Thursday, October 9, 2014

လူတစ်ယောက်ရဲ့တန်ဖိုး

The Express Times
လူတစ်ယောက်ရဲ့တန်ဖိုး
=================
ဂေါတမမြတ်စွာဘုရားပွင့်တော်မူစဉ်..ရာဇဂြိုလ်ပြည် စံပါဆိုတဲ့ မြို့လေးတမြို့ မှာ
သောဏဒန္တဆိုတဲ့ ဗြဟ္မာဏပုဏ္ဏားကြီးအုပ်ချုပ်တဲ့  မြို့မှာ ဗြဟ္မာဏပုဏ္ဏားတွေနေတိုင်ကြတယ်..
တနေ့ မှာတော့မြတ်စွာဘုရားအမှူးပြုတဲ့ ရဟန်း သံဃာတွေဟာ
အဲဒီမြို့လေးကိုကြွရောက်လာကြတယ် .. ပုဏ္ဏား ကြီးအမှူးပြုတဲ့ မြို့ သူမြို့ သားတွေဟာ မြတ်စွာဘုရားနဲ့  ရဟန်း သံဃာတော်တွေကို လာရောက်ဖူးမျှော်ကန်တော့ကြတယ်..
အဲဒီအချိန်မှာမြတ်စွာဘုရားဟာ သူ့ မှာရှိတဲ့ တရားဟောနည်းမျိုးစုံတွေထဲက
မေးခွန်းလေးတွေမေးပြီးတရားဟောမယ်လို့ ဆုံးဖြတ်လိုက်ပြီး အရှေ့ ဆုံးမှာထိုင်နေတဲ့ 
သောဏဒန္တ ပုဏ္ဏားကြီးကိုမေးလိုက်တယ်..
"ပုဏ္ဏား ကြီး သင်တို့ ဗြဟ္မာဏပုဏ္ဏားမျိုးရိုးဘာကြောင့်မြင့်မြတ်ရတာလည်း" လို့
့မေးလိုက်တယ်..ဒီမေးခွန်းလည်းကြားရောပုဏ္ဏားကြီးဟာအရမ်းဝမ်းသာသွားတယ်..
မြတ်စွာဘုရားလိုပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကသူတို့ မျိုးရိုးမြင့်မြတ်တာကို
စိတ်ဝင်စားတယ်ဆိုတော့မဆိုင်းမတွပဲ
"အရှင်ဘုရား တပည့်တော်တို့ ပုဏ္ဏားမျိုးရိုးမြင့်မြတ်ရခြင်းဟာအကြောင့်မဲ့ မဟုတ်ပါဘူးဘုရား
စောင့်ထိန်းရတဲ့ စည်းကမ်းချက် ၅ ချက်ကြောင့်ပါ" ဘုရားလို့ လျှောက်ထားလိုက်တယ်..
ဒီအဖြေလည်းကြားရော မြတ်စွာဘုရားက
"ပုဏ္ဏားကြီးအဲဒီ ၅ ချက်ကဘာတွေများလည်း" လို့ လည်းဆက်မေးရော ပုဏ္ဏားကြီးဟာအရမ်းဝမ်းသာအားရဖြစ်ပြီး "အရှင်ဘုရား..အဲဒီ ၅ ချက်ကတော့..
(၁)ဆွေ (ရ) ဆက် ..မျိုး(ရ)ဆက်မျိုးရိုးသန့် ရပါမယ်ဘုရား..
(၂)ဂါတာတွေ မန္တာန် တွေအလွတ်ရရပါ့မယ်ဘုရား..
(၃)ရုပ်ရှည်ချောမောလှပရပါမယ်ဘုရား..
(၄)ကိုယ်ကျင့်တရားကောင်းရပါ့မယ်ဘုရား..
(၅)မှား မှန်ခွဲခြားနိုင်မဲ့ ပညာရှိရပါမယ်ဘုရား" လို
့လျှောက်ထားပြီးလက်အုပ်ပြန်အချမှာပဲ မြတ်စွာဘုရားဆီက
မမျှော်လင့်တဲ့ မေးခွန်းတခုရောက်လာတယ်..
