှိ အထူးကြပ်မတ်ကုသဆောင်များ၌ပင် ရောဂါအမည်မှားယွင်းမှုများကြောင့် တစ်နှစ်လျှင် လူဦးရေလေးသောင်းကျော် သေဆုံးလျက်ရှိသည်။"သေချာစွာ မစစ်ဆေးတဲ့ ဆရာဝန်သုံးယောက်ကိုပြခဲ့မယ်ဆိုရင် ရောဂါသုံးမျိုးဖြစ်နေပြီး ကုသမှုပုံစံသုံးမျိုးဖြစ်နေမယ်"ဟု အဆိုပါ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ လေ့လာတွေ့ရှိချက်စာတမ်းတွင် ရေးသားထားသည်။"ဒီပြဿနာတွေကို ဖြေရှင်းဖို့ စနစ်ရော၊ ပစ္စည်းရော ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ လူနာနဲ့ ဆရာဝန် စမ်းသပ်စစ်ဆေးဖို့ လိုလာမယ်။ အစိုးရရော ပုဂ္ဂလိကပိုင်းရော နည်းပညာပိုမြင့်တဲ့စက်တွေ ဖြည့်ဆည်းပြီးအသုံးပြုလာရင် ဒီပြဿနာတွေ လျော့နည်းလာမယ်"ဟု ဒေါက်တာကျော်ကျော်ကအကြံပြုသည်။ပြည်သူလူထုက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံချိန်စံညွှန်းအသိပညာများ ပိုမိုလာခြင်းကလည်း မြန်မာနိုင်ငံတွင် ဆေးပညာရှင်များ၏ဆုံးဖြတ်ချက်များနှင့် ရောဂါရှာဖွေရေးနည်းစနစ်ပိုင်းတွင် လိုအပ်ချက်များရှိနေသည်ကို ထင်ရှားပေါ်လွင်လာစေသည်။လွန်ခဲ့သောဆယ်စုနှစ်ကာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်ဆေးကုသသူ မြန်မာများ မရှိသလောက် ရှားပါးခဲ့သော်လည်း ယနေ့အချိန်တွင် တစ်နှစ်လျှင် လူဦးရေထောင်ဂဏန်းကျော်က ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုမျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆေးရုံများသို့ သွားရောက်နေကြသည်။ထိုင်းနိုင်ငံအတွင်းရှိ ဆေးရုံများသို့ သွားရောက်ဆေးကုသမှု မြင့်တက်လာသည့်နည်းတူအခြားအိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများသို့လည်း သွားရောက်ဆေးကုသသည့်ဦးရေ များပြားလာကြောင်း ပြည်တွင်းရှိ နိုင်ငံတကာဆေးရုံများနှင့် ရုံးခွဲများမှ သိရသည်။ထိုသို့ဆေးကုသမှုများပြားလာမှုတွင် ပြည်တွင်း၌ ဆရာဝန်နှင့် လူနာကြား နားလည်မှုလွဲမှားသည့်ပြဿနာများအပြီး ရုံးခွဲမှ နှစ်နှစ်ကျော်အတွင်း သွားရောက်မှု ပိုမိုများပြားလာကြောင်း ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခု၏ မြန်မာပြည်ဆိုင်ရာရုံးခွဲမှ အတိုင်ပင်ခံဆရာဝန်တစ်ဦးကပြောသည်။"လူနာကို အချိန်ပေးတယ်ဆိုတာ နှစ်ဦးနှစ်ဖက် နားလည်ဖို့လိုတယ်။ သူများနိုင်ငံမှာ အချိန်နာရီဝက်လောက်ဆွေးနွေးနိုင်ပေမယ့် ကျွန်တော်တို့ဆီမှာ အချိန်နာရီဝက်လောက်မပေးကြပါဘူး တချို့ဆိုရင် တော်တော်ဆိုးဝါးတဲ့ ကုသမှုတွေတောင်ရှိနေပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားရေးမှူးတစ်ဦးက သုံးသပ်ပြောကြားသည်။"Diagnosis(ရောဂါအမည်) တပ်တဲ့အခါမှာ အဖြစ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံး နှစ်ခု၊ သုံးခုလောက်ကို စဉ်းစားတယ်။ ပြီးတော့ စမ်းသပ်ချက်တွေနဲ့ ဆေးစစ်မှုတွေပေါင်းပြီး အကောင်းဆုံးအဖြေတစ်ခုထုတ်တယ်။ ဆရာဝန်တွေအနေနဲ့ငွေကြေးထက် မိမိ Professional အရကို စိတ်ရှည်ဖို့လိုပါလိမ့်မယ်"ဟု ဒေါက်တာဦးစည်သူက ဆေးပညာလောကတွင် ရောဂါရှာဖွေခြင်းနှင့်စပ်လျဉ်း၍လုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားခဲ့လေသည်။Credit - ကျမ်းမာရေး ပဒေသာ
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

