ဥပဒေအကြောင်းသိကောင်းစရာ
=====================
၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ
အဆိုးဆုံးနှင့် ပြဿနာအဖြစ်ဆုံးအချက်
---------------------------------------
ပုဒ်မ ၅ လူပျိုတော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယေက်ျားတစ်ယောက်နှင့် အသက် ၁၄ နှစ်အောက်မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်၊၊
အထက်ပါပြဌာန်းချက်ကို ဖတ်ရှုလေ့လာရုံမျှဖြင့် မိခင်နို့ရည်မစင်သေးသော နုနုထွတ်ထွတ် အရွယ်မျှသာရှိသေးသော ပညာဗဟုသုတ လုံးဝမပြည့်စုံသေးသည့် အရွယ်မျှသာရှိသေးသော မြန်မာဗုဒ္ဓဘာသာအမျိုးသမီးငယ်ကို လူပျိုတော်ဝင်ပြီးဖြစ်သည့် အသက်အပိုင်းအခြားမရှိ အသက်ကြီးရွယ်အို မည်သည့်ဘာသာခြားကမဆို လက်ထပ်ယူနိုင်သည်ဆိုသော အချက်မှာ မည်မျှ ရင်လေးဖွယ်ရာ ဖြစ်သည်ကို အလွယ်တကူသိရှိနိုင်သည်၊၊
ထိုသို့ အသက်၁၄နှစ်အရွယ်ကို လက်ထပ်ခွင့်ပြုပါက ရာဇသတ်ကြီးပုဒ်မ ၃၇၅ အရ မုဒိမ်းမှုမှ ကင်းလွတ်စေရန် (တနည်းအားဖြင့်) ထို ပုဒ်မ ၃၇၅ ပထမခြွင်းချက်အရ “ မိန်းမက ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက် ၁၄နှစ်အောက် အရွယ်ရှိသူဖြစ်သည် မုဒိမ်းမှုမြောက်သည် " ဟူသော ပြဌာန်းချက်နှင့် လွတ်ကင်းစေရန် အသက် ၁၄ နှစ်ကို သတ်မှတ်ခြင်းဖြစ်ပါသည်၊၊
“သို့သော် ထိုသူမသည် အသက် ၂၀ မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏ သဘောတူညီချက်ကို သော်လည်းကောင်း၊
မိဘတို့ဆုံးပါမူ အမှန်အုပ်ထိန်းသူ (သို့)တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပိထိန်းသူ၏ သဘောတူညီချက်ကိုလည်းကောင်း ရရှိပြီးဖြစ်ရမည် " ဟူ၍ ပါရှိသည်၊၊
ယင်းကိစ္စ၌ မိဘ (သို့) အုပ်ထိန်းသူက ရပ်တည်မှုခက်ခဲ၍လည်းကောင်း၊ ငွေကြေးပြဿနာကြောင့်လည်းကောင်း တစ်စုံတရာသောအကြောင်းကြောင့် ဘာသာခြားနှင့်လက်ထပ်ခွင့်ကို ပြုလျှင် ထိုသူငယ်မသည် မိဘအုပ်ထိန်းမှုအောက်တွင် မရှိတော့ဘဲ ဘာသာခြားကာမပိုင်လင်၏ ချက်ခြင်းရောက်ရှိသွားမည်ဖြစ်ပါသည်၊၊
ထိုသို့ ဘာသာခြားလင်ယောက်ျား၏ တရားဝင်လားအဖြစ်သို့ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ထိုဘာသာခြားလင်ယောက်ျားမှ လည်းကောင်းကိုးကွယ်သည့်ဘာသာသို့ နည်းမျိုးစုံဖြင့် ကူးပြောင်းသိမ်းသွင်းခြင်းကို မိန်းမဖြစ်သူသည် မရှုမလ ခံစားရပါသည်၊၊
ထိုသို့ ဘာသာခြားလင်ယောက်ျားက ငှင်းကိုးကွယ်သည့် ဘာသာသို့ ကူးပြောင်းသိမ်းသွင်းရန် အဓိကအကြောင်းမှာ ထိုလင်ယောက်ျားကိုးကွယ်သည့်ဘာသာသို့ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးက ကူးပြောင်းဝင်ရောက်မှသာ ထိုယောက်ျား၏ တရားဝင်မယားအဖြစ်ရောက်ရှိမည်ဆိုသောအချက်မှာ အဓိက အကြောင်ဖြစ်သည်၊၊
ထိုအချက်ကို ၁၉၅၄ ခုနှစ်ဥပဒေက ဘာသာခြားလင်ယောက်ျားက ငှင်း၏ ဗုဒ္ဓဘာသာဝင်မယားကို ငှင်းကိုးကွယ်သည့် ဘာသာသို့ ကူးပြောင်းစေချင်ခြင်းမပြုရန် တစ်စုံတရာ တားမြစ်ပိတ်ပင်ထားသည့် ပြဌာန်းချက်လုံးဝမရှိခြင်းမှာ ထို ၁၉၅၄-ခုနှစ်ဥပဒေ၏ အဓိကအဆိုးဆုံးအချက်ဖြစ်သည်၊၊

( သာကီသွေးဂျာနယ် အတွဲ (၁)၊ အမှတ် (၅)၊ စာမျက်နှာ ၅၄)
Ashinvajiranyarna Ashinvajiranyarnaအမျိုးချစ်ပါ ပြည်မြန်မာ- မှ

No comments:
Post a Comment