Monday, October 20, 2014

"ဓုတင္တစ္ဆယ့္သုံးပါး(ဓုတင္အေ ကြာင်းသိကောင်းစရာ)"

The Express Times
"ဓုတင္တစ္ဆယ့္သုံးပါး(ဓုတင္အေ
ကြာင်းသိကောင်းစရာ)"
========================================
တစ်ချို့တော်တော်များများက ဓူတင်ဟုခေါ်ဝေါ်တတ်ကြတယ်။ဓူတ
င် မဟုတ်ပါဘူး ဓုတင်ပါ။ဓုတင်္ဂဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လ
ာတာပါ။ဓုတင်္ဂ = ဓုတင်
ဓုတင်ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်
ဖျတ်စီးတတ်သော အကျင့်ကို ဓုတင်လို့ခေါ်တာပါ။ထိုကဲ့သို့ ကိလေသ
ာ တို့ကို တဒင်္ဂ အားဖြင့် စွန့်ပယ်နေခြင်းကို ဓုတင်ဆော
င်သည်ဟုခေါ်ပါတယ်။
ဓုတင်က တစ်ဆယ့်သုံးပါးထိရှိပါတယ်။အဲဒါတွေက
(၁)။ပံ့သကူ ဓုတင် =ပံ့သကူသင်္ကန်းကို ဝတ်ရုံသုံးဆောင်သောအကျင့်

(၂)။တိစီဝရိတ် ဓုတင် =သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံသုံးဆောင်ေ
သာအကျင့်။
(၃)။ပိဏ္ဍပါတ် ဓုတင် =ဆွမ်းခံ၍ စားသော အကျင့်။
(၄)။သပဒါနာစာရိကဓုတင်=အိမ်စဉ် မကျော်ပဲ ဆွမ်းခံသော
အကျင့်။
(၅)။ဧကသနိက် ဓုတင် =တစ်နေရာတည်း၌ ဣရိယာပုတ် မပြောင်
းပဲ စားသော အကျင့်။
(၆)။ပတ္တပိုဏ် ဓုတင် =စားခွက် တစ်ခုတည်း၌သာ စားဖွယ်အာ
းလုံးထည့်၍ စားသေးအကျင့်။
(၇)။ခလုတ်ပစ္ဆာဘတ်ဓုတင်=တော်ပြီဟု တားမြစ်ပြီးနောက်
စားကောင်းသော ဝိနည်းကံပြုထားသော
စားဖွယ်ကိုပင်မစားတော့သော အကျင့်။
(၈)။အာရညကင် ဓုတင်တ =တောရကျောင်း၌ နေသော အကျင့်။
(၉)။ရုက္ခမူ ဓုတင် =သစ်ပင်အောက်၌ နေသော အကျင့်။
(၁၀)။ဗ္ဘောာကာသိက ဓုတင်=အမိုးမရှိသော လဟာပြင်၌နေေ
သာ အကျင့်။
(၁၁)။သုဿာန် ဓုတင် = သုဿန်၌နေသော အကျင့်။
(၁၂)။ယထာသန္တတိ ဓုတင် = မိမိအတွက် ချထားသော ကျောင်းအိ
ပ်ရာ နေရာ၌သာ
နေသောအကျင့်။
(၁၃)။နိသဇ္ဇိ ဓုတင် = မလျောင်းပဲ သွား၊ရပ်၊ထိုင်၊ဣရိယာ
ပုတ်ဖြင့်သာ နေသော
အကျင့်အားဖြင့် (၁၃)ပါးရှိပါတယ်။
(၁)။ပံ့သကူ ဓုတင်
ပံ့သကူ ဓုတင် ဆောက်တည်သော ရဟန်းက တစ်စုံတစ်ယောက်က လှူဒါ
န်းတဲ့ သင်္ကန်းကို မဝတ်ရုံရပါဘူး၊ဆိုလိုတာက သူတစ်ပါး စွန့်
ပစ်ထားတဲ့ အဝတ်များကို ကောက်ယူ လျှော်ဖွပ်
ချုပ်ဆိုးပြီး ဝတ်ရုံရပါတယ်။ဒါကို ပံ့သကူဓုတင် လို့ခေါ်တာပါ
။အကယ်၍ တစ်စုံတစ်ယောက်လှူတဲ့