Wednesday, October 22, 2014

ကကုသန် (ကကုသန္ဓ)ဘုရား

ကကုသန် (ကကုသန္ဓ)ဘုရား
============
ကကုသန်ဘုရား သည် ကမ္မကိလေသတရား၊ ဒီပင်္ကရာဘုရား၊ ဂေါတမဘုရား၊ ကဿပဘုရား စသည့် ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။ ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။
ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကိုက္ကို့ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။
ဗုဒ္ဓ၀င်
၁။ ဝေဿဘူမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ လူနတ်တို့ထက် မြတ်တော်မူသော မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိတော်မူသော (ထိပါးရန်) ချဉ်းကပ်ဝံ့ သောသူ ရှိတော်မမူသော အမည်အားဖြင့် ကကုသန္ဓမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏။
၂။ နှောင်အိမ်ကို ဖျက်ဆီး၍ သွားသော ခြင်္သေ့ကဲ့သို့ ထိုမြတ်စွာဘုရားသည် လည်း အလုံးစုံသောဘ၀ကို ခွါဖျက်၍ ပါရမီအကျင့်၌ အထွတ်အထိပ်သို့ ရောက် လျက် မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။
၃။ လောက၏ ရှေ့သွားဖြစ်သော ကကုသန်မြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေလေးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာ လေးပါး) တရားကို သိခြင်းသည် (ရှေးဦးစွာသိခြင်း) ဖြစ်၏။
၎။ ရေးခြစ်မထင် ကောင်းကင်၌ (ရေမီး) အစုံအစုံဟူသော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းကို ပြု၍ ကုဋေသုံးသောင်းသော လူ နတ် ဗြဟ္မာတို့အား (သစ္စာ လေးပါးကို နှစ်ကြိမ်မြောက်) သိစေတော်မူ၏။
၅။ နရဒေ၀ဘီလူးအား ထိုမြတ်စွာဘုရား၏ သစ္စာလေးပါးကို ပြရာအခါ၌ (နတ်လူ တို့၏ သုံးကြိမ်မြောက် သစ္စာလေးပါး) တရားကို သိခြင်းသည် ဂဏန်းသင်္ချာ အားဖြင့် မရေတွက် နိုင်ချေ။
၆။ ကကုသန်မြတ်စွာဘုရား၏ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ် ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ်သာရှိလေ၏။
၇။ ထိုအခါ ထိုအစည်းအဝေးသည် အာသဝေါတည်းဟူသော ရန်အပေါင်း ကုန်ခြင်း ကြောင့် ယဉ်ကျေးသော (အရိယာ) ဘုံသို့ အစဉ်ရောက်ကုန်သော ရဟန္တာ လေးသောင်းတို့၏ အစည်းအဝေး ဖြစ်လေ၏။
၈။ ထိုအခါ ငါသည် ခေမ မည်သော မင်းဖြစ်ခဲ့၏။ ငါသည် မြတ်စွာဘုရားအား လည်းကောင်း၊ မြတ်စွာဘုရား၏ သားတော်အား လည်းကောင်း များစွာသော အလှူကို လှူပြီးလျှင်-
၉။ သပိတ် သင်္ကန်း မျက်စဉ်း ပျားမုန့်ဆုပ်တို့ကိုလည်း လှူ၍ တောင့်တအပ်ရာ ကောင်းမြတ်သော ဤလှူဖွယ် ၀တ္ထုအားလုံးကို စီရင်လှူဒါန်းခဲ့၏။
၁၀။ သတ္တ၀ါတို့ကို ဆုံးမတော်မူတတ်သော ထို ကကုသန်မြတ်စွာဘုရားသည် လည်း ငါ့ကို ဤမင်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၁၁။ ထိုအခါ ဤမင်းသည် ပျော်မွေ့ဖွယ် ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။ ဤ(ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်း ကုန်၏)။
၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှာ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။
