Tuesday, October 14, 2014

စေတီတို့တွင်တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပါယ်အမှန်

The Express Times
စေတီတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပါယ်အမှန်
==============================
========
ဘုရားစေတီတို့တွင် ခြင်္သေ့ရုပ်ထုကြီးများကို အစောင့်ဟူ၍လ
ည်းကောင်း အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပေသည် သို့သော် ရှေ
း မြန်မာတွေ ထားခဲ့တဲ့ အယူအဆအမှန်မှာကား
ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ
ပစ်တဲ့သူကိုပဲ လိုက်ပါတယ်… ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်
ကို လိုက်ပါတယ်… ခြသေ့င်္နဲ့ မတူပါ… ဒါကြောင့် ကေသရာဇ
ာ ခြသေ့င်္တို့ဟာ မိုက်မဲစွာမပြုတတ်ဘဲ လားရာကိုဆင်ခြင်ြ
ပီးမှ အဓိက အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်…
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရ
ားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအေ
ာင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ
၊ ဥပါဒါန်၊ ကမ္မဘ၀ တို့မဖြစ်အောင် အပြီးသတ်ပါတယ်
… အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒု
က္ခသစ္စာ)သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံ
မှန်အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ကို တိုက်ရိုက်ချည်း မဖြစ်အေ
ာင် လုပ်ရိုးမရှိပါ… လုပ်လို့လည်းမရပါ…
ခန္ဓာဟူသော ဒုက္ခသစ္စာဆိုတဲ့ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှ
ာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ…
ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီးေ
ပျာက်သွားမည် မဟုတ်ပါ… မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာ
ရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ…
ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာ
ပါပဲ…
ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာ
လျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့်
ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ်။ အကျိုးကို မ
ကျင့်ဘူးလို့ ဆိုလိုပါတယ်… ဒီသဘောကိုပဲ ခြသေ့င်္နဲ့ ပမာပြုထ
ားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးမျာ
းရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ…
အရှင် ကောသလ

No comments:

Post a Comment