သင်္ကန်းကို ဝတ်ရုံလိုက်မယ်ဆိုရင် ပံ့သကူ ဓုတင်ပျက်ပါတယ်။ပျက်လျှင်ြ
ပန်ပြီးဆောက်တည်လို့ရပါတယ်။
(၂)။တိစီဝရိတ် ဓုတင်
တိစီဝရိတ် ဓုတင်ဆောက်တည်တဲ့ရဟန်းက ခါးဝတ်(သင်းပိုင်)၊ကိုယ်ရုံ
(ဧကသီ)၊
ဒုကုဋ်(နှစ်ထပ်သင်္ကန်း) ဟူသော သုံးထည်သော သင်္ကန်းကို ဝတ်ရုံသုံ
းဆောင်
ရတာပါ။သုံးထည်အထက် ပို၍ သုံးဆောင်မိလျှင် တိစီဝရိတ်ဓုတင် ပျက်
စီးပါတယ်။
(၃)။ပိဏ္ဍပါတ်ဓုတင်
ပိဏ္ဍပါတ်ဓုတင်ဆောင်တဲ့ ရဟန်းက ဆွမ်းခံ၍ ရတဲ့ဆွမ်းကိုသာဘ
ုဉ်းပေးရပါတယ်။ပင့်ဖိတ်လို့ကပ်တဲ့
ဆွမ်းကို မဘုဉ်းပေးရပါဘူး။ဆွမ်းခံလို့ရတဲ့ဆွမ်းမှတစ်ပ
ါး ပင့်ဖိတ်ကပ်လှူတဲ့ဆွမ်းကိုဘုဉ်းပေးလိုက်မယ်
ဆိုရင် ပိဏ္ဍပါတ် ဓုတင်ပျက်ပါတယ်။
(၄)။သပဒါန စာရိက ဓုတင်
ထို ဓုတင်ကို ဆောက်တည်သော ရဟန်းရဟန်းက အိမ်စဉ် မကျော်ပဲ အိ
မ်စဉ်လိုက်တိုင်းဆွမ်းရပ်ရပါ
တယ်။သို့သော် ဘေးရန် ရှိသော အိမ် လမ်း၊ ရွာ စသည်တို့ကိုလ
ည်းကောင်း၊ဆွမ်းမလောင်းသော
အိမ် လမ်း ရွာ စသည်တို့ကိုလည်းကောင်း ကျော်သွားနိုင်ပါတ
ယ်။ဒါပေမယ့် မက်မောသော တဏှာလောဘအဖြစ်နဲ့တော့ အိမ်
စဉ်ကိုကျော်လို့မရပါ။ကျော်မည်ဆိုပါက ထိုဓုတင်ပျက်ပါတယ်။
(၅)။ဧကာသနိက် ဓုတင်
ထိုဓုတင်ကို ဆောင်တဲ့ရဟန်းက တစ်နေ့လျှင် တစ်နေရာတည်း၌ တစ်
ထိုင်တည်းသော ဣရိယာပုတ် ဖြင့်သာ ဆွမ်းဘုဉ်းပေးရခြင်း
ကိုဆိုလိုတာပါ။နှစ်နေရာ ၊သုံးနေရာ စသည်ဖြင့် နေရာများ
၌ဆွမ်းဘုဉ်းမပေးရပါဘူး။ထိုသို့ပြုမည်ဆိုပါက ထို ဓုတင်ပျက်
ပါတယ်။
(၆)။ပတ္တပိုဏ် ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ ရဟန်းက ခဲဖွယ် ဘောဇဉ်ကို တစ်ခွက်တည်း၊
တစ်သပိတ်တည်း၌ပင်လျှင် ထည့်၍စားရပါတယ်။နှစ်ခွက်၊သုံးခွ
က် ထည့်ပြီးမစားရပါဘူး။တစ်ခွက်တည်းမှာပင် စားဖွယ်အ
ား
လုံးကို ရောမွှေ၍ဖြစ်စေ။တစ်မျိုးပြီးမှ တစ်မျိုးဖြစ်စေစာ
းရပါတယ်။အောက်ထစ်ဆုံးအားဖြင့် သစ်
ရွတ်စိမ်းကိုမူ လက်မှာကိုင်ပြီးတော့ စားနိုင်ပါတယ်။ဓုတင္မပ်
က္ပါ။သို့သော်လက်ဖြင့်ကိုင်ပြီး စားမည်
ဆိုပါက ကြည်၍မလျော်သဖြင့် သပိတ်ထဲ၌ ထည့်စားခြင်းသာလျှင်
အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ခုမြောက် စားခွက် သပိတ်ကိုထည့်စားမည်ဆိုပါ
က ထိုဓုတင်ပျက်ပါတယ်။
