Tuesday, October 14, 2014

ညောင်ကိုင်းထောက်တော့ လက်ကျိုးရ ညောင်ကိုင်းချိုးမှ ရွှေအိုးရ

ညောင်ကိုင်းထောက်တော့ လက်ကျိုးရ
ညောင်ကိုင်းချိုးမှ ရွှေအိုးရ
***********************
=ဘုန်းဘုန်းဘုရား တပည့်တော် ခုတလော ကံ
တွေမကောင်းဘုးဘုရား ကုသိုလ်အရေးတွေ
လည်းအများကြီးလုပ်(ပြု)ပါရက်နဲ့ ကံဘာလို့
ညံ့နေလဲမသိပါဘူးဘုရား အရင်ကမလုပ်ပဲဖြစ်သ
လိုနေတုန်းက ကံဒီလောက်မဆိုးဘူးဘုရား
ကုသိုလ်အရေးများများလုပ်ခါမှ ဆိုးလာလိုက်တဲ့
ကံ ဘာလုပ်လုပ်အဆင်ကိုမပြေပါဘုရားး
# ဟဲ့ဒကာ ဘယ်နဲ့ကြီးတုန်းဟဲ့ နင့်ဟာကကုသိုလ်
အရေးတွေးလုပ်ကာမှ ကံတွေဆိုးလာတယ်လို့
မှတ်ယူနေသလားးဟင်
=မှန်ပါ့ဘုရား တပည့်တော် အဲ့လိုတောင်တွေးမိ
နေသလိုပါဘဲဘုရား
# အော် ခက်တော့နေပါဘီ နင်ကတလွဲတွေ
တွေးနေသကိုး ဟိုစကားပုံလိုဖြစ်နေပါဘီလေ
=ဘယ်စကားပုံလိုပါလည်းဘုရား တပည့်တော်ကို
မိန့်တော်မူပါဦးဘုရားး
# အေး "ညောင်ကိုင်းထောက်တော့လက်ကျိုးရ
ညောင်ကိုင်းချိုးမှရွှေအိုးရ"ဆို
တဲ့စကားပုံပေါ့
=ဘုရားတပည့်တော် နားမလည်ပါဘုရား ရှင်းပြ
တော်မူပါ့
# ဒီလိုကွဲ့ တခါကလူတစ်ယောက်ကလမ်းနဲ့မလွတ်
တဲ့ညောင်ကိုင်းတစ်ကိုင်းကိုလွတ်လွတ်ကင်းကင်း
ဖြစ်အောင်သွားထောက်ကာမှ ညောင်ကိုင်းကျိုး
ကျလို့လက်ကျိုးရသတဲ့ ဒကာလိုပေါ့ ကောင်းမှု့
လုပ်ကာမှ မကောင်းတာက ဝင်ဖြစ်သကိုး တကယ်တမ်းက အဲဒီလူကေ
ညာင်ကိုင်းပိသေတဲ့
ကံပါလာပြီးသားကွဲ့ ဒါပေမဲ့ ညောင်ကိုင်းထောက်
တဲ့ကုသိုလ်ကံလေးကကယ်ပေလို့သာ လက်ပဲကျိုး
တဲ့အဖြစ်ကိုရောက်ရှိခဲ့တာ။နောက်လူတစ်ယောက်
က ညောင်ကိုင်းမထောက်ပဲကောင်းမွန်စွာရှင်သန်
နေတဲ့ညောင်းကိုင်းကိုသွားချိုးကာမှညောင်ပင်ပေါ်ကရွှေအို
းတစ်လုံးပြုတ်ကျလာပြီး ရွှေအိုးရသွားသ
တဲ့ အမှန်ကအဲဒီလူကညောင်ကိုင်းသာမချိုးခဲ့ရင်
ရွှေအိုးအများကြီးရမဲ့ကံပါလာပြီးသားလေ ဒါပေမဲ့
ညောင်ကိုင်းချိုးလိုက်တဲ့အကုသိုလ်ကံကြောင့်ရွှေ
အိုးတစ်အိုးပဲရသွားတာပေါ့ ။ဒီမယ် ဒကာမှတ်ထား
ရမှာကဘယ်ကောင်းမှု့ကုသိုလ်မဆို ဖြစ်လာမဲ့ဆိုး
ကျိုးမှန်သမျှကိုတတိုင်းသဖွယ် ကာကွယ်ပေးပြီး
ကောင်းကျိုးတွေကိုပဲပေးစွမ်းတယ်ဆိုတာပါဘဲ။
ကိုင်း ဒကာဒီလောက်ဆိုသဘောပေါက်လောက်
ရောပေါ့ ။
=မှန်ပါ့ဘုရား တပည့်တော်ကောင်းကောင်းနာ
လည်သဘောပေါက်သွားပါပြီဘုရား နောက်ဆို
ကုသိုလ်ကောင်းမှု့မှန်သမျှကို အသက်နဲ့ခန္ဓာတည်
သ၍ လုပ်ဆောင်သွားပါ့မယ်လို့ ဘုန်းဘုန်းကို ကတိပေးပါတယ်ဘု
ရားး
# သာဓုကွယ် သာဓု သာဓု…_/\_
မှတ်ချက်-ဖတ်ဖူးသောစာအုပ်တစ်အုပ်မှပြန်လည်
မျှဝေပါသည်။

No comments:

Post a Comment