Tuesday, October 21, 2014

ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလာ

The Express Times
  ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလာ
း..
==============================
================
ငါကတော့ ကောင်းတာလုပ်ပေမယ့်၊ ကောင်းကျိုးမရဘူး၊ သူ့
ကျတော့ ဆိုးတာလုပ်ပေမယ့် ကောင်းကျိုးတွေ ရပြန်ရော.. ဒီလို
အတွေးလေးတွေ မကြာမကြာတွေး တတ်ကြပါတယ်။ တစ်
ခါတရံမှာ ကိုယ့်ဘာလုပ်လုပ် မကောင်းတာတွေချည်း တွေ့ကြုံ
နေရလေတော့ ကံမကောင်းဘူး လို့ ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်
မှုတွေဖြစ်တာလည်း အခါခါကြုံတွေ့ဖူးကြမှာပါ။ထိုအ
ကြောင်းနဲ့ပတ်သက်ပြီးတော့ဇာတ်
လမ်းလေးတစ်ပုဒ်ကိုဖော်ြ
ပလိုက်ပါတယ်
တစ်ခါက သူငယ်ချင်းနှစ်ယောက် တန်ဆောင်မုန်းလပြည့်နေ့ညတ
စ်ခုမှာ ခရီးတစ်ခုကို အတူလာခဲ့ရာမှ လမ်းခုလတ်ရောတဲအခါ နှစ်
ယောက်သား တိုင်ပင်ကြသတဲ့။
တစ်ယောက်က ဆိုင်းသံ ဗုံသံ တညံညံနဲ့ စည်ကားနေတဲ့ မီးထွန်းပဲ
ကို သွားချင်နေတယ်။ ကညာပျိုအလှတွေနဲ့ ပျော်ပွဲမှာ ပါဝင်
နွှဲချင်တယ်ပေါ့။
နောက်တစ်ယောက်ကတော့ တောင်ပေါ်ဘုရားဆီတက်လို့ ကမ္မဋ္ဌာ
န်း ဘာဝနာပွားများ ရှုမှတ်နေချင်တယ်၊ အေးချမ်းဆိပ်ငြိ
မ်တဲ့ တောင်ပေါ်ဘုရားရင်ပြင်ပေါ်မှာ တရားရှုမှတ်ပြီးေ
ကာင်းတဲ့အလုပ်ကို လုပ်ချင်နေတယ်။
အယူအဆမတူကြလို့ နောက်ဆုံးတော့ ကဲ ကိုယ်ကြိုက်ရာလမ်းကို ကိုယ်ေ
လျှာက်ဆိုပြီး လမ်းခွဲလိုက်ကြတယ်။ မနက်မိုးသောက် အလင်းရေ
ာက်ရင်တော့ ဒီနေရာမှာ အတူဆုံးပြီး လိုရာခရီးကို ဆက်ကြမယ်
ပေါ့ဗျာ။
ဒီလိုနဲ့ ကိုယ်ကြိုက်ရာလမ်းဘက်ကို ကိုယ်သွားလိုက်ကြတယ်။ အပျိုကည
ာပေါရာ သွားချင်သူက တောင်ခြေကို ဆင်းသွားတယ်။ ဆိပ်
ငြိမ်ရာမှာ တရားရှာမှီးချင်သူက တောင်ပေါ်ကို တက်သွားလို
က်တယ်။
တောင်ပေါ်ကို တက်ပြီး ရင်ပြင်တော်ပေါ်မှာ စင်္ကြံလျှောက်
လိုက်၊ တင်ပျဉ်ခွေထိုင်လိုက်နဲ့ တရားရှုမှတ်ကာ သူ့အလုပ်သူလုပ်ေ
နလိုက်တယ်၊ သန်းခေါင်ကျော်လာမှ သစ်ပင်တစ်ပင်ရင်းမှာ ၀င်
ထိုင်းပြီး ကမ္မဋ္ဌာန်း တရား ပွားများစီးဖြန်းနေလိုက်
ပါတယ်။
အဲဒီအခါမှာ သစ်ပင်ပေါ်ကနေ သစ်ကိုင်းခြောက်တစ်ချောင်းက
ရုတ်တရက်ဆိုသလို ဖြောင်းခနဲ ကျိုးကျပြီး တရားအားထုတ်နေသူ
ရဲ့ ပေါ်င်ပေါ်တည့်တည့်ကို ရိုက်ချိုးလိုက်သလို ပြင်းထန်စွာ ကျလာပ
ါတယ်။
အဲဒီလူရဲ့ ခြေသလုံး ကျိုးလုမတတ် နာကျင်ပြင်းထန်တဲ့ ဝေဒနာကို
ခံစာရရှာတယ်။ တတ်နိုင်သမျှ တရားကို ကြိုးစားမှတ်ရင်း လင်း
လာတဲ့အခါ တောင်ဝှေးထောက်ပြီး မိတ်ဆွေနဲ့ ဆုံရမယ့်နေရ
ာကို ခပ်ဖြည်းဖြည်းလေး ဆင်းလာရရှာပါတယ်။
အဲ… အပျော်အပါး အသောက်အစား စည်းစိမ်အရသာတွေ တစ်