(၇)။ခလုပစ္ဆာဘတ် ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ရဟန်းက ဆွမ်းစားစဉ် တော်ပြီ၊ဗိုက်ပြည့်
ပြီ ထပ်မထည့်နဲ့တော့ဟု တားမြစ်ပြီးမှနောက်ထပ် ထပ်စား
လိုပြန်၍ အတိရိတ်ဝိနည်းကံ စားထိုက်သော ကံကို ဒကာမစီမံသော်လ
ည်း ဆွမ်းဘောဇဉ်ကိုမစားရပါ။စားမည်ဆိုပါက ဓုတင်ပျက်ပ
ါတယ်။(ထိုဓုတင်မဆောင်သော ရဟန်းများကျတော့ တော်ပြီဟုတ
ားမြစ်သော်လည်း တစ်ဖန် ဒကာ ဝိနည်းကံနဲ့ လျှော်ညီအောင်စီ
မံမည်ဆိုပါကစားကောင်း
စားကောင်းပါတယ်)။
(၈)။အာရညကင်ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ရဟန်းသည် အနီးဆုံးရွာနဲ့ လေးအတတ်သင်ဆ
ရာ၏ ညှို့တင်ထားသော လေးနှင့် အပြန်ငါးရာ အနည်းဆုံးဝေ
းကွားသောတောရကျောင်းမှာ နေရပါတယ်။အကြောင်းကိ
စ္စရှိလျှင်
ရွာအတွင်း၌နေနိုင်သော်လည်း အရုဏ်မတက်မီ တောရကျောင်း
သို့ပြန်လာပြီး ထိုကျောင်း၌ပင်လျှင် အရုဏ်တက်ရပါတယ်။ကျိန်း
စက်ရပါတယ်။ရွာကျောင်းမှာနေလိုစိတ်ဖြင့် အရုဏ်တက်ချိန်တွ
င်ရွာကျောင်း၌နေမည်ဆိုပါက အာရညကင်(တောရ) ဓုတင်ပျက်ပ
ါတယ်။
(၉)။ရုက္ခမူလဓုတင်
ထိုဓုတင်ကိုဆောက်တည်သောရဟန်းက အုတ်ကြွပ်၊ကျောက်ပြား၊
အင်္ဂတေ၊သက်ကယ်၊သစ်ရွတ်
စသည်တစ်ခုခုဖြင့် မိုးထားတဲ့ အရိပ်အာဝါသမှာ သီတင်းမသုံးရ
ပါဘူး။သစ်ပင်အောက်၌ပင်လျှင်
သီတင်းသုံးရပါတယ်။ဓုတင်ဆောင် ပုဂ္ဂိုလ် အမြတ်စား၊အလတ်စ
ား၊အညံ့စားဟု သုံးမျိုးသုံးစား
ရှိသည့်အနက် အမြတ်စားပုဂ္ဂိုလ်မှာ သစ်ပင်ကောင်းကိုမရွေးေ
တာ့ပဲ မည့်သည်သစ်ပင်အောက်၌
မဆို နေရပါတယ်။အလတ်စားပုဂ္ဂိုလ်ကတော့ သစ်ပင်အောက်ကိုေ
ရာက်လာသူများကို အရှင်းခိုင်းခွင့်ရှိပါတယ်။အညံ့စားပုဂ္ဂိုလ်
ကတော့ ကျောင်းသား သာမဏေတို့ကို သစ်ရွတ်ရှင်း၊သဲခင်း၊
နံရံကာ တံခါးတပ်စေလျှက် နေခွင့်ရှိပါတယ်။
အမိုးမိုးထားတဲ့ အရိပ်အာဝါသ အောက်တွင်နေရင်တော့ ထိုဓုတ
င်ပျက်တော့သည်။
(၁၀)။အဗ္ဘောကာသိက ဓုတင်
ထိုဓုတင်ဆောင်တဲ့ရဟန်းသည် ဟင်းလင်းပြင် လွင်ထီခေါင်ပြင်
မှာသာနေရပါတယ်။အမိုးရှိတဲ့အရိပ်
သစ်ပင်စသည်၌ မဝင်ရပါ။သို့သော် ဥပုသ်ပြုခြင်း၊တရားန
ာခြင်း၊စာသင်၊စာချ ရန်အတွက်တော့နေလို့ရပါတယ်။ဆရ
ာဥပဇ္ဈာယ်တို့ရဲ့ ဝတ်ကြီး ဝတ်ငယ်ပြုရန်အတွက်ဝင်ခွင့်ရသလို
ထိုအကြောင်းကြောင့် ဝင်နေစဉ် မိုးရွာမည်ဆိုပါကမိုးတိတ်ေ
