Thursday, October 23, 2014

အမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ" (Private Diary)

The Express Timesအမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ"===============================အမတ်ကြီး အနန္တသူရိယ ဟာ မင်းပြစ်မင်းဒဏ်သင့်လို့ သေဘေးဆိုက်ရောက်နေချိန်တွင်ရေးသားထားသော လင်္ကာတစ်ပုဒ်ဖြစ်ပါတယ် ။အမတ်ကြီးဟာ ဒီဘ၀မှာ အရှင်မင်းမြတ်ကကြင်နာသနားသဖြင့်သေဒဏ်က လွတ်မြောက်စေလျှင်ပင် လောကဓမ္မအရ သေခြင်းတရားဟာရှောင်လွှဲမရနိုင်ပါကြောင်းနှင့်နောက်ဘ၀များတွင်အခွင့်အရေးရလျှင်တောင် မိမိ၏ကျေးဇူးရှင် မင်းကြီးကို ရန်လိုသောစိတ်ထားဖြင့်မတုန့်ပြန်ပါကြောင့် မိမိပေါ်တွင်ပြုခဲ့သော အပြစ်များကိုလဲ ခွင့်လွတ်နားလည်ပေးမည် ဟုရေးသားထားသည်။လင်္ကာတွင် အမတ်ကြီး၏လေးစားဖွယ်စိတ်ထား ကိုကြည်ညိုဖွယ်တွေ့ မြင်ရပါလိမ့်မယ်။မျက်ဖြေလင်္ကာသူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာ ဓမ္မတာတည်း။ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံမတ်ပေါင်းရံလျက်ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာမင်းချမ်းသာကားသမုဒ္ဒရာရေမျက်နှာထက်ခဏတက်သည့်ရေပွက်ပမာတစ်သက်လျာတည်း။ကြင်နာသနား ငါ့အားမသတ်ယခုလွှတ်လည်း မလွတ်ကြမ္မာလူတကာတို့ ခန္ဓာခိုင်ကျည်မတည်မမြဲ ဖောက်လွဲတတ်သည်မချွတ်စသာ သတ္တ၀ါတည်း။ရှိခိုးကော်ေ၇ာပူဇော်အကျွန်ပန်ခဲ့တုံ၏ခိုက်ကြုံဝိဘတ် သံသာစက်၌ကြိုက်လတ်တုံမူ တုံ့ မယူလိုကြည်ညိုစိတ်သန် သခင်မွန်ကိုချန်ဘိစင်စစ် အပြစ်မဲ့ရေးခွင့်လျှင်ပေး၏ သွေးသည်အနိစ္စငါ့ခန္ဓာတည်း။(အနန္တသူရိယ)
--
Sent from Yandex.Mail for mobile: http://m.ya.ru/ymail

No comments:

Post a Comment