ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦး
ရွှေအိုး
==============================
==================
ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အမြော်အမြင်ရှိတဲ့ြ
မန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆော
က်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများ
အပြားစေလွှတ်ခဲ့ပါတယ်။
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရေ
ွှအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးန
ာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်ေ
မြာင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပ
ါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှု
ထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင်မင်းသားကြ
ီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးေ
စလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။
ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိ
ပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နော
က် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်
နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီ
ဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်
လာခဲ့ပါတယ်။
နောက်ပိုင်းမှာ မင်းတုန်းမင်းနဲ့ ကောင့် ဟင်နရီ ဒီဆာ
ဆေတို့ ညှိုနှိုင်းဆွေးနွေးပြီး ပြင်သစ်ကို ပညာတေ
ာ်သင်သုံးယောက် စေလွှတ်ရာမှာ ဦးရွှေအိုး ပါသွားခဲ
့ပြန်ပါတယ်။
ပြင်သစ်ရောက်တဲ့အခါ ဦးရွှေအိုးဟာ ပဲရစ်မြို့၊ ပန်
သီယန်သိပ္ပံကျောင်းကနေ သိပ္ပံဘွဲ့ရရှိပြီး ပဲရစ်ဗဟိုဝိဇ္ဇ
ာနဲ့ ထုတ်လုပ်မှုလုပ်ငန်းကျောင်းမှာ တိုက်ရိုက်ဝင်ခွင့်ရခဲ
့ပါတယ်။
ဦးရွှေအိုးဟာ အဲဒီကျောင်းမှာ မဟာသိပ္ပံဘွဲ့လွန်သင်တ
န်းတက်နေရင်း တစ်ဖက်မှာလည်း မြို့ပြအင်ဂျင်နီယာဘွဲ့
အတွက် ပညာသင်ကြားခဲ့ပါတယ်။
ဒီလိုနဲ့ ပြင်သစ်မှာ ရှစ်နှစ်ကြာ ပညာသင်ပြီးတဲ့နောက်
မှာတော့ ဦးရွှေအိုးဟာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့နဲ
့ မြို့ပြအင်ဂျင်နီယာဘွဲ့တို့ကို ရရှိခဲ့ပါတယ်။
ဦးရွှေအိုးတို့ ပြင်သစ်ပညာတော်သင်တွေဟာ တစ်လကို အ
င်္ဂလိပ်ဒင်္ဂါး ၈၀၀ ထောက်ပံ့ကြေးရကြပါတယ်။
ဦးရွှေအိုးဟာ ပြင်သစ်မှာပဲ ပြင်သစ်သူတစ်ဦးနဲ့ အိမ်ေ
ထာင်ကျပြီး သားတစ်ယောက်လည်း မွေးဖွားခဲ့တယ်လို့
ဆိုကြပါတယ်။
ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားနေစဉ်အတောအတွင်းမှ
ာ ဦးရွှေအိုးဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်အချို့နဲ့ တေ
ွ့ဆုံရင်းနှီးခဲ့ပါတယ်။
ဓာတုဗေဒသင်ကြားရသူတိုင်း အထူးရင်းနှီးပြီးသားဖြ
စ်တဲ့ Periodic Tableကို တီထွင်ဖော်ထုတ်ခဲ့တဲ့ ရုရှားနို
င်ငံရဲ့ အကျော်ကြားဆုံးဓာတုဗေဒပညာရှင် မင်ဒိလိယက်ဖ်နဲ
့လည်း အထူးရင်းနှီးခဲ့ပါတယ်။
(Periodic Table မှာ ဦးရွှေအိုးရဲ့ အကြံဥာဏ်တချို့ပါ
ပါဝင်တယ်လို့ အချို့က ယုံကြည်ကြပါတယ်။)
လေယာဉ်ပျံသန်းမှုဆိုင်ရာသိပ္ပံပညာ