၁၃။ (ထိုမြတ်စွာဘုရား၏) မြို့တော်သည် ခေမာဝတီ မည်၏၊ ထိုအခါ ငါသည် ခေမအမည် ရှိသူဖြစ်၏၊ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် ထိုမြတ်စွာဘုရား အထံ၌ ရဟန်း ပြုခဲ့၏။
၁၄။ နတ် လူတို့၏ ဆရာဖြစ်သော ကကုသန်မြတ်စွာဘုရား၏ ခမည်းတော်သည် အဂ္ဂိဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ၀ိသာခါ မည်၏။
၁၅။ ထိုခေမမြို့၌ လူတို့တွင် မြတ်သည် ဖြစ်၍ ချီးမွမ်းအပ်သော မြတ်သော ဇာတ်ရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် အပေါင်းသည် နေလေ၏။
၁၆။ ထိုဘုရားလောင်းသည် အနှစ်လေးထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ကာမ ကာမ၀ဏ္ဏ ကာမသုဒ္ဓိမည်သော မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။
၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် သုံးသောင်းတိတိ ရှိကုန် ၏၊ (ဘုရားလောင်း၏) မိဖုရားသည် ရောစိနီ မည်၏၊ သားတော်သည် ဥတ္တရ မည်၏။
၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏။ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။
၁၉။ ကြီးမြတ်သော လုံ့လရှိသော လူတို့ထက်မြတ်၍ ရှေ့သွားခေါင်းဆောင် ဖြစ် တော်မူ သောကကုသန်မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။
၂၀။ ၀ိဓုရသည် လည်းကောင်း၊ သဉ္ဇီဝသည် လည်းကောင်း ကကုသန်မြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏၊ အလုပ်အကျွေးသည် ဗုဒ္ဓိဇ မည်၏။
၂၁။ သာမာသည် လည်းကောင်း၊ စမ္ပာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကုက္ကိုပင်ဟူ၍ ခေါ်ဆိုအပ်၏။
၂၂။ အစ္စုတသည် လည်းကောင်း၊ သုမနသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာအဂ္ဂဥပဋ္ဌက တို့ဖြစ်ကုန်၏။ နန္ဒာသည် လည်းကောင်း၊ သုနန္ဒာ သည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၂၃။ မြတ်စွာဘုရားသည် အတောင် လေးဆယ်တိုင်အောင် မြင့်တော်မူ၏၊ ရွှေ အဆင်း ရှိသော ကိုယ်တော်ရောင်သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင် အောင် ပြေးသွား (ကွန့်မြူး) လျက်ရှိ၏။
၂၄။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်လေးသောင်း ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တ၀ါအပေါင်း ကို ကယ်တင်တော်မူ၏။
၂၅။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ ယောက်ျားç မိန်းမတို့၏ အကျိုးငှါ တရားတည်းဟူသော ဈေးကို ဖြန့်ခင်း၍ ခြင်္သေ့မင်းကဲ့သို့ စကားတော် ကို မိန့်တော်မူပြီးလျှင် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ၀င်စံတော်မူလေ၏။
၂၆။ အင်္ဂါရှစ်ပါးရှိသော စကားသံနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လည်းကောင်း၊ အမြဲမကျိုးမပေါက်သော သီလရှိသော သာဝကအစုံတို့သည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရ တို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၂၇။ ကကုသန်ဘုရားမြတ်သည် ခေမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ(ပုထိုး)တော်သည် ကောင်းကင် သို့ တစ်ဂါဝုတ် တိုင်အောင်မြင့်လျက် တည်ရှိလေသတည်း။ ။
Credit - Dhamma Knowledge

