Thursday, October 9, 2014

“ဖျက်ဆီးရုံသက်သက် ချစ်ရက်သူ(၅)”

“ဖျက်ဆီးရုံသက်သက် ချစ်ရက်သူ(၅)”
=========================
မအေးအေးမွန်က အသက်(၄၄)နှစ်ရှိပါပြီ။
အမရပူရမြို့မှာနေပါတယ်။ ဗမာ/ဗုဒ္ဓပါ။
မအေးအေးမွန် အသက် ၃၆ နှစ်အရွယ်မှာ ကုလားနှင့်အတူနေပါတယ်။ ကုလားက အသက်(၆၁)နှစ်၊ မုဆိုးဖိုပါ။
ကုလားက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ နေပါတယ်။ မအေးအေးမွန်က ကုလားဆီမှာ အလုပ်လုပ် ပါတယ်။ အလုပ်ရှင်နှင့် အလုပ်သမ-အတူနေကြတာပါ။
ကုလားရဲ့ မှတ်ပုံတင်ထဲမှာလည်း ဗုဒ္ဓဘာသာလို့ မှတ်တမ်းရေးထားတာကြောင့် ကုလားမှန်း မသိခဲ့ပါဘူး။
ဒီလို ကိုယ်ဝန်ရခဲ့ပါတယ်။ ဆေးခန်းသွားပြတော့ ကိုယ်ဝန်းသက်တမ်းက(၆)ပတ်ရှိပါ
ပြီ။ ကုလားက အားဆေးဆိုပြီး ဖျက်ဆေးလိမ်တိုက်လိုက်လို့ ကိုယ်ဝန်ပျက်ကျသွားပါတယ်။
ယူဖို့ပြောတဲ့အခါ အကြောင်းပြချက်လှလှလေးတွေနဲ့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။
တရားဝင်ယူဖို့ပြောတဲ့အခါ အစ္စလာမ်ဘာသာဝင်ရမယ်၊ မိဘဆွေမျိုးနှင့် အဆက်အသွယ် ဖြတ်ရမယ်ပြော လာပါတယ်။ မအေးအေးမွန်က မယုံကြည်ရတော့လို့ အတူနေခွင့်မပေးတော့တဲ့အခါ အလုပ်ထုတ်ပစ် လိုက်ပါတယ်။
ဗမာမိန်းကလေးတွေရဲ့ ထုံးစံအတိုင်း အရှက်အကြောက်ကြီးလို့ တရားမစွဲခဲ့ပါဘူး။
မြေကွက်တွေ၊ ပိုင်ဆိုင်မှုတွေနှင့် ပတ်သက်ပြီး ကုလားက လူပါးဝလာလို့ မခံမရပ်နိုင်ဖြစ်တဲ့အခါမှ ပြန်တိုင် ခဲ့တာဖြစ်ပါတယ်။
ဒါကို အမှုစစ် ဒုရဲအုပ် နိုင်ဋ္ဌေးက တမင်တကာ လုပ်ကြံတိုင်တဲ့သဘော သက်ရောက်အောင် တရားမမှုကို ထောက်ပြပြီး ကုလားလွတ်အောင် လုပ်ပေးလိုက်တာပါ။
ဗမာပြည်မှာ ကုလားတွေ လူပါးဝလို့ ကောင်းနေပါတယ်။
ကုလားတွေ လူပါးဝနိုင်အောင် ရဲတွေ-ဥပဒေသမားတွေက လူမိုက်အားပေးလုပ်နေပါတယ်။
ရဲအားကိုး-တရားသူကြီးအားကိုးနှင့် ကုလားတွေ လူပါးဝနေနိုင်တာ ဖြစ်ပါတယ်။
မအေးအေးမွန်ရဲ့ ရင်ဖွင့်စာကို ပူးတွဲတင်ပြလိုက်ပါတယ်။
ဝီရသူ(မစိုးရိမ်)
17.9.2014
PM 9:28
====================================================
သို့
ဦးဝီရသူ
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မန္တလေး
မှ
မအေးအေးမွန်(ဘ)ဦးအေးကို
အမှတ်(၇၇) တ/၅၇ ရှေ့တော်ပြေးရပ်
ရွှေဂွမ်းထုပ်ရပ်ကွက်၊ အမရပုရမြို့။
