Tuesday, October 14, 2014

ပုံပြင်

ဖခင်ဖြစ်သူဟာ ထုံးစံအတိုင်း အိမ်ကိုနောက်ကျမှ ပြန်လာပါတယ်။
အရင်ရက်တွေကအတိုင်းပါပဲ ... ပင်ပန်းနေပြီး စိတ်တိုနေပုံလဲ
ရပါတယ်။ အိမ်ရှေ့လည်း ရောက်ရော အိမ်တံခါးပေါက်ဝမှာ
သူ့ရဲ့ ၅နှစ်အရွယ် သားငယ်လေးဟာ သူပြန်အလာကို ရပ်ပြီး
စောင့်နေတာကိုတွေ့လိုက်ပါတယ်။
"ဖေဖေ.. ဖေဖေ့ကိုတစ်ခုလောက်မေးလို့ရမလား
ဟင် .."
"မေးလေ သားရဲ့ ... ဘာမေးမလို့လဲ" ဆိုပြီး ဖခင်ဖြစ်သူက
ပြန်ပြောတယ်။
"ဖေဖေ တစ်နာရီအလုပ်လုပ်ရင် ပိုက်ဆံဘယ်လောက်ရလဲဟင် .."
"ဒါ မင်းအလုပ်မို့လို့လားကွာ ... မင်း ဒီလိုမေးပြီးတော့
မင်းဘာလုပ်မှာမို့လို့လဲ" ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီး
နဲ့ ပြန်ပြောတယ် ...။
"သားတကယ်သိချင်လို့ပါဖေဖေ .... ပြောပြပါနော် ... ဖေ
ဖေတစ်နာရီအလုပ်လုပ်ရင် ဘယ်လောက်ရလဲဟင်" ဆိုပြီး သားလေး
က အသနားခံတဲ့ အသံလေးနဲ့ ပြောတော့ ....
"အေး ... မင်းသိထား ... တစ်နာရီကို ဒေါ်လာ ၂၀ ရတယ်ကွ"
ဆိုသတဲ့။ အဲတော့ ...
"အိုးးး" ဆိုပြီး ကလေးလေးက ခေါင်းလေးငုံ့သွားတ
ယ် ... ပြီးတော့ သူ့ဖေဖေကိုကြည့်ပြီး "ဖေဖေ ... သားကို ပို
က်ဆံ ၁၀ဒေါ်လာလောက် ချေးလို့ရမလားဟင်" လို့ပြောတယ်။
အဲဒီ့အချိန်မှာ အဖေဖြစ်သူက အတော် ဒေါသထွက်သွားတယ်။
"ငါဘယ်လောက်ပိုက်ဆံရသလဲဆိုတာ မင်းသိချင်တဲ့ အဓိကရည်ရွယ်ချက်
က မင်းလိုချင်တဲ့ ကစားစရာတွေ .. ပြီးတော့ ဘာမှအရေးအရ
ာမဟုတ်တဲ့ ပစ္စည်းတွေကိုဝယ်ဖို့ ဆိုရင်တော့ အခုအချက်ချင်း မင်
းအခန်းကိုမင်းသွားတော့ ... ပြီးရင် ... အိပ်တော့။ မင်းဟ
ာလေ တော်တော်လေးကို တကိုယ်ကောင်းဆန်တာပဲ ..။ ငါ့မှာတေ
ာ့ နေ့တိုင်း မင်းတို့အတွက် ရှာလိုက်ရတဲ့ ပိုက်ဆံ၊ လုပ်လိုက်ရတဲ့ အ
လုပ် ..။ မင်းကွာ ... မိဘကို တော်တော်မသိတတ်တာပဲ" ဆိုပြီး
အော်ဟစ် ဆူပူလိုက်တော့ ကလေးလေးဟာ သူ့အခန်းကိုသူ ပြန်ဝင်
သွားရှာတယ်။
ပြီးတော့ ... အဖေဖြစ်သူဟာ ဆိုဖာပေါ်မှာ ထိုင်ချပြီး သူ့သ
ားရဲ့ မေးခွန်းအတွက် တနုံ့နုံ့ ဒေါသဖြစ်ရင်း မကျေမ
ချမ်းဖြစ်နေတယ်။ ဘာအတွက်ကြောင့် ငွေလိုပြီး ဒီလိုမေးဖို
့ သတ္တိတွေတောင် ရှိနေရတာလဲပေါ့ ...။
တစ်နာရီလောက်လဲကြာရော ... အဖေဖြစ်သူဟာ စိတ်ပြေစပြု
လာတယ်။ ပြီးတော့ သူ့သားလေး ဘာတွေ အခက်အခဲဖြစ်နေ
လို့ ငွေလိုအပ်သလဲဆိုတာ စ စဉ်းစားမိတယ်။ "တစ်ခုခုကို ၀ယ်ဖို့
တကယ်လိုအပ်လွန်းလို့သာ ၁၀ ဒေါ်လာကို တောင်းတာဖြစ်မယ်
.. ပြီးတော့ ဒီလိုငွေလိုတယ်ဆိုပြီး တောင်းတာမျိုးလဲ သိပ်မရှိခဲ့
ပါဘူး" .... ဆိုပြီး တွေးမိတယ်။ ဒါကြောင့် သူ့သားလေး
အခန်းကိုသွားပြီး တံခါးကို တွန်းဖွင့်လိုက်တယ် ..။
"သား ..... အိပ်နေပြီလား" လို့ မေးလိုက်တော့...
"မအိပ်သေးပါဘူး ဖေဖေ" ဆိုပြီး သားလေးက ပြန်ဖြေတယ်