"ပုဏ္ဏားကြီး တကယ်လို့ များ တယောက်တယောက်က(၁)ချက်လောက်လျှော့ပါဆို
မင်း ဘယ်အချက်ကိုလျှော့မလည်း"ဆိုတော့ပုဏ္ဏားကြီးကမဆိုင်းမတွပဲ
"အရှင်ဘုရား ဒါဆို ရုပ်ရည်ချောမောလှပရမယ်ဆိုတော့အချက်ကိုလျှော့ရမှာပေါ့ဘုရား..
ဘာလို့ လည်းဆိုတော့ ရုပ်ဆိုးတယ် ရုပ်ချောတယ်ဆိုတာ ဘ၀ ဘ၀ကပြုလုပ်ခဲ့ တဲ့ ကုသိုလ်ကံပေါ်မူတည်ပြီးဖြစ်လာလို့ ပြုပြင်လို့ မရတော့ပါဘူး ဘုရား"လို့ 
လျှောက်ထားလို့ အပြီးမှာပဲ မြတ်စွာဘုရားက
"ပုဏားကြီး (၂)ချက်လောက်လျှော့ပါဆိုရင်ရော"ဆိုတော့..ပုဏားကြီးက
"ဒါဆိုလည်းလွယ်ပါတယ်ဘုရား ဂါတာတွေ မန္တာန်တွေအလွတ်ရရမယ်ဆိုတဲ့ အချက်ကိုလျှော့မှာပေါ့ဘုရား..တကယ်လို့  အလွတ်မရခဲ့ ရင်လည်း ပေစာတွေ ပရပိုက်တွေမှာရှိပြီးသားမို့  ဒီအချက်ကိုလျှော့ပါမယ်ဘုရား"လို့ လျှောက်ထားအပြီးမှာပဲ
"(၃)ချက်ဆိုရင်ရောကွာ"လို့ မေးတော်မူတဲ့ အခါမှာတော့ ပုဏ္ဏားကြီးဟာအရင်လို မဆိုင်းမတွအဖြေမပေးနိုင်ပဲ အတန်ကြာစဉ်းစားပြီးမှ
"အရှင်ဘုရား ဆွေ (ရ)ဆက် မျိုး(ရ)ဆက်မျိုးသန့် ရမယ်ဆိုတဲ့ အချက်ကို
လျှော့ပါမယ်ဘုရား"လို့ လျှောက်ထားအပြီးမှာတော့ မြတ်စွာဘုရားထံမှ ဘာမေးခွန်းမှထွက်မလာတော့ဘူး..
ဒါပေမဲ့ သူနဲ့ ပါလာတဲ့မြို့ သူ မြို့ သားတွေဆီကမကျေနပ်သံတွေထွက်လာပြီးတယောက်သော
မြို့ သားတဦးက"ပုဏ္ဏားကြီးအဲဒီအချက်ကိုမကျေနပ်ပါဘူး..
ကျန်တဲ့ (၂)ချက်ထဲကကြိုက်ရာဖြုတ်ပါ..တကယ်လို့ အဲဒီအချက်ဖြုတ်ရင်
ကျတော်တို့ ဗြဟ္မာဏပုဏ္ဏားမျိုးရိုးသန့်တယ်ဆိုတာဘယ်လိုဖြစ်လာမလည်းထပြောတော့"
့ကျန်တဲ့ မြို့ သူ မြို့ သားတွေပါပါလာပြီးဝင်ပြောကြတော့တယ်
ပုဏ္ဏားကြီးဟာ သူ့ လူတွေကိုမနိုင်ဖြစ်ပြီး မြတ်စွာဘုရားနဲ့ ရဟန်းသံဃာရှေ့ မှာ
အရှက်ကွဲရတော့မယ်ဆိုပြီး.ထ မက်တက်ရပ်ခါ
"မြို့ သူ မြို့ သားတို့  ငါပြောတာခဏ နားထောင်ကြည့်ပါ..ငါကျန်တားတာ ကိုယ်ကျင့်သီလ နဲ့  မှားမှန်ခွဲခြားနိုင်တဲ့ ပညာ..ငါအဲဒီ(၂)ချက်ကိုလျှော့လို့ မရပါဘူး..အဲဒီ(၂)ချက်ဟာငါတို့  ဗြဟ္မာဏမျိုးရိုးအတွက်တင်မဟုတ်ပါဘူး..လူသားအားလုံးနဲ့ သက်ဆိုင်လို့ ပါ..