ဖ်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။
ဦးရွှေအိုးဟာ နပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လ
က်ခံရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ မြင်ကွန်း၊မြင်းခုံတိုင်အရေး
ကြာင့် ကနောင်မင်းသားကြီးကျဆုံးသွားပြီ
က်အပံ့တွေ ခေတ္တရပ်ဆိုင်းသွားတာမို့ ဦးရွှေအိုးဟာ
ဇနီးနဲ့သားကို ထားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ
့ပါတယ်။
နေပြည်တော်ပြန်ရောက်တဲ့အခါမှာေ
ဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပ
ါ ကျွမ်းကျင်တာကြောင့် ယောအတွင်းဝန်ဦးဖိုးလှိုင်လ
က်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအ၀၀အတွက် လုပ်ကိုင်
အမှုထမ်းရပါတယ်။
ဒါ့အပြင် ဦးရွှေအိုးဟာ "သြသဓရတနာကရ"အမည်ရ ဖ
န်ချက်ခြင်းပညာရပ်ဆိုင်ရာစာတမ်း
းခဲ့တဲ့အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခံ
ခဲ့ရပါတယ်။
ဦးရွှေအိုးဟာ မအားလပ်တဲ့ တာဝန်တွေကြားထဲက လေ
ာကဓာတ်ဆေးကျမ်းကြီးခေါ် ဓာတုဗေဒကျမ်းတစ်စောင်ကို
လည်း ဘာသာပြန်ရေးသားနိုင်ခဲ့ပါတယ်။
ဦးရွှေအိုးရဲ့ လူသိပ်မသိတဲ့ တီထွင်မှုတစ်ခုရှိပါသေးတယ်
အဲဒါကတော့ Fermentation Theory (ကစော်ဖောက်ြ
ခင်းသဘောတရား) ဖြစ်ပါတယ်။
ကမ္ဘာ့မှတ်တမ်းများမှာ အဲဒီသီအိုရီကို ၁၈၇၇ခုနှစ်မှာ သိပ္ပံ
ပညာရှင်ထရာဗေက စတင်တွေ့ရှိဖော်ထုတ်ခဲ့တယ်လို့ မှတ်တ
မ်းတင်ထားပေမယ့် ၁၈၆၈ခုနှစ်မတိုင်မီကတည်းက ဦးရွှေ
အိုးက ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်တယ်လု
ခတ် မြန်မာ့သိပ္ပံပညာရှင်များစာအုပ်
သန့်တင်က ဖော်ထုတ်ရေးသားထားပါတယ်။
ဦးရွှေအိုးဟာ သံအမတ်အဖြစ်လည်းကောင်း၊ ပညာတော်သ
င်ကိစ္စရပ်များအတွက်လည်းကောင်း နိုင်ငံရပ်ခြားကို အေ
ခါက်ခေါက်သွားရောက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-အင်္ဂလိပ်ပူးတွဲတရားရုံးမှ
တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ နိုင်ငံခြားရေးရာကိစ
္စရပ်များတိုင်ပင်ရာ အားအကိုးရဆုံးလက်ရုံးလည်း ဖြစ်ပါ
တယ်။
နာမည်ကျော်တိုင်တားမင်းကြီးရဲ့ သမက်လည်းဖြစ်ပါတယ်
။
ဗြိတိသျှက မြန်မာကို တတိယအကြိမ်စစ်ပြုမယ့်အရေး ရှော
င်ရှားနိုင်ဖို့အတွက် လယ်ကိုင်းမြို့စားကင်းဝန်မင်းကြ
ီးနဲ့အတူ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်း ဗြိတိသျှက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီ
းတဲ့နောက်မှာ ခေတ်ပညာတတ်ဦးရွှေအိုးဟာ ဗြိတိသျှလက်ေ
အာက်မှာ လုံးဝအမှုမထမ်းဘဲ မိမိတတ်တဲ့ပညာနဲ့သာ အသက်
မွေးခဲ့ပါတယ်။
ကုန်းဘောင်ခေတ်က မြန်မာ့ပထမဆုံးအင်ဂျင်နီယာလို့ ဆိုနို
င်တဲ့ ဦးရွှေအိုးဟာ အသက်၆၉နှစ်အရွယ်၊ ၂၂၊ ဒီဇင်ဘာ
၊ ၁၉၀၅မှာ သူချစ်တဲ့ အမိနိုင်ငံနဲ့တကွ လောကကြီးကိုပါ
စွန့်ခွာသွားခဲ့ပါတယ်။
==============================
===================
ကိုးကား
ယောမင်းကြီးဦးဖိုးလှိုင်အတ္တု
ဟကျမ်း - မောင်ထင်
ပထမဆုံးအင်ဂျင်နီယာဘွဲ့ရ ဖန်ချက်ဝန်ဦးရွှေအိုး - တင်နို
င်တိုး (ဆောင်းပါး)
No comments:
Post a Comment