Thursday, October 9, 2014

သက္ကရာဇ်များ

The Express Times
နှစ်သက္ကရာဇ်များ
==================
မဟာသက္ကရာဇ်
မြတ်စွာ ဘုရား ထင်ရှား ရှိစဉ် နှစ်ကို ( ကာလ ဒေ၀ီလ ရသေ့ နှင့် ဘိုးတော် အဉ္ဖန မင်းတို့ ထားခဲ့သော နှစ်ကို ) မဟာသက္ကရာဇ် ဟုခေါ်သည်
မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈ နှစ်တွင် မွေးဖွားသည် ။

သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ပာန်စံပြီးနောက် ပထမသင်္ဂါယနာ တင်သော နှစ် ( အရှင်မဟာကသ်သပ နှင့် အဇာတသတ်မင်းတို့ ထားခဲ့သော နှစ်မှ စပြီး ခေါ်သောနှစ် ) ကို သာသနာသက္ကရာဇ် ဟုခေါ်သည်။

မြန်မာ သက္ကရာဇ်
သာသနာနှစ်ကို ၆၂၂ တစ်ကြိမ် ၊ ၅၆၀ တစ်ကြိမ် ၊ နှစ်ကြိမ် ဖြိုပြီးခေါ်သော ယခု ရှိသည့် သက္ကရာဇ်ကို မြန်မာနှစ် မြန်မာ သက္ကဟုခေါ်သည်။

ထို့ကြောင့်
၆၂၂+၅၆၀=၁၁၈၂ နှင့် ယခု လက်ရှိ မြန်မာနှစ်ကို ပေါင်းလျှင် သာသနာနှစ် ပေါ်လာသည်။

ခရစ်နှစ်
သာသနာနှစ် ၅၄၄ အရောက်တွင် ခရစ်တော်ကို မွေးဖွားသည် ထိုအချိန်မှ စပြီး ခေါ်သောနှစ်ကို ခရစ်နှစ် ဟု ခေါ်သည်။
၅၄၄ တွင် လက်ရှိ ခရစ်နှစ် ထည့်ပေါင်းလျှင် သာသနာ သက္ကရာဇ် ရသည်။

( ငါးလေးလေး တွင် ခရစ်တင် မြတ်ရှင်သာသနာ )

ဘီစီ အေဒီ
ဘီစီ ဟူသည် BEFORE CHRIST (ခရစ်မတိုင်မီ ) ဟု ဆိုလိုသည်

အေဒီ ဟူသည် ANNO DOMINI (ငါတို့ ဘုရားသခင် နှစ် ) ဟု အဓိပ္ပါယ် ရှိသည့် ယခု ထင်ရှားရှိ အင်္ဂလိပ် နှစ်ကိုခေါ်သည်။
( သာဓက မှာ ဘီစီ ၅ ရာစု ဟု ဆိုလျှင် ခရစ်တော် မပေါ်မီ နှစ် ၅ -ရာ ၊ အေဒီ ၅ ရာစု ဟုဆိုလျှင် ခရစ်တော် ပေါ်ပြီး နှစ် ၅ ရာ )
Credit - မြန်မာ့စွယ်စုံကျမ်း

No comments:

Post a Comment