Thursday, October 9, 2014

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2) နှစ်မျိုး

Chit Hein
PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2) နှစ်မျိုး ရှိပါတယ်...။
ကျနော်တို့ နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန် ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန် နံပါတ်ပါ....သိသူများလည်း သိမှာပါ....။
မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...။
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွှင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပြီးတဲ့ ကဒ် အခွံ
ဟာ သိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်ဗျ.....ဒီကဒ်အခွံမှာ PUK code တစ်ခါထဲပါ
ပြီးသားပါ.....။
Sim lock လည်းကျရော ဘာလုပ်ရမှန်း မသိပဲ ဆိုင်ကို ပြေးရပါတော့တယ်....
ဆိုင်သမားတွေ ကလည်း sim lock ကျတာဖြစ်တဲ့ အတွက် ကဒ်ချိုးထားတဲ့ ကဒ်ရှိမှ unlock ပြုလုပ်နိုင်
မှာ ဖြစ်ပါတယ်...။
အဲ့မှာ မသိမ်းထားတဲ့ သူများကတော့ ဘာမှန်း မသိတာနဲ့ တင် MPT ရုံးဆီကို ပြေးရပါတော့တယ်.....။
အခု ထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ် အဖြစ် ထည့်ပေးထား
ပါတယ်...။
Like · 4 · 3 hours ago
Chit Hein
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....။
SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်း ရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကို တိုက်ရိုက်သွားတာ ပိုကောင်းပါတယ်ခင်ဗျာ...
အနော်လို ကလိတာ ၀ါသနာပါတဲ့ beginner တွေ အတွက် ကတော့ အောက်မှာ ရေးထားတဲ့ အတိုင်း စမ်းကြည့်ကြပေါ့ဗျ....
မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...
အကြောင်း အမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပြီ ဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..
unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...
PUK Code က ခုနက ကျနော်သိမ်းထားပါလို့ ပြောတဲ့ ကဒ်ချိုးပြီးတဲ့ ကဒ်ထဲမှာ ပါပီသားပါ...
- unlock ပြန်လုပ်ပုံကတော့ အဲ့ဒီ ဆင်းကဒ် ချိုးလိုက်တဲ့ ကဒ်မှာ ပါတဲ့ PUK code ၈ လုံးကို ရိုက်ထည့်ပေး
ပြီး ok နှိပ်ပါ....
- PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ.....
- နောက် တစ်ခေါက် PIN number ကို confirm လုပ်ခိုင်း ပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ...
ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်း ပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်က နည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို lock ချထားချင်သူများ အတွက် ပြုလုပ်နည်းလေးပါ တင်ပေးလိုက်ပါတယ်ဗျ...
ကျနော်ကတော့ မတိုက်တွန်းပါဘူး....
sim card lock ချချင်တယ် ဆိုရင်လဲ အခုနောက်ပိုင်း ထွက်တဲ့ antivirus ဆော့ဝဲလ်တွေမှာ sim card lock function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို lock ချထားနိုင်ပါတယ်ဗျ....
မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်
ဘာလို့ SIM lock ချထား ရပါသလဲ ဆိုရင် SIM card ကို အခြား သူတစ်ဦး ဦးက အသုံးမပြုနိုင်အောင် ချရခြင်းဖြစ်ပါတယ်...
SIM lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာ ထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့ မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့် ထည့်ပါ
ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...
PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် lock ချချင်သူများကတော့ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင် အဲကောင် ရိုက်ပေးမှ ပွင့်ပါတယ် ...
အဲဒီကုဒ် မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက် ပိုရိုက်မိရင် လော့ကျ သွားမှာ
ဖြစ်ပါတယ်..
ဒါဆို အဓိကပြောချင် တာက
SIM lock ပြောင်းချင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာ ရိုက်လို့မရပါ ပြီးမှ ကိုယ် ကြိုက်တဲ့ ကုဒ်ကို ပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...
ကျနော်ရေးလိုက်တဲ့ ပို့စ်ဟာ brothers တို့အတွက် အသုံးဝင်သွားတယ် ဆိုရင် ကျနော် ပင်ပန်းရကျိုး နပ်တာပေါ့ဗျာ...။
အဆင်ပြေပါစေဗျာ.....။
mm-mpxteam မှာ ZawMyoOo ရေးထားတာကို ကူးယူမျှဝေသည်

No comments:

Post a Comment