အာင်ပင်နေခွင့်ရှိပါတယ်။ ဓုတင်မပျက်ပါဘူး။ထိုကိစ္စများမှ
လွဲပြီးအမိုးရှိသော နေရာကိုဖြစ်စေ၊သစ်ပင်အောက်ကိုဖြစ်
စေ ဝင်လျှင် ထိုဓုတင်ပျက်ပါတယ်။
(၁၁)။သုဿန်ဓုတင်
ထိုဓုတင်ကိုဆောင်သော ရဟန်းသည် သုဿန်သို့ ညအခါသွား၍ ထိုသုဿန်
၌ နေပြီး မိုးသောက်ယံ၌ သုဿန်မှထွက်သင့်ပါတယ်။လူတို့က သုဿန်ဟု
သတ်မှတ်ထားသော်လည်း သူသေအလောင်း မချမမြှုပ် မရှို့ရသေး
လျှင် သုဿန်မမည်ပါ။ဘီလူး သရဲ စသည်တိှု့နှစ်သက်သော ငါး၊အမဲ၊
နို့ရည်၊ဆီ၊တင်လဲ စသည်တို့ကိုမမှီဝဲရပါဘူးသုဿန်မဟုတ်သော နေရာ
၌နေခြင်း၊ သုဿန်သို့ မသွားသောနေ့ရှိလျှင် ထိုဓုတင်ပျက်တေ
ာ့သည်။
(၁၂)။ယထာသန္တတိဓုတင်
ထိုဓုတင်ကိုဆောင်သော ရဟန်းသည် မိမိအားချပေးထားတဲ့ နေရ
ာ၊ကျောင်းအိပ်ရာ ၌ပင်လျှင်နေရပါတယ်။ထိုနေရာ၌ မက်မော
သောစိတ်ဖြင့် မိမိစိတ်ကြိုက်ပြုပြင်ပြီးနေခြင်း၊နေရာ၌
နေလိုသော တဏှာ
ဖြင့် ရဟန်းငယ်များနေမရအောင် မပြုလုပ်ရပါ။ကျောင်းအိ
ပ်ယာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့်ထိုဓုတင်ပျက်ပါတယ်။
(၁၃)။နိသဇ္ဇိဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ ရဟန်းသည် သွားခြင်း၊ရပ်ခြင်း၊ထိုင်ြ
ခင်း၊ထိုင်ခြင်း ဣရိယာပုတ်ဖြင့်သာနေရပါတယ်။လျောင်းတဲ့
ဣရိယာပုတ်နဲ့ နေလို့မရပါဘူး၊လျောင်း၍ အိပ်စက်ခြင်းပြု
ကာမျှ၌ပင်လျှင် ထိုဓုတင်ပျက်ပါတယ်။ဓုတင်အားလုံးကို ပျက်မည်ဆိုပါ
က တစ်ဖန်ပြန်ပြီးဆောက်တည်လို့ရပါတယ်။ထိုဓုတင်အကျင့်တို့ကို
စွမ်းနိုင်သမျှ ကျင့်ကြံမည်ဆိုပါက လိုချင်တက်မက်သော လောဘ၊မ
ကျေနပ်သော ဒေါသ၊မိုက်မဲခြင်းမောဟ စတဲ့ကိလေသာတို့ကို
ခေါင်းပါးစေသလို ကုသိုလ်များလည်းတိုးပွားစေပြီးအကျိုး
များလှပါတယ်။သို့သော် ဓုတင်ဆောင်သူသည် မိမိဓုတင်ဆောင်ခြ
င်းအမှုကို အများသိအောင် လူတွေ့တိုင်းပြောပြလျှက် ကျင့်မည်ဆို
ပါက ဓုတင်္ဂ အပိစ္ဆာဂုဏ်(ဓုတင်၌အလိုလောနည်းခြင်း)ဂုဏ်နှင့်
မဟပ်မိတော့ပါ။ထို့ကြောင့်ဓုတင်ဆောင်သူသည် မိမိ ဓုတင်ဆော
င်သူ အဖြစ်ကို မပြောမိစေရန် သတိထားဖို့လိုအပ်လှကြောင်း
ကိုသိစေလိုသဖြင့် ဓုတင်(၁၃)ပါးအကြောင်းကို တင်ပြရေးသာ
းလိုက်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment