Monday, October 20, 2014

ကိုးဆယ့်ကိုးအသင်းဝင်

The Express Times
ကိုးဆယ့်ကိုးအသင်းဝင်
================
တခါတုံးက အလွန်ကြွယ်ဝချမ်းသာပြည့်စုံစွာ နေနေရပေမဲ့
ဘယ်တော့မှ ရောင့်ရဲခြင်းမရှိတဲ့ ဘုရင်တပါးရှိတယ်။
တနေ့တော့ သူဟာ သူ့နန်းတော်အတွင်း လှည့်လည်ကြည့်ရှုနေ
တုံး သီချင်းလေးတအေးအေးနဲ့ ပျော်ရွှင်စွာ အလုပ်လုပ်နေ
တဲ့ သူ့ရဲ့အမှုထမ်းတစ်ယောက်ကို သွားတွေ့တော့ အဲ့ဒီမြင်
ကွင်းက သူ့ကို အလွန်စိတ်ဝင်စားစေတယ်။ အဲ့ဒါနဲ့ သူလဲ အဲ့ဒီ
သူအနားကို သွားပြီး “ဘာလို့ အဲ့လောက်တောင်များ စိတ်အေ
းလက်အေး ပျော်ရွှင်နေနိုင်သလဲ” လို့ မေးသတဲ့ ။
အဲ့ဒီတော့ အမှုထမ်းက “အရှင် .. ကျွန်တော်မျိုးက သခင့်အမှု
ထမ်းပါ။ ဘာမှ ထူးထူးခြားခြားလူတစ်ယောက် မဟုတ်ပါဘူ
း ။ ကျွန်တော်မျိုးနဲ့ ကျွန်တော့်မိသားစုအတွက် အမျာြး
ကီးမလိုပါဘူး။ အမိုးအကာလုံခြုံတဲ့နေရာလေးတစ်ခု
နဲ့ အစာအိ
မ်ကို ဖြည့်တင်းပေမဲ့ လုံလောက်တဲ့အစားအစာတွေရှိနေရင် ပြ
ည့်စုံပါတယ်” တဲ့ ။
ဘုရင်ဟာ အမှုထမ်းရဲ့စကားကို အကျေနပ်ကြီးမဟုတ်တော့ သူ့
ရဲ့အတိုင်ပင်ခံအမတ်ကို အဲ့ဒီအကြောင်းပြောပြတော့ အမတ်ကြီ
းက “အရှင်မင်းကြီး ..ခုန အမှုထမ်းဟာ ကိုးဆယ်ကိုးအသင်းဝ
င် တစ်ယောက် မဖြစ်သေးလို့ပါ” တဲ့ ။
အမတ်ကြီးရဲ့ ကိုးဆယ်ကိုးအသင်းဝင် ဆိုတဲ့စကားကို ကြားတော့
ဘုရင်က အလွန်အံ့အားသင့်သွားပြီး ဆက်လက်မေးမြန်းတယ်။
“အရှင်မင်းကြီး ..ကျွန်တော်မျိုး ရွှေဒင်္ဂါးပြား ကိုး
ဆယ်ကိုးပြားကို ထုတ်ပိုးပြီး အမှုထမ်းရဲ့ အိမ်ရှေ့တံခါးဝ
မှာ သွားထားပြီးရင် အရှင်မင်းကြီး သိလာပါလိမ့်မယ်” လို
့ အမတ်ကြီးက လျှောက်ထားတယ် ။
နောက်တနေ့ရောက်လို့ သူ့အိမ်ရှေ့က ရွှေဒင်္ဂါးပြားထု
ပ်ကိုလဲတွေ့ရော အမှုထမ်းက ဝမ်းသာအားရနဲ့ အိမ်ထဲကိုယူသ
ွားပြီး ဒင်္ဂါးပြားတွေကို စရေတွက်တော့တာပဲ ။ ကိုး
ဆယ်ကိုးပြားပဲရှိတဲ့ ဒင်္ဂါးပြားတွေကို သူ ရေတွက်ပြီးတဲ့
အချိန်မှာ “မဖြစ်နိုင်ဘူး။ ဘယ်သူမှ ကိုးဆယ့်ကိုးခုတော့ မထားေ
လာက်ပါဘူ။ နောက် ဒင်္ဂါးတစ်ပြား ရှိကိုရှိရဦးမယ်” ဆိုပြီ
း သူဟာ နေရာအနှံ့ရှာတော့တာပဲ ။ နောက်ဆုံး ခြေကုန်လက်
ပမ်းကျပြီး မောကြီးပန်းကြီးနဲ့ အိမ်က လူတွေကိုပါ ဆူပူမ
ာန်မဲ ရှာခိုင်းတယ်။
မတွေ့တော့တဲ့အဆုံးမှာ သူက နောက်ထပ်တစ်ပြားရရင် ၁၀၀
ပြည့်ပြီ ဆိုပြီး အဲ့ဒီဒင်္ဂါးတစ်ပြားရဖို့ သူ့လုပ်အားနဲ့
မရရအောင် ဖြစ်စေရမယ်ဆိုပြီး ခါတိုင်းထက် နှစ်ဆပိုလုပ်၊ အိ
မ်ကလူတွေကိုလဲ အရင်လိုကောင်းကောင်းစကားမပြော၊ အလုပ်
ထဲမှာလဲ စိတ်အေးလက်အေးမရှိနဲ့ အပြောင်းလဲကြီး ပြောင်
းလဲသွားတယ်။
အဲ့ဒါကို မြင်တွေ့နေရတဲ့ ဘုရင်ကြီးက သူ့ရဲ့အသွင်ပြော
င်းမှုကို အံ့သြတကြီးဖြစ်ပြီး အမတ်ကြီးကို မေးပြန်တယ် ။
အဲ့ဒီတော့မှ အမတ်ကြီးက “အရှင်မင်းကြီး .. အမှုထမ်းဟာ အ
ခုတော့ ကိုးဆယ်ကိုးအသင်းသားတစ်ယောက်ဖြစ်သွားပါပြီ
ဘာလို့ ကိုးဆယ်ကိုး အသင်းဝင် လို့ ခေါ်ဆိုရသလဲဆိုတော့ တချို့တ
ချို့လူတွေရဲ့ဘဝဟာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ရာ လုံေ
လာက်ပြည့်စုံတဲ့ အနေအထားတစ်ခုရှိနေပေမဲ့ ဘယ်တော့မှ မရော
င့်ရဲနိုင်သေးပဲ ကျန်တဲ့ အပိုတစ်ခုနောက် အသဲအသန်လိုက်ရင်း ပင်ပန်
းဆင်းရဲနေရတဲ့သူတွေကို ဆိုလိုတာပါပဲ'' ဟုဖြေကြားလိုက်လေ
၏။

No comments:

Post a Comment