Thursday, October 9, 2014

စက်ကြီးတစ်ဆယ့်သုံးပါးဂါထာပါဠိ

စက်ကြီးတစ်ဆယ့်သုံးပါးဂါထာပါဠိ
သြောင်း-တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃစက်။
လရောင်ဝင်းလျက် ရှင်ပစ္စေက ဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်ပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီး တစ်ဆယ့်သုံးပါး ရွတ်သံကြားက ဘေးများမြင်မှု မကောင်းစုတို့ ဝေးက ကြဉ်ရှောင် အောင်စေ တတ်သည် မြတ်သည့်ဆရာ ပညာတည်း။
သြောင်း-နမော ဗုဒ္ဓါနုဘာဝေန
သြောင်း-နမော ဓမ္မာနုဘာဝေန
သြောင်း-နမော သံဃာနုဘာဝေန
သြောင်း-ဒူရေ-ဒူရေ သွား ဟုံဟုံ

No comments:

Post a Comment