Thursday, October 9, 2014

ရှီးမားနဲ့ အိုင်စတိုင်း

ရှီးမားနဲ့ အိုင်စတိုင်း
=================
အိုင်စတိုင်းဟာ E=mc2ဆိုတဲ့ Relativity Theory ကို လေ့လာသိရှိခဲ့ပြီးနောက် သေးငယ်တဲ့အရာတွေကနေ ကြီးမားတဲ့ စွမ်းအင်တွေကို ရရှိနိုင်တယ်ဆိုတာကို သတိထားမိခဲ့တယ်။
ဒုတိယကမ္ဘာစစ်အတွင်း နေ့တနေ့မှာ သူ့ဆီကို သူလိုရူပဗေဒ ပညာရှင်ဖြစ်တဲ့ Leo Szilard ရောက်လာခဲ့တယ်။ အဲဒါဟာ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားသွားစေမယ့် ဟီရိုရှီးမားနဲ့ နာဂဆဂီကို ပြာကျစေခဲ့တဲ့ အနုမြူဗုံးတစ်ခုကို တီထွင်ဖို့ အစပဲ ဖြစ်ခဲ့ပါတယ်။ Leo Szilardနဲ့ အိုင်စတိုင်းတို့ဟာ မလူးမလွန့်သာတဲ့ အခြေအနေများအရ အရေးပေါ်ဗုံးတစ်ခုကို တီထွင့်ပေးရဖို့ ဖြစ်လာခဲ့လို့ပါ။
အိုင်စတိုင်းနဲ့ နှစ်ဦးသား ဆွေးနွေးတိုင်ပင်ပြီးတော့ သမ္မတ ရူစဗဲ့ဆီ အနုမြူဗုံးတီထွင်ပေးနိုင်ကြောင်း စာရေးကြတယ်။ ရေးတာက Szilardဖြစ်ပေမယ့် အိုင်စတိုင်းက လက်မှတ်ထိုးပေးခဲ့တယ်..။
အဲဒီနောက် ဗုံးတီထွင်ဖို့ ဖော်မြူလာကို အိုင်စတိုင်းက ၂ရက်နဲ့ အပြီးရေးသားခဲ့တယ်။ ဗုံးရဲ့ ပေါက်ကွဲအားအပြင် ဓါတ်ငွေ့အဆိပ်တွေ ဘယ်လိုပျံနှံနိုင်ကြောင်းကိုပါ သတိပေးပြောဆိုတဲ့ အိုင်စတိုင်းကို ကျန်သူတွေက နောက်ပိုင်း မယုံကြည်တာမို့ ဗုံးတီထွင်တဲ့ ထိပ်တန်းလျိုဝှက်အဖွဲ့ထဲကနေ ဖယ်ရှားခဲ့တယ်လို့လည်း ဆိုကြတယ်။
ဂျပန်မှာ ဗုံးကြဲဖို့မြို့တွေကို ရွေးကြတဲ့အခါ ကျိုတို၊ နိဂတ၊ ရာမဂုချိ၊ ခုမမိုတို၊ ဖူကူအိုကာ၊ နာဂိုယာ၊ ယိုကိုဟားမား၊ တိုကျိုဘေး စတဲ့ မြို့ပေါင်းများစွာ ရွေးခဲ့ပေမယ့် နောက်ဆုံးတော့ ဟီရိုရှီးမားနဲ့ နာဂဆကီကို ကြဲဖြစ်ခဲ့တယ်။
အဲဒီမြို့တွေကို ကြဲဖြစ်သွားရတဲ့ အကြောင်းရင်းများစွာထဲမှာ အဲဒီအချိန် ရာသီဥတု သာယာနေခဲ့တဲ့အချက်လည်းပါဝင်ခဲ့တယ်။ ဒါဟာ ၎င်းမြို့သူမြို့သားတွေ ရဲ့ အသက်တွေ မိနစ်ပိုင်းအတွင်း ပြာကျစေအောင် ကံဆိုးခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၄၅ သြဂုတ်လ ၆ ရက်နေ့ ဗုံးမကြဲခင် ဟီရိုးရှီးမားမြို့က နေရောင်ရဲ့အလင်းအောက်မှာ သာယာနေခဲ့တယ်။ ဟီရိုးရှီးမား မြို့သူမြို့သားတွေရဲ့ ကံဆိုးမူ.ကတော့ တကယ့်ကို ပြာအတိ.။
ဗုံးရဲ့ ပေါက်ကွဲအပူချိန်က 7200 ကနေ 1000 ဒီဂရီဖာရင်ဟိုက်တောင် ရှိတယ်။ ဗုံးကြဲပြီးပြီးချင်း မြို့တ၀က်ကျော်ကျော်က လူတွေ ပွဲချင်းပြီး သေဆုံးသွားတယ်။
နောက်ပိုင်းမှာလည်း ဓါတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသူ၊ ဗုံးဒဏ်ရာကြောင့် သေဆုံးသူများတွေနဲ့ ဗုံးကြဲပြီးနောက်နှစ်လအတွင်း တစ်သိန်းခြောက်သောင်းကျော်ရှိခဲ့တယ်။ ကလေးတွေလည်း အမြောက်အများသေဆုံးခဲ့တယ်။ မိခင်တစ်ဦးက သူ့ကလေးကို မီးလောင်ပြင်မှာ လိုက်ရှာချိန်မှာ သူ့ကလေးရဲ့ခေါင်းကို ရေဘ၀ဲတစ်ကောင်လို့ အပိုင်းပိုင်းအစိတ်စိတ်တွေ့ရတယ်ဆိုတဲ့ ရင်ကွဲစရာ အဖြစ်အပျက်တွေကလည်း မနည်းပါဘူး..။