"ဖေဖေ သားကို ဆူပြီးတည်းက စဉ်းစားနေတာပါ ... စစချ
င်းတုန်းကတော့ ဖေဖေ မင်းကို အတော်စိတ်ဆိုးမိတယ်။ ဖေဖေ တ
စ်နေ့လုံး အလုပ်တွေများလွန်းလို့ စိတ်ရှုပ်နေတာ ... ဒါေ
ကြာင့် သားပြောတာကို စိတ်တိုမိသွားတာပါ။ ရော့ ရော့...
ဒီမှာ သားတောင်းတဲ့ ဒေါ်လာ ၁၀" ဆိုပြီး ပြောသတဲ့။
အဲဒီ့အချိန်မှာ သားလေးဟာ အိပ်ယာပေါ်လှဲနေရာကနေ ထထိုင်လိုက်
တယ်။ ပြီးတော့ "ကျေးဇူးတင်လိုက်တာ ဖေဖေ" ဆိုပြီး ၀မ်းသ
ာအားရ အော်ပြောလိုက်တယ်။ ပြီးတော့ ခေါင်းအုံးအောက်ကို
လက်နှိုက်ပြီး ပိုက်ဆံအလိပ်လေးတစ်ခုကို ယူလိုက်တယ်။ အဖေဖြစ်သူဟ
ာ သားဖြစ်သူမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်တောင်းတယ်ဆိုတာကို
မြင်တွေ့လိုက်တော့ နောက်တခါ ဒေါသထွက်လာပြန်တယ်။
သားလေးဟာ သူ့ပိုက်ဆံလေးတွေကို ဖြေးဖြေးချင်းရေပြီ
း သူ့ဖခင်ကို လှမ်းကြည့်သတဲ့ ..။
"မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်ပြီး ဘာကြောင့် လိုချင်နေ
တာလဲ" ဆိုပြီး ဒေါသနဲ့ ထပ်အော်ပြန်တယ်။
"ဘာဖြစ်လို့လဲဆိုတော့ ..... သားမှာ ပိုက်ဆံမလောက်လို့ပါ ....
အခုတော့ လောက်သွားပါပြီ"
ပြီးတော့ ဆက်ပြီး .....
"သားမှာ အခုဆိုဒေါ်လာ ၂၀ ပြည့်သွားတော့ ဖေဖေ့ရဲ့ တစ်
နာရီကို သားဝယ်လို့ရပြီ။ ဒါကြောင့် .... မနက်ဖြန် စောေ
စာပြန်လာခဲ့နော်။ ဖေဖေနဲ့တူတူ ညစာစားချင်လို့ပါ
" .....။
Credit to Original Writer
K.K(ကနောင်)

No comments:

Post a Comment