ရက်စွဲ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်
တပည့်တော် မအေးအေးမွန်၊ ၉/အမရ(နိုင်)၀၀၇၇၉၀ မှ ရိုသေစွာလျှောက်ထားအပ်ပါသည်။
တပည့်တော်သည် ရတနာသုံးပါးအား ရိုသေမြတ်နိုး၍ အစဉ်ဦးထိပ်ပန်ဆင်သူဖြစ်သော်လည်း အတိတ်ကံနည်း ၍ အသိဉာဏ်နည်းကာ ဘာသာခြားတို့၏ လှည့်ဖြားစော်ကားမှု ပိုင်ဆိုင်မှုအား ထိပါးကာ အနိုင်အထက် ပြုမှုတို့ ကို နောင်တများစွာဖြင့် ခံစားနေရပါသည် အရှင်ဘုရား။
တပည့်တော်မ၏ တစ်ကြိမ်တစ်ခါ မိုက်မဲခဲ့မှုအား “နားနှင့်မနာ ဖဝါးနှင့်နာရင်း” ဒုက္ခမှ လွတ်မြောက်အောင် ကယ်တင်ပေးတော်မူပါအရှင်ဘုရား။
တပည့်တော်မ၏ ဖြစ်ကြောင်းများအားလုံးနှင့် စာရွက်စာတမ်း မိတ္တူအားလုံးအား ပူးတွဲ၍ ရိုသေစွာ တင်ပြအပ်ပါ သည်အရှင်ဘုရား။
လျှောက်ထားသူ
မအေးအေးမွန်(ဘ)ဦးအေးကို
အမှတ်(၇၇) တ/၅၇ ရှေ့တော်ပြေးရပ်
ရွှေဂွမ်းထုပ်ရပ်ကွက်၊ အမရပူရမြို့။
ကျွန်မသည်(ဘ) ဦးအေးကို(မိ)ဒေါ်တော တို့၏ သားသမီးရှစ်ဦးအနက်မှ တတိယမြောက် သမီးဖြစ်ပါသည်။ အမရပူရမြို့၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ ရှေ့တော်ပြေးရပ် ဇာတိဖြစ်ပြီး ယခုအချိန်ထိ မိမိဇာတိ ရပ်ရွာတွင် မိဘ ဘိုးဘွားတို့ အစဉ်အဆက်လုပ်ကိုင်ခဲ့သော ရက်ကန်းလုပ်ငန်းလုပ်ကိုင်ရင်း မိဘများနှင့်အတူ နေထိုင်ပါသည်။
၂၀၀၆ ခုနှစ်တွင် မိမိတို့၏ ရက်ကန်းရုံပိုင်ရှင် ဦးဘမြင့်၏ ဆက်သွယ်ပေးမှုဖြင့် ပုလိပ်အထည်စက်ရုံတွင် ညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်ဟု ပြောသော ဦးမောင်မောင်နှင့် သိကျွမ်းခဲ့ပါသည်။ ဦးမောင်မောင်မှ ၄င်းတွင် ငွေကြေးအရင်းအနှီး အချို့ရှိ၍ ရက်ကန်းလုပ်ငန်းအား စိတ်ဝင်စားကြောင်း၊ မိမိမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း၊ မုဆိုးဖိုတစ်ဦးဖြစ်ကြောင်း(မှတ်ပုံတင်ပြ) ပြောပြ မိတ်ဆက်ခဲ့ရာမှစ၍ ဦးမောင်မောင်နှင့် လုပ်ငန်းအတူလုပ်ကိုင်ရန် သဘောတူပြီး ဦးမောင်မောင်မှ မိမိတို့ရက်ကန်းရုံအတွက် လိုအပ် သောကုန်ကြမ်းများအား ပေးမည့်ဖြစ်၍ ယုံကြည်စေရန် မိမိတို့ဘက်မှ ဦးဘမြင့်ထံမှ ဦးဝယ်ယူခဲ့သော ရက်ကန်း စင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို အပ်နှံ၍ ကုန်ကြမ်းပေး ကုန်ချောယူအဖြစ် လုပ်ဆောင်ခဲ့ကြပါသည်။
