Wednesday, October 15, 2014

သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်

The Express Times
သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်
=====================
မြတ်စွာဘုရားရှင်လက်ထက်တော်က
စက္ခုပါလမထေရ်ဆိုတာ မြတ်စွာဘုရား သီတင်းသုံးရာကျောင်
းတော်ကို ကြွမလာခင်ကတည်းက
တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။အဲဒီ ကာလကတည်းက မျက်စိရော
ဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အ
ခါမှာ လဲလျောင်းပြီးခတ်ရပါမယ်။နို့မဟု
တ်ရင် မျက်စိပြန်မ
ကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမဲ့ စက္ခုပါလမထေရ်
က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တ
ာ၊ ထိုင်တာကိုပဲ ပြုပြီး
တရားအားထုတ်တော်မူခဲ့ပါတယ်။ ဆေးဆရာလာကြည့်တဲ့အခါ
အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ်ပါတယ်။
အဲဒ်ီတော့ ဆေးဆရာကလည်း နောက်ဆုတ်သွားခဲ့ပါတယ်။
အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။တကယ်တော့ ဘယ်
လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့ သံသရာတစ်ကွေ့မှာ စက
္ခုပါလမထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့
ပါတယ်။ အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိ
ရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်က ဆ
ရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံ
း ကျွန်ခံပါ့မယ်လို့ ပြောပြီး ဆေးကုသခံသတဲ့။
သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြ
ည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။ သိပေမယ့် ဘယ်လိုနေသေ
းလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့
ညာပြီး ပြောပါတယ်။ အစောပိုင်းကတော့ တော်တော်ကော
င်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်
ပါတယ်လို့ လိမ်ပြောပါသတဲ့။ ဆေးဆရာက ဒီအမျိုးသမီးတာ့ ည
ာနေပြီ သိကြသေးတာပေါ့လို့ဆိုပြီး နောက်တစ်ခေါက်အလာ
မှာဆေးပြောင်းပေးမယ်လို့ဆိုပါတယ်။
နောက်တစ်ခေါက်အလာမှာလည်းဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုေ
သွးပြီး မျက်စိကိုကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်
ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။ လူနာ အမှ
ားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ။
အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အ
ာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့
ဘ၀ ကို ရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ပြန်ပြီးပေ
းဆပ်ရပါတယ်။ ၀ဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။အခုဘဝ
မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်မျ
ားနဲ့တည့်တည်တိုးတာ ၊ဝေဒနာများကို ခံစားရတာ စတဲ့အဖြ
စ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်းတာမျိုး၊ သူ
တစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီ
းသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ်လိုက်တာ ကောင်းပ
ါတယ်။
နောက်သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နု ကိုသေ
ဒဏ်ချလိုက်ပြီး....သတ်တော့မှာသေချာတဲ့အချိန် ....မိဖုရားကြီး
က အခွင့်အရေးတစ်ခု တောင်းပါတယ်။ အဲဒီ အခြင့္အေရးကေ
တာ့ “ဆရာတော်ဦးဗုဓ်” ကို
ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းက
လည်း မပိတ်ပင်ပါဘူး။
အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကိုတက်သွားပါတယ်
။ ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါ
တယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့ လျှောက်ထားရင်းထ
ိုင်ကန်တော့အပြီးမှာ
“ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရား ”
လို့ လျှောက်ပါတယ်။အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျ
နစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။
“ မိနု သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ” ဆိုတဲ့ စကားတစ်
ခွန်းဖြစ်ပါတယ်။
မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါနာ
းလည်ပါပြီဘုရားလို့လျှောက်ထားပြီး
နောက်တစ်ကြိမ်ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။ ဒီဇာတ်
ကြောင်းလေးက ရဟန်းပီသတော်မူတဲ့
ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နာ
းလည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တရားနဲ့မဝေးတဲ့ ရင့်သန်
တဲ့စိတ်ထား ကိုမြင်ရပြန်ပါတယ်.. ဒါ့ကြောင့် မည်သူမဆို
~~~~သံသရာတစ်လျှောက်မှာ သူ့ကြွေးရှိက ဆပ်ရမှာအမှန်ပြဲ
ဖစ်ပါတယ်..
Credit - Original Writer

No comments:

Post a Comment