လူတယောက်ရဲ့ တန်ဖိုးကိုသတ်မှတ်တော့မယ်ဆိုရင်
အဲဒီလူ..ပညာဘယ်လောက်တက်တယ်..ငွေကြေးဘယ်လောက်ချမ်းသာတယ်..
ရုပ်ရည်ဘယ်လောက်ချောမောလှပတယ်..မိဘမျိုးရိုးဘယ်လောက်ကောင်းသလည်းနဲ
့တိုင်းတာလို့ မရပါဘူး..အဲဒီလူ ကိုယ်ကျင့်သီလဘယ်လောက်ကောင်းလည်း..
မှား မှန်ခွဲခြားနိုင်တဲ့ ပညာဘယ်လောက်တက်ပြီး..မှန်တဲ့ ဘက်မှာ ဘယ်လောက်ရပ်တည်နိုင်မလည်းဆိုတဲ့ အပေါ်မှာမူတည်ပြီးသတ်မှတ်လို့ အဲဒီ(၂)ချက်ကိုတော့ငါ့မလျှော့နိုင်ပါဘူး"လို့ရှင်းပြပေမဲ့ 
မြို့ သူ မြို့ သားတွေက သဘောမပေါက်ကြတော့ ပုဏ္ဏားကြီးဟာ
"အရှင်ဘုရား တပည့်တော်ပြောတဲ့  လူတန်ဖိုးကိုတိုင်းတာထဲ့ အချက်(၂)ချက်ဟာမှားပါသလား
.တကယ်လို့ မှားခဲ့ ရင် အရှင်ဘုရားတရားဟောတဲ့ အခါဟောပြောဆုံးမပေးပါ"လို့ 
ဘုရားရှင်ကို လျှောက်ထားတော့..မြတ်စွာဘုရားရှင်က..
"ပုဏ္ဏား ကြီး မင်းအယူအဆနဲ့  ငါ့အယူအဆထပ်တူကျပါပေတယ်..လူတယောက်ရဲ့ တန်ဖိုးကိုဆုံးဖြတ်တဲ့ အခါ ဒီ(၂)ချက်ပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ရပါတယ်..အဲဒီ(၂)ချက်ဟာလူတယောက်ရဲ
့လက်(၂)ဘက်နဲ့ တူတယ်..လက်တဘက်ကညစ်ပတ်ပေနေရင်တခြားလက်တဘက်တဲ့ 
ဆေးကြောလို့ ရသလို..ကိုယ်ကျင့်တရားမကောင်းရင်လည်း မှား မှန်ခွဲခြားနိုင်တဲ့ ပညာနဲ့ ဖျက်ပြစ်လို့ ရသလို..မှား မှန်ခွဲခြားနိုင်တဲ့ ပညာနည်းရင် ကိုယ်ကျင့်သီလနဲ့ ထိန်းမတ်လို့ ရတယ်ပြောပြီး..အဲဒီ(၂)ချက်ဟာလူတယောက်ရဲ့ တန်ဖိုးလို့ ပြောလို့ ရယုံတင်မကဘူး
လူတယောက်ရဲ့ ကျက်သရေနဲ့ မင်္ဂလာကိုလည်းဆောင်ပါတယ်"လို့
ဟောပြဆုံးမတော်မူခဲ့လေသည်။
Credit - Dhamma Knowledge

No comments:

Post a Comment