၂၀၀၈ ခုနှစ်တွင် ဦးမောင်မောင်မှ ၄င်းနေထိုင်ရာ မြို့သစ်(ခ-၁)၊ (၈၀×၈၁)၊ ၆၇လမ်း၊ မြို့သစ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့တွင် ကော်ကြိတ်စက် တည်ထောင်၍ ကျွန်မအား အလုပ်သမား ကြီးကြပ်သူ အဖြစ် လုပ်ဆောင်ပေးရန် ခေါ်ယူသဖြင့် ကျွန်မနှင့်အတူ ကိုစန်းမြင့်၊ မဝင်းမာ၊ ကိုမင်းမင်းဦး၊ ကိုရန်မောင်၊ ကိုတင်လှိုင်ဝင်းတို့ သွားရောက်လုပ်ကိုင်နေထိုင်ခဲ့ကြပါသည်။ ထိုသို့ ညအိပ်နေထိုင်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၊ မြို့သစ်(၅)ရပ်ကွက်သို့ ဧည့်စာရင်းဖြင့် နေထိုင်ခဲ့ကြပါသည်။ ထိုသို့ ဦးမောင်မောင်အိမ်တွင် လိုက်ပါနေထိုင် အလုပ်လုပ်စဉ် ဦးမောင်မောင်မှ ကျွန်မအား မေတ္တာရှိကြောင်းပြောဆို၍ သမီးရည်းစား ဖြစ်ခဲ့ကြပါသည်။
(၁၉.၅.၂၀၀၈)၊ ကဆုန်လပြည့်နေ့တွင် ဦးမောင်မောင်သည် ၄င်း၏နေအိမ် အလုပ်ရုံတွင် အတည်တကျ လက်ထပ်ယူပါမည်ဟု ကတိပြုပြောဆိုပြီး ကျွန်မ၏ ကာမကို ရယူခဲ့ပါသည်။ ကျွန်မအနေဖြင့်လည်း ဦးမောင်မောင်၏ ကတိစကားကိုယုံကြည်၍ ကာမကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် (၃/၄)ကြိမ် ခွင့်ပြုခဲ့ ပါသည်။ ထိုသို့နေထိုင်ရင်း ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် နေထိုင်မကောင်း၍ ကျွန်မတွင် ကိုယ်ဝန်ရှိနေပြီ ထင်ကြောင်း ဦးမောင်မောင်အား ပြောပြရာ ၄င်း၏ ချွေးမလောင်းဖြစ်သူ သဲစုလှိုင်နှင့်အတူ ချမ်းငြိမ်းအောင် ဆေးခန်းသို့ သွားရောက်ပြသရန် စီစဉ်ပေး၍ ၄င်းဆေးခန်းသို့ သွားပြရာ ကျွန်မတွင် ကိုယ်ဝန် ခြောက်ပတ် ရှိနေကြောင်း သိခဲ့ရပါသည်။ ဆရာဝန်မှ နှစ်ပတ်ကြာလျင် ပြန်လာရန် ချိန်းဆိုခဲ့သော ဆေးစာမှတ်တမ်းများ ဤစာနှင့်အတူ တင်ပြအပ်ပါသည်။
ကျွန်မတွင် ကိုယ်ဝန်ရှိနေကြောင်း ဦးမောင်မောင်အား ပြောပြရာ ကျွန်မကို အားရှိစေရန်ဟုပြောကာ ဗမာဆေးဟုပြောသော ဆေးရည်ပြစ်ပြစ်များကိုတိုက်ရာ နောက်တစ်ရက်တွင် ကျွန်မ၏ကိုယ်ဝန် ပျက်ကျခဲ့ရ ပါသည်။ ကျွန်မ၏ မိဘများသိလျင် ကျွန်မအား ရိုက်နှက်၍ အရှက်တကွဲဖြစ်ရမည်စိုးသောကြောင့် ဦးမောင်မောင်အား ကျွန်မမိဘများထံ လာရောက်တောင်းရန်း လက်ထပ်ယူပါရန် ပြောဆိုသောအခါ ၄င်း၏သား ဖြစ်သူ မိန်းမယူမည်ဖြစ်၍ အချိန်ခဏ စောင့်ပေးရန် ပြောဆိုခဲ့ပါသည်။ ၄င်း၏သားဖြစ်သူ စိုးမောင်မောင်ကျော် မင်္ဂလာဆောင်ပြီးသော အခါတွင်လည်း သံရွာဘက်တွင် ရှိသော မြေကွက်အား ရောင်းချပြီးမှ စီစဉ်မည်ဟူသော အကြောင်းပြချက်အမျိုးမျိုးဖြင့် ပြောဆိုခဲ့ပါသည်။