သိကြားမင်း

The Express Times
သိကြားမင်း
=========
ဝေသာလီမြို့တော် ကုဋာဝါရကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ်
မဟာလိမည်သော အိမ်ရှေ့မင်းသားကို အကြောင်းပြု၍ ဤဒေသနာတော်ကို
ဟောကြားတော်မူသည်။
တစ်နေ့သ၌ မဟာလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်"အရှင်ဘုရား - သိကြားမင်းကို မြင်ရပါသလော" ဟု မေးလျှောက်၏။ ဘုရားရှင်က "မဟာလိ - ငါဘုရားသည် သိကြားမင်းကို မြင်ရ၏" ဟုဖြေကြားတော်မူလေရာ . .
"အရှင်ဘုရား - အရှင်ဘုရားမြင်ရသော သိကြားမင်းသည် သိကြားမင်းအတု
ဖြစ်ရာ၏။ သိကြားမင်းကို မြင်ရန် ခဲယဉ်းလှပါသည် ဘုရား"
" ငါဘုရားသည် သိကြားမင်းကို လည်းကောင်း၊ သိကြားမင်း
ဖြစ်ကြောင်းတရားကို လည်းကောင်း သိ၏
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက မာဃမည်သော
လုလင် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် 'မာဿဝ' ဟုလည်း ခေါ်ရ၏
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ရှေးဦးစွာ အလှူကို ပေးလှူခဲ့၏။ ထို့ကြောင့် 'ပုရိန္ဒာ' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက အလှူကို ရိုရိုသေသေ ပေးခဲ့၏။ ထို့ကြောင့် 'သက္က' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက တည်းခိုစရာ ဇရပ်ကို ပေးခဲ့၏။ ထို့ကြောင့် '၀ါသ၀' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် တစ်ထောင်မကသော အကျိုးအကြောင်းကိုတစ်ခဏချင်း တွေးတောကြံစည်နိုင်၏။ ထို့ကြောင့် 'သဟဿက္ခ' ဟုလည်းခေါ်ရ၏"
သိကြားမင်း၏ မယားသည် သုဇာမည်သော အသုရာတို့၏ သမီးပျိုဖြစ်၏။ ထို့ကြောင့် 'သုဇမ္ပတိ' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုး၇၏။ ထို့ကြောင့် 'ဒေ၀ါနမိန္ဒ' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ၇-ပါးသော
အကျင့်တို့ကို စွမ်းနိုင်သည့်အားလျော်စွာ ကောင်းစွာကျင့်ခြင်းကြောင့်
သိကြားမင်းအဖြစ်ကို ရ၏။ ထိုကျင့်ဝတ် ၇-ပါးတို့ကား -
၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးခြင်း။
၂။ အသက်ထက်ဆုံး မိမိတို့ဆွေမျိုးထဲမှ ကြီးသူတို့ကို ရိုသေခြင်း။
၃။ အသက်ထက်ဆုံး ချိုချိုသာသာ ပြောဆိုခြင်း။
၎။ အသက်ထက်ဆုံး ကုန်းချောစကားကို မဆိုခြင်း။
၅။ အသက်ထက်ဆုံး ၀န်တိုခြင်းကင်းသောစိတ်ဖြင့် နေထိုင်ခြင်း။
၆။ အသက်ထက်ဆုံး လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်းစွန့်ကြဲခြင်း။
၇။ အသက်ထက်ဆုံး မှန်ကန်သောစကားကိုဆို၍ အမျက်မထွက်ခြင်း
တို့ ဖြစ်ပေသည်။
ဤသို့မိန့်တော်မူပြီးလျှင် မဟာလိ၏ တောင်းပန်ချက်အရ မာဃလုလင် ဘ၀တုန်းကကျင့်ဝတ်ဆောက်တည်ခဲ့ပုံ အကျယ်ကို ဟောကြားတော်မူကာထိုမာဃလုလင်အကြောင်းနှင့် ဆက်စပ်လျက် အောက်ပါဒေသနာတော်ကိုဟောကြားတော်မူလေသတည်း။
မာဃလုလင်သည် ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းကြောင့်နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကြကုန်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။ ••
ဤဒေသနာတော်အဆုံး၌ မင်းသား မဟာလိသည် သောတာပတ္တိဖိုလ်၌ တည်လေတော့၏။
( ဓမ္မပဒ၊ အပ္ပမာဒ၀ဂ် )