ဝကြီးခံစားခဲ့တဲ့ အခြားလူတစ်ယေက်ကတော့ နံနက်မိုးလင်းလို့
အိပ်ရာကနေထပြီး သူငယ်ချင်းနဲ့ ချိန်းထားတဲ့နေရာကို ထွက်
လာခဲ့ပါတယ်။ အဲဒီလို ထွက်လာတဲ့အချိန် လမ်းမှာ အထုပ်တစ်ခု ကေ
ာက်ရပါသတဲ့။ ဖွင့်ကြည့်လိုက်တော့ အသပြာတစ်ထောင်တိတိ(ဟိုတု
န်းကအသပြာ တစ်ထောင်ဆို ဒီခေတ် သိန်းဂဏန်းတော့ရှိလောက်
တယ်) ပိုင်ရှင်မရှိ တွေ့ရတော့ ၀မ်းသာအားရယူခဲ့ပြီး ချိန်း
ထားတဲ့ နေရာကို ရောက်လာတာပေါ့။
နှစ်ယောက်သား တွေ့ကြတဲ့အခါ ကိုယ်တွေ့ခဲ့တဲ့ အတွေ့အြ
ကုံတွေကို နှီးနှောဖလယ် ပြောဆိုကြပါတယ်။ ဟ…ဘယ့်နှယ်လဲ။
ဘုရားကုန်းတော်ပေါ်တက်ပြီး ကမ္မဋ္ဌာန်းဘာဝနာအားထုတ်
လို့ ကောင်းတာလုပ်တဲ့သူက ခြေကျိုးခဲ့ရတယ်။ ကညာအလှမဒီ တရုန်
းရုန်းနဲ့ သာယာသမျှ အရယ်ရယ် အပြုံးပြုံးနေလိုက်သူက အသြာ
ပာတစ်ထောင်ထုပ်တောင် ရခဲ့သေး…။
ကောင်းတာလုပ်လို့ ကောင်းကျိုးမရ။
မကောင်းတာလုပ်လို့ ဆိုးကျိုးမရ။
ကောင်းတာလုပ်လည်း ဆိုးကျိုးရတယ်။
မကောင်းတာလုပ်လည်း ကောင်းကျိုးရတယ်။
နှစ်ယောက်သား ဒီလို ခံယူနားလည်မိကြောင်း ပြောဆိုပြီး ခ
ရီးဆက်ခဲ့ကြရာ ကျောင်းသင်္ခမ်းတစ်ခုကို ရောက်ရှိခဲ့ပါတယ်။
အဲဒီကျောင်းတော်က ပညာဉာဏ်ရောင် ထင်ရှားတဲ့ ဆရာတော်ရ
ဟန်းကို အကျိုးအကြောင်း လျှောက်ထားတဲ့အခါ ဆရာတော်က ဒီလို
မိန့်တော်မူသတတ်-
“ ဒကာတို့…၊ အတွေ့အကြုံကို နမူနာယူ မူတည်ပြီး လောကနိ
ယာမအနေနဲ့ ထင်နေကြလို့ ကံနဲ့ ပတ်သက်ပြီး ဒကာတို့ အထ
င်မှားနေကြပြီ ”
ပထမဒကာက ကောင်းမှုကုသိုလ်ပြုတာတော့ မှန်ပါရဲ့ သူရဲ့မူလကံ
အရ သစ်ကိုင်းကျိုးကျ ခြေထောက်မှာ ဒဏ်ရာရရုံမျှ မကသေး၊ သ
စ်ပင်ပိကျ ချက်ချင်းသေရမယ့်ဘေးနှင့် ကြုံရမယ့်အခါဖြစ်တယ်။
ဒါပေမယ့် လတ်တလော ကုသိုလ်ကံက တားဆီးထားလိုက်လို့ ခြေထေ
ာက်ဒဏ်ရာရရုံလောက်တာ ဖြစ်ခဲ့တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့ကု
သိုလ်ကံက သက်သာရာ ရစေခဲ့တာပေါ့…။
ဒုတိယဒကာကတော့ သူ့အတိတ်ကံအကြောင်းအရဆိုရင် အသပြာထေ
ာင်ထုပ်သာမက ရွှေထုပ် စိန်ထုပ် ပတ္တမြားထုပ်များ သုံးမကုန်
လှူမခန်းအောင် ချမ်းသာသည်အထိ ကောက်ယူရရှိ ကြွယ်ဝမယ့်သူြ
ဖစ်တယ်။ သို့သော်လည်း အဲဒီနေ့ညက မကောင်းမှုမှာသာ ယစ်
မူး သာယာနေလိုက်တဲ့အတွက် အသပြာ ကုဋေကုဋာထိုက်တဲ့ရတနာေ
တွမရတော့ဘဲ ငွေတစ်ထောင်ထုပ်ကလေးသာ ကောက်ရလာတော့
တာ
ဖြစ်ပါတယ်။ လတ်တလော အကုသိုလ်ကံကြောင့် ရမည့်အကျိုးပေးတ
ရား လျော့နည်း ဆုံးပါးသွားရတာပါ၊ အဲဒါက ကံတရားပဲ
” တဲ့။
ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးအနှံတို့ကိုယ် ကိုယ်တိုင်ရိပ်သိမ်းကြရမှာ
ဓမ္မတာပါပဲ….။
ကောင်းတာလုပ်ပြီး ကောင်းကျိုးမပေးဘူး ထင်နေသေးသလာ
း..
Credit-Dhamma Knowledge

No comments:

Post a Comment