ကျွန်မအနေဖြင့် ဦးမောင်မောင်၏ပြောဆို အကြောင်းပြချက်များအား မနှစ်သက်သော်လည်း အပျိုရည်ပျက်ခဲ့ ရသော ဗမာမိန်းကလေးတစ်ဦးအနေဖြင့် မိမိနှင့် မှားယွင်းခဲ့သူကိုသာ အိမ်ထောင်ဘက်အဖြစ် သတ်မှတ်၍ ၄င်း၏ ပြောစကားများ မှန်ကန်ပါစေဟု ဆုတောင်းရုံကလွဲပြီး မည်သို့မျှ မကြံစီတတ်ခဲ့ပါ။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ဖခင် ဦးအေးကိုပိုင်ဆိုင်သော ရှေ့တော်ပြေးရပ်ရှိ မြေနှစ်ကွက်အား ကျပ်သိန်း (၆၀)တိတိဖြင့် ဦးမောင်မောင်၏ ခယ်မဖြစ်သူ ဒေါ်လှလှမြိုင်အား ရောင်းချခဲ့ပါသည်။
၂၀၀၉ ခုနှစ်တွင် ဦးမောင်မောင်မှ အမရပူရမြို့ စာတိုက်တန်း အိမ်အမှတ်(၁)နေ ဒေါ်စုစုမိုး ပိုင်ဆိုင်သော ရှေ့တော်ပြေးရပ်ရှိ အိမ်နှင့်မြေအား ၄င်း၏အမည်ဖြင့် ဝယ်ယူခဲ့ပါသည်။ ဦးမောင်မောင်၏ စီးပွားရေး ကောင်းမွန်လာခဲ့ပြီး ကျွန်မတို့ အလုပ်သမားများအားလုံးအား အမရပူရမြို့ရှိ ဦးမောင်မောင်ပိုင်ဆိုင်သော မြေကွက်တွင် ပြောင်းရွှေ့ လုပ်ကိုင်စေခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက် ရှေ့တော်ပြေးရပ်ရှိ ဒေါ်အေးဆွေပိုင်ဆိုင်သော(၂၅×၂၀) ပေ အကျယ်ရှိ မြေကွက်အား ငွေကျပ်(၂၇)သိန်းဖြင့် ဝယ်ယူရာတွင် ဦးမောင်မောင်မှ အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ပါသည်။ ထိုသို့ မိမိ၏ လုပ်အားခငွေများဖြင့် စုဆောင်း ဝယ်ယူခဲ့ပြီးနောက် ဦးမောင်မောင်မှလည်း ကျွန်မတို့ မိသားစု သစ္စာရှိမှုကြောင့် ၄င်း၏ လုပ်ငန်းများ ပိုမိုအဆင်ပြေနေမှုအား ကျေးဇူးတုန့်ပြန်သောအားဖြင့် ကျွန်မပိုင်ဆိုင်သော မြေကွက်အတွင်း အဆောက်အဦး ဆောက်လုပ်ရန် ကူညီခြင်းဖြင့် ကျေးဇူးတုန့်ပြန်ချင်ကြောင်း ပြောခဲ့၍ ကျွန်မမှလည်း ယုံကြည်အားကိုးစွာ ခွင့်ပြု ခဲ့ပါသည်။ ထိုကာလအတွင်းတွင် ဦးမောင်မောင်၏ အလုပ်ရုံ၌ ကျွန်မ၏ ကာမကို(၂/၃)ကြိမ်ခန့် ရယူခဲ့ပါသည်။