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း

မစိုးရိမ်တိုက်သစ် မန္တလေး
မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း
================
ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင် ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီးတွေမှာ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်သာ အသေခံသွားမယ် အလွယ်တကူ စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊ ဘယ်လိုမှတ်ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ ဖြစ်ဖြစ်မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။ ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ သဘောအားဖြင့် ကြည့်ရင် ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့ အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး လက်ခံဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟော ဒေသနာတွေကိုကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ ဖြစ်ပါတယ်။ မှန်အောင်တမင်လုပ်ပြီးဟောတော်မူတာ ဘာတစ်ခုမှ မရှိပါဘူး။ လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ဗါဒ်နဲ့ ကမ္မဝါဒတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော်တွေဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက် ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူများအတွက် ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူများ အတွက်ပဲ ဖြစ်ပါတယ်။
သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာရှိတယ်လို့ ယူဆခြင်းသက္ကာယဒိဋ္ဌိနှင့် လူသာသေတာ၊ ငါ င့ါလိပ်ပြာက မသေဘူးစသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု အယူရှိခြင်း သဿတဒိဋ္ဌိ
(၆) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။
သတ္တဝါ တစ်ဦးဦးဟာ ဒီအယူဝါဒ တစ်ခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့ ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး သစ္စာလေးပါးကို အမှန်အတိုင်း သိရှိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ရာ အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ သစ္စာကို သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
ဆိုလိုတာက လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိစွဲရာကို အမှန်လို့ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့ ယူဆတတ်ကြတဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊ ပညာရှိ သတိရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့ အယူဝါဒကို လက်ခံလိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊ အယူမှန်တစ်ခုဟာ ဘယ်လိုပဲ ဆန်းစစ်ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝ ဓမ္မနဲ့ ချိန်ထိုးကာ စိစစ်ဝေဘန် လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်သစ္စာကို လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ်မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို ငါလို့ထင်ပြီး ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက် လက်ရှိကိုယ်လက်ခံကျင့်သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ ရှုထောင့်များနဲ့ ချိန်ထိုးပြီး မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
(မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း) by Ashin Vicitta (မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး

ငရမန်ကန်း= (Private Diary)

The Express Timesငရမန်ကန်း=========ပုဂံတွင် ငရမန်ကန်းသည် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်း နန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကို သိသဖြင့် အောက်အရပ်မှ မွန်များကို စုစည်း ပုန်ကန်ခဲ့သည်။ ငရမန်ကန်းသည် မွန်လူမျိုး ဖြစ်ပြီး စောလူးမင်းနှင့်ငယ်သူငယ်ချင်း ဖြစ်သည်။ စောလူးမင်းနှင့်ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည် ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်းကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်း ထိုမကျေနပ်မှုကိုကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက"ငရမန်ကန်း..သင်ယောကျာင်္းကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ"ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင်ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍ တပ်စွဲထားသည်ဆို၏။ စောလူးမင်းမရှိ၍တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကို မင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကို ရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏ တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းက တွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ယခုငါ့အား သတ်ရန် လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ ငါ့အားမသတ်ရာဟူ၏။ ထို့ကြောင့် ကျန်စစ်သား ငါ့ကိုခိုးယူလေပြီဟု အော်ဟစ်အသိပေးလေရာ ကျန်စစ်သားကကျေးဇူးမသိသော မင်းဆိုးမင်းညစ်ကျွန်သဘောက်၏လက်တွင် ခွေးသေ၀က်သေ သေရစ်ပေရော့ဟုဆိုကာပစ်ချထားလျက် ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။ နောက်တွင် ငရမန်ကန်းသည် စောလူးမင်းကို ကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီးပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်း ရေကြောင်းမှ စုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှ ပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီး စူးစမ်းသော ငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။Credit-ပုဂံခေတ်သမိုင်း

အသိပညာ ရဲ့ တန်ဖိုး= (Private Diary)

The Express Timesအသိပညာ ရဲ့ တန်ဖိုး===============တခါတုန်းက အလွန်ကြီးမားတဲ့သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေကသင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ်။အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ်။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ်။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။" ဘာ " သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ်။ " သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ "ဒီလိုနဲ့ သဘောင်္ပိုင်ရှင်ကအဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။" တူ နှင့် ထု ခ --- ၂ ဒေါ်လာမည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ "ဒါကြောင့်လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်းဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။Credit- Original Writer