လူသားတွေအတွက် အကျိုးပြု ရူပဗေဒ သီအိုရီတွေကို တီထွင့်ခဲ့သူ၊ စစ်ကို မလိုလားသူလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့်၊ လူသတ်လက်နက် အနုမြူဗုံးကို တီထွင်ရာမှာလည်း သူဟာ ပါဝင်ပတ်သက်နေခဲ့သည့်
အိုင်စတိုင်းက သူမသေခင် ၅လအလိုမှာ “ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးသော မဟာအမှားက သမ္မတ ရုစဗဲ့ကို ပေးတဲ့စာမှာ လက်မှတ်ထိုးမိသွားတာပါပဲဗျာ” လို့ ကြေကြေကွဲကွဲ ပြောသွားခဲ့လေတယ်။
Credit- ကမ္ဘာ့သမိုင်းမှတ်တမ်းများ
2 hrs · Public
Like · 18 Comments · Share · Unlike Page
1,355 people like this.
View previous comments
Nay Swe
ူLike to read about Enstein,Albert.
Like · 1 hour ago
Aung Gyi
အမှန်တကယ်ဒီလောကမှာ လူသတ်ကောင်တွေပဲ နာမည်ကြီးတတ်တာပါ
Like · 1 hour ago
Sawpit Dee
အိုင်းစတိုင်းလ်ရဲ့ အဓုမြူရည်ရွယ်ချက်က ဂျပန်ကို ကျဲဖို့လုံးမဟုတ်ပါဘူး ၊တာဝန်အရှိဆုံးလူက ရူစဗဲ့ ပါ၊ ဒါပေမဲ့ သူလည်းရုရှားစာင့်နေတဲ့ တတိယကမ္ဘာစစ် ဆက်မဖြစ်ဖို့ တားစီးနိုင်ခဲ့ပါတယ်၊ ဂျပန်လက်နက်ချတော့မယ်ဆိုတာ သိလျက်နဲ့ ဂျပန်ကိုအဓုမြူ ကျဲလိုက်တာဟာ ဒုတိယကမ္ဘာစစ်မှာနောက်ဆုံးအင်အားကြီးနိုင်ငံ ရုရှားကို ခြိမ်းခြောက်ဖို့ ကျဲလိုက်တာပါ၊ အဓုမြူမကျဲဖို့အတန်တန်တောင်းပန်ခဲ့တဲ့ အမေရိကန်ရဲ့ အာရှကြယ်ငါးပွင့်ဒေါက်ကလပ် မက်အာသာ လည်းရူစဗဲ့နဲ့ ရန်ဖြစ်ပြီး ရာထူးကနေထွက်ရပါတယ်၊၊ ရုရှားသာ ငြိမ်ငြိမ်နေခဲ့ရင် အဓုမြူမကျဲဖြစ်လောက်ဘူး၊
Edited · Like · 8 · 47 minutes ago
Khin May Yu
သိပ္ပံပညာကိုလူ တွေကိုအကျိုးပြုဖို့သာ
အသုံးပြုစေခြင်းပေမဲ့ဒေါသ နဲ့အ ခြေခံတဲ့မောဟ ကြောင့်ပျက်စီး စေ ရ တာ
ပါပဲရင် ကွဲနာကျင်စေတဲ့နေ့တွေပါပဲ
Like · 56 minutes ago
Cobra Lay
လူကိုလူလူချင်းသတ်တယ်
Like · 38 minutes ago
အငှား လင်
စစ်ဘီလူးတွေကို ဒီလိုရပ်တန့်မှဘဲရမယ်လေ
Like · 35 minutes ago
AungZay Thaw
အိုင်းစတိုင်း မှားပေမယ့်
ဦးသန့်တော်ခဲ့တယ်
Like · 26 minutes ago
Linlat Thu
တန်ဖိုးရှိတဲ့တီထွင်မှု
အသုံးလွဲသွားခဲ့လေခြင်းပင်
Like · 19 minutes ago
Iñfíníty Deęp
အဲ့လိုမှ မလုပ်ခဲ့ဘူးဆိုရင် ဂျပန်က အညံ့ခံမှာ မဟုတ်သေးဘူး စစ် ကဆက်ဖြစ်နေအုံးမှာ ပုံမှန်အတိုင်းစစ်တိုက်ပီး အနိုင်ယူမယ်ဆိုရင် အခုသေတဲ့လူဦးရေထက် အဆမတန်များတဲ့ ဂျပန်တွေသေကြမှာ အဲ့လိုအမြောက်အများမသေရပဲ စစ်ကို အဆုံးသတ်ပေးလိုက်တဲ့ ဗုံး နှစ်လုံး ပါ.. သေချာစဉ်းစားကြည့်ရင်တော့ စစ်ကိုစခဲ့တဲ့ ဖက်စစ်တွေကိုပဲအပြစ်တင်ရမှာပါ ဗုံးကြဲခဲ့ တဲ့ သမ္မတ ထရူးမန်းကဒီလုပ်ရက်အတွက်နောင်တမရပါဘူး နောက်တကြိမ် ဒီလိုမျိုးကြုံလာခဲ့ရင် ဒီလိုပဲ ဆုံးဖြတ်မှာပါလို့ ပြောသွားခဲ့ပါတယ်
--

No comments:

Post a Comment