ဦးမောင်မောင်မှ ကျွန်မပိုင်မြေပေါ်တွင် အဆောက်အဦး ဆောက်လုပ်ရန် Foundation ပြုလုပ်ပြီး မကြာမီ ဦးမောင်မောင်သည် ဒေါ်အေးအေးရီဆိုသော အမျိုးသမီးတစ်ဦးအား ၄င်း၏ မြို့သစ်ရပ်ကွက်ရှိအိမ်တွင် ခေါ်ယူပေါင်းသင်းနေကြောင်းသိရ၍ ကျွန်မမှ မေးမြန်းရာ ဦးမောင်မောင်မှ ဟုတ်မှန်ကြောင်းနှင့် ၄င်းကိုးကွယ် သော အစ္စလာမ်ဘာသာအရ တရားဝင် ဇနီး လေးဦးအထိ ယူလို့ရကြောင်း၊ ကျွန်မအားလည်း ဒေါ်အေးရီကဲ့သို့ ပင် မိဘဆွေမျိုးများအား မဆက်သွယ်ဘဲ ဆင်းလာမည်ဆိုလျှင် တရားဝင်ယူမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ကျွန်မမှ မိမိမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးဖြစ်၍ မြန်မာ့ထုံးတမ်းဓလေ့ကို မပယ်နိုင်ကြောင်း၊ မိဘဆွေမျိုးများနှင့် မဆက်သွယ်ဘဲ နေထိုင်ရမည်ဆိုသည်မှာ အဓိပ္ပါယ်မရှိကြောင်း မိမိအား လက်ထပ်ရန် ကတိပြုကာ ကာမကို စတင်ခွင့်ပြုခဲ့စဉ်က ဦးမောင်မောင်၏ မှတ်ပုံတင်အရ ဗုဒ္ဓဘာသာဝင် မုဆိုးဖိုတစ်ဦးအဖြစ် လှည့်ဖြားပြောဆို၍ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဦးမောင်မောင်အား ဘာသာခြား အမျိုးသားအဖြစ် စတင်သိခဲ့သည့်အချိန်တွင်လည်း မိမိ၏ အပျိုဘဝ ဆုံးရှုံးခဲ့ပြီဖြစ်၍ မိမိနှင့် မှားယွင်းခဲ့သူကိုသာ ခင်ပွန်းအဖြစ် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၄ခု ဇန္နဝါရီလတွင် ဦးမောင်မောင်မှ ကျွန်မ၏ ကာမကို ကျူးလွန်ရန် သွေးဆောင်ခဲ့ရာ ကျွန်မမှ ၄င်း၏ ယုတ်မာမှုကြောင့် ၄င်းနှင့်မပတ်သက်လိုကြောင်း ပြောဆိုခဲ့ရာ ဦးမောင်မောင်မှ “ငါနဲ့မပတ်သက်ချင်ရင် ငါ့အလုပ်ကို လုပ်စရာမလိုဘူး” ဟု ပြောဆိုခဲ့၍ ကျွန်မမှလည်း အလုပ်ထွက်ခဲ့ပါသည်။
ဦးမောင်မောင်၏ အနိုင်အထက်ပြုခဲ့မှုအား မိဘများသိမည်စိုး၍ ဖုံးကွယ်ခဲ့ခြင်းအား အခွင့်ကောင်းယူကာ ကျွန်မ၏ ညီမဖြစ်သူ ၄င်းထံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသော မစန်းစန်းဋ္ဌေးအား “နင့်အမကို အလုပ်ပြန်လုပ်ဖို့ ပြောပေးပါ။ ငါတကယ်လက်ထပ်ယူမှာပါ” ဟု စည်းရုံးပြောဆိုခဲ့ပါသည်။ ကျွန်မ၏ ညီမ မစန်းစန်းဋ္ဌေးမှ ကျွန်မအား ဦးမောင်မောင်၏ စကားများ ပြန်ပြောခဲ့၍ ကျွန်မမှ ဦးမောင်မောင်၏ စကားကို မယုံကြည်မိစေရန် ၄င်း၏ လှည့်ဖြားလိမ်ညာ စော်ကားမှုများအားလုံးကို ညီမဖြစ်သူအား ပြန်ပြောပြခဲ့ပါသည်။ မိဘများအား ပြန်မပြောရန်လည်း တောင်းပန်ခဲ့ပါသည်။
ဦးမောင်မောင်၏ လှည့်ဖြားမှု အလုံးစုံကို သိရှိခဲ့ရသော ညီမဖြစ်သူ မစန်းစန်းဋ္ဌေးမှ နောက်တစ်နေ့ အလုပ်ဆင်း ချိန်တွင် ၄င်း၏အလုပ်ရှင် ဦးမောင်မောင်အား မိမိအမဖြစ်သူကို လှည့်ဖြားနေမှုများအား မိဘများနှင့် တိုင်မည့် အကြောင်း ရန်တွေ့ပြောဆိုရာ ဦးမောင်မောင်မှ “ဘာတွေလာပြောနေတာလဲ ငွေလိုချင်လို့ အခုလို ဖန်တီး ပြောတာလား လူကို အပိုင်ဖမ်းချင်နေတာလား” ဟု စော်ကားပြောဆိုခဲ့ပါသည်။
(၄.၁.၂၀၁၄) နေ့ (၁၁း၀၀)နာရီ ခန့်တွင် ဦးမောင်မောင်မှ ကျွန်မပိုင် ဝန်းမြေအတွင်းတွင် ၄င်းဝယ်ယူထားသော အသားချောင်းများကို ပြန်ယူလို၍ ဝင်းတံခါးသော့တောင်း၍ မစန်းစန်းဋ္ဌေးမှ သော့ပေးခဲ့ပါသည်။ ညပိုင်းအချိန် ရောက်မှ ဦးမောင်မောင် သော့ယူသွားပြီး ပြန်လာမပေးကြောင်း သိရသဖြင့် ခြံဝင်းတံခါးအား ထွက်ကြည့်ရာ မိမိတို့သော့မဟုတ်ဘဲ အခြားသော့နှင့် ခတ်ထားကြောင်း သိရပါသည်။ နောက်တစ်နေ့ (၅.၁.၂၀၁၄) နေ့တွင် ဦးမောင်မောင်မှ အိမ်သာအလုံးကြီးအား မိမိခြံဝင်းအတွင်းသို့ ယူပြီး ဆောက်ရန် ကြိုးစားနေသဖြင့် ဦးမောင်မောင်အား မိမိနှင့် ဘာမှမပတ်သက်တော့၍ ကျွန်မအိမ်ဝင်းအတွင်းဝင်ပြီး ဘာမှ လုပ်စရာမလိုကြောင်း တားမြစ်ခဲ့သော်လည်း ဦးမောင်မောင်မှ ဆက်လက် လုပ်ကိုင်နေသဖြင့် ကျွန်မမှ ရွှေဂွမ်းထုပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ တားမြစ်ပေးပါရန် စာဖြင့် တိုင်တန်းခဲ့ရန် ဦးမောင်မောင်မှ အဆောက်အဦးကိစ္စ ဆက်မလုပ်ဘဲ ခြံဝင်းတံခါးအား သော့ခတ်သွား၍ ကျွန်မမှလည်း မိမိသော့ဖြင့် ဝင်းတံခါးအား ထပ်မံ ခတ်ခဲ့ပါသည်။ (ဓာတ်ပုံနှင့်တကွ တင်ပြပါသည်။)
ထို့နောက် ၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၂၈ ရက် ရက်စွဲပါစာဖြင့် ၄င်း၏ လွှဲအပ်ချက်အရ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်မှ ကျွန်မကို မြေကွက်အား အမည်ခံ ဝယ်ယူထားသူဟု စွပ်စွဲ၍ မိမိပိုင်ဆိုင်သော စာရွက်စာတမ်း များမှာလည်း ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း ကျွန်မပိုင်ဆိုင်သော အရောင်းအဝယ်စာချုပ်မူရင်း နှစ်စောင်အား ပေးရန်နှင့် မပေးပါက အရေးယူမည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ ၄င်းအကြောင်းကြားစာကို (၂၈.၁.၂၀၁၄) နေ့က လက်ခံရရှိပြီး ကျွန်မမှလည်း ဦးခင်မောင်မြင့် ပေးပို့သော အကြောင်းကြားစာပါ အကြောင်းအရာများ မှန်ကန်မှုမရှိကြောင်းနှင့် မြေကွက်အား ဒေါ်ကြည်မြင့်(ခ)ဒေါ်အေးဆွေထံမှ စာချုပ်စာတမ်း အထွေထွေကိုယ်စားလှယ် လွှဲစာတို့ဖြင့် အပြီးအပိုင် ဝယ်ယူထားခြင်းဖြစ်၍သာ လက်ရှိစာချုပ်စာတမ်းများနှင့် ပိုင်ဆိုင်သော ဥပမာဖြစ်ကြောင်းနှင့် တရားဥပဒေနှင့်အညီ ဖြေရှင်းရန် အသင့်ရှိကြောင်း(၃.၂.၂၀၁၄)နေ့တွင် ပြန်လည်ပေးပို့ပြန်ကြားခဲ့ပါသည်
ထို့နောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့စွဲပါ အမရပူရမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၆၄ဖြင့် ဦးမောင်မောင်မှ တရားလိုပြုလုပ် လျှောက်ထားခဲ့ပါသည်။
ကျွန်မမှလည်း (၅.၃.၂၀၁၄)နေ့တွင် အမရပူရရဲစခန်း၌ ပိုင်နက်ကျူးလွန်မှုဖြင့် ဦးမောင်မောင်အား အမှုဖွင့်ကာ မိမိပိုင်ဆိုင်မှု အထောက်အထားများနှင့်တကွ တင်ပြတိုင်တန်းခဲ့ပါသည်။
၈.၃.၂၀၁၄ နေ့ မန္တလေး နေ့စဉ်သတင်းစာတွင် ဦးမောင်မောင်၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်မှ ဒေါ်အေးဆွေ(ခ)ဒေါ်ကြည်မြင့်နှင့် ကျွန်မချုပ်ဆိုလက်မှတ်ရေးထိုးခဲ့သော မြေကွက်၏ အထွေထွေကိုယ်စား လှယ်လွှဲစားအား ရုပ်သိမ်းကြောင်း တစ်ဖက်သက် ကြေညာခဲ့ပါသည်။
(၁၂.၃.၂၀၁၄) နေ့တွင် ကျွန်မမှလည်း မြို့နယ်မြေစာရင်း ဦးစီးဌာနသို့ ကိုယ်စားလှယ်လွှဲစာအား တစ်ဖက်သက် ဖျက်သိမ်းခွင့်မပြုပါရန် မိမိပိုင်ဆိုင်မှု အထောက်အထားများနှင့်တကွ တင်ပြခဲ့ပါသည်။
ထိုမျှမက ဦးမောင်မောင်မှ အဆိုပါမြေကွက်ကိုပင် ၂၀၁၄ ခုနှစ် တရားမကြီးမှု အမှတ် ၂၀၁ ဖြင့် အကျိုးခံစား စီရင်ပိုင်ခွင့် ကြေညာ မြွက်ဟ ပြဋ္ဌာန်းပေးစေလိုမှုဖြင့် ထပ်မံ ဦးတိုက်လျှောက်ထားခဲ့ပါသည်။ ထိုကဲ့သို့ လျှောက်ထားချိန်တွင် ဒေါ်အေးဆွေ(ခ)ဒေါ်ကြည်မြင့်နှင့် ကျွန်မတို့ ဝယ်ယူခဲ့စဉ်က စရံပေးခြင်း၊ အရောင်း အဝယ်ပြုလုပ်ခြင်း စာချုပ်များကို အတုပြုလုပ်၍ မိတ္တူတင်ပြကာ အဆိုပါ တင်သွင်းခဲ့ပါသည်။ ၄င်းစာချုပ်များမှာ မိမိထံတွင် ရှိ၍သာ နို့တစ်စာဖြင့် တောင်းခံခဲ့သော သက်သေဖြစ်ပါသည်။ ၄င်းဦးမောင်မောင်သည် လက်ရှိ အချိန်မှာ ၄င်း၏ အလုပ်သမားဖြစ်သော ဒေါ်အေးဆွေ(ခ)ဒေါ်ကြည်မြင့်အား ၄င်းလိုသလို ကြိုးဆွဲ၍ စာချုပ် စာတမ်း အတု ပြုလုပ်ခဲ့ခြင်းသာဖြစ်ပါသည်။ ရပ်ကွက်အတွင်းတွင်လည်း ၄င်းမှာ ငွေကြေးတက်နိုင်၍ တရားလို နိုင်စေမည့်အကြောင်း ကြိမ်းဝါးပြောဆိုခဲ့ပါသည်။
ဦးမောင်မောင်နှင့် ငွေကြေးအင်အား မယှဉ်နိုင်သော မိမိမှာ အမှန်တကယ် မြေကွက်ပိုင်ရှင်ဖြစ်သော်လည်း အမရပူရတရားရုံး မန္တလေးခရိုင်တရားရုံးတို့တွင် ဦးမောင်မောင်၏ တရားစွဲဆိုခြင်းခံခဲ့ရသော်လည်း အမရပူရ ရဲစခန်းသို့ (၅.၃.၂၀၁၄) နေ့ကတည်းက ၄င်းအား အမှုဖွင့်ခဲ့သော ပိုင်နက်ကျူးလွန်မှုမှာ ဥပဒေအရာရှိမှ အမှုစစ် ၏ စစ်ဆေးတင်ပြမှုအား အကြောင်းပြချက်အမျိုးမျိုးဖြင့် အကြိမ်ကြိမ်ပယ်ချနေ၍ ယနေ့အချိန်ထိ တရားစွဲဆို နိုင်ခြင်းမရှိသေးပါ။
သို့ပါသောကြောင့် မိမိ၏အဖြစ်မှန် အလုံးစုံအား အမရပူရမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ မိမိ၏ ကာမကို အကြိမ်ကြိမ် လိမ်လည်ရယူကာ မိမိ၏ လူမှုစီးပွားကို မတရားပြုလုပ်ခဲ့သော ဦးမောင်မောင်အား အရေးယူပေးပါရန် လျှောက်ထားခဲ့ပါသည်။ တရားရုံးမှ အမရပူရရဲစခန်းသို့ ကျင့် ၂၀၂ ဖြင့် စစ်ဆေးတင်ပြ စေခဲ့ရာ အမရပူရရဲစခန်းမှ ဒုရဲအုပ်နိုင်ဋ္ဌေးမှ ကျွန်မ၏ အမှုအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အမှုစစ် ဒုရဲအုပ် နိုင်ဋ္ဌေးမှ သက်သေများအား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် အမှုစစ်မှ သက်သေများ၏ ထွက်ဆိုချက်များအား ထိန်ချန်ခြင်း ပြောင်းလဲရေးသားခြင်းများ ပြုလုပ်ရေးသားခဲ့ပြီး ကျွန်မ၏ နစ်နာမှုအား ငွေကြေး လာဘ်လာဘအရ ဖုံးကွယ်ထိန်ချန်ခြင်း၊ တရားခံဘက်မှ ကာကွယ်စစ်ဆေးပေးခဲ့ခြင်း၊ အမှုအား ပျက်ပြားစေရန် ၄င်း၏ ထင်မြင်ချက်များကို တင်ပြကာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်ခဲ့ပါသည်။ တရားခံ ဦးမောင်မောင်၏ ထွက်ချက်နှင့် သက်သေများ၏ ထွက်ချက်များအား ဝေဖန်စိစစ်နိုင်ရန် အမှုတွဲအား ပူးတွဲတင်ပြပါသည်။
အမရပူရတရားရုံးမှလည်း ဦးမောင်မောင်၏ မစန်းဋ္ဌေးအား စည်းရုံးကာ လိမ်လည်ရန် ကြိုးပမ်းမှုအား အဆင်ခြင် မဲ့စွာဖြင့် ပလပ်ကြောင်း ကြေညာခဲ့ပါသည်။
ထိုသို့ ငွေကြေးအင်အားဖြင့် မိမိ၏ လူမှုဘဝ စီးပွားအား အနိုင်ကျင့်စော်ကားနေမှုများကို မှန်ကန်စွာဖြင့် ရပ်တည်၍ စစ်ဆေး အရေးယူပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။
မအေးအေးမွန်(ဘ)ဦးအေးကို
အမှတ်(၇၇) တ/၅၇ ရှေ့တော်ပြေးရပ်
ရွှေဂွမ်းထုပ်ရပ်ကွက်၊ အမရပုရမြို့။

No comments:

Post a Comment